ပထမဆုံးေသာ Punch Hole Display Screen အသုံးျပဳထားတဲ့ Huawei Nova 4 ကို ႀကိဳတင္မွာယူႏုိင္

[ Zawgyi ]

ပထမဆုံးေသာ Punch Hole Display Screen အသုံးျပဳထားတဲ့ Huawei Nova 4 ကို ေဖေဖာ္၀ါရီလ ၁၄ ရက္၊ ျပည္တြင္းေစ်းကြက္မွာ စတင္ဝယ္ယူႏုိင္မည္ျဖစ္ၿပီး ေဖေဖာ္ဝါရီလ ၁ ရက္မွ ၁၃ ရက္အတြင္း ႀကိဳတင္မွာယူႏုိင္မွာျဖစ္ပါတယ္။ အဆိုပါ Nova 4 စမတ္ဖုန္းကို အေရာင္အေနနဲ႔ ခရမ္း-အျပာေရာင္ေျပး (Crush Bluse) နဲ႔ အနက္ အေရာင္ႏွစ္မ်ဳိး ရရွိႏုိင္မွာျဖစ္ၿပီး ေစ်းႏႈန္းအေနနဲ႔ Huawei Nova 4 နဲ႔ Huawei GT Watch တြဲလ်က္ကို ၈၅၉,ဝဝဝ က်ပ္နဲ႔ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။ Huawei Nova 4 ကို ႀကိဳတင္မွာယူသူမ်ားအေနနဲ႔ Dior အမွတ္တံဆိပ္ ႏႈတ္ခမ္းနီကို ထပ္မံရရွိႏုိင္မယ္လို႔ သိရပါတယ္။

Huawei Nova 4 ဟာ Ultra-Wide Angel Lens ပါ၀င္လာတဲ့ Huawei ရဲ႕ ပထမဆုံးေသာ Mid-Range စမတ္ဖုန္းျဖစ္ပါတယ္။ ျမင္ကြင္းအရြယ္အစား ၆.၄ လက္မရွိတဲ့ Punch Hole Display ကို အသုံးျပဳထားၿပီး ကိုယ္ထည္မွာ Screen ပါ၀င္မႈႏႈန္း ၈၆ ရာခုိင္ႏႈန္းရွိမွာ ျဖစ္ပါတယ္။ 10 nm Hisiloicon Kirin 970 chip ကို အသုံးျပဳထားၿပီး RAM 8GB နဲ႔ Internal သိုေလွာင္ႏုိင္မႈပမာဏ 128 GB ပါ၀င္ပါတယ္။ Huawei P20 Pro ကဲ့သုိ႔ 48 MP (f/1.8) + 16 MP (f/2.2) + 2MP (f/2.4) ေက်ာဘက္ကင္မရာ ၃ လုံးပါ၀င္ၿပီး ေရွ႕ဘက္ကင္မရာကေတာ့ 25 MP (f/2.0) AI Selfie ကင္မရာအမ်ဳိးအစား ျဖစ္ပါတယ္။ OS အေနနဲ႔ Huawei EMUI 9.0 ကို အသုံးျပဳထားၿပီး ဘက္ထရီကေတာ့ Li-Po 3750 mAh ပါ၀င္မွာျဖစ္ပါတယ္။

ႀကိဳတင္မွာယူလိုသူေတြအေနနဲ႔ ေအာက္ေဖာ္ျပပါ Link ကေန မွာယူႏုိင္မယ့္ ဆုိင္စာရင္းကို ၾကည့္႐ႈႏုိင္မွာ ျဖစ္ပါတယ္။

ဆိုင္စာရင္း

-ရဲထြဋ္ဝင္း

[ Unicode ]

ပထမဆုံးသော Punch Hole Display Screen အသုံးပြုထားတဲ့ Huawei Nova 4 ကို ဖေဖော်ဝါရီလ ၁၄ ရက်၊ ပြည်တွင်းစျေးကွက်မှာ စတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက်မှ ၁၃ ရက်အတွင်း ကြိုတင်မှာယူနိုင်မှာဖြစ်ပါတယ်။ အဆိုပါ Nova 4 စမတ်ဖုန်းကို အရောင်အနေနဲ့ ခရမ်း-အပြာရောင်ပြေး (Crush Bluse) နဲ့ အနက် အရောင်နှစ်မျိုး ရရှိနိုင်မှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ Huawei Nova 4 နဲ့ Huawei GT Watch တွဲလျက်ကို ၈၅၉,ဝဝဝ ကျပ်နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ Huawei Nova 4 ကို ကြိုတင်မှာယူသူများအနေနဲ့ Dior အမှတ်တံဆိပ် နှုတ်ခမ်းနီကို ထပ်မံရရှိနိုင်မယ်လို့ သိရပါတယ်။

Huawei Nova 4 ဟာ Ultra-Wide Angel Lens ပါ၀င်လာတဲ့ Huawei ရဲ့ ပထမဆုံးသော Mid-Range စမတ်ဖုန်းဖြစ်ပါတယ်။ မြင်ကွင်းအရွယ်အစား ၆.၄ လက်မရှိတဲ့ Punch Hole Display ကို အသုံးပြုထားပြီး ကိုယ်ထည်မှာ Screen ပါ၀င်မှုနှုန်း ၈၆ ရာခိုင်နှုန်းရှိမှာ ဖြစ်ပါတယ်။ 10 nm Hisiloicon Kirin 970 chip ကို အသုံးပြုထားပြီး RAM 8GB နဲ့ Internal သိုလှောင်နိုင်မှုပမာဏ 128 GB ပါ၀င်ပါတယ်။ Huawei P20 Pro ကဲ့သို့ 48 MP (f/1.8) + 16 MP (f/2.2) + 2MP (f/2.4) ကျောဘက်ကင်မရာ ၃ လုံးပါ၀င်ပြီး ရှေ့ဘက်ကင်မရာကတော့ 25 MP (f/2.0) AI Selfie ကင်မရာအမျိုးအစား ဖြစ်ပါတယ်။ OS အနေနဲ့ Huawei EMUI 9.0 ကို အသုံးပြုထားပြီး ဘက်ထရီကတော့ Li-Po 3750 mAh ပါ၀င်မှာဖြစ်ပါတယ်။

ကြိုတင်မှာယူလိုသူတွေအနေနဲ့ အောက်ဖော်ပြပါ Link ကနေ မှာယူနိုင်မယ့် ဆိုင်စာရင်းကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဆိုင်စာရင်း