ဘက်ထရီကို ၂ ရက်အထိ အသုံးပြုနိုင်တဲ့ Smart Watch

LG အမှတ်တံဆိပ် W200 Smart Watch ဖြစ်ပါတယ်။ 4G LTE Network အသုံးပြုနိုင်တဲ့ မိုဘိုင်းဖုန်းတွေမှာပါ အဆင်ပြေစွာချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ Android OS ကို အသုံးပြုထားပြီး ၁.၃၈ လက်မကျယ်ဝန်းတဲ့ P-OLED မျက်နှာပြင်နဲ့ဖြစ်ပါတယ်။

Internal memory 4 GB နဲ့ RAM 768 MB ပါရှိပါတယ်။ Qualcomm® Snapdragon™ 400 ကို အသုံးပြုထားပြီး Bluetooth 4.0, Wi-Fi 802.11 b/g/n တို့ကို အသုံးပြုနိုင်ပါတယ်။ Gyro, Accelerometer, Compass, Barometer, PPG (Heart Rate ) စတဲ့ sensor တွေပါဝင်ပြီး ဘက်ထရီ 570 mAh ပါရှိတဲ့အတွက် Standby time နှစ်ရက်အထိ အသုံးပြုနိုင်ပါတယ်။

Material Stainless Steel Case နဲ့ ပြုလုပ်ထားတဲ့အတွက် ပေါ့ပါးပြီး အကြမ်းခံနိုင်ပါတယ်။ တန်ဖိုး – ၁၈၉,၀၀၀ ကျပ်နဲ့ T-Land Myanmar ဖုန်း ၃၈၂၈၆၈၊ ၃၉၂၄၃၁ မှာဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။