September 19, 2018

မက္ေဆ့ခ်္ေတြကို အလိုအေလ်ာက္ဖ်က္ေပးမယ့္ Gmail confidential mode

[Zawgyi]

လြန္ခဲ့တဲ့ ႏွစ္ေတြကတည္းက သပ္ရပ္ေကာင္းမြန္တဲ့ email feature သစ္ေတြကို ေထာက္ပံ့ေပးခဲ့တဲ့ Google ဟာ အခုအခါမွာလည္း confidential mode လို႔ေခၚတဲ့ feature သစ္တစ္ခုကို Gmail မွာ ထည့္သြင္းလိုက္ပါတယ္။

Google ရဲ႕ support ဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားခ်က္အရ confidential email ေတြမွာ ေပးပို႔သူက သက္တမ္းကုန္ဆံုးမယ့္ အခ်ိန္ကို (တစ္ရက္ကေန ငါးႏွစ္အထိ) ထည့္သြင္း သတ္မွတ္ထားႏိုင္သလို ေပးပို႔လိုက္တဲ့ email အတြက္ ၾကည့္႐ႈခြင့္ကိုလည္း ဘယ္အခ်ိန္မွာမဆို ျပန္လည္႐ုပ္သိမ္းႏိုင္ပါတယ္။ ဒါ့အျပင္ လက္ခံရရိွသူက အဲ့ဒီ email ေတြကို forward, copy, print, download တို႔ကို ျပဳလုပ္ႏိုင္မွာ မဟုတ္ဘူးလို႔ သိရပါတယ္။

Confidential email တစ္ေစာင္ ေပးပို႔သူဟာ လက္ခံသူက message ကို ဖြင့္ဖို႔အတြက္ SMS ဒါမွမဟုတ္ email ကေန ေပးပို႔မယ့္ passcode တစ္ခုကို ထည့္သြင္းႏိုင္ပါတယ္။ လက္ခံသူက Gmail account တစ္ခုကို အသံုးျပဳတယ္ဆိုရင္ SMS အေျခခံ passcode ေတြက တစ္ခုတည္းေသာ option ျဖစ္ပါတယ္။ လက္ခံသူေတြက အျခား email service ကိုသံုးတယ္ဆိုရင္ေတာ့ SMS ေရာ email passcode ေတြကိုပါ ရရိွႏိုင္ပါတယ္။ ဒါေပမဲ့ SMS အေျခခံ passcode ေတြကို ဥေရာပ၊ အိႏၵိယ၊ ဂ်ပန္၊ ေျမာက္အေမရိကနဲ႔ ေတာင္အေမရိကမွာပဲ အေထာက္အပံ့ေပးထားပါတယ္။

Android ေပၚမွာ confidential mode ကို enable လုပ္ဖို႔အတြက္ Compose ကိုႏွိပ္ၿပီး အစက္သံုးစက္ menu ထဲက confidential mode ကို ႏွိပ္ရပါမယ္။

ကြန္ပ်ဴတာေပၚမွာဆိုရင္ Gmail interface သစ္ကို အသံုးျပဳဖို႔လိုပါတယ္။ ၿပီးရင္ compose > confidential mode (compose box ေအာက္နားက ေသာ့ခေလာက္ပံု) ကို ႏွိပ္ရပါမယ္။

Android ေပၚမွာ confidential email ၾကည့္႐ႈခြင့္ကို ျပန္လည္႐ုပ္သိမ္းဖို႔အတြက္ ေပးပို႔ထားတဲ့ message ကို ဖြင့္ၿပီး email ေအာက္နားက remove access option ကို ႏွိပ္ရပါမယ္။

Ref: AndroidAuthority

[Unicode]

လွန်ခဲ့တဲ့ နှစ်တွေကတည်းက သပ်ရပ်ကောင်းမွန်တဲ့ email feature သစ်တွေကို ထောက်ပံ့ပေးခဲ့တဲ့ Google ဟာ အခုအခါမှာလည်း confidential mode လို့ခေါ်တဲ့ feature သစ်တစ်ခုကို Gmail မှာ ထည့်သွင်းလိုက်ပါတယ်။

Google ရဲ့ support ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ confidential email တွေမှာ ပေးပို့သူက သက်တမ်းကုန်ဆုံးမယ့် အချိန်ကို (တစ်ရက်ကနေ ငါးနှစ်အထိ) ထည့်သွင်း သတ်မှတ်ထားနိုင်သလို ပေးပို့လိုက်တဲ့ email အတွက် ကြည့်ရှုခွင့်ကိုလည်း ဘယ်အချိန်မှာမဆို ပြန်လည်ရုပ်သိမ်းနိုင်ပါတယ်။ ဒါ့အပြင် လက်ခံရရှိသူက အဲ့ဒီ email တွေကို forward, copy, print, download တို့ကို ပြုလုပ်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

Confidential email တစ်စောင် ပေးပို့သူဟာ လက်ခံသူက message ကို ဖွင့်ဖို့အတွက် SMS ဒါမှမဟုတ် email ကနေ ပေးပို့မယ့် passcode တစ်ခုကို ထည့်သွင်းနိုင်ပါတယ်။ လက်ခံသူက Gmail account တစ်ခုကို အသုံးပြုတယ်ဆိုရင် SMS အခြေခံ passcode တွေက တစ်ခုတည်းသော option ဖြစ်ပါတယ်။ လက်ခံသူတွေက အခြား email service ကိုသုံးတယ်ဆိုရင်တော့ SMS ရော email passcode တွေကိုပါ ရရှိနိုင်ပါတယ်။ ဒါပေမဲ့ SMS အခြေခံ passcode တွေကို ဥရောပ၊ အိန္ဒိယ၊ ဂျပန်၊ မြောက်အမေရိကနဲ့ တောင်အမေရိကမှာပဲ အထောက်အပံ့ပေးထားပါတယ်။

Android ပေါ်မှာ confidential mode ကို enable လုပ်ဖို့အတွက် Compose ကိုနှိပ်ပြီး အစက်သုံးစက် menu ထဲက confidential mode ကို နှိပ်ရပါမယ်။

ကွန်ပျူတာပေါ်မှာဆိုရင် Gmail interface သစ်ကို အသုံးပြုဖို့လိုပါတယ်။ ပြီးရင် compose > confidential mode (compose box အောက်နားက သော့ခလောက်ပုံ) ကို နှိပ်ရပါမယ်။

Android ပေါ်မှာ confidential email ကြည့်ရှုခွင့်ကို ပြန်လည်ရုပ်သိမ်းဖို့အတွက် ပေးပို့ထားတဲ့ message ကို ဖွင့်ပြီး email အောက်နားက remove access option ကို နှိပ်ရပါမယ်။

Ref: AndroidAuthority