မိုဘိုင္းပင္စင္ဝန္ေဆာင္မႈကို ရန္ကုန္တိုင္းေဒသႀကီးရွိ ၿမိဳ႕နယ္ ၈ ခုတြင္ စတင္အသံုးျပဳႏိုင္

[ Zawgyi ]

Wave Money နဲ႔ ျမန္မာ့စီးပြားေရးဘဏ္တို႔ ပူးေပါင္းကာ ႏိုင္ငံ့ပင္စင္စား၀န္ထမ္းေတြ မိုဘိုင္းဖုန္းမွ ပင္စင္လစာထုတ္ယူႏိုင္မယ့္ မိုဘိုင္းပင္စင္၀န္ေဆာင္မႈကို စတင္ အေကာင္အထည္ ေဖာ္လိုက္ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးရွိ (၈) ၿမိဳ႕နယ္မွာ ယခုလမွ စတင္အသံုးျပဳႏိုင္မွာျဖစ္ၿပီး တစ္ႏိုင္ငံလံုး အတိုင္းအတာနဲ႔ ဆက္လက္ေဆာင္ရြက္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

“အၿငိမ္းစားမ်ားအေနနဲ႔ ပင္စင္လစာထုတ္ယူရာမွာ ဘဏ္သြားၿပီးေစာင့္ရတာ အခ်ိန္ကုန္တာ လူပင္ပန္းတာေတြ သက္သာေစပါတယ္။ အခုအေနအထားမွာေတာ့ ရန္ကုန္မွာရွိတဲ့ဘဏ္ခြဲ (၁)၊ အင္းစိန္၊ တာေမြ၊ သဃၤန္းကြၽန္း၊ ကမာရြတ္၊ ေျမာက္ဥကၠလာ၊ ဒဂံုေျမာက္၊ လွည္းကူး အစရွိတဲ့ ဘဏ္ခြဲ (၈) ခုက ပင္စင္လစာထုတ္ေနရတဲ့ အၿငိမ္းစားေတြကို အရင္၀န္ေဆာင္မႈေပးသြားမွာ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ တစ္စတစ္စနဲ႔ အၿငိမ္းစားေတြ ေတာင္းဆိုမႈမ်ားတဲ့ေနရာေတြ၊ က်န္တဲ့တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြမွာလည္း ျမန္မာ့စီးပြားေရးဘဏ္ရွိတဲ့ ေနရာေတြမွာလည္း တိုးခ်ဲ႕ေဆာင္ရြက္ေပးသြားမွာပါ” လို႕ စီမံကိန္းႏွင့္ဘ႑ာေရး၀န္ႀကီးဌာန၊ ဒုတိယ၀န္ႀကီး ဦးေမာင္ေမာင္၀င္းက ေျပာပါတယ္။

မိုဘိုင္းပင္စင္၀န္ေဆာင္မႈကို ရယူလိုတဲ့ ပင္စင္စား၀န္ထမ္းအေနနဲ႔ အထက္ပါ ၿမိဳ႕နယ္ရွိ သက္ဆိုင္ရာဘဏ္ကေန မိမိကိုင္ေဆာင္တဲ့ မိုဘိုင္းဖုန္းနံပါတ္နဲ႔အတူ ေလွ်ာက္ထားရမွာျဖစ္ၿပီး ဝန္ေဆာင္မႈကိုရရွိလာရင္ ပင္စင္လစာ ၀င္ေရာက္ေၾကာင္းကို မိုဘိုင္းဖုန္းသို႔ စာတိုစနစ္နဲ႔ ၀င္ေရာက္လာၿပီး နီးစပ္ရာ Wave Money Agent ထံကေန ထုတ္ယူႏိုင္တယ္လို႔ သိရပါတယ္။ ဒီပေရာဂ်က္ကို ရန္ကုန္ၿမိဳ႕ရွိ ေျမာက္ဒဂံုၿမိဳ႕နယ္မွာ စတင္စမ္းသပ္ ေဆာင္ရြက္ေအာင္ျမင္ခဲ့တာ ျဖစ္ၿပီး မည္သည့္ ျပည္တြင္းသံုး ေအာ္ပေရတာက မိုဘိုင္းဆင္းမ္ကတ္ အမ်ဳိးအစားမဆို အသံုးျပဳႏိုင္မွာျဖစ္ပါတယ္။ ပင္စင္လစာ ထုတ္ယူရာမွာလည္း ၀င္ေရာက္လာတဲ့လစာကို တစ္ႀကိမ္မက ႏွစ္ႀကိမ္ခြဲထုတ္ယူပါကလည္း ၀န္ေဆာင္ခ ေပးေဆာင္စရာ မလိုဘူးလို႔ သိရပါတယ္။

[ Unicode ]

Wave Money နဲ့ မြန်မာ့စီးပွားရေးဘဏ်တို့ ပူးပေါင်းကာ နိုင်ငံ့ပင်စင်စားဝန်ထမ်းတွေ မိုဘိုင်းဖုန်းမှ ပင်စင်လစာထုတ်ယူနိုင်မယ့် မိုဘိုင်းပင်စင်ဝန်ဆောင်မှုကို စတင် အကောင်အထည်ဖော်လိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရှိ (၈) မြို့နယ်မှာ ယခုလမှ စတင်အသုံးပြုနိုင်မှာဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆက်လက်ဆောင်ရွက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“အငြိမ်းစားများအနေနဲ့ ပင်စင်လစာထုတ်ယူရာမှာ ဘဏ်သွားပြီးစောင့်ရတာ အချိန်ကုန်တာ လူပင်ပန်းတာတွေ သက်သာစေပါတယ်။ အခုအနေအထားမှာတော့ ရန်ကုန်မှာရှိတဲ့ဘဏ်ခွဲ (၁)၊ အင်းစိန်၊ တာမွေ၊ သင်္ဃန်းကျွန်း၊ ကမာရွတ်၊ မြောက်ဥက္ကလာ၊ ဒဂုံမြောက်၊ လှည်းကူး အစရှိတဲ့ ဘဏ်ခွဲ (၈) ခုက ပင်စင်လစာထုတ်နေရတဲ့ အငြိမ်းစားတွေကို အရင်ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ တစ်စတစ်စနဲ့ အငြိမ်းစားတွေ တောင်းဆိုမှုများတဲ့နေရာတွေ၊ ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း မြန်မာ့စီးပွားရေးဘဏ်ရှိတဲ့ နေရာတွေမှာလည်း တိုးချဲ့ဆောင်ရွက်ပေးသွားမှာပါ” လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။

မိုဘိုင်းပင်စင်ဝန်ဆောင်မှုကို ရယူလိုတဲ့ ပင်စင်စားဝန်ထမ်းအနေနဲ့ အထက်ပါ မြို့နယ်ရှိ သက်ဆိုင်ရာဘဏ်ကနေ မိမိကိုင်ဆောင်တဲ့ မိုဘိုင်းဖုန်းနံပါတ်နဲ့အတူ လျှောက်ထားရမှာဖြစ်ပြီး ဝန်ဆောင်မှုကိုရရှိလာရင် ပင်စင်လစာ ၀င်ရောက်ကြောင်းကို မိုဘိုင်းဖုန်းသို့ စာတိုစနစ်နဲ့ ၀င်ရောက်လာပြီး နီးစပ်ရာ Wave Money Agent ထံကနေ ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။ ဒီပရောဂျက်ကို ရန်ကုန်မြို့ရှိ မြောက်ဒဂုံမြို့နယ်မှာ စတင်စမ်းသပ် ဆောင်ရွက်အောင်မြင်ခဲ့တာ ဖြစ်ပြီး မည်သည့် ပြည်တွင်းသုံး အော်ပရေတာက မိုဘိုင်းဆင်းမ်ကတ် အမျိုးအစားမဆို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ပင်စင်လစာ ထုတ်ယူရာမှာလည်း ၀င်ရောက်လာတဲ့လစာကို တစ်ကြိမ်မက နှစ်ကြိမ်ခွဲထုတ်ယူပါကလည်း ၀န်ဆောင်ခ ပေးဆောင်စရာ မလိုဘူးလို့ သိရပါတယ်။