မားစ္ၿဂိဳဟ္ေပၚသို႔ေလွ်ာက္လွမ္းေနသည့္ ခရီးၾကမ္းရွည္

[ Zawgyi ]

လြန္ခဲ့ေသာအပတ္မ်ားက မားစ္ၿဂိဳဟ္ေပၚတြင္ လူသားမ်ားအေနျဖင့္ အမွန္တကယ္ေနထိုင္ ႏုိင္ေတာ့မည္လားဟူေသာ ေဆာင္းပါးေခါင္းစဥ္ျဖင့္ ေရးသားေဖာ္ျပခဲ့ဖူးပါသည္။ ထိုေဆာင္းပါးေရး
သားခဲ့စဥ္က မားစ္ၿဂိဳဟ္အေပၚတြင္ လူသားမ်ားေနထိုင္ႏုိင္ရန္ အေျခအေနသည္ မေရာရာမေသခ်ာႏိုင္ခဲ့ေသးေသာ္လည္း ယခုအခါတြင္မူ သိပၸံပညာရွင္မ်ားအေနျဖင့္ မားစ္ၿဂိဳဟ္အေပၚတြင္ ေနထိုင္ႏိုင္ရန္ အခ်ိန္ကာလအားျဖင့္ ၂၅ ႏွစ္မွ်သာ ၾကာျမင့္ႏုိင္ေတာ့မည္ျဖစ္သည္ဟု ခန္႔မွန္းေျပာဆိုလိုက္ၿပီ ျဖစ္သည္။ သို႔ေသာ္လည္း ေကာ္စမစ္ေရာင္ျခည္မ်ားမွ ထြက္ေပၚလာေသာ ဓာတ္ေရာင္ျခည္သင့္မႈမ်ားသည္ လူသားတို႔၏ အသက္အႏၲရာယ္ကို ထိခုိက္ေစႏုိင္စြမ္းရွိသလို အျမင္ဆံုး႐ံႈးျခင္း၊ အ႐ိုးပြျခင္းဆိုင္ရာမ်ားလည္း ျဖစ္ေပၚႏိုင္ရာ အာကာသယာဥ္မွဴးမ်ား အေနျဖင့္ ထိုၿဂိဳဟ္ေပၚသို႔ ဆင္းသက္ျခင္းမတိုင္မီ ထိုျပႆနာမ်ားကို ဦးစြာေက်ာ္လႊားရန္ ေဆာင္ရြက္သင့္သည္ဟု အရင္သိပၸံပညာရွင္မ်ားက သတိေပးခဲ့ၾကသည္။ ထို႔အျပင္ ထုိသို႔ေဆာင္ရြက္ႏိုင္ရန္အတြက္ သိပၸံနည္းပညာႏွင့္ ေဆးဝါးနည္းပညာပိုင္းတို႔တြင္ ယခုထက္ ပိုမိုတိုးတက္ရန္ လိုအပ္ေနဆဲပင္ျဖစ္သည္။

ထိုသို႔ေဆာင္ရြက္ႏုိင္ရန္အတြက္ ဘ႑ာေရးအေျခအေနအေပၚကို မူတည္ကာ ၂၅ ႏွစ္အတြင္း တျဖည္းျဖည္း အေကာင္အထည္ေဖာ္ ေဆာင္ရြက္ႏိုင္စြမ္းရွိၾကလိမ့္မည္ဟု နာဆာမွ အာကာသယာဥ္မွဴး တစ္ဦးျဖစ္သူ Tom Jones က ေျပာဆိုခဲ့ေပသည္။ Tome Jones သည္ အာကာသသို႔ ေလးႀကိမ္တိုင္တိုင္ ပ်ံသန္းေရာက္ရွိခဲ့သူျဖစ္ၿပီး ၂၀၀၁ ခုႏွစ္မွစ၍ အနားယူခဲ့သူ
လည္းျဖစ္သည္။ “ကြ်ႏ္ုပ္တို႔အေနနဲ႔ မားစ္ၿဂိဳဟ္အေပၚသို႔ ေရာက္ရွိႏုိင္ဖို႔အတြက္ ယခုကစၿပီး အေရးႀကီး တဲ့ နည္းပညာေတြအေပၚမွာ အာ႐ုံစိုက္ေဆာင္ရြက္ဖို႔လိုတယ္” ဟုလည္း ၎က ဝါရွင္တန္ပို႔စ္ သတင္းစာသ႔ို ေျပာၾကားခဲ့ပါသည္။ မားစ္ၿဂိဳဟ္ႏွင့္ ကမၻာေျမသည္ မိုင္ေပါင္း ၃၃.၉ သန္းခန္႔ ပ်မ္းမွ်ကြာေဝးေပသည္။ ထို႔အျပင္ ယေန႔ေခတ္ ပိုင္ဆိုင္ထားသည့္ ဒံုးပ်ံလႊတ္တင္မႈ
နည္းပညာမ်ား၏ စြမ္းေဆာင္ရည္အရ မားစ္ၿဂိဳဟ္သို႔ ပ်ံသန္းရမည္ဆိုလ်င္ အခ်ိန္ကာလအားျဖင့္ ၉ လ ၾကာျမင့္မည္ျဖစ္ၿပီး ကမၻာေျမဆြဲအား ဇီး႐ိုးအဆင့္အတြင္း အခ်ိန္ၾကာျမင့္စြာ ပ်ံသန္းရျခင္းသည္ ႀကီးစြာေသာ စိန္ေခၚမႈျဖစ္လာမည္ျဖစ္သည္။

ထိုသို႔ အေလးခ်ိန္မဲ့စြာျဖင့္ အခ်ိန္ၾကာျမင့္စြာ ပ်ံသန္းရသည့္ အတြက္ေၾကာင့္ မ်က္ေၾကာလႊာ အတြင္းရွိ ေသြးေၾကာမ်ားအေပၚ ထိခိုက္ႏုိင္ၿပီး ျမင္ကြင္းထိခိုက္ ပ်က္စီးျခင္းကိုလည္း ျဖစ္ေစႏိုင္ လိမ့္မည္ျဖစ္သည္ဟု ဆိုသည္။ ထို႔အျပင္ ဆြဲအားကင္းမဲ့ျခင္းေၾကာင့္ ကယ္လ္ဆီယမ္ဓာတ္ ခ်ိဳ႕ယြင္းေစၿပီး အ႐ိုးပြျခင္းကို ျဖစ္ေစမည္ျဖစ္သည္။ ထို႔အတူ မားစ္ၿဂိဳဟ္အေနျဖင့္ ကမၻာေျမဆြဲအား၏ ၃ ပံု ၁ ပံု ရွိလ်င္ေတာင္မွ အဆိုပါ အေျခအေနသည္ တစ္ႏွစ္နီးပါးအၾကာ သြားေရာက္ရမည့္ အာကာယာဥ္မွဴးမ်ားအေပၚ မည္ကဲ့သို႔ သက္ေရာက္ႏိုင္စြမ္းရွိမည္ကို သိရွိရျခင္း မရွိေသးေပ။ မားစ္ၿဂိဳဟ္အေပၚသို႔ သြားေရာက္ရန္အတြက္ လူ႔ခႏၶာကိုယ္ေပၚ ဝတ္စားဆင္ယင္မႈမ်ားကုိ ေလွ်ာ့ခ်ႏိုင္ျခင္းျဖင့္ ခရီးသြားလာမႈ ၾကာခ်ိန္ကို ေလ်ာ့ခ်ႏိုင္မည္လားဟုလည္း စဥ္းစားသံုးသပ္ ၾကျပန္ပါေသးသည္။

အာကာသယာဥ္မွဴးေဟာင္း တစ္ဦးျဖစ္သူ Jones က ႏ်ဴကလီးယား တြန္းကန္စနစ္ကို မားစ္ၿဂိဳဟ္ သို႔ပ်ံသန္းမႈအေပၚတြင္ အသံုးခ်သင့္သည္ဟုဆိုၿပီး ထိုသို႔အသံုးခ်ျခင္းျဖင့္ ပ်ံသန္းစဥ္အတြင္း လွ်ပ္စစ္ရရွိမႈအတြက္လည္း အေထာက္အပံ့ ျဖစ္ေစႏုိင္သည္ဟုဆိုသည္။ ထို႔အျပင္ ေကာ္စမစ္ေရာင္ျခည္မ်ားမွ ဓာတ္ေရာင္ျခည္ ျဖာထြက္ျခင္းေၾကာင့္ ျဖစ္ေပၚလာႏုိင္သည့္ က်န္းမာေရးဆိုင္ရာ ျပႆနာမ်ားကို ေျဖရွင္းေဆာင္ရြက္ရန္အတြက္လည္း ယေန႔ထိတိုင္ ကာကြယ္မႈေပးမည့္ ေျဖရွင္းေဆာင္ရြက္မႈမ်ိဳး မရွိေသးေပ။ ထိုမွ်သာမက အာကာသယာဥ္အေနျဖင့္ မားစ္ၿဂိဳဟ္ေပၚသို႔ ဝင္ေရာက္သည့္အခါ ႀကံဳေတြ႕ႏိုင္သည့္ ၾကမ္းတမ္းေသာ အေျခအေနမ်ားတြင္ ခံႏိုင္ရည္ရွိမႈ၊ ေျမျပင္ေပၚသို႔ ညင္သာစြာ ဆင္းသက္ႏုိင္မႈ၊ ၎ၿဂိဳဟ္မွတစ္ဆင့္ လူမ်ားကို သယ္ေဆာင္ကာ ကမ႓ာေျမသို႔ ျပန္လည္ဝင္ေရာက္ျခင္း အစရွိသည္တို႔ကိုလည္း စြမ္းေဆာင္ႏိုင္ရန္ ယာဥ္ပိုင္းဆုိင္ရာႏွင့္ ပတ္သက္၍လည္း လိုအပ္ေနပါေသးသည္။

မားစ္ၿဂိဳဟ္သို႔သြားေရာက္မည့္ ခရီးစဥ္တြင္ ထပ္မံရင္ဆုိင္ႀကံဳေတြ႕ ရႏုိင္သည့္ျပႆနာတစ္ရပ္မွာ ဆက္သြယ္မႈစနစ္တစ္ခုပင္ျဖစ္သည္။ ဆက္သြယ္မႈၾကာခ်ိန္သည္ ၂၂ မိနစ္ခန္႔မွ်ရွိေပသည္။
နာဆာအေနျဖင့္ မားစ္ၿဂိဳဟ္အေပၚသို႔ InSight ဟု အမည္ေပးထားသည့္ စက္႐ုပ္စနစ္တစ္ခုကို ေစလႊတ္ႏိုင္ရန္အတြက္ ေဆာင္ရြက္လ်က္ရွိေပသည္။ အဆိုပါ ေဒၚလာ ၉၉၃ သန္း အကုန္အက်ခံ ေဆာင္ရြက္ေနသည့္ အစီအစဥ္သည္ မားစ္ၿဂိဳဟ္၏အေျခအေနကို လူသားမ်ားအေနျဖင့္ ပိုမိုသိရွိႏိုင္ရန္ အေထာက္အကူျပဳႏုိင္လိမ့္မည္ျဖစ္သည္ဟု ယံုၾကည္ထားၾကသည္။ ထို႔အျပင္ ၂၀၂၀ ခုႏွစ္တြင္လည္း နာဆာအေနျဖင့္ အျခားေသာ ၿဂိဳဟ္ဆင္းယာဥ္တစ္စင္းကို မားစ္ၿဂိဳဟ္ေပၚသို႔ေစလႊတ္ရန္ စီစဥ္ထားရွိၿပီး ၎ၿဂိဳဟ္တြင္ေနထုိင္ႏုိင္မည့္ အေျခအေန ရွိ၊ မရွိ ေရွးေခတ္သက္ရွိမ်ား ေနထိုင္ခဲ့ျခင္းဆိုင္ရာ လကၡဏာမ်ား၊ အသံုးျပဳႏုိင္ေသာ သဘာဝအရင္းအျမစ္မ်ားႏွင့္ အနာဂတ္တြင္ လူသားမ်ားအေနျဖင့္ အေျခခ်ေနထိုင္ႏုိင္ရန္ သင့္ေတာ္မႈရွိမရွိကို ရွာေဖြေလ့လာ ေဆာင္ရြက္ႏုိင္ရန္ ရည္မွန္းထားသည္ဟုဆိုသည္။ မားစ္ၿဂိဳဟ္ေပၚသို႔ ပ်ံသန္းႏုိင္ရန္အတြက္ ေဆာင္ရြက္မႈတြင္ ျပင္ပအာကာသ ကုမၸဏီတစ္ခုျဖစ္သည့္ Space X အေနျဖင့္
အျခားေသာ ႏိုင္ငံအဖြဲ႕အစည္းမ်ားကဲ့သို႔ပင္ မားစ္ၿဂိဳဟ္ေပၚသို႔ သြားေရာက္ႏိုင္ရန္အတြက္ ႀကိဳးစားတီထြင္ေဆာင္ရြက္လ်က္ ရွိေပသည္။

မားစ္ၿဂိဳဟ္ေပၚသို႔ သြားေရာက္ရန္အတြက္ ေဆာင္ရြက္မႈတြင္ ဒံုးပ်ံနည္းပညာပိုင္းဆိုင္ရာ ကြ်မ္းက်င္သည့္ႏုိင္ငံတစ္ႏုိင္ငံျဖစ္သူ ႐ုရွားႏုိင္ငံအေနျဖင့္လည္း ႀကိဳးပမ္းအားထုတ္လုပ္လ်က္ ရွိေပသည္။ ႐ုရွားတို႔အေနျဖင့္ ၎တို႔၏ ဒံုးပ်ံနည္းပညာကို အသံုးျပဳလ်က္ ၉ လအတြင္း ၾကာျမင့္ႏိုင္သည္ဟု ယူဆထားသည့္ မားစ္ၿဂိဳဟ္ခရီးစဥ္ကို အခ်ိန္ကာလ ၇ လျဖင့္သြားေရာက္ရန္ အတြက္ လုပ္ေဆာင္ေနျခင္းပင္ျဖစ္သည္။ ထိုသို႔ေဆာင္ရြက္ႏိုင္ရန္အတြက္ ႐ုရွားတို႔၏စိတ္ကူးတြင္ ဒံုးပ်ံတြင္ Gas-cooled Fission ဓာတ္ေပါင္းဖို႔ကို အသံုးျပဳရန္ စီစဥ္ေနျခင္းျဖစ္သည္။ ယခုကဲ့သို႔ေသာ အသံုးခ်ႏိုင္ပါက ေနေရာင္ျခည္ႏွင့္ ဘက္ထရီစြမ္းအင္ကို အသံုးျပဳစရာမလိုေတာ့ဘဲ ၎စြမ္းအင္ျဖင့္ လိုအပ္ေသာစြမ္းအင္ကို လံုေလာက္စြာေထာက္ပံ့ေပးႏုိင္စြမ္း ရွိမည္ျဖစ္
သည္ဟု နည္းပညာပိုင္းဆိုင္ရာအရ လက္ခံထားၾကပါသည္။

မည္သို႔ပင္ဆိုေစကာမူ မားစ္ ၿဂိဳဟ္အေပၚတြင္ လူသားမ်ားေနထိုင္ႏိုင္ရန္အတြက္ ေလ့လာစူးစမ္းေနမႈမ်ားကို အဘက္ဘက္မွ ဝိုင္းဝန္းေဆာင္ရြက္လ်က္ရွိေနၿပီျဖစ္သည္။ သုေတသီမ်ားကလည္း မားစ္ၿဂိဳဟ္၏ မ်က္ႏွာျပင္ေအာက္ေျခတြင္ ဆားေရမ်ားကို ေတြ႕ရွိရျခင္းသည္ လံုေလာက္ေသာ ေအာက္ဆီဂ်င္ပမာဏကို ေထာက္ပံ့ေပးႏိုင္လိမ့္မည္ျဖစ္သည္ဟု ယံုၾကည္ထားၾကပါသည္။ မားစ္ၿဂိဳဟ္ေပၚတြင္ရွိသည့္ ေအာက္ဆီဂ်င္ ပမာဏသည္ မိုက္ခ႐ိုဘက္တီးရီးယားမ်ား အသက္ရွင္သန္ႏုိင္ရန္အတြက္ လံုေလာက္မႈရွိသည္ဟု ဆိုသည္။ မားစ္ၿဂိဳဟ္အေပၚတြင္ ေနရာေဒသအေပၚမူတည္ကာ ရာသီဥတုႏွင့္ ေန႔အခ်ိန္ေပၚမူတည္လ်က္ အပူခ်ိန္သည္ အႏုတ္ ၁၉၅ မွ အေပါင္း ၂၀ ဒီဂရီဆဲလ္ဆီးယက္စ္အထိ အမ်ိဳးမ်ိဳးရွိႏိုင္သည့္
အတြက္ လူသားတို႔အေျခခ်ေန ထုိင္ဖို႔အတြက္ စိန္ေခၚမႈပင္ျဖစ္သည္။

အျခားေသာတစ္ဖက္တြင္ လည္း မားစ္ၿဂိဳဟ္အေပၚတြင္ သက္ရွိမ်ားအသက္ရွင္ေနထိုင္ခဲ့မႈကို သက္ေသယူႏိုင္ရန္အတြက္ ဥေရာပႏွင့္ ႐ုရွားအာကာသအဖြဲ႕အစည္းတို႔ ပူးေပါင္းကာ Oxia Planum ဟု အမည္ေပး သတ္မွတ္ထားေသာေနရာႏွင့္ Mawrth Vallis ေနရာတြင္ ရွာေဖြရန္အတြက္ ေဆာင္ရြက္လ်က္ရွိေပသည္။ သုေတသီတို႔အေနျဖင့္ ထုိသို႔ရွာေဖြရန္အတြက္ ESA-Roscosmos ExoMars ဟုေခၚေသာ ၿဂိဳဟ္ဆင္းယာဥ္ကို အသံုးျပဳမည္လည္းျဖစ္သည္ဟု ဆိုသည္။

လက္ရွိအခ်ိန္တြင္မူ ေလးဘီး ယက္စနစ္ကို အသံုးျပဳထားသည့္ စက္႐ုပ္ယာဥ္ငယ္တစ္ခုအေနျဖင့္ မားစ္ၿဂိဳဟ္အေပၚတြင္ ေရာက္ေနခဲ့ၿပီျဖစ္သည္။ ၎ယာဥ္ငယ္သည္ အလိုအေလ်ာက္ ေမာင္းႏွင္မႈစနစ္ကို က်င့္သံုးကာ တစ္နာရီလွ်င္ ၁၁၀ မီတာႏႈန္းျဖင့္ ေရြ႕လ်ားျခင္းျဖင့္ စမ္းသပ္သုေတသျပဳမႈမ်ားကို ေဆာင္ရြက္လ်က္ရွိသည္။ သို႔ေသာ္လည္း ဘက္ထရီကန္႔သတ္
ခ်က္ေၾကာင့္ မားစ္ၿဂိဳဟ္အေပၚတြင္ တစ္ေန႔လွ်င္ ၂၂၀ မီတာအထိသာ သြားလာႏိုင္စြမ္းရွိေပသည္။ ယာဥ္ငယ္တြင္ ကင္မရာစနစ္ ၁၇ ခုကို တပ္ဆင္ထားၿပီး မားစ္ၿဂိဳဟ္အေပၚတြင္ သက္ရွိမ်ားေနထိုင္ႏုိင္ျခင္းႏွင့္ အျခားေသာ သဲလြန္စမ်ား၊ သုေတသနျပဳမႈမ်ားကို ေဆာင္ရြက္လ်က္ ရွိေပသည္။ သုေတသနျပဳေလ့လာမႈတြင္ ယာဥ္ငယ္အေပၚတြင္ တပ္ဆင္အသံုးျပဳထား သည့္ Sample Analysis at Mars-SAM စနစ္အေနျဖင့္ မားစ္ၿဂိဳဟ္၏ မ်က္ႏွာျပင္ကို အပူခ်ိန္ ၁၀၀၀ ဒီဂရီဆဲလ္ဆီးယက္စ္ ေပးျခင္းကိုေဆာင္ရြက္ခဲ့ရာ အပူေပးခံရသည့္ေက်ာက္တံုးမ်ားမွ ထြက္ေပၚလာသည့္ ဓာတ္ေငြ႕မ်ားအေပၚ ေလ့လာဆန္းစစ္မႈမ်ား ျပဳလုပ္ခဲ့ၿပီး ရရွိသည့္အခ်က္အလက္မ်ားကို ကမ႓ာေျမရွိ သိပၸံပညာရွင္မ်ားထံ ျပန္လည္ေပးပို႔ျခင္းမ်ားကို ေဆာင္ရြက္လ်က္ရွိ
ေပသည္။

ထိုယာဥ္ငယ္၏ အက်ိဳးေက်းဇူးေၾကာင့္ ကမ႓ာေျမရွိ သိပံၸပညာရွင္မ်ားအေနျဖင့္ မားစ္ၿဂိဳဟ္ေပၚရွိ အခ်က္အလက္မ်ားကို ရရွိႏိုင္ျခင္းျဖင့္ လူသားတို႔ေနထိုင္ႏုိင္မႈအတြက္ အေထာက္အပံ့ျဖစ္ေစႏိုင္ရန္ ႀကိဳးစားေဆာင္ရြက္လ်က္ရွိေၾကာင္းကို မားစ္ၿဂိဳဟ္ႏွင့္ပတ္သက္ေသာ လတ္တေလာေဆာင္ရြက္ေနသည့္ အေျခအေနမ်ားကို ေရးသားေဖာ္ျပ လိုက္ရပါသည္။

-ေက်ာ္လင္း (အမိေျမ)

[ Unicode ]

လွန်ခဲ့သောအပတ်များက မားစ်ဂြိုဟ်ပေါ်တွင် လူသားများအနေဖြင့် အမှန်တကယ်နေထိုင် နိုင်တော့မည်လားဟူသော ဆောင်းပါးခေါင်းစဉ်ဖြင့် ရေးသားဖော်ပြခဲ့ဖူးပါသည်။ ထိုဆောင်းပါးရေး
သားခဲ့စဉ်က မားစ်ဂြိုဟ်အပေါ်တွင် လူသားများနေထိုင်နိုင်ရန် အခြေအနေသည် မရောရာမသေချာနိုင်ခဲ့သေးသော်လည်း ယခုအခါတွင်မူ သိပ္ပံပညာရှင်များအနေဖြင့် မားစ်ဂြိုဟ်အပေါ်တွင် နေထိုင်နိုင်ရန် အချိန်ကာလအားဖြင့် ၂၅ နှစ်မျှသာ ကြာမြင့်နိုင်တော့မည်ဖြစ်သည်ဟု ခန့်မှန်းပြောဆိုလိုက်ပြီ ဖြစ်သည်။ သို့သော်လည်း ကော်စမစ်ရောင်ခြည်များမှ ထွက်ပေါ်လာသော ဓာတ်ရောင်ခြည်သင့်မှုများသည် လူသားတို့၏ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်စွမ်းရှိသလို အမြင်ဆုံးရှုံးခြင်း၊ အရိုးပွခြင်းဆိုင်ရာများလည်း ဖြစ်ပေါ်နိုင်ရာ အာကာသယာဉ်မှူးများ အနေဖြင့် ထိုဂြိုဟ်ပေါ်သို့ ဆင်းသက်ခြင်းမတိုင်မီ ထိုပြဿနာများကို ဦးစွာကျော်လွှားရန် ဆောင်ရွက်သင့်သည်ဟု အရင်သိပ္ပံပညာရှင်များက သတိပေးခဲ့ကြသည်။ ထို့အပြင် ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် သိပ္ပံနည်းပညာနှင့် ဆေးဝါးနည်းပညာပိုင်းတို့တွင် ယခုထက် ပိုမိုတိုးတက်ရန် လိုအပ်နေဆဲပင်ဖြစ်သည်။

ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ဘဏ္ဍာရေးအခြေအနေအပေါ်ကို မူတည်ကာ ၂၅ နှစ်အတွင်း တဖြည်းဖြည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်စွမ်းရှိကြလိမ့်မည်ဟု နာဆာမှ အာကာသယာဉ်မှူး တစ်ဦးဖြစ်သူ Tom Jones က ပြောဆိုခဲ့ပေသည်။ Tome Jones သည် အာကာသသို့ လေးကြိမ်တိုင်တိုင် ပျံသန်းရောက်ရှိခဲ့သူဖြစ်ပြီး ၂၀၀၁ ခုနှစ်မှစ၍ အနားယူခဲ့သူ
လည်းဖြစ်သည်။ “ကျွန်ုပ်တို့အနေနဲ့ မားစ်ဂြိုဟ်အပေါ်သို့ ရောက်ရှိနိုင်ဖို့အတွက် ယခုကစပြီး အရေးကြီး တဲ့ နည်းပညာတွေအပေါ်မှာ အာရုံစိုက်ဆောင်ရွက်ဖို့လိုတယ်” ဟုလည်း ၎င်းက ဝါရှင်တန်ပို့စ် သတင်းစာသိ့ု ပြောကြားခဲ့ပါသည်။ မားစ်ဂြိုဟ်နှင့် ကမ္ဘာမြေသည် မိုင်ပေါင်း ၃၃.၉ သန်းခန့် ပျမ်းမျှကွာဝေးပေသည်။ ထို့အပြင် ယနေ့ခေတ် ပိုင်ဆိုင်ထားသည့် ဒုံးပျံလွှတ်တင်မှု
နည်းပညာများ၏ စွမ်းဆောင်ရည်အရ မားစ်ဂြိုဟ်သို့ ပျံသန်းရမည်ဆိုလျင် အချိန်ကာလအားဖြင့် ၉ လ ကြာမြင့်မည်ဖြစ်ပြီး ကမ္ဘာမြေဆွဲအား ဇီးရိုးအဆင့်အတွင်း အချိန်ကြာမြင့်စွာ ပျံသန်းရခြင်းသည် ကြီးစွာသော စိန်ခေါ်မှုဖြစ်လာမည်ဖြစ်သည်။

ထိုသို့ အလေးချိန်မဲ့စွာဖြင့် အချိန်ကြာမြင့်စွာ ပျံသန်းရသည့် အတွက်ကြောင့် မျက်ကြောလွှာ အတွင်းရှိ သွေးကြောများအပေါ် ထိခိုက်နိုင်ပြီး မြင်ကွင်းထိခိုက် ပျက်စီးခြင်းကိုလည်း ဖြစ်စေနိုင် လိမ့်မည်ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် ဆွဲအားကင်းမဲ့ခြင်းကြောင့် ကယ်လ်ဆီယမ်ဓာတ် ချို့ယွင်းစေပြီး အရိုးပွခြင်းကို ဖြစ်စေမည်ဖြစ်သည်။ ထို့အတူ မားစ်ဂြိုဟ်အနေဖြင့် ကမ္ဘာမြေဆွဲအား၏ ၃ ပုံ ၁ ပုံ ရှိလျင်တောင်မှ အဆိုပါ အခြေအနေသည် တစ်နှစ်နီးပါးအကြာ သွားရောက်ရမည့် အာကာယာဉ်မှူးများအပေါ် မည်ကဲ့သို့ သက်ရောက်နိုင်စွမ်းရှိမည်ကို သိရှိရခြင်း မရှိသေးပေ။ မားစ်ဂြိုဟ်အပေါ်သို့ သွားရောက်ရန်အတွက် လူ့ခန္ဓာကိုယ်ပေါ် ဝတ်စားဆင်ယင်မှုများကို လျှော့ချနိုင်ခြင်းဖြင့် ခရီးသွားလာမှု ကြာချိန်ကို လျော့ချနိုင်မည်လားဟုလည်း စဉ်းစားသုံးသပ် ကြပြန်ပါသေးသည်။

အာကာသယာဉ်မှူးဟောင်း တစ်ဦးဖြစ်သူ Jones က နျူကလီးယား တွန်းကန်စနစ်ကို မားစ်ဂြိုဟ် သို့ပျံသန်းမှုအပေါ်တွင် အသုံးချသင့်သည်ဟုဆိုပြီး ထိုသို့အသုံးချခြင်းဖြင့် ပျံသန်းစဉ်အတွင်း လျှပ်စစ်ရရှိမှုအတွက်လည်း အထောက်အပံ့ ဖြစ်စေနိုင်သည်ဟုဆိုသည်။ ထို့အပြင် ကော်စမစ်ရောင်ခြည်များမှ ဓာတ်ရောင်ခြည် ဖြာထွက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းဆောင်ရွက်ရန်အတွက်လည်း ယနေ့ထိတိုင် ကာကွယ်မှုပေးမည့် ဖြေရှင်းဆောင်ရွက်မှုမျိုး မရှိသေးပေ။ ထိုမျှသာမက အာကာသယာဉ်အနေဖြင့် မားစ်ဂြိုဟ်ပေါ်သို့ ဝင်ရောက်သည့်အခါ ကြုံတွေ့နိုင်သည့် ကြမ်းတမ်းသော အခြေအနေများတွင် ခံနိုင်ရည်ရှိမှု၊ မြေပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်နိုင်မှု၊ ၎င်းဂြိုဟ်မှတစ်ဆင့် လူများကို သယ်ဆောင်ကာ ကမ႓ာမြေသို့ ပြန်လည်ဝင်ရောက်ခြင်း အစရှိသည်တို့ကိုလည်း စွမ်းဆောင်နိုင်ရန် ယာဉ်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍လည်း လိုအပ်နေပါသေးသည်။

မားစ်ဂြိုဟ်သို့သွားရောက်မည့် ခရီးစဉ်တွင် ထပ်မံရင်ဆိုင်ကြံုတွေ့ ရနိုင်သည့်ပြဿနာတစ်ရပ်မှာ ဆက်သွယ်မှုစနစ်တစ်ခုပင်ဖြစ်သည်။ ဆက်သွယ်မှုကြာချိန်သည် ၂၂ မိနစ်ခန့်မျှရှိပေသည်။
နာဆာအနေဖြင့် မားစ်ဂြိုဟ်အပေါ်သို့ InSight ဟု အမည်ပေးထားသည့် စက်ရုပ်စနစ်တစ်ခုကို စေလွှတ်နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိပေသည်။ အဆိုပါ ဒေါ်လာ ၉၉၃ သန်း အကုန်အကျခံ ဆောင်ရွက်နေသည့် အစီအစဉ်သည် မားစ်ဂြိုဟ်၏အခြေအနေကို လူသားများအနေဖြင့် ပိုမိုသိရှိနိုင်ရန် အထောက်အကူပြုနိုင်လိမ့်မည်ဖြစ်သည်ဟု ယုံကြည်ထားကြသည်။ ထို့အပြင် ၂၀၂၀ ခုနှစ်တွင်လည်း နာဆာအနေဖြင့် အခြားသော ဂြိုဟ်ဆင်းယာဉ်တစ်စင်းကို မားစ်ဂြိုဟ်ပေါ်သို့စေလွှတ်ရန် စီစဉ်ထားရှိပြီး ၎င်းဂြိုဟ်တွင်နေထိုင်နိုင်မည့် အခြေအနေ ရှိ၊ မရှိ ရှေးခေတ်သက်ရှိများ နေထိုင်ခဲ့ခြင်းဆိုင်ရာ လက္ခဏာများ၊ အသုံးပြုနိုင်သော သဘာဝအရင်းအမြစ်များနှင့် အနာဂတ်တွင် လူသားများအနေဖြင့် အခြေချနေထိုင်နိုင်ရန် သင့်တော်မှုရှိမရှိကို ရှာဖွေလေ့လာ ဆောင်ရွက်နိုင်ရန် ရည်မှန်းထားသည်ဟုဆိုသည်။ မားစ်ဂြိုဟ်ပေါ်သို့ ပျံသန်းနိုင်ရန်အတွက် ဆောင်ရွက်မှုတွင် ပြင်ပအာကာသ ကုမ္ပဏီတစ်ခုဖြစ်သည့် Space X အနေဖြင့်
အခြားသော နိုင်ငံအဖွဲ့အစည်းများကဲ့သို့ပင် မားစ်ဂြိုဟ်ပေါ်သို့ သွားရောက်နိုင်ရန်အတွက် ကြိုးစားတီထွင်ဆောင်ရွက်လျက် ရှိပေသည်။

မားစ်ဂြိုဟ်ပေါ်သို့ သွားရောက်ရန်အတွက် ဆောင်ရွက်မှုတွင် ဒုံးပျံနည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သည့်နိုင်ငံတစ်နိုင်ငံဖြစ်သူ ရုရှားနိုင်ငံအနေဖြင့်လည်း ကြိုးပမ်းအားထုတ်လုပ်လျက် ရှိပေသည်။ ရုရှားတို့အနေဖြင့် ၎င်းတို့၏ ဒုံးပျံနည်းပညာကို အသုံးပြုလျက် ၉ လအတွင်း ကြာမြင့်နိုင်သည်ဟု ယူဆထားသည့် မားစ်ဂြိုဟ်ခရီးစဉ်ကို အချိန်ကာလ ရ လဖြင့်သွားရောက်ရန် အတွက် လုပ်ဆောင်နေခြင်းပင်ဖြစ်သည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ရုရှားတို့၏စိတ်ကူးတွင် ဒုံးပျံတွင် Gas-cooled Fission ဓာတ်ပေါင်းဖို့ကို အသုံးပြုရန် စီစဉ်နေခြင်းဖြစ်သည်။ ယခုကဲ့သို့သော အသုံးချနိုင်ပါက နေရောင်ခြည်နှင့် ဘက်ထရီစွမ်းအင်ကို အသုံးပြုစရာမလိုတော့ဘဲ ၎င်းစွမ်းအင်ဖြင့် လိုအပ်သောစွမ်းအင်ကို လုံလောက်စွာထောက်ပံ့ပေးနိုင်စွမ်း ရှိမည်ဖြစ်
သည်ဟု နည်းပညာပိုင်းဆိုင်ရာအရ လက်ခံထားကြပါသည်။

မည်သို့ပင်ဆိုစေကာမူ မားစ် ဂြိုဟ်အပေါ်တွင် လူသားများနေထိုင်နိုင်ရန်အတွက် လေ့လာစူးစမ်းနေမှုများကို အဘက်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်လျက်ရှိနေပြီဖြစ်သည်။ သုတေသီများကလည်း မားစ်ဂြိုဟ်၏ မျက်နှာပြင်အောက်ခြေတွင် ဆားရေများကို တွေ့ရှိရခြင်းသည် လုံလောက်သော အောက်ဆီဂျင်ပမာဏကို ထောက်ပံ့ပေးနိုင်လိမ့်မည်ဖြစ်သည်ဟု ယုံကြည်ထားကြပါသည်။ မားစ်ဂြိုဟ်ပေါ်တွင်ရှိသည့် အောက်ဆီဂျင် ပမာဏသည် မိုက်ခရိုဘက်တီးရီးယားများ အသက်ရှင်သန်နိုင်ရန်အတွက် လုံလောက်မှုရှိသည်ဟု ဆိုသည်။ မားစ်ဂြိုဟ်အပေါ်တွင် နေရာဒေသအပေါ်မူတည်ကာ ရာသီဥတုနှင့် နေ့အချိန်ပေါ်မူတည်လျက် အပူချိန်သည် အနုတ် ၁၉၅ မှ အပေါင်း ၂၀ ဒီဂရီဆဲလ်ဆီးယက်စ်အထိ အမျိုးမျိုးရှိနိုင်သည့်
အတွက် လူသားတို့အခြေချနေ ထိုင်ဖို့အတွက် စိန်ခေါ်မှုပင်ဖြစ်သည်။

အခြားသောတစ်ဖက်တွင် လည်း မားစ်ဂြိုဟ်အပေါ်တွင် သက်ရှိများအသက်ရှင်နေထိုင်ခဲ့မှုကို သက်သေယူနိုင်ရန်အတွက် ဥရောပနှင့် ရုရှားအာကာသအဖွဲ့အစည်းတို့ ပူးပေါင်းကာ Oxia Planum ဟု အမည်ပေး သတ်မှတ်ထားသောနေရာနှင့် Mawrth Vallis နေရာတွင် ရှာဖွေရန်အတွက် ဆောင်ရွက်လျက်ရှိပေသည်။ သုတေသီတို့အနေဖြင့် ထိုသို့ရှာဖွေရန်အတွက် ESA-Roscosmos ExoMars ဟုခေါ်သော ဂြိုဟ်ဆင်းယာဉ်ကို အသုံးပြုမည်လည်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိအချိန်တွင်မူ လေးဘီး ယက်စနစ်ကို အသုံးပြုထားသည့် စက်ရုပ်ယာဉ်ငယ်တစ်ခုအနေဖြင့် မားစ်ဂြိုဟ်အပေါ်တွင် ရောက်နေခဲ့ပြီဖြစ်သည်။ ၎င်းယာဉ်ငယ်သည် အလိုအလျောက် မောင်းနှင်မှုစနစ်ကို ကျင့်သုံးကာ တစ်နာရီလျှင် ၁၁၀ မီတာနှုန်းဖြင့် ရွေ့လျားခြင်းဖြင့် စမ်းသပ်သုတေသပြုမှုများကို ဆောင်ရွက်လျက်ရှိသည်။ သို့သော်လည်း ဘက်ထရီကန့်သတ်
ချက်ကြောင့် မားစ်ဂြိုဟ်အပေါ်တွင် တစ်နေ့လျှင် ၂၂၀ မီတာအထိသာ သွားလာနိုင်စွမ်းရှိပေသည်။ ယာဉ်ငယ်တွင် ကင်မရာစနစ် ၁၇ ခုကို တပ်ဆင်ထားပြီး မားစ်ဂြိုဟ်အပေါ်တွင် သက်ရှိများနေထိုင်နိုင်ခြင်းနှင့် အခြားသော သဲလွန်စများ၊ သုတေသနပြုမှုများကို ဆောင်ရွက်လျက် ရှိပေသည်။ သုတေသနပြုလေ့လာမှုတွင် ယာဉ်ငယ်အပေါ်တွင် တပ်ဆင်အသုံးပြုထား သည့် Sample Analysis at Mars-SAM စနစ်အနေဖြင့် မားစ်ဂြိုဟ်၏ မျက်နှာပြင်ကို အပူချိန် ၁၀၀၀ ဒီဂရီဆဲလ်ဆီးယက်စ် ပေးခြင်းကိုဆောင်ရွက်ခဲ့ရာ အပူပေးခံရသည့်ကျောက်တုံးများမှ ထွက်ပေါ်လာသည့် ဓာတ်ငွေ့များအပေါ် လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ပြီး ရရှိသည့်အချက်အလက်များကို ကမ႓ာမြေရှိ သိပ္ပံပညာရှင်များထံ ပြန်လည်ပေးပို့ခြင်းများကို ဆောင်ရွက်လျက်ရှိ
ပေသည်။

ထိုယာဉ်ငယ်၏ အကျိုးကျေးဇူးကြောင့် ကမ႓ာမြေရှိ သိပ္ပံပညာရှင်များအနေဖြင့် မားစ်ဂြိုဟ်ပေါ်ရှိ အချက်အလက်များကို ရရှိနိုင်ခြင်းဖြင့် လူသားတို့နေထိုင်နိုင်မှုအတွက် အထောက်အပံ့ဖြစ်စေနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းကို မားစ်ဂြိုဟ်နှင့်ပတ်သက်သော လတ်တလောဆောင်ရွက်နေသည့် အခြေအနေများကို ရေးသားဖော်ပြ လိုက်ရပါသည်။

ကျော်လင်း (အမိမြေ)