ဘြဲ႕ႀကိဳေက်ာင္းသားမ်ားအတြက္ ေခါင္းေဆာင္မႈဆုိင္ရာ ပညာသင္ဆုမ်ားေခၚယူ

[ Zawgyi ]

အေမရိကန္ႏုိင္ငံမွာ ပညာသင္ၾကားလုိတဲ့ ဘြဲ႕ႀကိဳေက်ာင္းသားေတြအတြက္ ေခါင္းေဆာင္မႈဆုိင္ရာ ပညာသင္ဆုေတြ ေခၚယူေနတယ္လုိ႔ သိရပါတယ္။

၂၀၁၉ ခုႏွစ္ အတြက္ ကမာၻလုံးဆုိင္ရာ လူငယ္ေခါင္းေဆာင္မႈဆုိင္ရာ ဘြဲ႔ႀကဳိေက်ာင္းသားေတြအတြက္ ပညာသင္ဆု (UGRAD)၊ အေရွ႕ေတာင္အာရွ လူငယ္ေခါင္းေဆာင္မႈဆုိင္ရာ ပညာသင္ဆု (SEAYLP) နဲ႔ ျမန္မာလူငယ္ ေခါင္းေဆာင္မႈဆုိင္ရာ ပညာသင္ဆု (MYLP) တို႔ကုိ ေလွ်ာက္ထားႏုိင္မွာျဖစ္ပါတယ္။

“႐ုိး႐ုိးသားသားေျပာရရင္ ဒီ SEAYLP ပညာေတာ္သင္ အစီအစဥ္ဟာ အေမရိကမွာေနခဲ့ရတာေတြ၊ ထင္ရွားေက်ာ္ၾကားတဲ့ ေနရာေတြကုိ သြားေရာက္ေလ့လာခဲ့ရတာေတြ၊ ေခါင္းေဆာင္မႈ အရည္အေသြး ပုိမုိတုိးတက္လာခဲ့တာေတြကေန ေသခ်ာေပါက္ ဘဝအေျပာင္းအလဲျဖစ္ေစတဲ့ အစီအစဥ္ပါ။ ဒီပညာေတာ္သင္အစီအစဥ္က ေက်ာင္းသူ၊ ေက်ာင္းသားေတြ အကုန္လုံးဟာ အရမ္းခင္မင္ဖုိ႔ေကာင္းၿပီး ထက္ျမက္တဲ့အစြမ္းအစေတြရွိသလုိ သူတုိ႔လူမႈအသုိင္းအဝုိင္းေတြကုိ ျပန္ၿပီး အလုပ္အေကြ်းျပဳခ်င္ၾကတယ္ဆုိ တာ လုံးဝ သံသယမရွိဘူး။ သတ္မွတ္ထားတဲ့ အခ်က္အလက္ေတြနဲ႔ ကုိက္ညီတဲ့ ဘယ္လုိလူငယ္ေတြမဆုိ ေလွ်ာက္ထားၾကဖုိ႔တုိက္တြန္းပါတယ္။ အရြယ္ေရာက္ၿပီးသူေတြလည္း အုပ္ထိန္းသူအျဖစ္ SEAYLP နဲ႔ MYLP ပညာေတာ္သင္ အစီအစဥ္မွာ ေလွ်ာက္ထားႏုိင္ပါတယ္” လုိ႔ အေရွ႕ေတာင္အာရွ လူငယ္ေခါင္းေဆာင္မႈဆုိင္ရာ ပညာေတာ္သင္တစ္ဦးက ေျပာပါတယ္။

ပညာေတာ္သင္ အစီအစဥ္ရဲ႕ ရည္မွန္းခ်က္ေတြေအာင္ျမင္ဖုိ႔အတြက္ ဒီအစီအစဥ္မွာပါဝင္ၾကမယ့္ ေက်ာင္းသူ၊ ေက်ာင္းသားေတြဟာ သူတုိ႔ ဆရာ၊ ဆရာမေတြရဲ႕ ကူညီပံ့ပုိးမႈနဲ႔အတူ ေခါင္းေဆာင္မႈစြမ္းရည္ေတြနဲ႔ လူငယ္ဖြ႔ံၿဖိဳးမႈစြမ္းရည္ေတြကို တုိးတက္ေအာင္ ေဆာင္ရြက္ၾကရမွာျဖစ္တယ္လို႔ သိရပါတယ္။

ေလွ်ာက္လႊာေတြကုိ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၁၁ ရက္ ေနာက္ဆံုးထား ေလွ်ာက္ထားရမွာျဖစ္ၿပီး ဒီေနရာ ကေန တစ္ဆင့္ ေလွ်ာက္ထားႏုိင္ပါတယ္။ ပညာသင္ဆုအေၾကာင္း အေသးစိတ္ကို [email protected] သို႔ ေမးလ္ပို႔ စံုစမ္းေမးျမန္းႏုိင္မွာျဖစ္ပါတယ္။

-သႏၲာ

[ Unicode ]

အမေရိကန်နိုင်ငံမှာ ပညာသင်ကြားလိုတဲ့ ဘွဲ့ကြိုကျောင်းသားတွေအတွက် ခေါင်းဆောင်မှုဆိုင်ရာ ပညာသင်ဆုတွေ ခေါ်ယူနေတယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ် အတွက် ကမ္ဘာလုံးဆိုင်ရာ လူငယ်ခေါင်းဆောင်မှုဆိုင်ရာ ဘွဲ့ကြိုကျောင်းသားတွေအတွက် ပညာသင်ဆု (UGRAD)၊ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်မှုဆိုင်ရာ ပညာသင်ဆု (SEAYLP) နဲ့ မြန်မာလူငယ် ခေါင်းဆောင်မှုဆိုင်ရာ ပညာသင်ဆု (MYLP) တို့ကို လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

“ရိုးရိုးသားသားပြောရရင် ဒီ SEAYLP ပညာတော်သင် အစီအစဉ်ဟာ အမေရိကမှာနေခဲ့ရတာတွေ၊ ထင်ရှားကျော်ကြားတဲ့ နေရာတွေကို သွားရောက်လေ့လာခဲ့ရတာတွေ၊ ခေါင်းဆောင်မှု အရည်အသွေး ပိုမိုတိုးတက်လာခဲ့တာတွေကနေ သေချာပေါက် ဘဝအပြောင်းအလဲဖြစ်စေတဲ့ အစီအစဉ်ပါ။ ဒီပညာတော်သင်အစီအစဉ်က ကျောင်းသူ၊ ကျောင်းသားတွေ အကုန်လုံးဟာ အရမ်းခင်မင်ဖို့ကောင်းပြီး ထက်မြက်တဲ့အစွမ်းအစတွေရှိသလို သူတို့လူမှုအသိုင်းအဝိုင်းတွေကို ပြန်ပြီး အလုပ်အကျွေးပြုချင်ကြတယ်ဆို တာ လုံးဝ သံသယမရှိဘူး။ သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီတဲ့ ဘယ်လိုလူငယ်တွေမဆို လျှောက်ထားကြဖို့တိုက်တွန်းပါတယ်။ အရွယ်ရောက်ပြီးသူတွေလည်း အုပ်ထိန်းသူအဖြစ် SEAYLP နဲ့ MYLP ပညာတော်သင် အစီအစဉ်မှာ လျှောက်ထားနိုင်ပါတယ်” လို့ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်မှုဆိုင်ရာ ပညာတော်သင်တစ်ဦးက ပြောပါတယ်။

ပညာတော်သင် အစီအစဉ်ရဲ့ ရည်မှန်းချက်တွေအောင်မြင်ဖို့အတွက် ဒီအစီအစဉ်မှာပါဝင်ကြမယ့် ကျောင်းသူ၊ ကျောင်းသားတွေဟာ သူတို့ ဆရာ၊ ဆရာမတွေရဲ့ ကူညီပံ့ပိုးမှုနဲ့အတူ ခေါင်းဆောင်မှုစွမ်းရည်တွေနဲ့ လူငယ်ဖွ့ံဖြိုးမှုစွမ်းရည်တွေကို တိုးတက်အောင် ဆောင်ရွက်ကြရမှာဖြစ်တယ်လို့ သိရပါတယ်။

လျှောက်လွှာတွေကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပြီး ဒီနေရာ ကနေ တစ်ဆင့် လျှောက်ထားနိုင်ပါတယ်။ ပညာသင်ဆုအကြောင်း အသေးစိတ်ကို [email protected] သို့ မေးလ်ပို့ စုံစမ်းမေးမြန်းနိုင်မှာဖြစ်ပါတယ်။