မိမိအတြက္ အသုံးဝင္မယ္ ကိုယ္ပိုင္ Google Assistant Commands ဘယ္လိုဖန္တီးမလဲ

[ Zawgyi ]

Google Assistant ကုိ ပုံမွန္ရာသီဥတု အေျခအေန၊ App ဖြင့္ခုိင္းတာ၊ ဖုန္းေခၚခုိင္းတာေတြထက္ပိုၿပီး တစ္ျခားမိမိစိတ္ႀကိဳက္ အမိန္႔ေပးေစခုိင္းမႈေတြကို လုပ္ေဆာင္ႏုိင္ပါတယ္။ မိမိအေနနဲ႔ စကားလုံးတစ္လုံးကို ေျပာလိုက္တာနဲ႔ မိမိဖြင့္ေပးေစခ်င္တဲ့ App ကို သတ္မွတ္ထားနုိင္ပါတယ္။ ေနာက္တစ္ခုက ဒီ App တစ္ခုၿပီးရင္ ေနာက္တစ္ခုထပ္ဖြင့္ေပးဖို႔အတြက္ အစီအစဥ္ အတုိင္းကိုလည္း သတ္မွတ္ေပးထားႏုိင္ပါတယ္။ မိမိအေနနဲ႔ ေန႔စဥ္လုပ္ငန္းေဆာင္တာနဲ႔ ပတ္သက္တဲ့ အီးေမလ္းေတြ၊ စာအဝင္စစ္စရာေတြ၊ reply လုပ္စရာစတာေတြအတြက္ Googl Assistant ကို သုံးၿပီး ႀကိဳတင္စီမံမႈေတြကို အလြယ္တကူ ျပဳလုပ္ထားႏိုင္မွာပါတယ္။

မိမိအေနနဲ႔ ကိုယ္ပိုင္ Assistant Command တစ္ခုကို ဖန္တီးဖို႔ အတြက္ အရင္ဆုံး Google icon ကိုႏွိပ္ၿပီး ဖြင့္လိုက္ပါ။

ဖုန္းျမင္ကြင္းရဲ႕ ညာဘက္ ေအာက္ေထာင့္နားက More ဆိုတဲ့ စာသားေပၚနားက မ်ဥ္းသုံးေၾကာင္းဆင့္ထားတဲ့ Menu icon ကို ႏွိပ္လိုက္ပါ။

ဒါဆိုရင္ေတာ့ ေအာက္ကပုံ အတုိင္းေပၚလာမွာျဖစ္ၿပီး Settings ဆိုတဲ့စာသားကို ထပ္ႏွိပ္လိုက္ပါ။

Settings စနစ္ထဲကို ေရာက္သြားပါလိမ့္မယ္။ အဲဒီထဲကမွ ပုံမွာျပထားတဲ့အတိုင္း Google Assistant ဆိုတဲ့ စာသားေအာက္ က Settins ဆိုတာကို ထပ္ႏွိပ္ပါ။

ၿပီးရင္ေတာ့ ပုံမွာျပထားတဲ့ အတုိင္း Assistant ဆိုတဲ့ကို ေရြး လိုက္ပါ။ အဲလိုေရြးၿပီးရင္ေတာ့ Routines ဆိုတဲ့စာသားေနရာကို ထပ္ႏွိပ္ပါ။

Routines စနစ္ထဲကို ေရာက္သြားပါမယ္။ ပုံမွာျပထားသလို ဖုန္းျမင္ကြင္းရဲ႕ ညာဘက္ေအာက္ေထာင့္နားက အေပါင္းသေကၤတေလးကို တစ္ခ်က္ႏွိပ္လိုက္ပါ။

ၿပီးရင္ေတာ့ Add commands (required) ဆိုတဲ့စာသားကို ႏွိပ္ပါ။

အဲလိုႏွိပ္လိုက္ရင္ေတာ့ အသုံးမ်ားတဲ့ Popular Actions ေတြကို ျပသေပးမွာျဖစ္ပါတယ္။ အဲဒီထဲက မိမိအေနနဲ႔ မိမိကိုယ္ပုိင္အေနနဲ႔ အသုံးျပဳခ်င္တဲ့ command တစ္ခုကို ေရြးၿပီး ေဘးနားက စက္သြားပုံစံ icon ေလးကို တစ္ခ်က္ႏွိပ္လိုက္ပါ။ ဒီထဲမွာေတာ့ Commute home ဆိုတာကို ေရြးထားပါတယ္။

ၿပီးရင္ေတာ့ My Assistant should ဆိုတဲ့ ေဘးနားက မိမိအေနနဲ႔ ေပးထားတဲ့စကားကို ေျပာလိုက္တာနဲ႔ ျဖစ္ေစခ်င္တဲ့ပုံစံကို ေျပာင္းလဲသတ္မွတ္ဖို႔အတြက္ CHANGE ORDER ဆိုတာကိုိ ႏွိပ္လိုက္ပါ။

အဲလိုႏွိပ္လိုက္ရင္ေတာ့ Actions နဲ႔ ဆုိင္တဲ့ လုပ္ေဆာင္ခ်က္ေတြကို ေတြ႔ပါလိမ့္မယ္။ အဲဒီထဲကမွ Long-press ဒါမွမဟုတ္ Slide စတဲ့ မိမိ အသုံးျပဳလိုတာတစ္ခုကို ေရြးေပးလိုက္ပါ။

ေနာက္တစ္ခုက Add media ဆိုတဲ့ေနရာကို ဝင္လိုက္ပါ။ ၿပီးရင္ေတာ့ News ေဘးနားက စက္သြားေလးကို တစ္ခ်က္ႏွိပ္လိုက္ပါ။

ၿပီးရင္ေတာ့ Google ကေန ေရြးေပးထားတဲ့ CNN News အစား မိမိအသုံးခ်င္တဲ့ မီဒီယာတစ္ခုကို Add news sources ကေန ေရြးခ်ယ္ေပးထားလိုက္မယ္ ဆိုရင္ေတာ့ Google Assistant ကေန မိမိအသုံးျပဳခ်င္တဲ့ မီဒီယာကို တိုက္႐ိုက္ခုိင္းေစ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။

ဒါဆိုရင္ေတာ့ Google Assistant မွာပါတဲ့ Command ေတြကို အသုံးျပဳၿပီး မိမိအေနနဲ႔ တစ္ျခားသူေတြနဲ႔မတူဘဲ မိမိအလိုရွိတဲ့ ပုံစံတစ္မ်ဳိးနဲ႔ အသုံးျပဳႏုိင္ၿပီ ျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

Google Assistant ကို ပုံမှန်ရာသီဥတု အခြေအနေ၊ App ဖွင့်ခိုင်းတာ၊ ဖုန်းခေါ်ခိုင်းတာတွေထက်ပိုပြီး တစ်ခြားမိမိစိတ်ကြိုက် အမိန့်ပေးစေခိုင်းမှုတွေကို လုပ်ဆောင်နိုင်ပါတယ်။ မိမိအနေနဲ့ စကားလုံးတစ်လုံးကို ပြောလိုက်တာနဲ့ မိမိဖွင့်ပေးစေချင်တဲ့ App ကို သတ်မှတ်ထားနိုင်ပါတယ်။ နောက်တစ်ခုက ဒီ App တစ်ခုပြီးရင် နောက်တစ်ခုထပ်ဖွင့်ပေးဖို့အတွက် အစီအစဉ် အတိုင်းကိုလည်း သတ်မှတ်ပေးထားနိုင်ပါတယ်။ မိမိအနေနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာနဲ့ ပတ်သက်တဲ့ အီးမေလ်းတွေ၊ စာအဝင်စစ်စရာတွေ၊ reply လုပ်စရာစတာတွေအတွက် Googl Assistant ကို သုံးပြီး ကြိုတင်စီမံမှုတွေကို အလွယ်တကူ ပြုလုပ်ထားနိုင်မှာပါတယ်။

မိမိအနေနဲ့ ကိုယ်ပိုင် Assistant Command တစ်ခုကို ဖန်တီးဖို့ အတွက် အရင်ဆုံး Google icon ကိုနှိပ်ပြီး ဖွင့်လိုက်ပါ။

ဖုန်းမြင်ကွင်းရဲ့ ညာဘက် အောက်ထောင့်နားက More ဆိုတဲ့ စာသားပေါ်နားက မျဉ်းသုံးကြောင်းဆင့်ထားတဲ့ Menu icon ကို နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ အောက်ကပုံ အတိုင်းပေါ်လာမှာဖြစ်ပြီး Settings ဆိုတဲ့စာသားကို ထပ်နှိပ်လိုက်ပါ။

Settings စနစ်ထဲကို ရောက်သွားပါလိမ့်မယ်။ အဲဒီထဲကမှ ပုံမှာပြထားတဲ့အတိုင်း Google Assistant ဆိုတဲ့ စာသားအောက် က Settins ဆိုတာကို ထပ်နှိပ်ပါ။

ပြီးရင်တော့ ပုံမှာပြထားတဲ့ အတိုင်း Assistant ဆိုတဲ့ကို ရွေး လိုက်ပါ။ အဲလိုရွေးပြီးရင်တော့ Routines ဆိုတဲ့စာသားနေရာကို ထပ်နှိပ်ပါ။

Routines စနစ်ထဲကို ရောက်သွားပါမယ်။ ပုံမှာပြထားသလို ဖုန်းမြင်ကွင်းရဲ့ ညာဘက်အောက်ထောင့်နားက အပေါင်းသင်္ကေတလေးကို တစ်ချက်နှိပ်လိုက်ပါ။

ပြီးရင်တော့ Add commands (required) ဆိုတဲ့စာသားကို နှိပ်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ အသုံးများတဲ့ Popular Actions တွေကို ပြသပေးမှာဖြစ်ပါတယ်။ အဲဒီထဲက မိမိအနေနဲ့ မိမိကိုယ်ပိုင်အနေနဲ့ အသုံးပြုချင်တဲ့ command တစ်ခုကို ရွေးပြီး ဘေးနားက စက်သွားပုံစံ icon လေးကို တစ်ချက်နှိပ်လိုက်ပါ။ ဒီထဲမှာတော့ Commute home ဆိုတာကို ရွေးထားပါတယ်။

ပြီးရင်တော့ My Assistant should ဆိုတဲ့ ဘေးနားက မိမိအနေနဲ့ ပေးထားတဲ့စကားကို ပြောလိုက်တာနဲ့ ဖြစ်စေချင်တဲ့ပုံစံကို ပြောင်းလဲသတ်မှတ်ဖို့အတွက် CHANGE ORDER ဆိုတာကိို နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ Actions နဲ့ ဆိုင်တဲ့ လုပ်ဆောင်ချက်တွေကို တွေ့ပါလိမ့်မယ်။ အဲဒီထဲကမှ Long-press ဒါမှမဟုတ် Slide စတဲ့ မိမိ အသုံးပြုလိုတာတစ်ခုကို ရွေးပေးလိုက်ပါ။

နောက်တစ်ခုက Add media ဆိုတဲ့နေရာကို ဝင်လိုက်ပါ။ ပြီးရင်တော့ News ဘေးနားက စက်သွားလေးကို တစ်ချက်နှိပ်လိုက်ပါ။

ပြီးရင်တော့ Google ကနေ ရွေးပေးထားတဲ့ CNN News အစား မိမိအသုံးချင်တဲ့ မီဒီယာတစ်ခုကို Add news sources ကနေ ရွေးချယ်ပေးထားလိုက်မယ် ဆိုရင်တော့ Google Assistant ကနေ မိမိအသုံးပြုချင်တဲ့ မီဒီယာကို တိုက်ရိုက်ခိုင်းစေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ Google Assistant မှာပါတဲ့ Command တွေကို အသုံးပြုပြီး မိမိအနေနဲ့ တစ်ခြားသူတွေနဲ့မတူဘဲ မိမိအလိုရှိတဲ့ ပုံစံတစ်မျိုးနဲ့ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။