ဖုန်းနဲ့ရိုက်တဲ့ ဓာတ်ပုံမှာ ကိုယ့်ရဲ့နာမည်နဲ့ ရိုက်ကူးတဲ့ ဖုန်းအမျိုးအစားပေါ်အောင် ဘယ်လိုလုပ်မလဲ (Android)
[ Zawgyi ]
-ရဲထွဋ်ဝင်း
[ Unicode ]
ခုနောက်ပိုင်းထွက်တဲ့ ဖုန်းတွေမှာတော့ ShotOn ဆိုတဲ့ ဖုန်းနဲ့ ရိုက်လိုက်တဲ့ ဓာတ်ပုံပေါ်မှာ ဖုန်းအမျိုးအစားကို ထည့်သွင်းပေးတဲ့ လုပ်ဆောင်ချက် ပါဝင်ပါတယ်။ မိမိရဲ့ ဖုန်းက အဲလိုမျိုး လုပ်ဆောင်ချက်မျိုး ဝယ်ကတည်းက မပါဘူးဆိုရင်တော့ Third party app ကိုသုံးပြီး ShotOn လုပ်ဆောင်ချက်ကို ထည့်သွင်းနိုင်ပါတယ်။ Third party app ကို သုံးရင်တော့ ရိုက်လိုက်တဲ့ ကိုယ့်နာမည်နဲ့ ဖုန်းအမျိုး အစားအပြင် ဖုန်းမော်ဒယ်ရဲ့ လိုဂိုတွေကိုပါ ရိုက်လိုက်တဲ့ ဓာတ်ပုံတိုင်းမှာ အလိုအလျောက်ပေါ်အောင် ပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်။
အရင်ဆုံး လိုအပ်တဲ့ ShotOn app ကို ဖုန်းထဲထည့်သွင်းဖို့အတွက် ဖုန်းထဲက Play Store app ကို ဖွင့်လိုက်ပါ။ (Play Store မပါဝင်တဲ့ ဖုန်းတွေအနေနဲ့ အခြား 1Mobile app store အပြင် Browser ကနေ apkpure ဆိုပြီး app store ကနေ ShotOn app ကိုရှာပြီး ဖုန်းထဲ Install လုပ်နိုင်ပါတယ်။)
အပေါ်ဆုံးနားက အကွက်ထဲမှာ shoton ဆိုပြီး ရိုက်လိုက်ပါ။ ပြီးရင်တော့ အောက်က ပေါ်လာတဲ့ အထဲက shoton stamp on camera ဆိုတဲ့စာသားကို တစ်ချက်နှိပ်လိုက်ပါ။
နောက်တစ်ဆင့်ရောက်ရင်တော့ မိမိအနေနဲ့ စတစ်ကာပြုလုပ်ချင်တဲ့ စာသားကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။
အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်။ အဲဒီထဲကမှ အနီရောင်အကွက်နဲ့ ဝိုင်းပြထားတဲ့ App ကို ထပ်ရွေးလိုက်ပါ။
အဲလိုရွေးပြီးရင်တော့ INSTALL ဆိုတာကို နှိပ်ပါ။
ဖုန်းထဲကို INSTALL လုပ်နေရင် ခဏစောင့်ပေးပါ။ ပြီးရင်တော့ OPEN ကို နှိပ်ပါ။
အောက်ကပုံအတိုင်း ပေါ်လာပါမယ်။
App ပွင့်တာနဲ့ အရင်ဆုံး ဖုန်းစနစ်ကနေ ခွင့်ပြုပေးဖို့အတွက် လိုအပ်တဲ့ ခွင့်ပြုချက်တွေကို လုပ်ပေးဖို့ App ကေ တောင်းဆိုပါလိမ့်မယ်။ အောက်ကပုံအတိုင်း ခလုတ်လေးကို တစ်ချက်နှိပ်ဖွင့်ပေးလိုက်ပါ။
အဲလိုနှိပ်လိုက်ထပ်ပြီးတော့ ဖုန်းရဲ့သိုလှောင်မှု စနစ်ဖြစ်တဲ့ ဓာတ်ပုံနဲ့ မီဒီယာဖိုင်တွေကို သိမ်းဆည်းနိုင်ခွင့် ထပ်မံလိုအပ်ဆိုတဲ့ စာသားနဲ့ဘောက်တစ်ခု ပေါ်လာပါလိမ့်မယ်။ ALLOW ဆိုတာကို ရွေးပေးပါ။
ဒါဆိုရင်တော့ အောက်ကပုံအတိုင်း Shot On Stamp app ကနေ မိမိအတွက်လိုအပ်သလို စီမံနိုင်ဖို့ ပေါ်လာပါလိမ့်မယ်။ Logo ကတော့ ဖုန်းအမျိုးအစားနဲ့ ဆိုတာဖြစ်ပါတယ်။ Logo ကို နှိပ် ပြီး မိမိဖုန်းအမျိုးအစားရွေးချယ်ထားနိုင်သလို တစ်ခြားကင်မရာ icon၊ မှန်ဘီလူး icon စတာတွေကိုလည်း ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။
Logo ရဲ့ အောက်နားက Shot On နေရာမှာတော့ မိမိရဲ့ ဖုန်းမော်ဒယ် အမျိုးအစားကို ထည့်သွင်းလို့ ရပါတယ်။
Shot On ရဲ့နောက်ဖက်က Shot By ဆိုတဲ့နေရာမှာတော့ မိမိ ရဲ့နာမည်ကို ထည့်သွင်းရမှာပါ။
Shot By ရဲ့ အောက်ဖက်နား က Advance ဆိုတဲ့နေရာမှာတော့ မိမိထည့်သွင်းထားတဲ့ စာသားတွေကို ဓာတ်ပုံရဲ့ ဘယ်နေရာမှာ ပေါ်စေချင်သလဲ၊ မိမိပေါ်စေချင်တဲ့ စာသားရဲ့ အရွယ်အစား၊ စာသားဖောင့် စာလုံးပုံစံနဲ့ အရောင်တွေကို မိမိစိတ်ကြိုက်ရွေးချယ်နိုင်မှုတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
အဲလို Advance ထဲမှာ ရွေးချယ်ပြီးရင်တော့ အောက်ကပုံမှာ မြှားပြထားတဲ့ icon ကို တစ်ချက်နှိပ်ပြီး ဓာတ်ပုံမှာပေါ်မယ့်ပုံစံကို preview အနေနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ မိမိအနေနဲ့ စိတ်တိုင်း မကျသေးရင် ပြန်လည် ပြင်ဆင်မှု ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
အားလုံးပြီးရင်တော့ ဖုန်းနဲ့ဓာတ်ပုံရိုက်လိုက်တိုင်း ဓာတ်ပုံမှာ မိမိကိုယ်တိုင် ထည့်သွင်းထားတဲ့ ShotOn ဆိုင်ရာ အချက်အလက်တွေ ပါဝင်လာမှာဖြစ်ပါတယ်။ မိမိအနေနဲ့ ဒီလုပ်ဆောင်ချက်ကို မထည့်ချင်ဘူးဆိုရင်တော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း ခလုတ်လေးကို တစ်ချက်နှိပ်ပြီး ပိတ်ထားနိုင်မှာဖြစ်ပါတယ်။