ဘြဲ႔ရဦးေရတြင္ အမ်ိဳးသားထက္ အမ်ိဳးသမီးဦးေရပိုမ်ား

[ Zawgyi ]

ဘြဲ႔ရဦးေရတြင္ အမ်ိဳးသားထက္ အမ်ိဳးသမီးလူဦးေရ ပိုမ်ားေနသည္ဟု ပါေမာကၡခ်ဳပ္မ်ားေကာ္မတီဥကၠ႒ ေဒါက္တာေဇာ္ေဝစုိးက ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

ေဖေဖာ္ဝါရီလ ၁၀ ရက္က ျပဳလုပ္တဲ့ ရန္ကုန္နည္းပညာတကၠသိုလ္၊ ရန္ကုန္ႏိုင္ငံျခားဘာသာတကၠသိုလ္နဲ႔ ရန္ကုန္ပညာေရးတကၠသိုလ္မ်ား ညွိႏိႈင္းေဆြးေႏြးပြဲမွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ ပညာေရးဝန္ႀကီးဌာနအေနနဲ႔ ပညာေရးျပဳျပင္ေျပာင္းလဲမႈ ျပဳလုပ္ေဆာင္ရြက္လ်က္ရွိရာမွာ ဘြဲ႕ရအေရအတြက္ကိုၾကည့္ပါက ဘြဲ႕ရ ဦးေရ၏ ၈၀ ရာခိုင္ႏႈန္းသည္ ေက်ာင္းသူမ်ားျဖစ္ၿပီး ၂၀ ရာခိုင္ႏႈန္းသာ ေက်ာင္းသားမ်ားျဖစ္ေၾကာင္း၊ က်ား/ မ အခ်ိဳးသည္လည္း အေရးႀကီးေၾကာင္း၊ ေဒသရဲ႕လိုအပ္ခ်က္နဲ႔ကိုက္ညီတဲ့ ဘြဲ႕ရလူငယ္ေမာင္မယ္ေတြ ေမြးထုတ္ ေပးႏိုင္ဖို႔ အေရးႀကီးေၾကာင္း ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။ ထူးခြ်န္တဲ့ ေက်ာင္းသားေတြအေနနဲ႔ ဆရာအျဖစ္ တာဝန္ထမ္းေဆာင္မွသာ အမ်ိဳးသားဦးေရနဲ႔ အမ်ိဳးသမီးဦးေရ Gender Equality အရ မွ်တမွာ ျဖစ္ေၾကာင္းနဲ႔ ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိၿပီး အရည္အေသြးရွိတဲ့ဘြဲ႕ရလူငယ္မ်ား ဆက္လက္ ျပဳစုပ်ိဳးေထာင္ၾကေစလို ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

တကၠသိုလ္ world ranking အရ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလက ထုတ္ျပန္တဲ့ world ranking မွာ YTU သည္ ကမၻာ့အဆင့္ ၁၈၃၉၀၊ အာဆီယံအဆင့္ ၁၂၄၂ ရွိၿပီး ယခင္ႏွစ္ထက္ ၁၆၂ ဆင့္တက္လာေၾကာင္း၊ ျမန္မာႏုိင္ငံမွ တကၠသိုလ္မ်ားမွာ ကမၻၻာ့အဆင့္ တိုးတက္လာေသာ္လည္း အာဆီယံမွာ ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့အတြက္ ႀကိဳး ပမ္းအားထုတ္ဖို႔ လိုအပ္လ်က္ရွိတယ္လို႔ သိရပါတယ္။

-ေဝေဝ

[ Unicode ]

ဘွဲ့ရဦးရေတွင် အမျိုးသားထက် အမျိုးသမီးလူဦးရေ ပိုများနေသည်ဟု ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်က ပြုလုပ်တဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်များ ညှိနှိုင်းဆွေးနွေးပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု ပြုလုပ်ဆောင်ရွက်လျက်ရှိရာမှာ ဘွဲ့ရအရေအတွက်ကိုကြည့်ပါက ဘွဲ့ရ ဦးရေ၏ ၈၀ ရာခိုင်နှုန်းသည် ကျောင်းသူများဖြစ်ပြီး ၂၀ ရာခိုင်နှုန်းသာ ကျောင်းသားများဖြစ်ကြောင်း၊ ကျား/ မ အချိုးသည်လည်း အရေးကြီးကြောင်း၊ ဒေသရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့ ဘွဲ့ရလူငယ်မောင်မယ်တွေ မွေးထုတ် ပေးနိုင်ဖို့ အရေးကြီးကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ထူးချွန်တဲ့ ကျောင်းသားတွေအနေနဲ့ ဆရာအဖြစ် တာဝန်ထမ်းဆောင်မှသာ အမျိုးသားဦးရေနဲ့ အမျိုးသမီးဦးရေ Gender Equality အရ မျှတမှာ ဖြစ်ကြောင်းနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး အရည်အသွေးရှိတဲ့ဘွဲ့ရလူငယ်များ ဆက်လက် ပြုစုပျိုးထောင်ကြစေလို ကြောင်း ပြောကြားခဲ့ပါတယ်။

တက္ကသိုလ် world ranking အရ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလက ထုတ်ပြန်တဲ့ world ranking မှာ YTU သည် ကမ္ဘာ့အဆင့် ၁၈၃၉၀၊ အာဆီယံအဆင့် ၁၂၄၂ ရှိပြီး ယခင်နှစ်ထက် ၁၆၂ ဆင့်တက်လာကြောင်း၊ မြန်မာနိုင်ငံမှ တက္ကသိုလ်များမှာ ကမ္ဘ္ဘာ့အဆင့် တိုးတက်လာသော်လည်း အာဆီယံမှာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့အတွက် ကြိုး ပမ်းအားထုတ်ဖို့ လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။