မိုဘိုင္းနည္းပညာေဟာေျပာပြဲ က်င္းပမည္

[ Zawgyi ]

ေနျပည္ေတာ္ မိုဘိုင္းလုပ္ငန္းရွင္မ်ားအသင္းမွ ပထမဦးဆံုးအႀကိမ္အျဖစ္ မိုဘိုင္းနည္းပညာ ေဟာေျပာပြဲႏွင့္ မိုဘိုင္းလုပ္ငန္းရွင္မ်ားေတြ႔ဆံုပြဲကို ဇြန္ ၂၉ ရက္မွာ က်င္းပမွာျဖစ္တယ္လို႔ သိရပါတယ္။

အခမ္းအနားမွာ ဆရာေဌးလိႈင္ဦး (AyaBiz), ဆရာဖူးေက်ာ္ဇင္ (Future Wave), ဆရာသန္းတိုးေအာင္ (Mobile Traning), ဆရာကိုကိုေအာင္ (ျမတ္သြယ္)၊ ဆရာေအာင္ၿဖိဳး ( Fixst Myanmar COT) တို႕က မိုဘိုင္းဖုန္း နည္းပညာ ရပ္မ်ား၊ စီမံခန္႔ခြဲမႈဆိုင္ရာ ပညာရပ္မ်ားကို ေဟာေျပာေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။

အသင္းရဲ႕အဓိကရည္႐ြယ္ခ်က္ အတိုင္း ေနျပည္ေတာ္မွ ဖုန္းလုပ္ငန္းရွင္မ်ား စည္းစည္းလံုးလံုးနဲ႔ ေဆာင္ရြက္ရန္နဲ႔ ဒုတိယ ရည္႐ြယ္ခ်က္အျဖစ္ နည္းပညာျပန္႔ပြားေရးအတြက္ ဒီပြဲကိုက်င္းပတာျဖစ္တယ္လို႔ ေနျပည္ေတာ္ မိုဘိုင္းလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ကိုခ်မ္းေျမ႕ေဇာ္က ေျပာပါတယ္။

အခမ္းအနားကို ဇြန္ ၂၉ ရက္၊ နံနက္ ၉ နာရီမွ ညေန ၄ နာရီ အထိ ေနျပည္ေတာ္ ဟိုတယ္ဇုန္ရွိ တံုဂပူရီဟိုတယ္မွာ ျပဳလုပ္သြားမွာျဖစ္ၿပီး တက္ေရာက္လိုသူေတြအေနနဲ႔ အသင္းဥကၠ႒ ဖုန္း – ၀၉ ၄၄၂၀ ၇၄၇၀၄ ကုိ ဆက္သြယ္ စာရင္ေပးသြင္းႏိုင္မယ္လို႔ သိရပါတယ္။

-ေက်ာ္ေဇယ်

[ Unicode ]

နေပြည်တော်မိုဘိုင်းလုပ်ငန်းရှင်များအသင်းမှ ပထမဦးဆုံးအကြိမ်အဖြစ် မိုဘိုင်းနည်းပညာဟောပြောပွဲနှင့် မိုဘိုင်းလုပ်ငန်းရှင်များတွေ့ဆုံပွဲကို ဇွန် ၂၉ ရက်မှာ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ ဆရာဌေးလှိုင်ဦး (AyaBiz), ဆရာဖူးကျော်ဇင် (Future Wave), ဆရာသန်းတိုးအောင် (Mobile Traning), ဆရာကိုကိုအောင် (မြတ်သွယ်)၊ ဆရာအောင်ဖြိုး ( Fixst Myanmar COT) တို့က မိုဘိုင်းဖုန်း နည်းပညာ ရပ်များ၊ စီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်များကို ဟောပြောဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

အသင်းရဲ့အဓိကရည်ရွယ်ချက် အတိုင်း နေပြည်တော်မှ ဖုန်းလုပ်ငန်းရှင်များ စည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်ရန်နဲ့ ဒုတိယ ရည်ရွယ်ချက်အဖြစ် နည်းပညာပြန့်ပွားရေးအတွက် ဒီပွဲကိုကျင်းပတာဖြစ်တယ်လို့ နေပြည်တော် မိုဘိုင်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ကိုချမ်းမြေ့ဇော်က ပြောပါတယ်။

အခမ်းအနားကို ဇွန် ၂၉ ရက်၊ နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ နေပြည်တော် ဟိုတယ်ဇုန်ရှိ တုံဂပူရီဟိုတယ်မှာ ပြုလုပ်သွားမှာဖြစ်ပြီး တက်ရောက်လိုသူတွေအနေနဲ့ အသင်းဥက္ကဋ္ဌ ဖုန်း – ၀၉ ၄၄၂၀ ရ၄၇၀၄ ကို ဆက်သွယ် စာရင်ပေးသွင်းနိုင်မယ်လို့ သိရပါတယ်။