ပညာသင္ၾကားေနၾကေသာ ေက်ာင္းသား၊ ေက်ာင္းသူဦးေရသည္ လက္ရွိ ျမန္မာႏိုင္ငံလူဦးေရ စုစုေပါင္း၏၂၀ ရာခုိင္ႏႈန္းခန္႔ရွိ

[ Zawgyi ]

၂၀၁၈ ခုႏွစ္ စာရင္းမ်ားအရ ျမန္မာႏိုင္ငံတစ္၀န္းမွာ ပညာသင္ၾကားေနၾကတဲ့ ေက်ာင္းသား၊ ေက်ာင္းသူ ဦးေရသည္ လက္ရွိျမန္မာႏိုင္ငံလူဦးေရ စုစုေပါင္း၏ ၂၀ ရာခုိင္ႏႈန္းခန္႔ရွိတယ္လို႔ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာခဲ့ပါတယ္။

ဇြန္ ၁၂ ရက္ကျပဳလုပ္တဲ့ က်န္းမာေရးအဆင့္ျမႇင့္ ေက်ာင္းလုပ္ငန္းမ်ား အရွိန္အဟုန္ျမႇင့္တင္ေရး အမ်ိဳးသား အဆင့္ ႏွီးေႏွာဖလွယ္ပြဲမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အေျခခံ ပညာေက်ာင္းေပါင္း ၄၇,၀၀၅ ေက်ာင္း၊ ဘုန္း ေတာ္ႀကီးသင္ ပညာေရးေက်ာင္းေပါင္း ၁၅၂၇ ေက်ာင္းနဲ႔ အေျခခံပညာေက်ာင္းသား ေက်ာင္းသူေပါင္း ၉,၁၄၄,၄၆၉ ဦး၊ ဘုန္းေတာ္ႀကီး ေက်ာင္းမ်ားတြင္ ပညာသင္ၾကားေနသည့္ ေက်ာင္းသား၊ ေက်ာင္းသူေပါင္း ၃၀၉,၉၃၈ ဦးရွိသည့္အျပင္ ပုဂၢလိကေက်ာင္းမ်ားတြင္ ပညာသင္ၾကားေန ၾကသည့္ ေက်ာင္းသား၊ ေက်ာင္းသူ ဦးေရသည္ လက္ရွိျမန္မာႏိုင္ငံလူဦးေရ စုစုေပါင္း၏ ၂၀ ရာခိုင္ႏႈန္းခန္႔ရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ၀ိဇၨာ၊ သိပၸံ တကၠသိုလ္မ်ား၊ နည္းပညာတကၠသိုလ္မ်ား၊ ပညာေရးတကၠသိုလ္မ်ား၊ ေဆးဘက္ဆိုင္ရာ တကၠသိုလ္မ်ား၊ အျခား၀န္ႀကီးဌာန လက္ေအာက္ရွိ တကၠသိုလ္မ်ား၊ သင္တန္းေက်ာင္းမ်ားတြင္ ေက်ာင္းသား ေက်ာင္းသူမ်ား ပညာသင္ၾကားလ်က္ရွိတယ္လို႔ ဆိုပါတယ္။ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ ျမန္မာႏိုင္ငံ၏ ႀကီးမားသည့္ အင္အား တစ္ရပ္ျဖစ္သလို ႏိုင္ငံအတြက္အေရးႀကီးေသာအနာဂတ္မ်ားလည္း ျဖစ္တယ္လို႔ ေျပာ ခဲ့ပါတယ္။

-ေဝေဝ

[ Unicode ]

၂၀၁၈ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံတစ်ဝန်းမှာ ပညာသင်ကြားနေကြတဲ့ ကျောင်းသား၊ ကျောင်းသူ ဦးရေသည် လက်ရှိမြန်မာနိုင်ငံလူဦးရေ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းခန့်ရှိတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဇွန် ၁၂ ရက်ကပြုလုပ်တဲ့ ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသား အဆင့် နှီးနှောဖလှယ်ပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ အခြေခံပညာကျောင်းပေါင်း ၄၇,၀၀၅ ကျောင်း၊ ဘုန်း တော်ကြီးသင် ပညာရေးကျောင်းပေါင်း ၁၅၂၇ ကျောင်းနဲ့ အခြေခံပညာကျောင်းသား ကျောင်းသူပေါင်း ၉,၁၄၄,၄၆၉ ဦး၊ ဘုန်းတော်ကြီးကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူပေါင်း ၃၀၉,၉၃၈ ဦးရှိသည့်အပြင် ပုဂ္ဂလိကကျောင်းများတွင် ပညာသင်ကြားနေ ကြသည့် ကျောင်းသား၊ ကျောင်းသူ ဦးရေသည် လက်ရှိမြန်မာနိုင်ငံလူဦးရေ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းခန့်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ၊ ပညာရေးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များ၊ အခြားဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်များ၊ သင်တန်းကျောင်းများတွင် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားလျက်ရှိတယ်လို့ ဆိုပါတယ်။ ကျောင်းသား၊ ကျောင်းသူများသည် မြန်မာနိုင်ငံ၏ ကြီးမားသည့် အင်အားတစ်ရပ်ဖြစ်သလို နိုင်ငံအတွက်အရေးကြီးသောအနာဂတ်များလည်း ဖြစ်တယ်လို့ ပြော ခဲ့ပါတယ်။