September 20, 2018

ပေရာ္ဖက္ရွင္နယ္ ဓာတ္ပုံဆရာတစ္ေယာက္လို ခံစားရေစမယ့္ စမတ္ဖုန္းကင္မရာ feature (၁၀) မ်ိဳး

[ Zawgyi ]

တန္ဖိုးႀကီးစမတ္ဖုန္းမွာပါဝင္တဲ့ ကင္မရာေတြဟာ ပေရာ္ဖက္ရွင္နယ္ကင္မရာေတြနီးပါးေလာက္ ေကာင္းတယ္လို႔ စမတ္ဖုန္း ကုမၸဏီအမ်ားစုက ေျပာေနၾကပါတယ္။

တန္ဖိုးႀကီးစမတ္ဖုန္း ေတာ္ေတာ္မ်ားမ်ားရဲ႕ေဈးႏႈန္းက ေဒၚလာ ၁,၀၀၀ နဲ႔အထက္ရွိပါတယ္။ အဲဒီစမတ္ဖုန္းေတြမွာ သာမန္သုံးစြဲသူေတြ အသုံးျပဳႏိုင္တဲ့ အရည္အေသြးျမင့္ၿပီး စြမ္းေဆာင္ရည္အားေကာင္းတဲ့ ကင္မရာေတြ ပါဝင္လာပါတယ္။

တခ်ိဳ႕စမတ္ဖုန္းကင္မရာ feature ေတြဟာ သုံးစြဲသူေတြက အေကာင္းဆံုး႐ိုက္ခ်က္ေတြကို အလိုအေလ်ာက္ ႐ိုက္ႏိုင္ေစဖို႔အတြက္ အကူအညီေပးႏိုင္ပါတယ္။ အခ်ိဳ႕ feature ေတြကိုေတာ့ activate လုပ္ဖို႔လိုေပမယ့္ ပံုမွန္အားျဖင့္ ဖုန္းရဲ႕ကင္မရာေတြကို အလြယ္တကူဖြင့္ၿပီး အသုံးျပဳႏိုင္ပါတယ္။

ဒါေၾကာင့္ သုံးစြဲသူအေနနဲ႔ ဓာတ္ပုံ႐ိုက္ကူးတဲ့အခါမွာ ပေရာ္ဖက္ရွင္နယ္ ဓာတ္ပုံဆရာတစ္ေယာက္လို႔ ခံစားရေစမယ့္ တန္ဖိုးႀကီး စမတ္ဖုန္းေတြမွာပါဝင္တဲ့ ကင္မရာ feature ေတြကို ေဖာ္ျပလိုက္ပါတယ္။

Dual-lens cameras

၂၀၁၆ ခုႏွစ္အတြင္း iPhone 7 Plus ထြက္ရွိလာၿပီးေနာက္မွာ dual-lens ကင္မရာေတြဟာ မိုဘိုင္းေဈးကြက္မွာ အလြန္ေရပန္းစား လာပါတယ္။ iPhone ေမာ္ဒယ္တခ်ိဳ႕မွာလည္း ဒီ feature ပါဝင္လာပါတယ္။ ကုမၸဏီအမ်ိဳးမ်ိဳးကထုတ္လုပ္တဲ့ Android ထုတ္ကုန္ေတြမွာလည္း ျမင္ေတြ႕ေနရပါၿပီ။

ထုတ္ကုန္တစ္ခုခ်င္းစီေပၚမူတည္ၿပီး dual-camera setup ေတြမွာ မတူညီတဲ့ လုပ္ေဆာင္ခ်က္ေတြ ပါဝင္လာပါတယ္။ ထုတ္ကုန္တခ်ိဳ႕ျဖစ္တဲ့ iPhone 7 Plus, iPhone 8 Plus နဲ႔ iPhone X မွာ wide-angle lens နဲ႔ telephoto lens တစ္ခုတို႔ ပါဝင္လာပါတယ္။ ပထမ lens က က်ယ္ျပန္႔တဲ့ ႐ႈခင္း႐ိုက္ကူးမႈကို ျပဳလုပ္ႏိုင္ၿပီး ဒုတိယ lens ကေတာ့ ကင္မရာ အေတာ္မ်ားမ်ားမွာပါဝင္တဲ့ digital zoom ထက္ အေရာင္ပိုမိုေတာက္ပတဲ့ optical zoom ကို ရရွိေစပါတယ္။

Huawei Mate 10 လိုမ်ိဳး အျခားထုတ္ကုန္ေတြမွာ RGB color lens နဲ႔ monochrome lens တို႔ ပါဝင္လာပါတယ္။ ပထမ lens က အေရာင္ပါတဲ့ ဓာတ္ပုံေတြမွာ depth နဲ႔ အေရာင္မွန္ကန္မႈ ျဖစ္ေစၿပီး ဒုတိယကေတာ့ အျဖဴအမည္း ဓာတ္ပုံေတြရဲ႕ အေသးစိတ္ေဖာ္ျပမႈ ျမင့္မားသလို အေရာင္ကို စိုျပည္ေစပါတယ္။

Wide aperture

စမတ္ဖုန္းထုတ္လုပ္သူေတြဟာ မိုဘုိင္းဓာတ္ပုံ႐ိုက္ကူးမႈတိုးတက္ဖို႔ ႏွစ္ေပါင္းမ်ားစြာ ႀကိဳးစားပမ္းစား ေဆာင္ရြက္ခဲ့ၾကၿပီး စမတ္ဖုန္းေပၚက aperture ကို တိုးခ်ဲ႕ေနပါတယ္။ Aperture ဆိုတာ ကင္မရာ lens အတြင္း အလင္းဘယ္ေလာက္ဝင္သလဲဆိုတာကို ရည္ညႊန္းတာျဖစ္ပါတယ္။ ကင္မရာ lens မွာ အလင္းဝင္တာမ်ားရင္ ေရာင္စုံဓာတ္ပုံေတြဟာ ပိုမိုတိက်၊ အေသးစိတ္ၿပီး အေရာင္အေသြးစုံပါတယ္။ ကင္မရာေပၚက Wide aperture ဟာ အလင္းအားနည္းတဲ့ ေနရာမွာ ဓာတ္ပုံ႐ိုက္ကူးတဲ့အခါမွာ ဓာတ္ပုံေကာင္းေကာင္း ႐ိုက္ကူးႏိုင္ေအာင္ အေထာက္အပံ့ေပးပါတယ္။

High dynamic range (HDR)

စမတ္ဖုန္းကင္မရာေတြေပၚက High dynamic range (HDR) mode ေတြကို အသုံးျပဳၿပီး motion blur နဲ႔ highlights, noise reduction နဲ႔ brightened shadows စတဲ့ အရာေတြအပါအဝင္ tweak ေတာ္ေတာ္မ်ားမ်ားနဲ႔ အရည္အေသြးျမင့္ ဓာတ္ပုံေတြကို ႐ိုက္ကူးႏိုင္ပါတယ္။

HDR ဟာအ ထူးျခားဆုံး ဓာတ္ပုံတစ္ပုံထဲမွာ ႐ိုက္ခ်က္ေတြအမ်ိဳးမ်ိဳး ပါဝင္ၿပီး အေရာင္အေသးစိတ္ကအစ ေပၚလြင္ေစပါတယ္။

HDR settings ေတြကုိ ေကာင္းကင္နဲ႔ ျပင္ပ႐ႈခင္း၊ သဘာဝျမင္ကြင္း အမ်ိဳးမ်ိဳးကို ႐ိုက္ကူးရာမွာ အသုံးျပဳပါတယ္။ HDR ကို ညဘက္ေတြမွာ ဓာတ္ပုံ႐ိုက္ကူးတဲ့အခါအသုံးျပဳသလို အေမွာင္ထူထဲတဲ့ ဧရိယာအတြင္း ဓာတ္ပုံ႐ိုက္ကူးတဲ့အခါမွာလည္း အသုံးျပဳပါတယ္။ HDR ကို ကင္မရာ app ရဲ႕ အဓိကမ်က္ႏွာျပင္မွာ ျမင္ေတြ႕ႏိုင္ၿပီး အျခားစမတ္ဖုနး္ေတြမွာ auto-HDR set ေတြ ပါဝင္လာပါတယ္။

Optical image stabilization (OIS)

Optical image stabilization (OIS) ကို ယေန႔ေခတ္ စမတ္ဖုန္းေတြမွာ ျမင္ေတြ႕ေနရပါၿပီ။ စမတ္ဖုန္းထုတ္လုပ္သူေတြက ဗီဒီယိုေတြအတြက္ OIS နဲ႔ပတ္သက္ၿပီး ေျပာဆိုေနၾကပါတယ္။ OIS ဟာ ထုတ္ကုန္ေတြ ေတာ္ေတာ္မ်ားမ်ားက စံသတ္မွတ္ခ်က္တစ္ခုျဖစ္ၿပီး ဓာတ္ပုံအတြင္း လႈပ္ရွားမႈေတြကို ႐ိုက္ကူးရာမွာ အေထာက္အပံ့ေပးပါတယ္။

စမတ္ဖုန္းထုတ္လုပ္သူေတြဟာ မုိဘုိင္းကင္မရာေတြမွာ OIS ကို တိုးတက္ေအာင္ ေဆာင္ရြက္ေနတဲ့အတြက္ သုံးစြဲသူေတြက ပထမဆုံးအႀကိမ္အျဖစ္ ထူးျခားတဲ့ ႐ိုက္ခ်က္ေတြကို ရရွိေစပါတယ္။

High-resolution video

စမတ္ဖုန္းေတြေပၚမွာ ေခတ္စားေနတဲ့ အျခား feature တစ္ခုက high-resolution video ျဖစ္ပါတယ္။ အဲဒီ feature က စမတ္ဖုန္းနဲ႔ တီဗီ ဒါမွမဟုတ္ ပေရာ္ဖက္ရွင္နယ္ဗီဒီယိုကင္မရာေတြမွာ ျမင္ေတြ႕ရတဲ့ အရည္အေသြးျမင့္ ႐ုပ္ထြက္ေတြအတိုင္း playback ဗီဒီယိုၾကည့္ႏိုင္သလို ဗီဒီယို မွတ္တမ္းတင္ႏိုင္ပါတယ္။ Apple, Samsung, Sony နဲ႔အျခားကုမၸဏီေတြ ထုတ္တဲ့ စမတ္ဖုန္းေတာ္ေတာ္မ်ားမ်ားဟာ 4K (3840 x 2160) ႐ုပ္ထြက္အရည္အေသြး playback ဗီဒီယိုေတြၾကည့္ႏိုင္သလို မွတ္တမ္းတင္ႏိုင္ပါတယ္။

Autofocus

Autofocus ဟာ ယေန႔ေခတ္ရဲ႕ စမတ္ဖုန္း ကင္မရာေတြမွာ အေတြ႕ရအမ်ားဆုံးျဖစ္တဲ့ feature ေတြထဲက တစ္ခု ျဖစ္ပါတယ္။

ကင္မရာေတြမွာ အျမင္အေတြ႕ရဆုံးျဖစ္တဲ့ autofocus ၃ ခုထဲမွာ contrast detection autofocus, laser autofocus နဲ႔ phase detection autofocus တုိ႔ပါဝင္ပါတယ္။ စမတ္ဖုန္းေတြမွာ အဲဒီနည္းပညာ ၃ ခုစလုံး မပါဝင္ရင္ေတာင္မွာ ေပါင္းစပ္ၿပီး အသုံးျပဳတတ္ပါတယ္။

– Contrast detection autofocus ဟာ ဓာတ္ပုံ႐ိုက္ကူးမႈမွာ အေကာင္းဆုံး feature ျဖစ္ပါတယ္။ ဓာတ္ပုံတစ္ပုံအတြင္း အလင္းနဲ႔အေမွာင္ ဘယ္ေလာက္လိုလဲဆိုတာကို သိျမင္ၿပီး အရိပ္ေတြကို ထင္သာေအာင္ ေဖာ္ျပေပးႏိုင္ပါတယ္။

– သုံးစြဲသူေတြက ကင္မရာကုိ တည္တည္ၿငိမ္ၿငိမ္ကုိင္ထားဖို႔ အခ်ိန္မရွိတဲ့အခါမွာ ဓာတ္ပုံအျမန္႐ိုက္ကူးဖို႔အတြက္ Laser autofocus ဟာ အေကာင္းဆုံးျဖစ္ပါတယ္။ ဓာတ္ပုံ႐ိုက္ကူးမယ့္အရာနဲ႔ ကင္မရာအၾကားက အကြာအေဝးကို တြက္ခ်က္ေပးဖို႔ အနီေအာက္ေရာင္ျခည္ ေလဆာေတြ အသုံးျပဳထားပါတယ္။

– Phase detection autofocus ကေတာ့ သုံးစြဲသူက ဓာတ္ပုံကို ႐ိုက္ကူးတဲ့အခါမွာ စိတ္တိုင္းမက်မခ်င္း ႐ိုက္ခ်က္တစ္ခုကို refocus ျပန္လည္ ျပဳလုပ္ေပးပါတယ္။

Auto-detection flash

စမတ္ဖုန္း ဓာတ္ပုံ႐ိုက္ကူးသူေတြ ေတာ္ေတာ္မ်ားမ်ားဟာ အလင္းအကန္႔အသတ္ရွိခ်ိန္မွာပဲ flash ကို အသုံးျပဳတတ္ၾကပါတယ္။ ကင္မရာေတာ္ေတာ္မ်ားမ်ားမွာ auto-detection flash ပါဝင္ၿပီး ညဘက္ပြဲ ဒါမွမဟုတ္ အလြန္ေမွာင္တဲ့ ပါတီေတြမွာ လိုအပ္မွပဲ flash ပြင့္လာမွ ျဖစ္ပါတယ္။

ကင္မရာမွာ “A” ဆိုတဲ့သေကၤတေဘးနာမွာ မိုးႀကိဳးပုံစံ flash icon ဟာ auto-detection flash option ျဖစ္ပါတယ္။ စမတ္ဖုန္းသုံးစြဲသူ ေတာ္ေတာ္မ်ားမ်ားက flash settings မွာ auto-detection flash ပါဝင္တာကို မသိၾကပါဘူး။

Filters

Filters ဟာ Instagram ဒါမွမဟုတ္ Snapchat အတြက္ camera option တစ္ခုလိုပါပဲ။ ဒါေပမဲ့ စမတ္ဖုန္း ကင္မရာေတာ္ေတာ္ မ်ားမ်ားမွာလည္း စံတစ္ခုအျဖစ္ ပါဝင္လာေနပါၿပီ။ Filters ကုိ camera settings ေတြကေန ေျပာင္းလဲအသုံးျပဳႏိုင္ၿပီး aged photos, vivid colors, sepia shots ဒါမွမဟုတ္ monochrome images လိုမ်ိဳး mode အမ်ိဳးမ်ိဳး ပါဝင္လာပါတယ္။

Portrait mode

တန္ဖိုးႀကီး စမတ္ဖုန္းထုတ္လုပ္သူေတြက Portrait mode နဲ႔ဓာတ္ပုံ႐ိုက္ကူးရာမွာ ထိေရာက္မႈရွိေအာင္ ယေန႔ေခတ္မွာ အသုံးျပဳေနပါတယ္။ Portrait mode မွာ effect ေတြမ်ားစြာ ပါဝင္ၿပီး မိုဘုိင္းဓာတ္ပုံေလာကအတြင္း bokeh effect ကုိေဖာ္ထုတ္ခဲ့ပါတယ္။

Apple လိုမ်ိဳး စမတ္ဖုန္းထုတ္လုပ္သူေတြကလည္း ပေရာ္ဖက္ရွင္နယ္ဓာတ္ပုံမွာ အသုံးျပဳေနၾကတဲ့ ဓာတ္ပုံစတိုင္လ္ေတြပါဝင္တဲ့ portrait-mode effect option ေတြကို တိုးခ်ဲ႕ဖို႔ ေဆာင္ရြက္ေနပါတယ္။

Burst mode

Burst mode နဲ႔ဓာတ္ပုံ႐ိုက္ကူးရတာ ေပ်ာ္စရာေကာင္းပါတယ္။ ပါပါရာဇီလို ဓာတ္ပုံ႐ိုက္ကူးရတဲ့ခံစားမႈ ရရွိေစပါတယ္။ စမတ္ဖုန္းအမ်ားစုမွာ ကင္မရာခလုတ္ကုိ ႏွိပ္ထားလိုက္တဲ့အခါမွာ ဓာတ္ပုံေတြ တစ္ပုံၿပီးတစ္ပုံ ဆက္တုိက္႐ိုက္ကူးသြားမွာျဖစ္ပါတယ္။ Samsung ထုတ္ကုန္ေတြမွာ သုံးစြဲသူေတြက single burst ႐ိုက္ခ်က္တစ္ခုတည္းနဲ႔ ဓာတ္ပုံေပါင္း ၁၀၀ ႐ိုက္ကူးႏိုင္ပါတယ္။ Burst mode ရဲ႕အားသာခ်က္က ႐ိုက္ၿပီးသား ဓာတ္ပုံေတြထဲက စိတ္ႀကိဳက္အျဖစ္ဆုံးပုံကုိ ေရြးထုတ္ႏိုင္ပါတယ္။ သုံးစြဲသူေတြက burst ႐ိုက္ခ်က္ေတြနဲ႔ ဓာတ္ပုံေတြကို loop လုပ္ၿပီး animation ကုိဖန္တီးႏိုင္ပါေသးတယ္။

စိုးထက္
Ref: BusinessInsider

=======================

[ Unicode ]

ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတစ်ယောက်လို ခံစားရစေမယ့် စမတ်ဖုန်းကင်မရာ feature (၁၀) မျိုး

=======================

တန်ဖိုးကြီးစမတ်ဖုန်းမှာပါဝင်တဲ့ ကင်မရာတွေဟာ ပရော်ဖက်ရှင်နယ်ကင်မရာတွေနီးပါးလောက် ကောင်းတယ်လို့ စမတ်ဖုန်း ကုမ္ပဏီအများစုက ပြောနေကြပါတယ်။

တန်ဖိုးကြီးစမတ်ဖုန်း တော်တော်များများရဲ့ဈေးနှုန်းက ဒေါ်လာ ၁,၀၀၀ နဲ့အထက်ရှိပါတယ်။ အဲဒီစမတ်ဖုန်းတွေမှာ သာမန်သုံးစွဲသူတွေ အသုံးပြုနိုင်တဲ့ အရည်အသွေးမြင့်ပြီး စွမ်းဆောင်ရည်အားကောင်းတဲ့ ကင်မရာတွေ ပါဝင်လာပါတယ်။

တချို့စမတ်ဖုန်းကင်မရာ feature တွေဟာ သုံးစွဲသူတွေက အကောင်းဆုံးရိုက်ချက်တွေကို အလိုအလျောက် ရိုက်နိုင်စေဖို့အတွက် အကူအညီပေးနိုင်ပါတယ်။ အချို့ feature တွေကိုတော့ activate လုပ်ဖို့လိုပေမယ့် ပုံမှန်အားဖြင့် ဖုန်းရဲ့ကင်မရာတွေကို အလွယ်တကူဖွင့်ပြီး အသုံးပြုနိုင်ပါတယ်။

ဒါကြောင့် သုံးစွဲသူအနေနဲ့ ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတစ်ယောက်လို့ ခံစားရစေမယ့် တန်ဖိုးကြီး စမတ်ဖုန်းတွေမှာပါဝင်တဲ့ ကင်မရာ feature တွေကို ဖော်ပြလိုက်ပါတယ်။

Dual-lens cameras

၂၀၁၆ ခုနှစ်အတွင်း iPhone 7 Plus ထွက်ရှိလာပြီးနောက်မှာ dual-lens ကင်မရာတွေဟာ မိုဘိုင်းဈေးကွက်မှာ အလွန်ရေပန်းစား လာပါတယ်။ iPhone မော်ဒယ်တချို့မှာလည်း ဒီ feature ပါဝင်လာပါတယ်။ ကုမ္ပဏီအမျိုးမျိုးကထုတ်လုပ်တဲ့ Android ထုတ်ကုန်တွေမှာလည်း မြင်တွေ့နေရပါပြီ။

ထုတ်ကုန်တစ်ခုချင်းစီပေါ်မူတည်ပြီး dual-camera setup တွေမှာ မတူညီတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာပါတယ်။ ထုတ်ကုန်တချို့ဖြစ်တဲ့ iPhone 7 Plus, iPhone 8 Plus နဲ့ iPhone X မှာ wide-angle lens နဲ့ telephoto lens တစ်ခုတို့ ပါဝင်လာပါတယ်။ ပထမ lens က ကျယ်ပြန့်တဲ့ ရှုခင်းရိုက်ကူးမှုကို ပြုလုပ်နိုင်ပြီး ဒုတိယ lens ကတော့ ကင်မရာ အတော်များများမှာပါဝင်တဲ့ digital zoom ထက် အရောင်ပိုမိုတောက်ပတဲ့ optical zoom ကို ရရှိစေပါတယ်။

Huawei Mate 10 လိုမျိုး အခြားထုတ်ကုန်တွေမှာ RGB color lens နဲ့ monochrome lens တို့ ပါဝင်လာပါတယ်။ ပထမ lens က အရောင်ပါတဲ့ ဓာတ်ပုံတွေမှာ depth နဲ့ အရောင်မှန်ကန်မှု ဖြစ်စေပြီး ဒုတိယကတော့ အဖြူအမည်း ဓာတ်ပုံတွေရဲ့ အသေးစိတ်ဖော်ပြမှု မြင့်မားသလို အရောင်ကို စိုပြည်စေပါတယ်။

Wide aperture

စမတ်ဖုန်းထုတ်လုပ်သူတွေဟာ မိုဘိုင်းဓာတ်ပုံရိုက်ကူးမှုတိုးတက်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား ဆောင်ရွက်ခဲ့ကြပြီး စမတ်ဖုန်းပေါ်က aperture ကို တိုးချဲ့နေပါတယ်။ Aperture ဆိုတာ ကင်မရာ lens အတွင်း အလင်းဘယ်လောက်ဝင်သလဲဆိုတာကို ရည်ညွှန်းတာဖြစ်ပါတယ်။ ကင်မရာ lens မှာ အလင်းဝင်တာများရင် ရောင်စုံဓာတ်ပုံတွေဟာ ပိုမိုတိကျ၊ အသေးစိတ်ပြီး အရောင်အသွေးစုံပါတယ်။ ကင်မရာပေါ်က Wide aperture ဟာ အလင်းအားနည်းတဲ့ နေရာမှာ ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ ဓာတ်ပုံကောင်းကောင်း ရိုက်ကူးနိုင်အောင် အထောက်အပံ့ပေးပါတယ်။

High dynamic range (HDR)

စမတ်ဖုန်းကင်မရာတွေပေါ်က High dynamic range (HDR) mode တွေကို အသုံးပြုပြီး motion blur နဲ့ highlights, noise reduction နဲ့ brightened shadows စတဲ့ အရာတွေအပါအဝင် tweak တော်တော်များများနဲ့ အရည်အသွေးမြင့် ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ပါတယ်။

HDR ဟာအ ထူးခြားဆုံး ဓာတ်ပုံတစ်ပုံထဲမှာ ရိုက်ချက်တွေအမျိုးမျိုး ပါဝင်ပြီး အရောင်အသေးစိတ်ကအစ ပေါ်လွင်စေပါတယ်။

HDR settings တွေကို ကောင်းကင်နဲ့ ပြင်ပရှုခင်း၊ သဘာဝမြင်ကွင်း အမျိုးမျိုးကို ရိုက်ကူးရာမှာ အသုံးပြုပါတယ်။ HDR ကို ညဘက်တွေမှာ ဓာတ်ပုံရိုက်ကူးတဲ့အခါအသုံးပြုသလို အမှောင်ထူထဲတဲ့ ဧရိယာအတွင်း ဓာတ်ပုံရိုက်ကူးတဲ့အခါမှာလည်း အသုံးပြုပါတယ်။ HDR ကို ကင်မရာ app ရဲ့ အဓိကမျက်နှာပြင်မှာ မြင်တွေ့နိုင်ပြီး အခြားစမတ်ဖုနး်တွေမှာ auto-HDR set တွေ ပါဝင်လာပါတယ်။

Optical image stabilization (OIS)

Optical image stabilization (OIS) ကို ယနေ့ခေတ် စမတ်ဖုန်းတွေမှာ မြင်တွေ့နေရပါပြီ။ စမတ်ဖုန်းထုတ်လုပ်သူတွေက ဗီဒီယိုတွေအတွက် OIS နဲ့ပတ်သက်ပြီး ပြောဆိုနေကြပါတယ်။ OIS ဟာ ထုတ်ကုန်တွေ တော်တော်များများက စံသတ်မှတ်ချက်တစ်ခုဖြစ်ပြီး ဓာတ်ပုံအတွင်း လှုပ်ရှားမှုတွေကို ရိုက်ကူးရာမှာ အထောက်အပံ့ပေးပါတယ်။

စမတ်ဖုန်းထုတ်လုပ်သူတွေဟာ မိုဘိုင်းကင်မရာတွေမှာ OIS ကို တိုးတက်အောင် ဆောင်ရွက်နေတဲ့အတွက် သုံးစွဲသူတွေက ပထမဆုံးအကြိမ်အဖြစ် ထူးခြားတဲ့ ရိုက်ချက်တွေကို ရရှိစေပါတယ်။

High-resolution video

စမတ်ဖုန်းတွေပေါ်မှာ ခေတ်စားနေတဲ့ အခြား feature တစ်ခုက high-resolution video ဖြစ်ပါတယ်။ အဲဒီ feature က စမတ်ဖုန်းနဲ့ တီဗီ ဒါမှမဟုတ် ပရော်ဖက်ရှင်နယ်ဗီဒီယိုကင်မရာတွေမှာ မြင်တွေ့ရတဲ့ အရည်အသွေးမြင့် ရုပ်ထွက်တွေအတိုင်း playback ဗီဒီယိုကြည့်နိုင်သလို ဗီဒီယို မှတ်တမ်းတင်နိုင်ပါတယ်။ Apple, Samsung, Sony နဲ့အခြားကုမ္ပဏီတွေ ထုတ်တဲ့ စမတ်ဖုန်းတော်တော်များများဟာ 4K (3840 x 2160) ရုပ်ထွက်အရည်အသွေး playback ဗီဒီယိုတွေကြည့်နိုင်သလို မှတ်တမ်းတင်နိုင်ပါတယ်။

Autofocus

Autofocus ဟာ ယနေ့ခေတ်ရဲ့ စမတ်ဖုန်း ကင်မရာတွေမှာ အတွေ့ရအများဆုံးဖြစ်တဲ့ feature တွေထဲက တစ်ခု ဖြစ်ပါတယ်။

ကင်မရာတွေမှာ အမြင်အတွေ့ရဆုံးဖြစ်တဲ့ autofocus ၃ ခုထဲမှာ contrast detection autofocus, laser autofocus နဲ့ phase detection autofocus တို့ပါဝင်ပါတယ်။ စမတ်ဖုန်းတွေမှာ အဲဒီနည်းပညာ ၃ ခုစလုံး မပါဝင်ရင်တောင်မှာ ပေါင်းစပ်ပြီး အသုံးပြုတတ်ပါတယ်။

– Contrast detection autofocus ဟာ ဓာတ်ပုံရိုက်ကူးမှုမှာ အကောင်းဆုံး feature ဖြစ်ပါတယ်။ ဓာတ်ပုံတစ်ပုံအတွင်း အလင်းနဲ့အမှောင် ဘယ်လောက်လိုလဲဆိုတာကို သိမြင်ပြီး အရိပ်တွေကို ထင်သာအောင် ဖော်ပြပေးနိုင်ပါတယ်။

– သုံးစွဲသူတွေက ကင်မရာကို တည်တည်ငြိမ်ငြိမ်ကိုင်ထားဖို့ အချိန်မရှိတဲ့အခါမှာ ဓာတ်ပုံအမြန်ရိုက်ကူးဖို့အတွက် Laser autofocus ဟာ အကောင်းဆုံးဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ကူးမယ့်အရာနဲ့ ကင်မရာအကြားက အကွာအဝေးကို တွက်ချက်ပေးဖို့ အနီအောက်ရောင်ခြည် လေဆာတွေ အသုံးပြုထားပါတယ်။

– Phase detection autofocus ကတော့ သုံးစွဲသူက ဓာတ်ပုံကို ရိုက်ကူးတဲ့အခါမှာ စိတ်တိုင်းမကျမချင်း ရိုက်ချက်တစ်ခုကို refocus ပြန်လည် ပြုလုပ်ပေးပါတယ်။

Auto-detection flash

စမတ်ဖုန်း ဓာတ်ပုံရိုက်ကူးသူတွေ တော်တော်များများဟာ အလင်းအကန့်အသတ်ရှိချိန်မှာပဲ flash ကို အသုံးပြုတတ်ကြပါတယ်။ ကင်မရာတော်တော်များများမှာ auto-detection flash ပါဝင်ပြီး ညဘက်ပွဲ ဒါမှမဟုတ် အလွန်မှောင်တဲ့ ပါတီတွေမှာ လိုအပ်မှပဲ flash ပွင့်လာမှ ဖြစ်ပါတယ်။

ကင်မရာမှာ “A” ဆိုတဲ့သင်္ကေတဘေးနာမှာ မိုးကြိုးပုံစံ flash icon ဟာ auto-detection flash option ဖြစ်ပါတယ်။ စမတ်ဖုန်းသုံးစွဲသူ တော်တော်များများက flash settings မှာ auto-detection flash ပါဝင်တာကို မသိကြပါဘူး။

Filters

Filters ဟာ Instagram ဒါမှမဟုတ် Snapchat အတွက် camera option တစ်ခုလိုပါပဲ။ ဒါပေမဲ့ စမတ်ဖုန်း ကင်မရာတော်တော် များများမှာလည်း စံတစ်ခုအဖြစ် ပါဝင်လာနေပါပြီ။ Filters ကို camera settings တွေကနေ ပြောင်းလဲအသုံးပြုနိုင်ပြီး aged photos, vivid colors, sepia shots ဒါမှမဟုတ် monochrome images လိုမျိုး mode အမျိုးမျိုး ပါဝင်လာပါတယ်။

Portrait mode

တန်ဖိုးကြီး စမတ်ဖုန်းထုတ်လုပ်သူတွေက Portrait mode နဲ့ဓာတ်ပုံရိုက်ကူးရာမှာ ထိရောက်မှုရှိအောင် ယနေ့ခေတ်မှာ အသုံးပြုနေပါတယ်။ Portrait mode မှာ effect တွေများစွာ ပါဝင်ပြီး မိုဘိုင်းဓာတ်ပုံလောကအတွင်း bokeh effect ကိုဖော်ထုတ်ခဲ့ပါတယ်။

Apple လိုမျိုး စမတ်ဖုန်းထုတ်လုပ်သူတွေကလည်း ပရော်ဖက်ရှင်နယ်ဓာတ်ပုံမှာ အသုံးပြုနေကြတဲ့ ဓာတ်ပုံစတိုင်လ်တွေပါဝင်တဲ့ portrait-mode effect option တွေကို တိုးချဲ့ဖို့ ဆောင်ရွက်နေပါတယ်။

Burst mode

Burst mode နဲ့ဓာတ်ပုံရိုက်ကူးရတာ ပျော်စရာကောင်းပါတယ်။ ပါပါရာဇီလို ဓာတ်ပုံရိုက်ကူးရတဲ့ခံစားမှု ရရှိစေပါတယ်။ စမတ်ဖုန်းအများစုမှာ ကင်မရာခလုတ်ကို နှိပ်ထားလိုက်တဲ့အခါမှာ ဓာတ်ပုံတွေ တစ်ပုံပြီးတစ်ပုံ ဆက်တိုက်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ Samsung ထုတ်ကုန်တွေမှာ သုံးစွဲသူတွေက single burst ရိုက်ချက်တစ်ခုတည်းနဲ့ ဓာတ်ပုံပေါင်း ၁၀၀ ရိုက်ကူးနိုင်ပါတယ်။ Burst mode ရဲ့အားသာချက်က ရိုက်ပြီးသား ဓာတ်ပုံတွေထဲက စိတ်ကြိုက်အဖြစ်ဆုံးပုံကို ရွေးထုတ်နိုင်ပါတယ်။ သုံးစွဲသူတွေက burst ရိုက်ချက်တွေနဲ့ ဓာတ်ပုံတွေကို loop လုပ်ပြီး animation ကိုဖန်တီးနိုင်ပါသေးတယ်။

စိုးထက်
Ref: BusinessInsider