September 19, 2018

မဂၤလာလက္ဖြဲ႔ ဝက္ဘ္ဆိုက္တြင္ Mobile Money ျဖင့္ ေငြေပးေခ်ႏိုင္ရန္ ျပဳလုပ္

[ Zawgyi ]

မဂၤလာလက္ဖြဲ႔ဝက္ဘ္ဆိုက္ (mingalarletphwet.com) မွာ လက္ဖြဲ႔​ ဝယ္ယူမႈေတြအတြက္ Mobile Money နဲ႔ ေဆာင္ရြက္ႏိုင္ၿပီ ျဖစ္တယ္လို႔ သိရပါတယ္။

Wave money, M-Pitesan, Ongo နဲ႔ AGD Pay စတ့ဲ ျပည္တြင္းမိုဘိုင္းေငြေၾကး ဝန္ေဆာင္မႈ Application ေတြနဲ႔ ေငြေပးေခ်ႏိုင္ေအာင္ ေဆာင္ရြက္လိုက္တာလို႔ ဆိုပါတယ္။ ဝက္ဘ္ဆိုက္ေပၚမွာ အခမဲ့ register ျပဳလုပ္ၿပီး မိမိလုိခ်င္တဲ့ လက္ဖြဲ႕စာရင္းတစ္ခုကုိ ဖန္တီးထားႏုိင္မွာ ျဖစ္ပါတယ္။ မီးဖုိေခ်ာင္သုံးပစၥည္းေတြ၊ အိမ္သုံးပစၥည္းေတြ၊ ပရိေဘာဂပစၥည္းေတြ၊ လွ်ပ္စစ္ပစၥည္းေတြ၊ လက္ဝတ္ရတနာေတြ၊ Gift Voucher ေတြ၊ GYM နဲ႔ Fitness Package ေတြ ဟန္နီးမြန္းခရီးစဥ္ေတြ အပါအဝင္ လက္ဖြဲ႕အမ်ဳိးအစား ၃၀၀၀ ေက်ာ္ရွိတယ္လို႔ သိရပါတယ္။

အဲဒီ အြန္လုိင္းလက္ဖြဲ႕ဝန္ေဆာင္မႈကုိ ရန္ကုန္၊ မႏၱေလး၊ ေတာင္ႀကီး၊ ေနျပည္ေတာ္စတဲ့ ၿမိဳ႕ေတြမွာ ရရွိႏိုင္ၿပီး ေငြေပးေခ်မႈေတြအတြက္ KBZ ၊ CB ၊ Yoma ၊ AYA နဲ႔ AGD စတဲ့ ဘဏ္ေတြနဲ႔ ခ်ိတ္ဆက္ထားတယ္လို႔ ဆိုပါတယ္။

-ထြန္းထြန္

==================

[ Unicode ]

မင်္ဂလာလက်ဖွဲ့ဝက်ဘ်ဆိုက်တွင် Mobile Money ဖြင့် ငွေပေးချေနိုင်ရန် ပြုလုပ်

==================

မင်္ဂလာလက်ဖွဲ့ဝက်ဘ်ဆိုက် (mingalarletphwet.com) မှာ လက်ဖွဲ့​ ဝယ်ယူမှုတွေအတွက် Mobile Money နဲ့ ဆောင်ရွက်နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

Wave money, M-Pitesan, Ongo နဲ့ AGD Pay စတဲ့ ပြည်တွင်းမိုဘိုင်းငွေကြေး ဝန်ဆောင်မှု Application တွေနဲ့ ငွေပေးချေနိုင်အောင် ဆောင်ရွက်လိုက်တာလို့ ဆိုပါတယ်။ ဝက်ဘ်ဆိုက်ပေါ်မှာ အခမဲ့ register ပြုလုပ်ပြီး မိမိလိုချင်တဲ့ လက်ဖွဲ့စာရင်းတစ်ခုကို ဖန်တီးထားနိုင်မှာ ဖြစ်ပါတယ်။ မီးဖိုချောင်သုံးပစ္စည်းတွေ၊ အိမ်သုံးပစ္စည်းတွေ၊ ပရိဘောဂပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ လက်ဝတ်ရတနာတွေ၊ Gift Voucher တွေ၊ GYM နဲ့ Fitness Package တွေ ဟန်နီးမွန်းခရီးစဉ်တွေ အပါအဝင် လက်ဖွဲ့အမျိုးအစား ၃၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

အဲဒီ အွန်လိုင်းလက်ဖွဲ့ဝန်ဆောင်မှုကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ နေပြည်တော်စတဲ့ မြို့တွေမှာ ရရှိနိုင်ပြီး ငွေပေးချေမှုတွေအတွက် KBZ ၊ CB ၊ Yoma ၊ AYA နဲ့ AGD စတဲ့ ဘဏ်တွေနဲ့ ချိတ်ဆက်ထားတယ်လို့ ဆိုပါတယ်။

-ထွန်းထွန်