မတ်လ ဒါမှမဟုတ် ဧပြီမှာ Xiaomi ရဲ့ Black Shark 2 ထွက်ရှိလာနိုင်

[ Zawgyi ]





စိုးထက်
Ref: GSMArena

[ Unicode ]

Xiaomi ဟာ Black Shark 2 (လျို့ဝှက်အမည် Skywalker) အမည်ရ ကုမ္ပဏီရဲ့တတိယမြောက် gaming ဖုန်းကို မိတ်ဆက်ဖွယ်ရှိနေပါတယ်။

Weibo ကုမ္ပဏီ ထုတ်ကုန်ဒါရိုက်တာ ဝမ်တန်သောမတ်စ်ဟာ Black Shark ထုတ်ကုန်သစ်ကို မြင်တွေ့ခဲ့ရတဲ့အကြောင်း post တင်ခဲ့ပြီး ချီးကျူးသွားခဲ့ပါတယ်။

Xiaomi ဟာ Black Shark စမတ်ဖုန်းသစ်ကို ၂၀၁၇ ဧပြီလကစတင် လုပ်ကိုင်နေပါတယ်။ Black Shark 2 မှာ Snapdragon 855, RAM 8GB နဲ့ Android 9 Pie ကိုအသုံးပြုထားတယ်လို့ Geekbench မှာဖော်ပြထားပါတယ်။

Xiaomi ဟာ ၂၀၁၇ခုနှစ် ဧပြီလမှာ Black Shark အမည်ရ ပထမဆုံး gaming ဖုန်းကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ RAM 10GB အထိပါဝင်တဲ့ Black Shark Helo ဖုန်းကို အောက်တိုဘာလအတွင်း မိတ်ဆက်ခဲ့ပါတယ်။

Ref: GSMArena