မာ့ခ္ဇူကာဘတ္ deepfake ဗီဒီယုိကုိ Instagram ျဖဳတ္ခ်မည္မဟုတ္

[ Zawgyi ]

ဒီတစ္ပတ္အေစာပုိင္းမွာ Instagram မွာတင္ထားတဲ့ မာ့ခ္ဇူကာဘတ္ deepfake ဗီဒီယုိအေၾကာင္းကို Motherboard က စတင္ ေဖာ္ျပခဲ့ပါတယ္။ ကုမၸဏီတည္ေထာင္သူနဲ႔ အမႈေဆာင္ အရာရွိခ်ဳပ္ကုိ အသေရဖ်က္မႈနဲ႔ပတ္သက္ၿပီး ကုမၸဏီက ဘယ္လိုကုိင္တြယ္မလဲဆိုတဲ့ ခန္႔မွန္းခ်က္ေတြ ထြက္ေပၚေနပါတယ္။ Facebook အေနနဲ႔ ဗီဒီယိုကုိ ျဖဳတ္ခ်မွာမဟုတ္ဘဲ ခ်မွတ္ထားတဲ့ေပၚလစီအရ ပုံပ်က္သြားေအာင္ လုပ္သြားမယ္လို႔ ေျပာေရးဆိုခြင့္ရွိသူက ေျပာခဲ့ပါတယ္။

“ကၽြန္ေတာ္တုိ႔အေနနဲ႔ Instagram က သတင္းအခ်က္အလက္ အားလုံးကုိ လုပ္ကုိင္သလိုပဲ လုပ္သြားပါမယ္။ တကယ္လို႔ third-party အခ်က္အလက္ စစ္ေဆးသူေတြက false အျဖစ္ သတ္မွတ္ထားတယ္ဆိုရင္ Explore နဲ႔ hashtag စာမ်က္ႏွာေတြလိုမ်ိဳး Instagram ရဲ႕အႀကံျပဳေနရာေတြက စစ္ထုတ္သြားပါမယ္” လို႔ ေျပာေရးဆုိခြင့္ရွိသူက ေျပာခဲ့ပါတယ္။

ဇူကာဘတ္ deepfake ဗီဒီယိုဟာ မပီျပင္ပါဘူး။ အသံေတြကလည္း ဖ႐ိုဖရဲျဖစ္ေနၿပီး သဘာဝမက်ဘဲ စက္႐ပ္နဲ႔တူေနပါတယ္။ အခု deepfake မူရင္းဗီဒီယိုက ဇူကာဘတ္အေနနဲ႔ ၂၀၁၇ ခုႏွစ္တုန္းက Facebook ေပၚမွာ ႐ုရွားေႏွာင့္ယွက္မႈကို ရွင္းလင္းထားတဲ့ ၇ မိနစ္စာ ဗီဒီယိုကေန ရယူထားတာ ျဖစ္ပါတယ္။

စုိးထက္
Ref: TheVerge

[ Unicode ]

ဒီတစ်ပတ်အစောပိုင်းမှာ Instagram မှာတင်ထားတဲ့ မာ့ခ်ဇူကာဘတ် deepfake ဗီဒီယိုအကြောင်းကို Motherboard ကစတင် ဖော်ပြခဲ့ပါတယ်။ ကုမ္ပဏီတည်ထောင်သူနဲ့ အမှုဆောင် အရာရှိချုပ်ကို အသရေဖျက်မှုနဲ့ပတ်သက်ပြီး ကုမ္ပဏီက ဘယ်လိုကိုင်တွယ်မလဲ ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။ Facebook အနေနဲ့ ဗီဒီယိုကို ဖြုတ်ချမှာမဟုတ်ဘဲ ချမှတ်ထားတဲ့ပေါ်လစီအရ ပုံပျက်သွားအောင် လုပ်သွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

“ကျွန်တော်တို့အနေနဲ့ Instagram က သတင်းအချက်အလက် အားလုံးကို လုပ်ကိုင်သလိုပဲ လုပ်သွားပါမယ်။ တကယ်လို့ third-party အချက်အလက် စစ်ဆေးသူတွေက false အဖြစ် သတ်မှတ်ထားတယ်ဆိုရင် Explore နဲ့ hashtag စာမျက်နှာတွေလိုမျိုး Instagram ရဲ့အကြံပြုနေရာတွေက စစ်ထုတ်သွားပါမယ်” လို့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

ဇူကာဘတ် deepfake ဗီဒီယိုဟာ မပီပြင်ပါဘူး။ အသံတွေကလည်း ဖရိုဖရဲဖြစ်နေပြီး သဘာဝမကျဘဲ စက်ရပ်နဲ့တူနေပါတယ်။ အခု deepfake မူရင်းဗီဒီယိုက ဇူကာဘတ်အနေနဲ့ ၂၀၁၇ ခုနှစ်တုန်းက Facebook ပေါ်မှာ ရုရှားနှောင့်ယှက်မှုကို ရှင်းလင်းထားတဲ့ ရ မိနစ်စာ ဗီဒီယိုကနေ ရယူထားတာ ဖြစ်ပါတယ်။

Ref: TheVerge