မိခင်နို့ရည်စစ်စစ်ကို ထုတ်ယူပေးနိုင်တဲ့ Willow ရဲ့ smart breast pump
[ Zawgyi ]
စိုးထက်
Ref: CNBC
[ Unicode ]
၂၀၁၇ ခုနှစ်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ CES ပြပွဲမှာ ရေပန်းအစားဆုံး ထုတ်ကုန်တွေထဲကတစ်ခုကတော့ Willow brast pump ဖြစ်ပါတယ်။ အဲဒီထုတ်ကုန်ဟာ အမျိုးသမီးတွေရဲ့ ဘရာထဲမှာ ထည့်သွင်းထားနိုုင်ပါတယ်။
CES 2019 ပြပွဲမှာတော့ ကုမ္ပဏီက Willow 2.0 ကို ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ Willow 2.0 ဟာ ပထမဆုံး pump ထက် တိုးတက်ကောင်းမွန်လာပါတယ်။
Willow အနေနဲ့ pump ဗားရှင်းသစ် ဒီဇိုင်းကို ပြောင်းလဲလိုက်ပါတယ်။ Willow ရဲ့ ပထမဆုံး ထုတ်ကုန် breast pump မှာ မိခင်နို့ရည် ဘယ်လောက် စီးဆင်းနေလဲဆိုတာကို app ကနေပဲ ကြည့်နိုင်ပါတယ်။ Willow 2.0 မှာတော့ app မလိုဘဲ pump ကို အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။
Willow 2.0 ကို အလွယ်တကူ အသုံးပြုနိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ Willow 2.0 ကိုအသုံးပြုနိုင်ဖို့ ဈေးနှုန်းမြင့်မားတဲ့ အိတ်တွေဝယ်ယူဖို့ လိုအပ်ပါသေးတယ်။
Ref: CNBC