ပို႔ေဆာင္ေရးႏွင့္ သတင္းအခ်က္အလက္ နည္းပညာဆိုင္ရာ ေပါင္းစပ္ညႇိႏႈိင္းေရးအဖြဲ႕၏ ဒုတိယအႀကိမ္ အစည္းအေဝး က်င္းပ

[ Zawgyi ]

ပို႔ေဆာင္ေရးႏွင့္ သတင္းအခ်က္အလက္ နည္းပညာဆိုင္ရာ ေပါင္းစပ္ညႇိႏႈိင္းေရးအဖြဲ႕(Transport and ICT Sector Coordination Group) ရဲ႕ဒုတိယအႀကိမ္ အစည္းအေဝးကို ေဖေဖာ္ဝါရီလ ၆ ရက္ နံနက္ပိုင္းက ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာနမွာ က်င္းပျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

အစည္းအေဝးမွာ လုပ္ငန္းအဖြဲ႕ရဲ႕ ပထမအႀကိမ္အစည္းအေဝးမွ ေဆြးေႏြးခ်က္ရလဒ္မ်ား၊ လုပ္ငန္းအဖြဲ႕ဝင္သစ္ အမည္စာရင္းမ်ား အတည္ျပဳျခင္းမ်ား၊ ဖြံ႕ၿဖိဳးမႈ မိတ္ဖက္မ်ားျဖင့္ ပူးေပါင္းေဆာင္ရြက္လ်က္ရွိတဲ့ ေဆာင္ရြက္ဆဲနဲ႔ ဆက္လက္ေဆာင္ရြက္မယ့္ စီမံကိန္းမ်ားအား ႏွစ္ဖက္အျပန္အလွန္ ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။
အစည္းအေဝးကို ဒုတိယဝန္ႀကီးမ်ား၊ ပို႔ေဆာင္ေရးႏွင့္ သတင္းအခ်က္အလက္ နည္းပညာဆိုင္ရာ ေပါင္းစပ္ညွိႏိႈင္းေရးအဖြဲ႕ဝင္မ်ားျဖစ္ၾကတဲ့ ဌာနအသီးသီးမွ တာ၀န္ရွိသူမ်ား၊ ဖြံ႕ၿဖိဳးမႈ မိတ္ဖက္မ်ားျဖစ္ၾကတဲ့ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔ သမၼတႏုိင္ငံသံ႐ံုး၊ အိႏၵိယႏုိင္ငံသံ႐ံုး၊ ဂ်ပန္ႏိုင္ငံသံ႐ံုး၊ အေမရိကန္ႏုိင္ငံသံ႐ံုး၊ ADB, JICA, UNOPS, World Bank, WFP, MAF, MCRB အဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ား တက္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။

ပို႔ေဆာင္ေရးႏွင့္ သတင္းအခ်က္အလက္ နည္းပညာဆိုင္ရာ ေပါင္းစပ္ညွိႏႈိင္းေရးအဖြဲ႕အစည္းမွာ ျပည္ေထာင္စုဝန္ႀကီးက ဥကၠ႒အျဖစ္လည္းေကာင္း၊ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာနနဲ႔ ေဆာက္လုပ္ေရး ဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီးမ်ားက ဒုတိယဥကၠ႒အျဖစ္လည္းေကာင္း၊ ဌာနဆိုင္ရာ ကိုယ္စားလွယ္ (၂၈) ဦး၊ ဖြံ႕ၿဖိဳးမႈမိတ္ဖက္ (၁၃) ဦး၊ စုစုေပါင္း (၄၁) ဦးနဲ႔ ဖြဲ႕စည္းထားတဲ့ အဖြဲ႕တစ္ဖြဲ႕ ျဖစ္တယ္လို႔ သိရပါတယ္။

-ေက်ာ္ေဇယ်

[ Unicode ]

ပို့ဆောင်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့(Transport and ICT Sector Coordination Group) ရဲ့ဒုတိယအကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီလ ၆ ရက် နံနက်ပိုင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးမှာ လုပ်ငန်းအဖွဲ့ရဲ့ ပထမအကြိမ်အစည်းအဝေးမှ ဆွေးနွေးချက်ရလဒ်များ၊ လုပ်ငန်းအဖွဲ့ဝင်သစ် အမည်စာရင်းများ အတည်ပြုခြင်းများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ ဆောင်ရွက်ဆဲနဲ့ ဆက်လက်ဆောင်ရွက်မယ့် စီမံကိန်းများအား နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အစည်းအဝေးကို ဒုတိယဝန်ကြီးများ၊ ပို့ဆောင်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဝင်များဖြစ်ကြတဲ့ ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များဖြစ်ကြတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံး၊ အိန္ဒိယနိုင်ငံသံရုံး၊ ဂျပန်နိုင်ငံသံရုံး၊ အမေရိကန်နိုင်ငံသံရုံး၊ ADB, JICA, UNOPS, World Bank, WFP, MAF, MCRB အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ပို့ဆောင်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အစည်းမှာ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများက ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဌာနဆိုင်ရာ ကိုယ်စားလှယ် (၂၈) ဦး၊ ဖွံ့ဖြိုးမှုမိတ်ဖက် (၁၃) ဦး၊ စုစုပေါင်း (၄၁) ဦးနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်တယ်လို့ သိရပါတယ်။