ပထမလအတြင္း Redmi Note 7 အလုံးေရ ၁သန္းအထိ ေရာင္းခ်ႏိုင္ဖို႔ Xiaomi ပစ္မွတ္ထား

[Zawgyi]

ေက်ာဘက္ကင္မရာ 48 megapixel နဲ႔ Snapdragon 660 chipset ပါဝင္ၿပီး ေဒၚလာ ၁၅၀ နဲ႔ေရာင္းခ်မယ့္ Redmi Note 7 ကုိ ၿပီးခဲ့တဲ့အပတ္က Xiaomi က မိတ္ဆက္ခဲ့ပါတယ္။ ဖုန္းကုိ ဇန္နဝါရီလ ၁၈ ရက္မွာ စတင္ေရာင္းခ်မွာ ျဖစ္ပါတယ္။ Redmi Noet 7 ဖုန္းကုိ ဇန္နဝါရီလ အကုန္မွာ အလုံးေရ ၁ သန္းအထိ ေရာင္းခ်ဖို႔ ရည္မွန္းထားတယ္လို႔ Redmi ထုတ္ကုန္မန္ေနဂ်ာက ယုံၾကည္မႈအျပည့္နဲ႔ ေၾကညာခဲ့ပါတယ္။

Redmi ဟာ Weibo မွာ ဖုန္းသစ္နဲ႔ပတ္သက္တဲ့ သုံးသပ္ခ်က္ကို ေဖာ္ျပထားပါေသးတယ္။ မၾကာခင္မွာ ျပဳလုပ္မယ့္ သတ္မွတ္ခ်ိန္အတြင္း အြန္လိုင္းက ထုတ္ကုန္ေရာင္းခ်တဲ့ flash ေရာင္းခ်မႈ ၂ ခု ဒါမွမဟုတ္ ၃ ခု အတြင္း ထုတ္ကုန္ ၁ သန္းကုိ ေရာင္းခ်သြားမယ္လို႔ Redmi ထုတ္ကုန္မန္ေနဂ်ာ ဝမ္တန္ကေျပာခဲ့ပါတယ္။
Redmi Note 7 ကို အေရာင္ ၃ မ်ိဳးနဲ႔ memory ၃ ခုနဲ႔ ထုတ္လုပ္မွာ ျဖစ္ပါတယ္။ ေဒၚလာ ၁၅၀ တန္ဖိုးရွိ Redmi Note 7 မွာ 3/32GB memory ပါဝင္လာၿပီး ေဒၚလာ ၂၁၀ တန္ Redmi Note 7 မွာေတာ့ 6/64GB memory ပါဝင္ပါတယ္။

စိုးထက္
Ref: GSMArena

[Unicode]

ကျောဘက်ကင်မရာ 48 megapixel နဲ့ Snapdragon 660 chipset ပါဝင်ပြီး ဒေါ်လာ ၁၅၀ နဲ့ရောင်းချမယ့် Redmi Note 7 ကို ပြီးခဲ့တဲ့အပတ်က Xiaomi က မိတ်ဆက်ခဲ့ပါတယ်။ ဖုန်းကို ဇန်နဝါရီလ ၁၈ ရက်မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ Redmi Noet 7 ဖုန်းကို ဇန်နဝါရီလ အကုန်မှာ အလုံးရေ ၁ သန်းအထိ ရောင်းချဖို့ ရည်မှန်းထားတယ်လို့ Redmi ထုတ်ကုန်မန်နေဂျာက ယုံကြည်မှုအပြည့်နဲ့ ကြေညာခဲ့ပါတယ်။

Redmi ဟာ Weibo မှာ ဖုန်းသစ်နဲ့ပတ်သက်တဲ့ သုံးသပ်ချက်ကို ဖော်ပြထားပါသေးတယ်။ မကြာခင်မှာ ပြုလုပ်မယ့် သတ်မှတ်ချိန်အတွင်း အွန်လိုင်းက ထုတ်ကုန်ရောင်းချတဲ့ flash ရောင်းချမှု ၂ ခု ဒါမှမဟုတ် ၃ ခု အတွင်း ထုတ်ကုန် ၁ သန်းကို ရောင်းချသွားမယ်လို့ Redmi ထုတ်ကုန်မန်နေဂျာ ဝမ်တန်ကပြောခဲ့ပါတယ်။
Redmi Note 7 ကို အရောင် ၃ မျိုးနဲ့ memory ၃ ခုနဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဒေါ်လာ ၁၅၀ တန်ဖိုးရှိ Redmi Note 7 မှာ 3/32GB memory ပါဝင်လာပြီး ဒေါ်လာ ၂၁၀ တန် Redmi Note 7 မှာတော့ 6/64GB memory ပါဝင်ပါတယ်။

စိုးထက်
Ref: GSMArena