ဖုန္းတစ္လံုးဝယ္တာနဲ႔ ျပန္အမ္းေငြနဲ႔ လက္ေဆာင္ေတြရႏိုင္မယ့္ ပ႐ိုမိုးရွင္းအစီအစဥ္

[ Zawgyi ]

ဖုန္းတစ္လံုးဝယ္တာနဲ႔ ဖုန္းဖိုးက်သင့္ေငြထဲကေန ေငြျပန္အမ္းေပးမယ့္အျပင္ လက္ေဆာင္ပစၥည္းေတြလည္း ရႏိုင္မယ့္ အစီအစဥ္တစ္ခုကို Vivo ျမန္မာကေနၿပီး ျပဳလုပ္လုိက္ပါတယ္။ သီတင္းကၽြတ္အထူးပ႐ိုမိုးရွင္းအစီအစဥ္တစ္ခုအေနနဲ႔ Vivo V11 နဲ႔ V11i စမတ္ဖုန္း ဝယ္ယူသူေတြကို ဖုန္းဖိုးက်သင့္ေငြထဲကေန ေငြက်ပ္ ၂၀,၀၀၀ ျပန္အမ္းေပးမယ့္အျပင္ လက္ေဆာင္ ပစၥည္းေတြကိုလည္း ေပးမယ္လို႔ ဆိုပါတယ္။ ဒီအစီအစဥ္ကိုေတာ့ ‘’သီတင္းကၽြတ္ပြဲေတာ္ Cashback နဲ႔ႏႊဲေပ်ာ္’’ ဆိုတဲ့ ေခါင္းစဥ္ေပးထားၿပီး ပ႐ိုမိုးရွင္းကာလကေတာ့ ေအာက္တိုဘာ ၇ ရက္ကေန ေအာက္တိုဘာ ၂၅ ရက္ေန႔အထိ ၁၉ ရက္ၾကာ ျပဳလုပ္ေပးသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိမွာေတာ့ V11 ဟာ ၅၅၉,၀၀၀ က်ပ္ျဖစ္ၿပီး V11i ကေတာ့ ၄၁၉,၀၀၀ က်ပ္ရွိပါတယ္။ ဒီဖုန္းႏွစ္ခုစလံုးဟာ Indisplay Fingerprint Scanning စနစ္ ပါဝင္တဲ့ဖုန္းေတြျဖစ္ၿပီး AI Camera စနစ္ေတြလည္း ပါဝင္တဲ့ဖုန္းေတြ ျဖစ္ပါတယ္။

[ Unicode ]

ဖုန်းတစ်လုံးဝယ်တာနဲ့ ဖုန်းဖိုးကျသင့်ငွေထဲကနေ ငွေပြန်အမ်းပေးမယ့်အပြင် လက်ဆောင်ပစ္စည်းတွေလည်း ရနိုင်မယ့် အစီအစဉ်တစ်ခုကို Vivo မြန်မာကနေပြီး ပြုလုပ်လိုက်ပါတယ်။ သီတင်းကျွတ်အထူးပရိုမိုးရှင်းအ စီအစဉ်တစ်ခုအနေနဲ့ Vivo V11 နဲ့ V11i စမတ်ဖုန်း ဝယ်ယူသူတွေကို ဖုန်းဖိုးကျသင့်ငွေထဲကနေ ငွေကျပ် ၂၀,၀၀၀ ပြန်အမ်းပေးမယ့်အပြင် လက်ဆောင် ပစ္စည်းတွေကိုလည်း ပေးမယ်လို့ ဆိုပါတယ်။ ဒီအစီအစဉ်ကိုတော့ ‘’သီတင်းကျွတ်ပွဲတော် Cashback နဲ့နွှဲပျော်’’ ဆိုတဲ့ ခေါင်းစဉ်ပေးထားပြီး ပရိုမိုးရှင်းကာလကတော့ အောက်တိုဘာ ရ ရက်ကနေ အောက်တိုဘာ ၂၅ ရက်နေ့အထိ ၁၉ ရက်ကြာ ပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ V11 ဟာ ၅၅၉,၀၀၀ ကျပ်ဖြစ်ပြီး V11i ကတော့ ၄၁၉,၀၀၀ ကျပ်ရှိပါတယ်။ ဒီဖုန်းနှစ်ခုစလုံးဟာ Indisplay Fingerprint Scanning စနစ် ပါဝင်တဲ့ဖုန်းတွေဖြစ်ပြီး AI Camera စနစ်တွေလည်း ပါဝင်တဲ့ဖုန်းတွေ ဖြစ်ပါတယ်။