ပညာရပ္ဆုိင္ရာ ေတြကို အလြယ္တကူ ေလ့လာႏုိင္မယ့္ Android ဖုန္းသုံး သင္ေထာက္ကူ App မ်ား

[ Zawgyi ]

မိုဘုိင္းဖုန္းကေန ပညာရပ္ဆုိင္ရာေတြကို အလြယ္တကူ ေလ့လာႏုိင္မယ့္ Android ဖုန္းသုံး သင္ေထာက္ကူ App ေတြကို စုစည္းေဖာ္ျပေပးလိုက္ပါတယ္။ ပညာရပ္ဆုိင္ရာ ေလ့လာခ်င္ သူေတြ၊ ေလ့လာႏုိင္မယ့္ ေနရာေတြကို အလြယ္တကူရွာေဖြ သိရွိႏုိင္မွာျဖစ္ၿပီး ေလ့လာသင္ၾကားမႈအတြက္ အေထာက္အကူျပဳႏိုင္မယ့္ App ေတြပဲျဖစ္ပါတယ္။ အခမဲ့ ရယူအသုံးျပဳႏုိင္မယ့္ App မ်ားျဖစ္ၿပီး မၾကာမီထြက္ ရွိလာမယ့္ တကၠသုိလ္၀င္တန္း စာေမးပြဲရလဒ္ေတြကို ၾကည့္႐ႈ ႏိုင္မယ့္ App နဲ႔ အေ၀းသင္ တကၠသိုလ္တက္ေရာက္ေနတဲ့ ေက်ာင္းသားေတြအတြက္ အေ၀း
သင္ေအာင္စာရင္းကို အလြယ္တကူ ရွာေဖြၾကည့္႐ႈႏုိင္မယ့္ App ကိုလည္း ထည့္သြင္းေဖာ္ျပေပး လိုက္ပါတယ္။

Coursecom

ဖုန္းကေန အလြယ္တကူ လုပ္ငန္းခြင္ အေထာက္အကူျပဳ ဘာသာရပ္ဆုိင္ရာနဲ႔ ပညာရပ္ဆုိင္ရာ သင္ခန္းစာေတြကို ေလ့လာႏုိင္မယ့္ အြန္လုိင္း Learning App ျဖစ္ပါတယ္။ Facebook
သို႔မဟုတ္ အီးေမးလ္နဲ႔အလြယ္ တကူ အေကာင့္တစ္ခု ျပဳလုပ္ကာ အခမဲ့နဲ႔ အခေပးသင္ခန္းစာေတြ ကို ေနရာမေရြး အခ်ိန္မေရြး ဖုန္း App ကေန ေလ့လာႏုိင္မွာ ျဖစ္ပါတယ္။ သင္ခန္းစာအလိုက္၊ သင္ၾကားသူအလိုက္ ရွာေဖြ ေလ့လာႏုိင္မွာျဖစ္သလုိ မိမိတို႔အေနနဲ႔ မွ်ေ၀ခ်င္တဲ့ အေၾကာင္းအရာေတြကိုလည္း App ကေန အလြယ္တကူ မွ်ေ၀ႏုိင္ေအာင္ ဖန္တီးထားပါတယ္။ App ကို Android version 4.4 နဲ႔ အထက္မွာသံုးႏိုင္ၿပီး Download လုပ္ခ်င္တယ္ဆိုရင္ေတာ့ ဒီေနရာမွာ Download လုပ္ပါ။

YarPyae (ရာျပည့္)

တကၠသိုလ္၀င္တန္း တက္ေရာက္ေနသူေတြအေနနဲ႔ ဘာသာရပ္ဆုိင္ရာ ဗီဒီယုိေတြနဲ႔ သင္ခန္းစာေတြကို App ကေန အလြယ္တကူ ေလ့လာႏုိင္မယ့္ App ျဖစ္ပါတယ္။ ျမန္မာ၊ အဂၤလိပ္၊ သခ်ၤာ၊ ဓာတုေဗဒ၊ ႐ူပေဗဒ၊ ဇီ၀ေဗဒ၊ ေဘာဂေဗဒ စတဲ့ ဘာသာရပ္ဆုိင္ရာေတြကို စာ၊ ႐ုပ္ပုံ၊ ဗီဒီယုိ၊ အသံဖုိင္စတဲ့ ပုံစံမ်ားနဲ႔အလြယ္တကူ ဖုန္းကေန ေလ့လာႏုိင္မွာ ျဖစ္ပါတယ္။ အြန္လုိင္းအေျချပဳ App ျဖစ္ၿပီး သင္ခန္းစာဗီဒီယုိေတြကို ဖုန္းထဲသို႔ Download ျပဳလုပ္ကာ Offline အေနနဲ႔လည္း ေလ့လာႏုိင္ေအာင္ ဖန္တီးထားပါတယ္။ App ကို Android version 4.1 နဲ႔အထက္မွာ သံုးႏိုင္ၿပီး Download လုပ္ခ်င္တယ္ဆိုရင္ေတာ့ ဒီေနရာမွာ Download လုပ္ပါ။

MyanLearn for Students -Find Tuition in your phone

သင္တန္းတက္မယ့္ သူေတြအေနနဲ႔ မိမိတက္ေရာက္ခ်င္တဲ့ ဘာသာရပ္အလုိက္ သင္ၾကားေပးတဲ့ သင္တန္းေက်ာင္း လိပ္စာေတြကို အလြယ္တကူ ရွာေဖြႏုိင္မယ့္ App ျဖစ္ပါတယ္။ သင္တန္း အခ်က္အလက္ေတြျဖစ္တဲ့ အခ်ိန္၊ သင္တန္းေၾကး၊ ေနရာစတာေတြကို ဖုန္းကေန အလြယ္တကူ ရွာေဖြၾကည့္႐ႈ စုံစမ္းႏိုင္မွာျဖစ္ၿပီး ပညာေရးနဲ႔ ပတ္သက္တဲ့ ေဆာင္းပါးေတြကိုလည္း ဖတ္႐ႈႏုိင္မွာ ျဖစ္ပါတယ္။ အြန္လုိင္းအေျချပဳ app ျဖစ္ပါတယ္။ App ကို Android version 4.1 နဲ႔အထက္မွာ သံုးႏိုင္ၿပီး Download လုပ္ခ်င္တယ္ဆိုရင္ေတာ့ ဒီေနရာမွာ Download လုပ္ပါ။

MM Civil Engineer

ျမန္မာ Civil အင္ဂ်င္နီယာနဲ႔ အင္ဂ်င္နီယာ ေက်ာင္းသား၊ ေက်ာင္းသူေတြအတြက္ ရည္ရြယ္ထုတ္လုပ္ထားတဲ့ App ျဖစ္ပါတယ္။ App ကေန Civil အင္ဂ်င္နီယာနဲ႔ ပတ္သက္တဲ့ အလုပ္အကိုင္၊ သင္တန္း၊ စာၾကည့္တုိက္၊ အြန္လုိင္း Link ၊ ဗီဒီယုိ၊ ေဆာင္းပါး၊ RC ဒီဇုိင္းစတဲ့ က႑စုစုေပါင္း ၁ဝ မ်ဳိးကို အလြယ္တကူ အသုံးျပဳႏုိင္ေအာင္ ဖန္တီးထားတာျဖစ္ပါတယ္။ Civil အင္ဂ်င္နီယာနဲ႔ ေက်ာင္းသား၊ ေက်ာင္းသူေတြနဲ႔ ဆုိင္တဲ့ ပြဲနဲ႔ သတင္းဆုိင္ရာေတြကိုလည္း App ကေန ၾကည့္႐ႈႏုိင္မွာျဖစ္ပါတယ္။ App ကို Android version 4.0 နဲ႔အထက္မွာ သံုးႏိုင္ၿပီး Download လုပ္ခ်င္တယ္ဆိုရင္ေတာ့ ဒီေနရာမွာ Download လုပ္ပါ။

MM_KG_Song (Myanmar KG Application)

သူငယ္တန္းအတြက္ သင္ေထာက္ကူ ေတးကဗ်ာ ၆၄ ပုဒ္ ပါ၀င္တဲ့ App ျဖစ္ပါတယ္။ မိမိသင္ၾကားေပးလို႔တဲ့ ေတးကဗ်ာကို အလြယ္တကူေရြးခ်ယ္ သင္ၾကားေပးႏုိင္မွာျဖစ္ၿပီး အသံထြက္ ပုံစံကို ၆ မ်ဳိး ေျပာင္းလဲအသုံးျပဳႏိုင္မွာ ျဖစ္တဲ့အျပင္ app ကို အသုံးျပဳရလြယ္ကူေအာင္ ဖန္တီးထားပါတယ္။ App ကို Android version 4.0 နဲ႔အထက္မွာသံုးႏိုင္ၿပီး Download လုပ္ခ်င္တယ္ဆိုရင္ေတာ့ ဒီေနရာမွာ Download လုပ္ပါ။

Thamardi

ေရွးသုံးနဲ႔ ေခတ္သုံး မက္ထရစ္တုိင္းတာမႈေတြကို ျမန္မာလို အလြယ္တကူ တြက္ခ်က္တုိင္းတာႏုိင္မယ့္ App ျဖစ္ပါတယ္။ အတုိင္းအတာ၊ အေလးခ်ိန္၊ အျခင္အတြယ္၊ အခ်ိန္နာရီ စတဲ့ က႑အလုိက္ တုိင္းတာတြက္ ခ်က္မႈေတြကို ျပဳလုပ္ႏုိင္မွာျဖစ္ၿပီး လက္ရွိအသုံးျပဳတဲ့ယူနစ္နဲ႔ ေရွးသုံးယူနစ္တြက္ခ်က္ပုံေတြကို ႏိႈင္းယွဥ္အသုံးျပဳႏုိင္ေအာင္ ဖန္တီးထားပါတယ္။ App ကို Android version 4.2နဲ႔ အထက္မွာ ထည့္သြင္းအသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။ Download လုပ္ခ်င္တယ္ဆိုရင္ေတာ့ ဒီေနရာမွာ Download လုပ္ပါ။

MM KG Alphabets

သူငယ္တန္းအေျခခံျမန္မာ ဗ်ည္းဆိုင္ရာကဗ်ာေတြကို ေလ့လာႏုိင္မယ့္ App ျဖစ္ပါတယ္။ သင္႐ိုးသစ္ ျမန္မာဗ်ည္းကဗ်ာေတြကို သ႐ုပ္ေဖာ္ပုံေတြနဲ႔တကြ ကေလးေတြကို သင္ၾကားေပး ႏုိင္ေအာင္ ဖန္တီးပါတယ္။ App ကို Android version 4.0 နဲ႔အထက္မွာ ထည့္သြင္းအသုံးျပဳႏုိင္မွာျဖစ္ၿပီး Download လုပ္ခ်င္တယ္ဆိုရင္ေတာ့ ဒီေနရာမွာ Download လုပ္ပါ။

DedaaBox

မိုဘုိင္းဖုန္းကေန Certificate သင္တန္းနဲ႔ Mini-Certification သင္တန္းေတြကို အလြယ္တကူ သင္ၾကားႏုိင္မယ့္ App ျဖစ္ပါတယ္။ Facebook အေကာင့္နဲ႔ အလြယ္တကူ Log in ျပဳလုပ္ကာ သင္ၾကားႏုိင္မွာျဖစ္ၿပီး App ကို လစဥ္ေၾကး ေပးသြင္းကာ အသုံးျပဳရမွာ ျဖစ္ပါတယ္။ အြန္လုိင္း အေျချပဳ App ျဖစ္ၿပီး သင္ခန္း စာဗီဒီယိုေတြကို ဖုန္းထဲကို Download ျပဳလုပ္ကာ Offline လည္း ေလ့လာႏုိင္မွာျဖစ္ပါတယ္။ App ကို Android version 4.4 နဲ႔အထက္မွာထည့္သြင္းအသုံးျပဳႏုိင္မွာျဖစ္ၿပီး Download လုပ္ခ်င္တယ္ဆိုရင္ေတာ့ ဒီေနရာမွာ Download လုပ္ပါ။

သိမွတ္ဖြယ္ရာသမုိင္းကမ႓ာ

ဘုရားသမိုင္းေၾကာင္းမ်ား၊ ၃၈ ျဖာမဂၤလာတရားအျပည့္အစုံ၊ ေလာကနီတိ အေၾကာင္းတရားမ်ား၊ ပရိတ္တရားေတာ္စတာေတြကို ေလ့လာႏုိင္မယ့္ App ျဖစ္ပါတယ္။ ဒါ့အျပင္ MP4 တရားေတြကိုလည္း ဖုန္းကေန အလြယ္တကူ နာယူႏုိင္ေအာင္ ဖန္တီးထားပါတယ္။ အြန္လိုင္းအေျချပဳ App အမ်ဳိးအစား ျဖစ္ပါတယ္။ App ကို Android version 4.0 နဲ႔အထက္မွာ ထည့္သြင္း အသုံးျပဳႏုိင္မွာျဖစ္ၿပီး Download လုပ္ခ်င္တယ္ဆို ရင္ေတာ့ ဒီေနရာမွာ Download လုပ္ပါ။

Abhidhamma Question Bank

ျမန္မာႏုိင္ငံေတာ္အစိုးရ အဘိဓမၼာ စာေမးပြဲေျဖဆိုမယ့္သူေတြ ေဆာင္ထားသင့္တဲ့ App ျဖစ္ပါတယ္။ ေမးခြန္းေဟာင္းနဲ႔ အေျဖေေတြကို အလြယ္တကူ ဖုန္းကေန ေလ့လာက်က္မွတ္ ႏုိင္မွာျဖစ္ၿပီး အဘိဓမၼာေမးခြန္းေတြကို အေျဖမ်ားနဲ႔တကြ ေလ့လာႏုိင္မွာျဖစ္ပါတယ္။ မိမိေလ့ လာထားတာေတြကိုလည္းအစမ္း ေျဖဆိုျခင္း၊ ေမးခြန္းနဲ႔ အေျဖကို ျပန္ၾကည့္ရန္ သီျခား ခြဲမွတ္ထားျခင္းေတြကိုလည္း App မွာပင္ ျပဳလုပ္ႏုိင္မွာ ျဖစ္ပါတယ္။ App ကို Android version 3.0 နဲ႔အထက္မွာ ထည့္သြင္းအသုံး ျပဳႏုိင္မွာျဖစ္ၿပီး Download လုပ္ခ်င္တယ္ဆိုရင္ေတာ့ ဒီေနရာမွာ Download လုပ္ပါ။

စာေမးပြဲေအာင္စာရင္း

၂၀၁၈-၂၀၁၉ ခုႏွစ္ တကၠသိုလ္၀င္စာေမးပြဲ ေအာင္စာရင္းကို ၾကည့္႐ႈႏုိင္မယ့္ app ျဖစ္ပါတယ္။ ျပည္နယ္နဲ႔တုိင္းအသီးသီးရဲ႕ ေအာင္စာရင္းရလဒ္ေတြကို ၾကည့္႐ႈႏုိင္မွာျဖစ္ၿပီး ပညာေရး၀န္ႀကီးဌာနမွ ထုတ္ျပန္တဲ့ ေအာင္စာရင္း အခ်က္အလက္ေတြကို ေဖာ္ျပေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ အြန္လုိင္းအေျချပဳ App ျဖစ္တဲ့အတြက္ App ကို အသုံးျပဳဖို႔အတြက္ ဖုန္းမွာ အင္တာနက္ ဖြင့္ထားရမွာျဖစ္ပါတယ္။ App ကို Android version 2.0 နဲ႔အထက္မွာ ထည့္သြင္း အသုံးျပဳႏုိင္မွာျဖစ္ၿပီး Download လုပ္ခ်င္တယ္ဆိုရင္ေတာ့ ဒီေနရာမွာ Download လုပ္ပါ။

De Result

အေ၀းသင္တက္ေရာက္တဲ့ တကၠသိုလ္ေက်ာင္းသား ေက်ာင္းသူေတြအေနနဲ႔ အေ၀းသင္ ေအာင္စာရင္းေတြ အလြယ္တကူ ၾကည့္႐ႈႏုိင္မယ့္ App ျဖစ္ပါတယ္။ အေ၀းသင္ေမဂ်ာစုံ ေအာင္စာရင္းေတြကို ၾကည့္႐ႈႏိုင္မွာျဖစ္ၿပီး တကၠသုိလ္အလိုက္ ေအာင္စာရင္းေတြကို ၾကည့္႐ႈႏုိင္မွာျဖစ္တဲ့အျပင္ သတင္းေတြကိုလည္း ၾကည့္႐ႈနုိင္မွာ ျဖစ္ပါတယ္။ အြန္လုိင္းအေျချပဳ app ျဖစ္ပါတယ္။ App ကို Android version 4.၀ နဲ႔အထက္မွာသံုးႏိုင္ၿပီး Download လုပ္ခ်င္တယ္ဆိုရင္ေတာ့ ဒီေနရာမွာ Download လုပ္ပါ။

-ရဲထြဋ္ဝင္း

[ Unicode ]

မိုဘိုင်းဖုန်းကနေ ပညာရပ်ဆိုင်ရာတွေကို အလွယ်တကူ လေ့လာနိုင်မယ့် Android ဖုန်းသုံး သင်ထောက်ကူ App တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ ပညာရပ်ဆိုင်ရာ လေ့လာချင် သူတွေ၊ လေ့လာနိုင်မယ့် နေရာတွေကို အလွယ်တကူရှာဖွေ သိရှိနိုင်မှာဖြစ်ပြီး လေ့လာသင်ကြားမှုအတွက် အထောက်အကူပြုနိုင်မယ့် App တွေပဲဖြစ်ပါတယ်။ အခမဲ့ ရယူအသုံးပြုနိုင်မယ့် App များဖြစ်ပြီး မကြာမီထွက် ရှိလာမယ့် တက္ကသိုလ်ဝင်တန်း စာမေးပွဲရလဒ်တွေကို ကြည့်ရှု နိုင်မယ့် App နဲ့ အဝေးသင် တက္ကသိုလ်တက်ရောက်နေတဲ့ ကျောင်းသားတွေအတွက် အဝေးသင်အောင်စာရင်းကို အလွယ် တကူ ရှာဖွေကြည့်ရှုနိုင်မယ့် App ကိုလည်း ထည့်သွင်းဖော်ပြပေး လိုက်ပါတယ်။

Coursecom

ဖုန်းကနေ အလွယ်တကူ လုပ်ငန်းခွင် အထောက်အကူပြု ဘာသာရပ်ဆိုင်ရာနဲ့ ပညာရပ်ဆိုင်ရာ သင်ခန်းစာတွေကို လေ့လာနိုင်မယ့် အွန်လိုင်း Learning App ဖြစ်ပါတယ်။ Facebook သို့မဟုတ် အီးမေးလ်နဲ့အလွယ် တကူ အကောင့်တစ်ခု ပြုလုပ်ကာ အခမဲ့နဲ့ အခပေးသင်ခန်းစာတွေ ကို နေရာမရွေး အချိန်မရွေး ဖုန်း App ကနေ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ သင်ခန်းစာအလိုက်၊ သင်ကြားသူအလိုက် ရှာဖွေ လေ့လာနိုင်မှာဖြစ်သလို မိမိတို့အနေနဲ့ မျှဝေချင်တဲ့ အကြောင်းအရာတွေကိုလည်း App ကနေ အလွယ်တကူ မျှဝေနိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 4.4 နဲ့ အထက်မှာသုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။

YarPyae (ရာပြည့်)

တက္ကသိုလ်ဝင်တန်း တက်ရောက်နေသူတွေအနေနဲ့ ဘာသာရပ်ဆိုင်ရာ ဗီဒီယိုတွေနဲ့ သင်ခန်းစာတွေကို App ကနေ အလွယ်တကူ လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ မြန်မာ၊ အင်္ဂလိပ်၊ သချင်္ာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ စတဲ့ ဘာသာရပ်ဆိုင်ရာတွေကို စာ၊ ရုပ်ပုံ၊ ဗီဒီယို၊ အသံဖိုင်စတဲ့ ပုံစံများနဲ့အလွယ်တကူ ဖုန်းကနေ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ အွန်လိုင်းအခြေပြု App ဖြစ်ပြီး သင်ခန်းစာဗီဒီယိုတွေကို ဖုန်းထဲသို့ Download ပြုလုပ်ကာ Offline အနေနဲ့လည်း လေ့လာနိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။

MyanLearn for Students -Find Tuition in your phone

သင်တန်းတက်မယ့် သူတွေအနေနဲ့ မိမိတက်ရောက်ချင်တဲ့ ဘာသာရပ်အလိုက် သင်ကြားပေးတဲ့ သင်တန်းကျောင်း လိပ်စာတွေကို အလွယ်တကူ ရှာဖွေနိုင်မယ့် App ဖြစ်ပါတယ်။ သင်တန်း အချက်အလက်တွေဖြစ်တဲ့ အချိန်၊ သင်တန်းကြေး၊ နေရာစတာတွေကို ဖုန်းကနေ အလွယ်တကူ ရှာဖွေကြည့်ရှု စုံစမ်းနိုင်မှာဖြစ်ပြီး ပညာရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေကိုလည်း ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ အွန်လိုင်းအခြေပြု app ဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။

MM Civil Engineer

မြန်မာ Civil အင်ဂျင်နီယာနဲ့ အင်ဂျင်နီယာ ကျောင်းသား၊ ကျောင်းသူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ App ဖြစ်ပါတယ်။ App ကနေ Civil အင်ဂျင်နီယာနဲ့ ပတ်သက်တဲ့ အလုပ်အကိုင်၊ သင်တန်း၊ စာကြည့်တိုက်၊ အွန်လိုင်း Link ၊ ဗီဒီယို၊ ဆောင်းပါး၊ RC ဒီဇိုင်းစတဲ့ ကဏ္ဍစုစုပေါင်း ၁ဝ မျိုးကို အလွယ်တကူ အသုံးပြုနိုင်အောင် ဖန်တီးထားတာဖြစ်ပါတယ်။ Civil အင်ဂျင်နီယာနဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆိုင်တဲ့ ပွဲနဲ့ သတင်းဆိုင်ရာတွေကိုလည်း App ကနေ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.0 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင် တော့ ဒီနေရာမှာ Download လုပ်ပါ။

MM_KG_Song (Myanmar KG Application)

သူငယ်တန်းအတွက် သင်ထောက်ကူ တေးကဗျာ ၆၄ ပုဒ် ပါ၀င်တဲ့ App ဖြစ်ပါတယ်။ မိမိသင်ကြားပေးလို့တဲ့ တေးကဗျာကို အလွယ်တကူရွေးချယ် သင်ကြားပေးနိုင်မှာဖြစ်ပြီး အသံထွက် ပုံစံကို ၆ မျိုး ပြောင်းလဲအသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် app ကို အသုံးပြုရလွယ်ကူအောင် ဖန်တီးထားပါတယ်။ App ကို Android version 4.0 နဲ့အထက်မှာသုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။

Thamardi

ရှေးသုံးနဲ့ ခေတ်သုံး မက်ထရစ်တိုင်းတာမှုတွေကို မြန်မာလို အလွယ်တကူ တွက်ချက်တိုင်းတာနိုင်မယ့် App ဖြစ်ပါတယ်။ အတိုင်းအတာ၊ အလေးချိန်၊ အခြင်အတွယ်၊ အချိန်နာရီ စတဲ့ ကဏ္ဍအလိုက် တိုင်းတာတွက် ချက်မှုတွေကို ပြုလုပ်နိုင်မှာဖြစ်ပြီး လက်ရှိအသုံးပြုတဲ့ယူနစ်နဲ့ ရှေးသုံးယူနစ်တွက်ချက်ပုံတွေကို နှိုင်းယှဉ်အသုံးပြုနိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 4.2နဲ့ အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။

MM KG Alphabets

သူငယ်တန်းအခြေခံမြန်မာ ဗျည်းဆိုင်ရာကဗျာတွေကို လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ သင်ရိုးသစ် မြန်မာဗျည်းကဗျာတွေကို သရုပ်ဖော်ပုံတွေနဲ့တကွ ကလေးတွေကို သင်ကြားပေး နိုင်အောင် ဖန်တီးပါတယ်။ App ကို Android version 4.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။

DedaaBox

မိုဘိုင်းဖုန်းကနေ Certificate သင်တန်းနဲ့ Mini-Certification သင်တန်းတွေကို အလွယ်တကူ သင်ကြားနိုင်မယ့် App ဖြစ်ပါတယ်။ Facebook အကောင့်နဲ့ အလွယ်တကူ Log in ပြုလုပ်ကာ သင်ကြားနိုင်မှာဖြစ်ပြီး App ကို လစဉ်ကြေး ပေးသွင်းကာ အသုံးပြုရမှာ ဖြစ်ပါတယ်။ အွန်လိုင်း အခြေပြု App ဖြစ်ပြီး သင်ခန်း စာဗီဒီယိုတွေကို ဖုန်းထဲကို Download ပြုလုပ်ကာ Offline လည်း လေ့လာနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.4 နဲ့အထက်မှာထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေ ရာမှာ Download လုပ်ပါ။

သိမှတ်ဖွယ်ရာသမိုင်းကမ႓ာ

ဘုရားသမိုင်းကြောင်းများ၊ ၃၈ ဖြာမင်္ဂလာတရားအပြည့်အစုံ၊ လောကနီတိ အကြောင်းတရားများ၊ ပရိတ်တရားတော်စတာတွေကို လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ ဒါ့အပြင် MP4 တရားတွေကိုလည်း ဖုန်းကနေ အလွယ်တကူ နာယူနိုင်အောင် ဖန်တီးထားပါတယ်။ အွန်လိုင်းအခြေပြု App အမျိုးအစား ဖြစ်ပါတယ်။ App ကို Android version 4.0 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆို ရင်တော့ ဒီနေရာမှာ Download လုပ်ပါ။

Abhidhamma Question Bank

မြန်မာနိုင်ငံတော်အစိုးရ အဘိဓမ္မာ စာမေးပွဲဖြေဆိုမယ့်သူတွေ ဆောင်ထားသင့်တဲ့ App ဖြစ်ပါတယ်။ မေးခွန်းဟောင်းနဲ့ အဖြေေတွေကို အလွယ်တကူ ဖုန်းကနေ လေ့လာကျက်မှတ် နိုင်မှာဖြစ်ပြီး အဘိဓမ္မာမေးခွန်းတွေကို အဖြေများနဲ့တကွ လေ့လာနိုင်မှာဖြစ်ပါတယ်။ မိမိလေ့ လာထားတာတွေကိုလည်းအစမ်း ဖြေဆိုခြင်း၊ မေးခွန်းနဲ့ အဖြေကို ပြန်ကြည့်ရန် သီခြား ခွဲမှတ်ထားခြင်းတွေကိုလည်း App မှာပင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 3.0 နဲ့အထက်မှာ ထည့်သွင်းအသုံး ပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။

စာမေးပွဲအောင်စာရင်း

၂၀၁၈-၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ကြည့်ရှုနိုင်မယ့် app ဖြစ်ပါတယ်။ ပြည်နယ်နဲ့တိုင်းအသီးသီးရဲ့ အောင်စာရင်းရလဒ်တွေကို ကြည့်ရှုနိုင်မှာဖြစ်ပြီး ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်တဲ့ အောင်စာရင်း အချက်အလက်တွေကို ဖော်ပြပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အွန်လိုင်းအခြေပြု App ဖြစ်တဲ့အတွက် App ကို အသုံးပြုဖို့အတွက် ဖုန်းမှာ အင်တာနက် ဖွင့်ထားရမှာဖြစ်ပါတယ်။ App ကို Android version 2.0 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။

De Result

အဝေးသင်တက်ရောက်တဲ့ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေအနေနဲ့ အဝေးသင် အောင်စာရင်းတွေ အလွယ်တကူ ကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ အဝေးသင်မေဂျာစုံ အောင်စာရင်းတွေကို ကြည့်ရှုနိုင်မှာဖြစ်ပြီး တက္ကသိုလ်အလိုက် အောင်စာရင်းတွေကို ကြည့်ရှုနိုင်မှာဖြစ်တဲ့အပြင် သတင်းတွေကိုလည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ အွန်လိုင်းအခြေပြု app ဖြစ်ပါတယ်။ App ကို Android version 4.၀ နဲ့အထက်မှာသုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။