August 20, 2018

ဖုန္းနဲ႔ အင္တာနက္သုံးေနတဲ့အခ်ိန္မွာ စိတ္႐ႈပ္စရာ Pop-Ups ေတြကို ဘယ္လိုပိတ္မလဲ

[ Zawgyi ]

မိမိအေနနဲ႔ ဖုန္းကေန အင္တာနက္မွာ စိတ္ဝင္စားစရာရွာေဖြ ဖတ္႐ႈတဲ့အခါမ်ဳိးမွာ ေၾကညာခ်က္ ပုံစံ၊ အသိေပးတဲ့ပုံစံတက္လာ တက္တဲ့ pop-up ေတြတစ္ခုၿပီး တစ္ခုတက္လာတာက စိတ္႐ႈပ္စရာပါ။ အဲလိုမ်ဳိးေပၚလာတာေတြ ကို Android ဖုန္းေတြမွာ ေပၚမလာေအာင္ ပိတ္ထားလို႔ရပါတယ္။

အဲလိုပိတ္ထားဖို႔အတြက္ ဖုန္းထဲမွာ Default အေနနဲ႔ပါတဲ့ Google Chrome browser app ကို ဖြင့္လိုက္ပါ။

ၿပီးရင္ေတာ့ ျမင္ကြင္းအေပၚ ညာဘက္ေထာင့္နားက အစက္သုံးခု ဆင့္ထားတဲ့ icon ကို ႏွိပ္ပါ။ ေအာက္ပါပုံအတုိင္း ေပၚလာမွာ ျဖစ္ပါတယ္။

အဲလိုေပၚလာရင္ေတာ့ Settings ဆိုတဲ့ စာသားကို ေရြးေပးလိုက္ပါ။

ဒါဆိုရင္ေတာ့ Settings စနစ္ထဲကို ေရာက္သြားမွာျဖစ္ၿပီး အဲဒီ ထဲကမွ Site Settings ဆိုတဲ့ စာသားကိုရွာၿပီး ထပ္ႏွိပ္ပါ။

Site Settings စနစ္ထဲကို ေရာက္သြားပါလိမ့္မယ္။ အဲဒီထဲက မွ Pop-ups ဆိုတဲ့စာသားကို ထပ္ ရွာၿပီးႏွိပ္ပါ။

Pop-ups စနစ္ထဲကိုေရာက္ သြားပါမယ္။ Pop-ups စနစ္ထဲ ကိုေရာက္ရင္ေတာ့ Pop-ups စာ သားေဘးနားက ခလုတ္ေလးကုိ တစ္ခ်က္ႏွိပ္ၿပီး ပိတ္ေပးလိုက္ပါ။

အဲလိုလုပ္ေပးထားလိုက္မယ္ ဆိုရင္ေတာ့ ဖုန္းနဲ႔အင္တာနက္သုံးတုိင္း ေပၚလာတတ္တဲ့ pop-up မ်ဳိးေတြ ေပၚလာမွာမဟုတ္ေတာ့ ပါဘူး။

-ရဲထြဋ္ဝင္း

===========

[ Unicode ]

ဖုန်းနဲ့ အင်တာနက်သုံးနေတဲ့အချိန်မှာ စိတ်ရှုပ်စရာ Pop-Ups တွေကို ဘယ်လိုပိတ်မလဲ

===========

မိမိအနေနဲ့ ဖုန်းကနေ အင်တာနက်မှာ စိတ်ဝင်စားစရာရှာဖွေ ဖတ်ရှုတဲ့အခါမျိုးမှာ ကြေညာချက် ပုံစံ၊ အသိပေးတဲ့ပုံစံတက်လာ တက်တဲ့ pop-up တွေတစ်ခုပြီး တစ်ခုတက်လာတာက စိတ်ရှုပ်စရာပါ။ အဲလိုမျိုးပေါ်လာတာတွေ ကို Android ဖုန်းတွေမှာ ပေါ်မလာအောင် ပိတ်ထားလို့ရပါတယ်။

အဲလိုပိတ်ထားဖို့အတွက် ဖုန်းထဲမှာ Default အနေနဲ့ပါတဲ့ Google Chrome browser app ကို ဖွင့်လိုက်ပါ။

ပြီးရင်တော့ မြင်ကွင်းအပေါ် ညာဘက်ထောင့်နားက အစက်သုံးခု ဆင့်ထားတဲ့ icon ကို နှိပ်ပါ။ အောက်ပါပုံအတိုင်း ပေါ်လာမှာ ဖြစ်ပါတယ်။

အဲလိုပေါ်လာရင်တော့ Settings ဆိုတဲ့ စာသားကို ရွေးပေးလိုက်ပါ။

ဒါဆိုရင်တော့ Settings စနစ်ထဲကို ရောက်သွားမှာဖြစ်ပြီး အဲဒီ ထဲကမှ Site Settings ဆိုတဲ့ စာသားကိုရှာပြီး ထပ်နှိပ်ပါ။

Site Settings စနစ်ထဲကို ရောက်သွားပါလိမ့်မယ်။ အဲဒီထဲက မှ Pop-ups ဆိုတဲ့စာသားကို ထပ် ရှာပြီးနှိပ်ပါ။

Pop-ups စနစ်ထဲကိုရောက် သွားပါမယ်။ Pop-ups စနစ်ထဲ ကိုရောက်ရင်တော့ Pop-ups စာ သားဘေးနားက ခလုတ်လေးကို တစ်ချက်နှိပ်ပြီး ပိတ်ပေးလိုက်ပါ။

အဲလိုလုပ်ပေးထားလိုက်မယ် ဆိုရင်တော့ ဖုန်းနဲ့အင်တာနက်သုံးတိုင်း ပေါ်လာတတ်တဲ့ pop-up မျိုးတွေ ပေါ်လာမှာမဟုတ်တော့ ပါဘူး။

-ရဲထွဋ်ဝင်း