မိမိကိုယ္တုိင္ Instagram ပုံစံ စတစ္ကာေတြ ဘယ္လိုဖန္တီးမလဲ

[ Zawgyi ]

ကုိယ္က Instagram ပုံမွန္ အသုံးျပဳသူတစ္ေယာက္ဆိုရင္ ေတာ့ Instagram စတစ္ကာကို တစ္ႀကိမ္ေလာက္ေတာ့ အနည္းဆုံး အသုံးျပဳဖူးမွာျဖစ္ပါတယ္။ အဲလိုမ်ဳိးInstagram မွာသုံးတဲ့ စတစ္ကာလိုမ်ဳိးကို Instagram app ထဲမွာမဟုတ္ဘဲ Third party app နဲ႔ ကိုယ္တုိင္ ဖန္တီး လို႔ရပါတယ္။

အခု Instagram စတုိင္စတစ္ကာေတြကို AnySticker ဆိုတဲ့ App ကို အသုံးျပဳၿပီး ဖန္တီးျပဳလုပ္မွာ ျဖစ္ပါတယ္။ အရင္ဆုံး App ကို ဖုန္းထဲ ထည့္ဖို႔အတြက္ ေအာက္မွာေပးထားတဲ့ QR code ကတစ္ဆင့္ App ေတြကို ဖုန္းထဲကို Install လုပ္ပါ။

iOSAndroid

AnySticker App ကို Install လုပ္ၿပီး ၿပီဆိုရင္ေတာ့ App ကို ဖြင့္လိုက္ပါ။ ၿပီးရင္ေတာ့ Create Sticker ကို ႏွိပ္လုိက္ပါ။

ေနာက္တစ္ဆင့္ေရာက္ရင္ေတာ့ မိမိအေနနဲ႔ စတစ္ကာျပဳလုပ္ခ်င္တဲ့ စာသားကို ႐ိုက္ထည့္ေပးရမွာ ျဖစ္ပါတယ္။

အဲလို႐ိုက္ၿပီးရင္ေတာ့ မိမိ စိတ္ႀကိဳက္အေရာင္ကို ေရြးခ်ယ္ေပးရမွာ ျဖစ္ပါတယ္။

ေနာက္ထပ္စာလုံးရဲ႕ font စတုိင္ကိုခ်ိန္းခ်င္ရင္ေတာ့ ေအာက္ကပုံမွာ ျပထားတဲ့အတုိင္း အသည္း ပုံ icon ကိုျဖစ္ျဖစ္ အစက္သုံးခု တန္းထားတဲ့ menu icon ကိုျဖစ္ျဖစ္ တစ္ခ်က္ႏွိပ္လုိက္ပါ။

အဲလိုႏွိပ္လိုက္ရင္ေတာ့ ေအာက္ကပုံအတုိင္းေပၚလာမွာ ျဖစ္ၿပီး မိမိအေနနဲ႔ အသုံးျပဳခ်င္တဲ့ icon ကို ေရြးခ်ယ္ေပးရမွာျဖစ္ပါ တယ္။

မိမိအေနနဲ႔ စိတ္ႀကိဳက္ဖန္တီးၿပီးၿပီဆိုရင္ေတာ့ Create Sticker ကို ႏွိပ္လုိက္ပါ။

ၿပီးရင္ေတာ့ မိမိအေနနဲ႔ စတစ္ကာထည့္ခ်င္တဲ့ ဓာတ္ပုံကို ဖုန္းရဲ႕ Gallery ထဲကေန ေရြးခ်ယ္ေပးရမွာ ျဖစ္ပါတယ္။ Select image ဆိုတာကို ႏွိပ္လုိက္ပါ။

အဲလိုႏွိပ္လိုက္ရင္ေတာ့ ေအာက္ကပုံအတုိင္းေပၚလာမွာျဖစ္ၿပီး မိမိအေနနဲ႔ Instagram Story ထဲကို တိုက္႐ုိက္တင္ခ်င္ရင္ေတာ့ Add to Instagram Story ဆိုတာကို ေရြးရမွာျဖစ္ပါတယ္။ ဒါမွမဟုတ္ ပုံကိုထပ္ေျပာင္းခ်င္လို႔ရွိရင္ေတာ့ Switch image ဆိုတာကို ႏွိပ္ေပးရမွာ ျဖစ္ပါတယ္။

ဓာတ္ပုံအရြယ္ အစားေပၚမူတည္ၿပီး စတစ္ကာရဲ႕ အရြယ္အစားကိုလည္း လက္နဲ႔ပဲ အႀကီးအေသး အလြယ္တကူ ျပဳလုပ္ႏုိင္ပါတယ္။

ဒါဆိုရင္ေတာ့ မိမိအေနနဲ႔ ကိုယ္ပိုင္ Instagram ပုံစံမ်ဳိးစတစ္ကာေတြကို ဓာတ္ပုံမွာထည့္သြင္းႏိုင္ၿပီ ျဖစ္ပါတယ္။

– ရဲထြဋ္ဝင္း

[ Unicode ]

ကိုယ်က Instagram ပုံမှန် အသုံးပြုသူတစ်ယောက်ဆိုရင် တော့ Instagram စတစ်ကာကို တစ်ကြိမ်လောက်တော့ အနည်းဆုံး အသုံးပြုဖူးမှာဖြစ်ပါတယ်။ အဲလိုမျိုးInstagram မှာသုံးတဲ့ စတစ်ကာလိုမျိုးကို Instagram app ထဲမှာမဟုတ်ဘဲ Third party app နဲ့ ကိုယ်တိုင် ဖန်တီး လို့ရပါတယ်။

အခု Instagram စတိုင်စတစ်ကာတွေကို AnySticker ဆိုတဲ့ App ကို အသုံးပြုပြီး ဖန်တီးပြုလုပ်မှာ ဖြစ်ပါတယ်။ အရင်ဆုံး App ကို ဖုန်းထဲ ထည့်ဖို့အတွက် အောက်မှာပေးထားတဲ့ QR code ကတစ်ဆင့် App တွေကို ဖုန်းထဲကို Install လုပ်ပါ။

iOSAndroid

AnySticker App ကို Install လုပ်ပြီး ပြီဆိုရင်တော့ App ကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ Create Sticker ကို နှိပ်လိုက်ပါ။

နောက်တစ်ဆင့်ရောက်ရင်တော့ မိမိအနေနဲ့ စတစ်ကာပြုလုပ်ချင်တဲ့ စာသားကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။

အဲလိုရိုက်ပြီးရင်တော့ မိမိ စိတ်ကြိုက်အရောင်ကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

နောက်ထပ်စာလုံးရဲ့ font စတိုင်ကိုချိန်းချင်ရင်တော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း အသည်း ပုံ icon ကိုဖြစ်ဖြစ် အစက်သုံးခု တန်းထားတဲ့ menu icon ကိုဖြစ်ဖြစ် တစ်ချက်နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ အောက်ကပုံအတိုင်းပေါ်လာမှာ ဖြစ်ပြီး မိမိအနေနဲ့ အသုံးပြုချင်တဲ့ icon ကို ရွေးချယ်ပေးရမှာဖြစ်ပါ တယ်။

မိမိအနေနဲ့ စိတ်ကြိုက်ဖန်တီးပြီးပြီဆိုရင်တော့ Create Sticker ကို နှိပ်လိုက်ပါ။

ပြီးရင်တော့ မိမိအနေနဲ့ စတစ်ကာထည့်ချင်တဲ့ ဓာတ်ပုံကို ဖုန်းရဲ့ Gallery ထဲကနေ ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ Select image ဆိုတာကို နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ အောက်ကပုံအတိုင်းပေါ်လာမှာဖြစ်ပြီး မိမိအနေနဲ့ Instagram Story ထဲကို တိုက်ရိုက်တင်ချင်ရင်တော့ Add to Instagram Story ဆိုတာကို ရွေးရမှာဖြစ်ပါတယ်။ ဒါမှမဟုတ် ပုံကိုထပ်ပြောင်းချင်လို့ရှိရင်တော့ Switch image ဆိုတာကို နှိပ်ပေးရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံအရွယ် အစားပေါ်မူတည်ပြီး စတစ်ကာရဲ့ အရွယ်အစားကိုလည်း လက်နဲ့ပဲ အကြီးအသေး အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။

ဒါဆိုရင်တော့ မိမိအနေနဲ့ ကိုယ်ပိုင် Instagram ပုံစံမျိုးစတစ်ကာတွေကို ဓာတ်ပုံမှာထည့်သွင်းနိုင်ပြီ ဖြစ်ပါတယ်။