ပညာေရးဆိုင္ရာ ဝန္ေဆာင္မႈလုပ္ငန္းမ်ားအတြက္ ပူးေပါင္းေဆာင္ရြက္ေပးလ်က္ရွိ

[ Zawgyi ]

ပညာေရးဆိုင္ရာ ဝန္ေဆာင္မႈ လုပ္ငန္းေတြကုိ ေဆာင္႐ြက္ခြင့္ျပဳဖို႔အတြက္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္မွတစ္ဆင့္ ေပးပို႔ေလၽွာက္ထားလာေသာ ကိစၥရပ္ေတြအေပၚ ဝန္ႀကီးဌာနအေနနဲ႔ စိစစ္ေပးျခင္း၊ အႀကံျပဳခ်က္ေပးျခင္းေတြကို ပူးေပါင္းေဆာင္႐ြက္လ်က္ ရွိတယ္လုိ႔ သိရပါတယ္။

” ဝန္ႀကီးဌာနအေနျဖင့္ ျမန္မာ့ပညာေရးက႑တြင္ ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံမႈကိုလည္း ႀကိဳဆိုလက္ခံၿပီး ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္မွတစ္ဆင့္ ေပးပို႔ေလၽွာက္ထားလာတဲ့ ပညာေရး ဝန္ေဆာင္မႈဆိုင္ရာ လုပ္ငန္းေတြနဲ႔ စပ္လ်ဥ္းၿပီး ဥပေဒ၊ နည္းဥပေဒ၊ စည္းမ်ဥ္းစည္းကမ္း၊ လုပ္ထုံးလုပ္နည္းေတြနဲ႔ ကိုက္ညီပါက ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံဖို႔ ေထာက္ခံေဆာင္႐ြက္ၿပီး အခ်က္အလက္ေတြနဲ႔ ကိုက္ညီမႈရွိ /မရွိတို႔ကို စိစစ္ေဆာင္႐ြက္ေပးလ်က္ရွိပါေၾကာင္း၊ ႏိုင္ငံတကာမွာလည္း ပုဂၢလိကေက်ာင္းေတြနဲ႔ ပတ္သက္ၿပီး ေဆာင္႐ြက္ေနတဲ့ စိစစ္အကဲျဖတ္ေနေသာ အခ်က္အလက္ေတြကို ျမန္မာႏိုင္ငံ၏ယဥ္ေက်းမႈ၊ ျမန္မာႏိုင္ငံ၏လူမႈစီးပြားဖြံ႔ၿဖိဳးတိုးတက္မႈကို အေထာက္ အကူျပဳမည့္အခ်က္အလက္မ်ားကို စိစစ္ၿပီး အခ်က္ ၁၂ ခ်က္ႏွင့္ အညီ စိစစ္ေဆာင္႐ြက္လ်က္ ရွိပါေၾကာင္း ” ပညာေရး ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမိ်ဳးသိမ္းႀကီးက ဒီဇင္ဘာလ ၅ ရက္ေန႔တြင္ က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွာ ေျပာၾကားခဲ့ပါတယ္။

ေလၽွာက္ထားလာေသာ ေက်ာင္းေတြကိုလည္း ပညာေရးဝန္ႀကီးဌာနအေနနဲ႔ စိစစ္လ်က္ရွိၿပီး ပုဂၢလိကေက်ာင္းဥပေဒကို အတည္ျပဳ ျပ႒ာန္းႏိုင္ေရးအတြက္ ေဆာင္႐ြက္လ်က္ရွိတယ္လုိ႔ သိရပါတယ္။

ယခု လက္ရွိဖြင့္လွစ္ထားတဲ့ ပုဂၢလိကသင္တန္းေက်ာင္းေတြ၊ ပညာေရးဝန္ေဆာင္မႈ လုပ္ငန္းေတြနဲ႔ ျပည္ပတကၠသိုလ္ သို႔မဟုတ္ ပညာေရးဆိုင္ရာအဖြဲ႕အစည္းေတြဟာ ပညာေရးဝန္ႀကီးဌာနနဲ႔ သက္ဆိုင္တဲ့ ဥပေဒမ်ားအရ ခြင့္ျပဳထားျခင္းမ်ဳိးမဟုတ္ဘဲ ကုမၸဏီမွတ္ပုံတင္ဥပေဒနဲ႔ နည္းဥပေဒအရစီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၊ ကုမၸဏီမ်ား ၫႊန္ၾကားမႈဦးစီးဌာနတြင္ပညာေရး၀န္ေဆာင္မႈလုပ္ငန္းကုမၸဏီအျဖစ္ မွတ္ပုံတင္ၿပီး ဖြင့္လွစ္ခြင့္ျပဳထားတဲ့ေက်ာင္းေတြ ျဖစ္တယ္လုိ႔ ေဒါက္တာမ်ိဳးသိမ္းႀကီး ကဆက္လက္ေျပာၾကား ခဲ့ပါတယ္။

-သႏၲာ

[ Unicode ]

ပညာရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းတွေကို ဆောင်ရွက်ခွင့်ပြုဖို့အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှတစ်ဆင့် ပေးပို့လျှောက်ထားလာသော ကိစ္စရပ်တွေအပေါ် ဝန်ကြီးဌာနအနေနဲ့ စိစစ်ပေးခြင်း၊ အကြံပြုချက်ပေးခြင်းတွေကို ပူးပေါင်းဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

” ဝန်ကြီးဌာနအနေဖြင့် မြန်မာ့ပညာရေးကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကိုလည်း ကြိုဆိုလက်ခံပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှတစ်ဆင့် ပေးပို့လျှောက်ထားလာတဲ့ ပညာရေး ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းတွေနဲ့ စပ်လျဉ်းပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီပါက ပုဂ္ဂလိကရင်းနှီးမြှုပ်နှံဖို့ ထောက်ခံဆောင်ရွက်ပြီး အချက်အလက်တွေနဲ့ ကိုက်ညီမှုရှိ /မရှိတို့ကို စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတကာမှာလည်း ပုဂ္ဂလိကကျောင်းတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ စိစစ်အကဲဖြတ်နေသော အချက်အလက်တွေကို မြန်မာနိုင်ငံ၏ယဉ်ကျေးမှု၊ မြန်မာနိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုမည့်အချက်အလက်များကို စိစစ်ပြီး အချက် ၁၂ ချက်နှင့် အညီ စိစစ်ဆောင်ရွက်လျက် ရှိပါကြောင်း ” ပညာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

လျှောက်ထားလာသော ကျောင်းတွေကိုလည်း ပညာရေးဝန်ကြီးဌာနအနေနဲ့ စိစစ်လျက်ရှိပြီး ပုဂ္ဂလိကကျောင်းဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ယခု လက်ရှိဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကသင်တန်းကျောင်းတွေ၊ ပညာရေးဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ပြည်ပတက္ကသိုလ် သို့မဟုတ် ပညာရေးဆိုင်ရာအဖွဲ့အစည်းတွေဟာ ပညာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့ ဥပဒေများအရ ခွင့်ပြုထားခြင်းမျိုးမဟုတ်ဘဲ ကုမ္ပဏီမှတ်ပုံတင်ဥပဒေနဲ့ နည်းဥပဒေအရစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင်ပညာရေးဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီအဖြစ် မှတ်ပုံတင်ပြီး ဖွင့်လှစ်ခွင့်ပြုထားတဲ့ကျောင်းတွေ ဖြစ်တယ်လို့ ဒေါက်တာမျိုးသိမ်းကြီး ကဆက်လက်ပြောကြား ခဲ့ပါတယ်။