September 20, 2018

ဖုန္းကင္မရာနဲ႔ ဓာတ္ပံုေကာင္းရဖို႔အတြက္ ဟန္းဆက္ဝယ္ရင္ သတိထားရမယ့္ အခ်က္ ၅ ခ်က္

[ Zawgyi ]

အခုေခတ္ဟန္းဆက္ ဝယ္သူေတြအမ်ားစုက ဟန္းဆက္ဝယ္ေတာ့မယ္ဆိုရင္ အရင္ဆံုးစစ္ေဆးတာက ဟန္းဆက္ပါ ကင္မရာရဲ႕ စြမ္းေဆာင္ခ်က္ကိုပါ။ ဟန္းဆက္ပါ ကင္မရာေတြရဲ႕ စြမ္းေဆာင္မႈ ဘယ္ေလာက္ေကာင္းေကာင္း DSLR Camera ကို မမီႏိုင္တာ မွန္ေပမယ့္လည္း အဲ့ဒီ DSLR Camera ႀကီးကို သြားေလရာ သယ္သြားဖို႔ကလဲမျဖစ္၊ အေရးတႀကီးနဲ႔ အေရးႀကံဳလာတဲ့အခါမွာလည္း အိတ္ကပ္ထဲမွာ ပါလာတဲ့ဟန္းဆက္နဲ႔ အလြယ္တကူ ထုတ္႐ိုက္ရမယ့္ အေျခအေနေလးေတြ ဖန္လာရင္လဲ ထုတ္႐ိုက္ရမွာမို႔ ဟန္းဆက္ပါ ကင္မရာေတြရဲ႕ စြမ္းေဆာင္ခ်က္က အေရးပါလာတာေတာ့ မျငင္းရဲပါဘူး။

တခ်ဳိ႕ေသာသူေတြ မေျပာနဲ႔ ႏိုင္ငံတကာၿပိဳင္ပြဲေတြမွာေတာင္ ဟန္းဆက္နဲ႔႐ိုက္တဲ့ ၿပိဳင္ပြဲသီးသန္႔ရွိလာေလေတာ့ ဟန္းဆက္ပါ ကင္မရာေတြရဲ႕ စြမ္းေဆာင္ခ်က္က သိသိသာသာ အေရးပါလာတယ္။ လူငယ္၊ လူလတ္ အမ်ားစုအေနနဲ႔လည္း ဟန္းဆက္တစ္လံုး အသစ္ဝယ္ေတာ့မယ္ဆိုရင္ ဖုန္းလိုင္းဆြဲအား ေကာင္းမေကာင္းဆိုတာထက္ ကင္မရာရဲ႕စြမ္းေဆာင္ရည္ကို အရင္စစ္ၾကည့္ၾကတာ မ်ားပါတယ္။ ကင္မရာကို စစ္ၿပီးမွသာ Touch သြက္၊ မသြက္နဲ႔ တစ္ျခားေသာ အစိတ္အပိုင္းေတြကို စစ္ေဆးၾကတာ မ်ားပါတယ္။
ဟုတ္ကဲ့။ ဒါဆိုရင္ ကင္မရာအသားေပးၿပီး ဟန္းဆက္ဝယ္ေတာ့မယ္ဆိုရင္ ဘာေတြကို အျမန္ဆံုးနည္းနဲ႔ စစ္ၾကမလဲ။ အခ်က္ (၅) ခ်က္
ေပၚမူတည္ၿပီးပဲ အျမန္စစ္ေဆးၾကည့္ရေအာင္ဗ်ာ။

Megapixel ထက္အေရးႀကီးေသာ Aperture

Smart Phone ပါ ကင္မရာေတြကို တစ္ခ်ဳိ႕ေတြက Megapixel ဘယ္ေလာက္အထိ ပါလဲဆိုတာနဲ႔ ဆံုးျဖတ္ၾကပါတယ္။ ေယဘုယ်အားျဖင့္ေတာ့ မွန္သင့္သေလာက္ မွန္ေပမယ့္ အဓိကက်တာက စမတ္ဖုန္းမွာ ပါဝင္တဲ့ကင္မရာရဲ႕ အလင္းတံခါးဝ ဘယ္ေလာက္အထိ ခ်ဲ႕လို႔ရသလဲဆိုတာ ပိုအဓိကက်ပါတယ္။ Aperture လို႔ေခၚတဲ့ f Stop နံပါတ္ေသးေလ။ ပံုရိပ္ဖမ္းမွန္ဘီးလူး အဝက်ယ္ေလေလဆိုေတာ့ အလင္းဝင္ႏိုင္မႈပမာဏကလည္း ပိုက်ယ္ေလေလျဖစ္တဲ့အတြက္ အေမွာင္တြင္း ႐ိုက္ခ်က္ေတြမွာ ပိုၿပီးအားသာပါတယ္။ Low Light ပိုၿပီးႏိုင္လာပါတယ္။ Aperture f/4, Megapixel 20 ရွိတဲ့ဟန္းဆက္နဲ႔ Aperture f 1.8
Megapixel 20 ရွိတဲ့ဟန္းဆက္ကင္မရာအခ်င္းခ်င္း သာမန္အလင္းေရာင္အတြင္း ႐ိုက္ကူးမႈတူတူပဲျဖစ္ေပမယ့္ Low Light ႐ိုက္ကူးမႈမွာ Aperture, f 1.8 Megapixel 20 ရွိတဲ့ ဟန္းဆက္ကင္မရာက ပိုၿပီး စြမ္းေဆာင္ႏိုင္ပါတယ္။ Noise ဆိုတဲ့ အစက္ေျပာက္ေတြ နည္းပါးေစတဲ့အတြက္ ပံုထြက္အရည္အေသြး ပိုေကာင္းပါတယ္။

Dual Camera ေတြ တကယ္လိုအပ္သလား

အခုေနာက္ပို္င္း ထြက္လာတဲ့ ဟန္းဆက္ေတြမွာ Dual Camera စနစ္ေတြ ေထာက္ပံ့ထားတာေတြ႕ရပါတယ္။ ေသခ်ာတာတစ္ခု ကေတာ့ အဲ့ဒီကင္မရာေတြဟာ တူညီတဲ့စြမ္းေဆာင္ရည္ လုပ္ေဆာင္ခ်က္ေတြကို လုပ္ေပးႏိုင္ပါသလားလို႔ ေမးခြန္းထုတ္စရာရွိပါတယ္။ ဒါေပမဲ့ Dual Lenses ေတြဟာ Depth of field (DoF) ေရွ႕ၾကည္ေနာက္ဝါးအတြက္ရယ္ ႐ႈခင္း႐ိုက္တဲ့အခါမွာ ပိုၿပီးေတာ့ Wide-Angle ျမင္ကြင္းေတြရရွိေစဖို႔ရယ္ ခြင့္ျပဳထားတဲ့အတြက္ ဒါလည္းထည့္စဥ္းစားရမယ့္ အခ်က္ပါ။

Camera Mode ေတြ လိုအပ္သလား

ဟန္းဆက္ကင္မရာေတြမွာ အရင္တုန္းက ဟန္းဆက္မွာပါတဲ့ Camera icon ေလးကိုႏွိပ္၊ ကင္မရာပြင့္၊ ဓါတ္ပံု႐ိုက္တဲ့ ခလုတ္ႏွိပ္၊ ဓါတ္ပံု႐ိုက္ဆိုတဲ့ ႐ိုးရွင္းတဲ့အဆင့္ပဲ ရွိပါေသးတယ္။ ေနာက္ပိုင္းမွာ LED Flash နဲ႔ အလင္းမီးေပးစနစ္၊ ဗီဒီယိုစနစ္လို ပိုၿပီးကလိစရာေလးေတြ ရွိလာပါတယ္။ အခုေတာ့ အဲ့ဒီအဆင့္နဲ႔မရေတာ့ပါဘူး။ Camera Setting ထဲက Mode ေတြပါပါလာပါၿပီ။ အေျခခံအားျဖင့္ေတာ့ Portrait Mode နဲ႔ Landscape Mode အဲ့သည့္ႏွစ္ခု ရ/မရတြက္ဆဖို႕လိုလာပါၿပီ။ Portrait Mode မွာ
ထားၿပီး႐ိုက္ရင္ အ႐ိုက္ခံသူရဲ႕ အသားအေရ ပိုေခ်ာပိုလွလာမယ္။ ေနာက္ခံ Background ေလးေတြလည္း ဝါးလာမယ္။ Effect ေတြ ထည့္လို႔ရမယ္။ Landscape Mode နဲ႔႐ိုက္မယ္ဆိုရင္ ေဆးသားကာလာ ပိုတက္လာမယ္။ ၾကည္လင္ျပတ္သားမႈေတြ Detail ေတြ ပိုတက္လာမယ္ဆိုတာေတြေပါ့။ အဲ့ဒီကင္မရာ Mode ေတြေရာ ပါလာသလား။

Front Camera ရဲ႕ အရည္အေသြးကို စမ္းစစ္ဖို႔လိုတယ္

ရွင္းပါတယ္။ တခ်ဳိ႕ေသာဟန္းဆက္ကင္မရာ ကိုင္ေဆာင္သူေတြက ဆယ္ဖီ ဆယ့္တစ္ဖီဝါသနာရွင္ေတြပါ။ ကမၻာမွာလည္း ဆယ္ဖီ႐ိုက္တဲ့ဓေလ့က အခုကင္မရာေတြေပၚမွမဟုတ္ဘူး။ ၃၅ မမ ဖလင္ကင္မရာ ေခတ္ကတည္းကပါ။ Selfie ဝါသနာမပါဘူး မေျပာပါနဲ႔။ တကယ္တမ္း Selfie ဆြဲရမယ့္ အေနအထားကို တစ္ေနရာ ဟုတ္/မဟုတ္ ႀကံဳလာမွာပါ။ ဒီေတာ့ ေရွ႕ကင္မရာရဲ႕ အရည္အေသြးကလည္း အေရးပါလာပါတယ္ဗ်။ ေရွ႕ကင္မရာရဲ႕ Aperture ခ်ဲ႕ႏိုင္မႈ၊ Megapixel, Portrait Mode ရ/မရ၊ LED Flash ပါ၀င္မႈ ရွိ/မရွိ ဆိုတာေတြပါ ထည့္သြင္းစဥ္းစားဖို႔ လိုလာေၾကာင္းပါခင္ဗ်။ တစ္ခ်ဳိ႕ေသာ ဟန္းဆက္ကုမၸဏီေတြအေနနဲ႔ Back Camera ထက္ Front Camera စြမ္းရည္ပိုျမႇင့္ထားၿပီး ေစ်းကြက္ထဲ ထိုးေဖာက္တာကို သတိခ်ပ္ပါေလ။

VIDEO အတြက္ မေမ့ပါနဲ႔

ဟန္းဆက္ကင္မရာ အေၾကာင္းေျပာရင္ ဟန္းဆက္ကင္မရာနဲ႔ ဗီဒီယိို႐ိုက္ကူးဖို႔ဆိုတာလည္း မေမ့သင့္ဘူးလို႔ ထင္ပါတယ္။ ခင္ဗ်ားတို႔က
ဓါတ္ပံုခ်ည္းပဲ ႐ိုက္မွာမွမဟုတ္တာ။ တစ္ခါတစ္ေလ ဗီဒီယိုမွတ္တမ္းတင္လဲ လိုပါေသးတယ္။ ဒါေၾကာင့္ ဟန္းဆက္ပါကင္မရာရဲ႕ ဗီဒီယိုအရည္အေသြးကိုလည္း ထည့္စဥ္းစားပါ။ တခ်ဳိ႕ေတြဆို ဟန္းဆက္ကင္မရာနဲ႔ ႐ိုက္တဲ့ Micro Film ၿပိဳင္ပြဲေတြ၊ Short Film ၿပိဳင္ပြဲေတြ၊ Documentary Film ၿပိဳင္ပြဲေတြကို ႏိုင္ငံတကာအဆင့္အထိ ၿပိဳင္ပြဲဝင္သြားၾကတာ အားက်စရာပါ။ ဟန္းဆက္က ကင္မရာနဲ႔ပဲ ႐ိုက္သြားတဲ့ ျမန္မာဇာတ္ကားေတာင္ ရွိေနပါၿပီဗ်ာ။ ဟန္းဆက္ပါကင္မရာေတြလည္း ဗီဒီယို႐ိုက္ဖို႔အတြက္ အရည္အေသြးျပည့္ သင့္သေလာက္ေတာ့ ျပည့္လာပါၿပီ။ LG V30 ဆိုရင္ 4K Video File ကို fps 30 နဲ႔႐ိုက္ကူးလာႏိုင္သလို iPhone 8 ဆိုရင္ပဲ 4K အရည္အေသြးကို fps60 နဲ႔ ႐ိုက္ကူးႏိုင္လာပါၿပီ။

-ေက်ာ္ေဇယ်

[ Unicode ]

အခုခေတ်ဟန်းဆက် ဝယ်သူတွေအများစုက ဟန်းဆက်ဝယ်တော့မယ်ဆိုရင် အရင်ဆုံးစစ်ဆေးတာက ဟန်းဆက်ပါ ကင်မရာရဲ့ စွမ်းဆောင်ချက်ကိုပါ။ ဟန်းဆက်ပါ ကင်မရာတွေရဲ့ စွမ်းဆောင်မှု ဘယ်လောက်ကောင်းကောင်း DSLR Camera ကို မမီနိုင်တာ မှန်ပေမယ့်လည်း အဲ့ဒီ DSLR Camera ကြီးကို သွားလေရာ သယ်သွားဖို့ကလဲမဖြစ်၊ အရေးတကြီးနဲ့ အရေးကြုံလာတဲ့အခါမှာလည်း အိတ်ကပ်ထဲမှာ ပါလာတဲ့ဟန်းဆက်နဲ့ အလွယ်တကူ ထုတ်ရိုက်ရမယ့် အခြေအနေလေးတွေ ဖန်လာရင်လဲ ထုတ်ရိုက်ရမှာမို့ ဟန်းဆက်ပါ ကင်မရာတွေရဲ့ စွမ်းဆောင်ချက်က အရေးပါလာတာတော့ မငြင်းရဲပါဘူး။

တချို့သောသူတွေ မပြောနဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာတောင် ဟန်းဆက်နဲ့ရိုက်တဲ့ ပြိုင်ပွဲသီးသန့်ရှိလာလေတော့ ဟန်းဆက်ပါ ကင်မရာတွေရဲ့ စွမ်းဆောင်ချက်က သိသိသာသာ အရေးပါလာတယ်။ လူငယ်၊ လူလတ် အများစုအနေနဲ့လည်း ဟန်းဆက်တစ်လုံး အသစ်ဝယ်တော့မယ်ဆိုရင် ဖုန်းလိုင်းဆွဲအား ကောင်းမကောင်းဆိုတာထက် ကင်မရာရဲ့စွမ်းဆောင်ရည်ကို အရင်စစ်ကြည့်ကြတာ များပါတယ်။ ကင်မရာကို စစ်ပြီးမှသာ Touch သွက်၊ မသွက်နဲ့ တစ်ခြားသော အစိတ်အပိုင်းတွေကို စစ်ဆေးကြတာ များပါတယ်။
ဟုတ်ကဲ့။ ဒါဆိုရင် ကင်မရာအသားပေးပြီး ဟန်းဆက်ဝယ်တော့မယ်ဆိုရင် ဘာတွေကို အမြန်ဆုံးနည်းနဲ့ စစ်ကြမလဲ။ အချက် (၅) ချက်
ပေါ်မူတည်ပြီးပဲ အမြန်စစ်ဆေးကြည့်ရအောင်ဗျာ။

Megapixel ထက်အရေးကြီးသော Aperture

Smart Phone ပါ ကင်မရာတွေကို တစ်ချို့တွေက Megapixel ဘယ်လောက်အထိ ပါလဲဆိုတာနဲ့ ဆုံးဖြတ်ကြပါတယ်။ ယေဘုယျအားဖြင့်တော့ မှန်သင့်သလောက် မှန်ပေမယ့် အဓိကကျတာက စမတ်ဖုန်းမှာ ပါဝင်တဲ့ကင်မရာရဲ့ အလင်းတံခါးဝ ဘယ်လောက်အထိ ချဲ့လို့ရသလဲဆိုတာ ပိုအဓိကကျပါတယ်။ Aperture လို့ခေါ်တဲ့ f Stop နံပါတ်သေးလေ။ ပုံရိပ်ဖမ်းမှန်ဘီးလူး အဝကျယ်လေလေဆိုတော့ အလင်းဝင်နိုင်မှုပမာဏကလည်း ပိုကျယ်လေလေဖြစ်တဲ့အတွက် အမှောင်တွင်း ရိုက်ချက်တွေမှာ ပိုပြီးအားသာပါတယ်။ Low Light ပိုပြီးနိုင်လာပါတယ်။ Aperture f/4, Megapixel 20 ရှိတဲ့ဟန်းဆက်နဲ့ Aperture f 1.8
Megapixel 20 ရှိတဲ့ဟန်းဆက်ကင်မရာအချင်းချင်း သာမန်အလင်းရောင်အတွင်း ရိုက်ကူးမှုတူတူပဲဖြစ်ပေမယ့် Low Light ရိုက်ကူးမှုမှာ Aperture, f 1.8 Megapixel 20 ရှိတဲ့ ဟန်းဆက်ကင်မရာက ပိုပြီး စွမ်းဆောင်နိုင်ပါတယ်။ Noise ဆိုတဲ့ အစက်ပြောက်တွေ နည်းပါးစေတဲ့အတွက် ပုံထွက်အရည်အသွေး ပိုကောင်းပါတယ်။

Dual Camera တွေ တကယ်လိုအပ်သလား

အခုနောက်ပို်င်း ထွက်လာတဲ့ ဟန်းဆက်တွေမှာ Dual Camera စနစ်တွေ ထောက်ပံ့ထားတာတွေ့ရပါတယ်။ သေချာတာတစ်ခု ကတော့ အဲ့ဒီကင်မရာတွေဟာ တူညီတဲ့စွမ်းဆောင်ရည် လုပ်ဆောင်ချက်တွေကို လုပ်ပေးနိုင်ပါသလားလို့ မေးခွန်းထုတ်စရာရှိပါတယ်။ ဒါပေမဲ့ Dual Lenses တွေဟာ Depth of field (DoF) ရှေ့ကြည်နောက်ဝါးအတွက်ရယ် ရှုခင်းရိုက်တဲ့အခါမှာ ပိုပြီးတော့ Wide-Angle မြင်ကွင်းတွေရရှိစေဖို့ရယ် ခွင့်ပြုထားတဲ့အတွက် ဒါလည်းထည့်စဉ်းစားရမယ့် အချက်ပါ။

Camera Mode တွေ လိုအပ်သလား

ဟန်းဆက်ကင်မရာတွေမှာ အရင်တုန်းက ဟန်းဆက်မှာပါတဲ့ Camera icon လေးကိုနှိပ်၊ ကင်မရာပွင့်၊ ဓါတ်ပုံရိုက်တဲ့ ခလုတ်နှိပ်၊ ဓါတ်ပုံရိုက်ဆိုတဲ့ ရိုးရှင်းတဲ့အဆင့်ပဲ ရှိပါသေးတယ်။ နောက်ပိုင်းမှာ LED Flash နဲ့ အလင်းမီးပေးစနစ်၊ ဗီဒီယိုစနစ်လို ပိုပြီးကလိစရာလေးတွေ ရှိလာပါတယ်။ အခုတော့ အဲ့ဒီအဆင့်နဲ့မရတော့ပါဘူး။ Camera Setting ထဲက Mode တွေပါပါလာပါပြီ။ အခြေခံအားဖြင့်တော့ Portrait Mode နဲ့ Landscape Mode အဲ့သည့်နှစ်ခု ရ/မရတွက်ဆဖို့လိုလာပါပြီ။ Portrait Mode မှာ
ထားပြီးရိုက်ရင် အရိုက်ခံသူရဲ့ အသားအရေ ပိုချောပိုလှလာမယ်။ နောက်ခံ Background လေးတွေလည်း ဝါးလာမယ်။ Effect တွေ ထည့်လို့ရမယ်။ Landscape Mode နဲ့ရိုက်မယ်ဆိုရင် ဆေးသားကာလာ ပိုတက်လာမယ်။ ကြည်လင်ပြတ်သားမှုတွေ Detail တွေ ပိုတက်လာမယ်ဆိုတာတွေပေါ့။ အဲ့ဒီကင်မရာ Mode တွေရော ပါလာသလား။

Front Camera ရဲ့ အရည်အသွေးကို စမ်းစစ်ဖို့လိုတယ်

ရှင်းပါတယ်။ တချို့သောဟန်းဆက်ကင်မရာ ကိုင်ဆောင်သူတွေက ဆယ်ဖီ ဆယ့်တစ်ဖီဝါသနာရှင်တွေပါ။ ကမ္ဘာမှာလည်း ဆယ်ဖီရိုက်တဲ့ဓလေ့က အခုကင်မရာတွေပေါ်မှမဟုတ်ဘူး။ ၃၅ မမ ဖလင်ကင်မရာ ခေတ်ကတည်းကပါ။ Selfie ဝါသနာမပါဘူး မပြောပါနဲ့။ တကယ်တမ်း Selfie ဆွဲရမယ့် အနေအထားကို တစ်နေရာ ဟုတ်/မဟုတ် ကြံုလာမှာပါ။ ဒီတော့ ရှေ့ကင်မရာရဲ့ အရည်အသွေးကလည်း အရေးပါလာပါတယ်ဗျ။ ရှေ့ကင်မရာရဲ့ Aperture ချဲ့နိုင်မှု၊ Megapixel, Portrait Mode ရ/မရ၊ LED Flash ပါ၀င်မှု ရှိ/မရှိ ဆိုတာတွေပါ ထည့်သွင်းစဉ်းစားဖို့ လိုလာကြောင်းပါခင်ဗျ။ တစ်ချို့သော ဟန်းဆက်ကုမ္ပဏီတွေအနေနဲ့ Back Camera ထက် Front Camera စွမ်းရည်ပိုမြှင့်ထားပြီး စျေးကွက်ထဲ ထိုးဖောက်တာကို သတိချပ်ပါလေ။

VIDEO အတွက် မမေ့ပါနဲ့

ဟန်းဆက်ကင်မရာ အကြောင်းပြောရင် ဟန်းဆက်ကင်မရာနဲ့ ဗီဒီယိိုရိုက်ကူးဖို့ဆိုတာလည်း မမေ့သင့်ဘူးလို့ ထင်ပါတယ်။ ခင်ဗျားတို့က
ဓါတ်ပုံချည်းပဲ ရိုက်မှာမှမဟုတ်တာ။ တစ်ခါတစ်လေ ဗီဒီယိုမှတ်တမ်းတင်လဲ လိုပါသေးတယ်။ ဒါကြောင့် ဟန်းဆက်ပါကင်မရာရဲ့ ဗီဒီယိုအရည်အသွေးကိုလည်း ထည့်စဉ်းစားပါ။ တချို့တွေဆို ဟန်းဆက်ကင်မရာနဲ့ ရိုက်တဲ့ Micro Film ပြိုင်ပွဲတွေ၊ Short Film ပြိုင်ပွဲတွေ၊ Documentary Film ပြိုင်ပွဲတွေကို နိုင်ငံတကာအဆင့်အထိ ပြိုင်ပွဲဝင်သွားကြတာ အားကျစရာပါ။ ဟန်းဆက်က ကင်မရာနဲ့ပဲ ရိုက်သွားတဲ့ မြန်မာဇာတ်ကားတောင် ရှိနေပါပြီဗျာ။ ဟန်းဆက်ပါကင်မရာတွေလည်း ဗီဒီယိုရိုက်ဖို့အတွက် အရည်အသွေးပြည့် သင့်သလောက်တော့ ပြည့်လာပါပြီ။ LG V30 ဆိုရင် 4K Video File ကို fps 30 နဲ့ရိုက်ကူးလာနိုင်သလို iPhone 8 ဆိုရင်ပဲ 4K အရည်အသွေးကို fps60 နဲ့ ရိုက်ကူးနိုင်လာပါပြီ။