မိဘေတြအေနနဲ႔ ကေလးေတြရဲ႕ဖုန္းအသုံးျပဳမႈကို ဘယ္လိုထိန္းခ်ဳပ္မလဲ

[ Zawgyi ]

ေနာက္ပိုင္း Android OS စနစ္မွာ မိိဘေတြအေနနဲ႔ မိမိရဲ႕ကေလး ဖုန္းအသုံးျပဳမႈကို ထိန္းခ်ဳပ္ထားႏုိင္မယ့္ လုပ္ေဆာင္ခ်က္ ပါဝင္လာပါ တယ္။ ဒါေပမယ့္ built-in ပါဝင္တဲ့ Profile လုပ္ေဆာင္ခ်က္ကို အသုံးမျပဳဘဲ Third-party app ကို အသုံးျပဳၿပီး ကေလးေတြ ဖုန္းအသုံးျပဳမႈကို ထိန္းခ်ဳပ္ထားႏုိင္မယ့္ နည္းလမ္းကို ေဖာ္ျပေပးမွာျဖစ္ပါတယ္။ Kids Place – Parental Control ဆိုတဲ့ အခမဲ့ Gogole PlayStore ကေန Download ျပဳလုပ္ႏုိင္မယ့္ App ကို အသုံးျပဳၿပီး မိမိကေလးဖုန္းအသုံးျပဳမႈကို ဘယ္လိုကန္႔သတ္မလဲဆိုတာကို ေဖာ္ျပေပးမွာ ျဖစ္ပါတယ္။

ဒီ App က ကေလးဖုန္း အသုံးျပဳမႈ အခ်ိန္၊ အသုံးျပဳခုိင္းမယ့္ App ၊ ျမင္ေတြ႔ရမယ့္ ဖုန္း Interface စနစ္နဲ႔ အဆင္ျမင့္လုံၿခဳံ ေရးဆုိင္ရာ စနစ္ေတြကို ကန္႔သတ္ထားႏုိင္မွာ ျဖစ္ပါတယ္။ ဒီ App ကို ဖြင့္လုိက္ရင္ေတာ့ အရင္ဆုံး ဂဏန္းေလးလုံး PIN အေနနဲ႔ ေတာင္းပါလိမ့္မယ္။ မိမိအေနနဲ႔ ကိုယ့္ရဲ႕ ကားလိုင္စင္ျပားနံပါတ္လိုမ်ဳိး ကေလးအေနနဲ႔ အလြယ္တကူ မွန္းဆႏုိင္မယ့္ နံပါတ္မ်ဳိးေတြ မေပးမိဖို႔ သတိျပဳပါ။ ခုေခတ္ကေလးေတြက တစ္အားပါးနပ္လို႔ ျဖစ္ပါတယ္။

ၿပီးရင္ေတာ့ ကိုယ့္ရဲ႕ အီးေမးလ္နဲ႔ PIN အတြက္ သဲလြန္စ စာလုံးကို ထပ္ထည့္ခုိင္းပါလိမ့္မယ္။ ထည့္ေပးလုိက္ပါ။

အဲဒါေတြျဖည့္သြင္းၿပီးရင္ေတာ့ ကေလးဖုန္းအသုံးျပဳမႈကို မိမိအေနနဲ႔ ကန္႔သတ္ႏုိင္ၿပီျဖစ္ပါတယ္။ အရင္ဆုံး Settings icon ကို တစ္ခ်က္ႏွိပ္လိုက္ပါ။

Settings စနစ္ထဲကို ေရာက္သြားပါလိမ့္မယ္။ ၿပီးရင္ေတာ့ Parental Controls ဆိုတာကို တစ္ခ်က္ႏွိပ္လိုက္ပါ။

Kids Place – Settings စနစ္ထဲကို ေရာက္သြားပါလိမ့္မယ္။ မိမိအေနနဲ႔ home button ခလုတ္ကို Lock လုပ္ထားႏုိင္ပါတယ္။ အဲလို လုပ္ထားမယ္ဆိုရင္ေတာ့ ကေလးအေနန႔ဲ app ေတြကို မိဘခြင့္ျပဳခ်က္မရွိဘဲ ပိတ္ႏုိင္မွာ မဟုတ္ပါဘူး။ Auto restart apps ကေတာ့ မေတာ္တဆ ဖုန္းကိုၾကမ္းၾကမ္းတမ္းတမ္း ကစားလိုက္လို႔ လက္ရွိသုံးေနတဲ့ App ကိုပဲ ျပန္ဖြင့္ေပးဖို႔အတြက္ အသုံးျပဳႏုိင္မွာျဖစ္ပါ တယ္။ မိမိ ေပးကစားထားတဲ့ ဂိမ္းက အြန္လုိင္းဂိမ္းမဟုတ္ဘဲ Offline ဂိမ္းျဖစ္တယ္ဆိုရင္ေတာ့ Wifi Toggle စနစ္နဲ႔ ဖုန္းကေန Wifi အသုံးျပဳမႈကို ပိတ္ထားႏုိင္မွာ ျဖစ္ပါတယ္။ ေနာက္တစ္ခုက Allow Phone Calls စနစ္သုံးၿပီး ဖုန္းေခၚဆိုႏိုင္မႈကို ပိတ္ထားႏုိင္မွာလည္း ျဖစ္ပါတယ္။

ေနာက္ထပ္ Kids Place app ကေန လုပ္ေဆာင္ထားႏုိင္တာတစ္ခုက ဖုန္း reboot လုပ္လိုက္တာနဲ႔ App ကို default အေနနဲ႔ restart လုပ္ေအာင္ လုပ္ေဆာင္ထားႏုိင္ပါတယ္။ ေနာက္ၿပီး Whitelist အေနနဲ႔ သတ္မွတ္ထားတဲ့ App ေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း ကေလးေတြ မျမင္ေတြ႔ႏုိင္ေအာင္ ကန္႔သတ္ထားႏုိင္မွာ ျဖစ္ပါတယ္။

Kids Place app ရဲ႕ Pro ဗားရွင္းကိုေတာ့ ေဒၚလာ ၁ဝ ေပးသြင္းၿပီး အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ ဒီဗားရွင္းမွာေတာ့ UI အသစ္ေတြ၊ App အမည္ေတြ ေျပာင္းလဲထားတာေတြအျပင္ အင္တာနက္အသုံး ျပဳမႈအတြက္ ဘယ္ App ကို ကန္႔သတ္မယ္ မကန္႔သတ္ဘူးနဲ႔ အခ်ိန္ ကန္႔သတ္မႈေတြကို အျပည့္အဝ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ ေဒၚ လာ ၁ဝ တစ္ႀကိမ္ေပးသြင္းယုံနဲ႔ တစ္သက္တာအသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

နောက်ပိုင်း Android OS စနစ်မှာ မိိဘတွေအနေနဲ့ မိမိရဲ့ကလေး ဖုန်းအသုံးပြုမှုကို ထိန်းချုပ်ထားနိုင်မယ့် လုပ်ဆောင်ချက် ပါဝင်လာပါ တယ်။ ဒါပေမယ့် built-in ပါဝင်တဲ့ Profile လုပ်ဆောင်ချက်ကို အသုံးမပြုဘဲ Third-party app ကို အသုံးပြုပြီး ကလေးတွေ ဖုန်းအသုံးပြုမှုကို ထိန်းချုပ်ထားနိုင်မယ့် နည်းလမ်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။ Kids Place – Parental Control ဆိုတဲ့ အခမဲ့ Gogole PlayStore ကနေ Download ပြုလုပ်နိုင်မယ့် App ကို အသုံးပြုပြီး မိမိကလေးဖုန်းအသုံးပြုမှုကို ဘယ်လိုကန့်သတ်မလဲဆိုတာကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ဒီ App က ကလေးဖုန်း အသုံးပြုမှု အချိန်၊ အသုံးပြုခိုင်းမယ့် App ၊ မြင်တွေ့ရမယ့် ဖုန်း Interface စနစ်နဲ့ အဆင်မြင့်လုံခြုံ ရေးဆိုင်ရာ စနစ်တွေကို ကန့်သတ်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒီ App ကို ဖွင့်လိုက်ရင်တော့ အရင်ဆုံး ဂဏန်းလေးလုံး PIN အနေနဲ့ တောင်းပါလိမ့်မယ်။ မိမိအနေနဲ့ ကိုယ့်ရဲ့ ကားလိုင်စင်ပြားနံပါတ်လိုမျိုး ကလေးအနေနဲ့ အလွယ်တကူ မှန်းဆနိုင်မယ့် နံပါတ်မျိုးတွေ မပေးမိဖို့ သတိပြုပါ။ ခုခေတ်ကလေးတွေက တစ်အားပါးနပ်လို့ ဖြစ်ပါတယ်။

ပြီးရင်တော့ ကိုယ့်ရဲ့ အီးမေးလ်နဲ့ PIN အတွက် သဲလွန်စ စာလုံးကို ထပ်ထည့်ခိုင်းပါလိမ့်မယ်။ ထည့်ပေးလိုက်ပါ။

အဲဒါတွေဖြည့်သွင်းပြီးရင်တော့ ကလေးဖုန်းအသုံးပြုမှုကို မိမိအနေနဲ့ ကန့်သတ်နိုင်ပြီဖြစ်ပါတယ်။ အရင်ဆုံး Settings icon ကို တစ်ချက်နှိပ်လိုက်ပါ။

Settings စနစ်ထဲကို ရောက်သွားပါလိမ့်မယ်။ ပြီးရင်တော့ Parental Controls ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ။

Kids Place – Settings စနစ်ထဲကို ရောက်သွားပါလိမ့်မယ်။ မိမိအနေနဲ့ home button ခလုတ်ကို Lock လုပ်ထားနိုင်ပါတယ်။ အဲလို လုပ်ထားမယ်ဆိုရင်တော့ ကလေးအနေနဲ့ app တွေကို မိဘခွင့်ပြုချက်မရှိဘဲ ပိတ်နိုင်မှာ မဟုတ်ပါဘူး။ Auto restart apps ကတော့ မတော်တဆ ဖုန်းကိုကြမ်းကြမ်းတမ်းတမ်း ကစားလိုက်လို့ လက်ရှိသုံးနေတဲ့ App ကိုပဲ ပြန်ဖွင့်ပေးဖို့အတွက် အသုံးပြုနိုင်မှာဖြစ်ပါ တယ်။ မိမိ ပေးကစားထားတဲ့ ဂိမ်းက အွန်လိုင်းဂိမ်းမဟုတ်ဘဲ Offline ဂိမ်းဖြစ်တယ်ဆိုရင်တော့ Wifi Toggle စနစ်နဲ့ ဖုန်းကနေ Wifi အသုံးပြုမှုကို ပိတ်ထားနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုက Allow Phone Calls စနစ်သုံးပြီး ဖုန်းခေါ်ဆိုနိုင်မှုကို ပိတ်ထားနိုင်မှာလည်း ဖြစ်ပါတယ်။

နောက်ထပ် Kids Place app ကနေ လုပ်ဆောင်ထားနိုင်တာတစ်ခုက ဖုန်း reboot လုပ်လိုက်တာနဲ့ App ကို default အနေနဲ့ restart လုပ်အောင် လုပ်ဆောင်ထားနိုင်ပါတယ်။ နောက်ပြီး Whitelist အနေနဲ့ သတ်မှတ်ထားတဲ့ App တွေနဲ့ ပတ်သက်ပြီးတော့လည်း ကလေးတွေ မမြင်တွေ့နိုင်အောင် ကန့်သတ်ထားနိုင်မှာ ဖြစ်ပါတယ်။

Kids Place app ရဲ့ Pro ဗားရှင်းကိုတော့ ဒေါ်လာ ၁ဝ ပေးသွင်းပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီဗားရှင်းမှာတော့ UI အသစ်တွေ၊ App အမည်တွေ ပြောင်းလဲထားတာတွေအပြင် အင်တာနက်အသုံး ပြုမှုအတွက် ဘယ် App ကို ကန့်သတ်မယ် မကန့်သတ်ဘူးနဲ့ အချိန် ကန့်သတ်မှုတွေကို အပြည့်အဝ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒေါ် လာ ၁ဝ တစ်ကြိမ်ပေးသွင်းယုံနဲ့ တစ်သက်တာအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။