နားၾကပ္မ်ားႏွင့္ နားက်န္းမာေရး

[ Zawgyi ]

Earphone ဒါမွမဟုတ္ နားၾကပ္ေတြဟာ ကြၽန္ေတာ္တို႔ရဲ႕ ဒီေန႔ေခတ္ ဒီဂ်စ္တယ္လူေနမႈ ဘဝမွာ မရွိမျဖစ္ပါဝင္ေနတဲ့ နည္းပညာပစၥည္းေတြပါပဲ။ သီခ်င္း နားေထာင္မယ္။ ဇာတ္ကားၾကည့္မယ္။ PUBG လို ဂိမ္းေတြ ေဆာ့မယ္။ ဒီလိုအခ်ိန္ေတြမွာ ေသာတအာ႐ုံကို Speaker ေတြ Sound Box စသျဖင့္ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ နားဆင္ခံစားႏိုင္ေပမယ့္ နားၾကပ္နဲ႔ နားေထာင္တာကေတာ့ အခုထိကို ေပ်ာက္ကြယ္မသြားေသးပါဘူး။

နားၾကပ္ေတြမွာ ကိုယ္ပိုင္ထူးျခားတဲ့ အားသာခ်က္ေတြ ရွိပါတယ္။ တစ္ကိုယ္ရည္ လြတ္လပ္မႈကို ေပးႏိုင္တာ၊ စာၾကည့္တိုက္မွာျဖစ္ျဖစ္ ဘတ္စ္ကားထဲ မွာျဖစ္ျဖစ္ ဘယ္ေနရာမွာမဆို နားဆင္ႏိုင္တာ၊ အသံအရည္အေသြးအျပည့္နဲ႔ အေသးစိတ္အထိ နားေထာင္ႏိုင္တာ၊ ဒီအားသာခ်က္ေတြေၾကာင့္ပဲ အခုခ်ိန္ထိ နားၾကပ္ေတြကို လူေတြတစိုက္မတ္မတ္ အသုံးျပဳေနၾကေသးတာပါပဲ။

အဲ့လို အားသာခ်က္ေတြ ရွိေနေပမယ့္ တစ္ဖက္မွာလည္းပဲ အားနည္းခ်က္ေတြ ရွိေနတာပါပဲ။ အဲ့ထဲမွာမွ အေရးႀကီးဆုံး ျဖစ္သလို (က်န္းမာေရး႐ႈေထာင့္ အရဆိုရင္ေပါ့) လူေတြ သတိမထားမိဆုံးလည္း ျဖစ္တာကေတာ့ နားအၾကား အာ႐ုံကို ထိခိုက္ေစႏိုင္တဲ့ အခ်က္ပါပဲ။ နားၾကပ္နဲ႔ပတ္သက္တဲ့ အၾကားအာ႐ုံခ်ိဳ႕ ယြင္းခ်က္ေတြကို ဒီဘက္ေခတ္မွာ က်ယ္က်ယ္ျပန႔္ျပန႔္ ေျပာဆိုၾကတာမ်ိဳး မေတြ႕ရေတာ့ေပမယ့္ နားၾကပ္ေတြဟာ အၾကားအာ႐ုံကို ထိခိုက္ေနဆဲပါပဲ။ ဟုတ္ပါၿပီ။

ဒါဆိုရင္ နားၾကပ္ေတြက ဘယ္အခ်ိန္မွာ နားက်န္းမာေရးကို ထိခိုက္ေစႏိုင္သလဲ။ ၿပီးေတာ့ နားၾကပ္ေတြကိုလည္း မပစ္ပယ္ဘဲ နားက်န္းမာေရးကို ဘယ္လိုကာကြယ္ႏိုင္မလဲ။ ကဲ ကြၽန္ေတာ္တို႔ ဒီေမးခြန္းေလးေတြရဲ႕ အေျဖကို ရွာေဖြၾကည့္ၾကရ ေအာင္ပါ။

အၾကားအာ႐ုံကို ထိခိုက္ ေစႏိုင္မယ့္ အသံ dB

အေျခခံ ေက်ာင္းေတြမွာ အသံရဲ႕က်ယ္ေလာင္မႈကို decibel (dB) နဲ႔ တိုင္းတယ္လို႔ ကြၽန္ေတာ္တို႔ေတြ သင္ခဲ့ၿပီး ျဖစ္ပါတယ္။ ဒါဆိုရင္ အၾကား အာ႐ုံကိုထိခိုက္ေစႏိုင္တဲ့ dB ကေရာ ဘယ္ေလာက္လဲ။ ဆရာဝန္အမ်ားစုကေတာ့ ဒါကို 85 dB လို႔ လက္ခံထားၾကပါတယ္။ လူတစ္ေယာက္အေနနဲ႔ 85 dB ရွိတဲ့ အသံကို အခ်ိန္အၾကာႀကီး နားေထာင္ၿပီးရင္ အၾကားအာ႐ုံ ခ်ိဳ႕ယြင္းတာေတြ၊ နားအူတာေတြ ခံစားလာရမွာ ျဖစ္ပါတယ္။ စာဖတ္သူအေနနဲ႔ 85 dB ဆိုတဲ့ အသံဟာ ေတာ္ေတာ္ေလးက်ယ္လွၿပီလို႔ ထင္ေကာင္း ထင္ေနမွာပါ။ ဒါေပမဲ့ အံ့ဩ စရာေကာင္းတာကေတာ့ ဒီအသံေတြကို ေန႔စဥ္နဲ႔အမွ် ကြၽန္ေတာ္တို႔ေတြ ထိေတြ႕ေနရတယ္ဆိုတာပါပဲ။ ျမတ္ရိတ္စက္ေတြ၊ ကားအင္ဂ်င္စက္သံေတြ၊ ကားဟြန္းသံေတြ၊ စားေသာက္ခန္းမ ေတြထဲက ဆူညံသံေတြ ဒါေတြဟာ ဒီ 85 dB ကိုေကာင္းေကာင္း ႀကီးေက်ာ္တဲ့ အသံေတြပါပဲ။

ဟ ဒါဆိုရင္ တို႔ေတြအကုန္ နားပင္းကုန္ေတာ့မွာပဲလို႔ မစိုးရိမ္ၾကပါနဲ႔ဦး။ ကံေကာင္းတာ တစ္ခုကေတာ့ စားေသာက္ခန္းမထဲမွာ တစ္နာရီ ႏွစ္နာရီေလာက္ ထိုင္ေန႐ုံနဲ႔ အၾကားအာ႐ုံကို မထိခိုက္ႏိုင္ပါဘူး။ ပညာရွင္ေတြရဲ႕ အဆိုအရအနည္းဆုံး (၈) နာရီေလာက္ၾကာေအာင္ ကြၽန္ေတာ္တို႔ရဲ႕ နားေတြက ဒီအသံေတြကို ေကာင္းေကာင္းႀကီး ခံႏိုင္ရည္ ရွိပါတယ္။ အဲ ဒါေပမဲ့ dB ပမာဏ တိုးလာေလေလအခ်ိန္ (၈) နာရီဆိုတဲ့ ပမာဏဟာ ေလ်ာ့ေလ်ာ့လာေလေလပါပဲ။ ေျပာရရင္ 100 dB အသံကို ကြၽန္ေတာ္တို႔ နားေတြဟာ (၈) နာရီၾကာေအာင္ ခံႏိုင္ရည္မရွိပါဘူး။ ဒါသည္ပင္ သီခ်င္းခ်စ္သူေတြ သတိျပဳရမယ့္ အခ်က္ပါပဲ။

85 dB ထက္ေက်ာ္ရင္ ဘာေတြျဖစ္လာမွာလဲ

ကိုယ္အသုံးျပဳတဲ့ နားၾကပ္အမ်ိဳးအစားနဲ႔ သီခ်င္းအမ်ိဳးအစားေပၚ လိုက္ၿပီးေတာ့ အသံအတိုးအက်ယ္ ကြာျခားၾကပါတယ္။ ၿခဳံေျပာရရင္ေတာ့ နားၾကပ္ေတာ္ေတာ္မ်ားမ်ားဟာ ခံႏိုင္ရည္
ရွိတဲ့ 85 dB ကိုအသာေလး ေက်ာ္တဲ့ အသံကို ထုတ္လႊတ္ႏိုင္ ၾကပါတယ္။ တစ္ခ်ိဳ႕ဆို 110 – 120 dB အထိကို က်ယ္ပါတယ္။ ဒီ volume မွာေတာ့ လူတစ္ေယာက္ရဲ႕ နားဟာ မိနစ္အနည္း ငယ္ေလာက္ပဲခံႏိုင္ရည္ ရွိပါေတာ့တယ္။ အဲ့ထက္ၾကာသြားရင္ေတာ့ အၾကားအာ႐ုံခ်ိဳ႕ယြင္းတာေတြအထိ ျဖစ္ေစႏိုင္ပါတယ္။ ဒါဟာခဏတာပဲ ခံစားရတဲ့ ေရတိုခ်ိဳ႕ ယြင္းခ်က္ ျဖစ္ႏိုင္သလို ျပန္ျပင္လို႔မရေတာ့တဲ့ ခ်ိဳ႕ယြင္းခ်က္ အထိလည္း ျဖစ္ေစႏိုင္ပါတယ္။

ေနာက္ထပ္ သတိျပဳရမွာ တစ္ခုကေတာ့ dB level နဲ႔ ခံႏိုင္တဲ့အခ်ိန္ပမာဏဟာ တိုက္႐ိုက္ႀကီး အခ်ိဳးညီတာမ်ိဳး မဟုတ္ဘူးဆိုတာပါပဲ။ ဆိုလိုတာကေတာ့ 90 dB မွာ (၄) နာရီအထိပဲ ခံႏိုင္ရည္ ရွိပါတယ္။ အဲ့ထက္ပိုက်ယ္တဲ့ 95 dB ကိုေတာ့ (၂) နာရီေလာက္ပဲ ခံႏိုင္ရည္ရွိပါတယ္။ ေတာ္ေတာ္ေလးက်ယ္တဲ့ 110 dB ကိုေတာ့ (၁) မိနစ္နဲ႔ (၂၉) စကၠန႔္တိတိပဲ ခံႏိုင္ရည္ရွိပါေတာ့တယ္။

ဒါဆိုနားၾကပ္ရဲ႕ dB level ကို ဘယ္လိုသိႏိုင္မလဲ

တကယ့္ အခက္အခဲက အခုမွစတာပါ။ ကိုယ္က သီခ်င္းကို နားၾကပ္နဲ႔ မၾကာခဏ နားေထာင္ေလ့ရွိတယ္။ နားက်န္းမာေရးကို ထိခိုက္မွာလည္း စိုးရိမ္တယ္။ ကန႔္သတ္ထားတဲ့ 85 dB ကိုလည္း မေက်ာ္ခ်င္ဘူး။ အဲ့ဒါေၾကာင့္ ကိုယ့္နားၾကပ္က ထြက္လာတဲ့ အသံဟာ ဘယ္ေလာက္ dB ရွိလဲဆိုတာ သိခ်င္တယ္ဆိုရင္ေတာ့ စိတ္မေကာင္းပါဘူး။ အဲ့အတြက္ တိတိက်က် တိုင္းႏိုင္တဲ့ စက္မ်ိဳးအခုထိမေပၚ ေသးဘူးလို႔ပဲ ေျဖရပါလိမ့္မယ္။

အသံေတြရဲ႕ dB ပမာဏကို တိုင္းႏိုင္တဲ့စက္ေတြ မရွိမဟုတ္၊ ရွိပါတယ္။ ဒါေပမဲ့ ဒီစက္ေတြဟာ ဟင္းလင္းျပင္မွာ ျဖန႔္ၾကတ္ထြက္လာတဲ့ အသံေတြကိုပဲ တိုင္းဖို႔ ျပဳလုပ္ထားတာ ျဖစ္ပါတယ္။ နားၾကပ္ေတြလို နားထဲတိုက္႐ိုက္ အသံပို႔လႊတ္တဲ့အရာေတြကိုတိုင္းဖို႔ အထူးျပဳလုပ္ထားတာမ်ိဳး မရွိေသးပါဘူး။ နားၾကပ္ အနားကပ္ၿပီးတိုင္း ရင္ေကာလို႔ ေမးလာမယ္ဆိုရင္ေတာ့ တိုင္းလို႔ ရပါတယ္လို႔ပဲ ေျဖရပါလိမ့္မယ္။ ဒါေပမယ့္ တိတိက်က်ေတာ့ရမွာ မဟုတ္ပါဘူး။ တစ္ဝက္ေလာက္ပဲမွန္တဲ့ အေျဖကိုသာ ရလာမွာျဖစ္ပါတယ္။ ဒီလိုတစ္ ဝက္ပဲမွန္တဲ့ အေျဖကိုရဖို႔အတြက္ ဘယ္သူကမ်ား ေဒၚလာ (၅၀) တန္ dB Meter ႀကီးကိုဝယ္ပါ့ မလဲေနာ့။

ေနာက္ထပ္ နည္းလမ္းတစ္ခုကေတာ့ dB meter app ေတြကေနတစ္ဆင့္ တိုင္းျခင္းပါပဲ။ သူတို႔ရဲ႕ အားနည္းခ်က္ကေတာ့ ပုံမွန္ dB Meter ေလာက္ကို မမွန္တာပါပဲ။ ဆိုလိုတာကေတာ့ တိုင္းတာလို႔ရလာတဲ့ ရလဒ္ဟာ အေျဖမွန္နဲ႔ တစ္ဝက္ေက်ာ္ကို ကြာဟေနမွာပါ။ ဒါေပမဲ့ အလကားသုံးလို႔ရတာ၊ အလြယ္တကူ သုံးလို႔ရတာကေတာ့ ႀကီးစြာေသာ အားသာခ်က္ႀကီး ေတြျဖစ္ေနမွာပါ။

စိတ္ဝင္စားစရာေနာက္ထပ္ နည္းလမ္းတစ္ခုလည္း ရွိပါေသးတယ္။ ဒီနည္းလမ္းကိုေတာ့ တိတ္ဆိတ္ၿငိမ္သက္တဲ့ အခန္းတစ္ခုမွာ ျပဳလုပ္ရမွာပါ။ ပထမဆုံးအေနနဲ႔ နားၾကပ္ရဲ႕ Volume level ကို ကိုယ့္စိတ္ႀကိဳက္ level အထိ တင္လိုက္ပါ။ ၿပီးေတာ့ နားၾကပ္ကို နားကေန ျဖဳတ္ၿပီး ကိုယ့္အေရွ႕တည့္တည့္ လက္တစ္ကမ္းစာအကြာမွာ ထားလိုက္ပါ။ အဲ့လိုထားလိုက္လို႔ နားၾကပ္ကအသံကို ၾကားေနရေသးတယ္ဆိုရင္ေတာ့ ဒါေသခ်ာပါၿပီ။ ဒီ Volume level ဟာ နားကို ထိခိုက္ႏိုင္တဲ့အထိ က်ယ္ေနၿပီလို႔ ဆိုႏိုင္ပါတယ္။

အဲ့လိုေတြ အလုပ္႐ႈပ္မခံခ်င္ဘူး ဆိုသူေတြအတြက္ အႀကံျပဳခ်င္တာကေတာ့ ကိုယ့္ကိုယ္ကိုယ္ မလိမ္ဖို႔ပါပဲ။ တကယ္လို႔ ကိုယ္က သီခ်င္းသံဟာ က်ယ္လြန္း တယ္လို႔ အလိုလိုသိစိတ္က ထင္ေနရင္ ဆင္ေျခေတြ ေပးမေနပါနဲ႔။ တကယ္က်ယ္တယ္လို႔ပဲ လက္ခံလိုက္ပါ။ ကြၽန္ေတာ္တို႔အေနနဲ႔ နားၾကပ္ကသီခ်င္းသံဟာ ဘယ္ေလာက္က်ယ္သလဲဆိုတာကို တိတိက်က် မသိႏိုင္ပါဘူး။ အေကာင္းဆုံးကေတာ့ ကိုယ့္ဘာသာ သတိထားၿပီးေတာ့ က်ယ္ေနတယ္ထင္ရင္ သင့္ေတာ္တဲ့ပမာဏအထိ တိုးလိုက္တာပါပဲ။

နားက်န္းမာေရး မထိခိုက္ရေအာင္ ဘယ္လိုကာကြယ္ႏိုင္မလဲ

ကြၽန္ေတာ္တို႔အေနနဲ႔ ဒီနည္းပညာပစၥည္းေတြေၾကာင့္ ျဖစ္လာတဲ့ နားအၾကားအာ႐ုံ ထိခိုက္မႈေတြဟာ ရွားရွားပါးပါးျဖစ္ရပ္ေတြလို႔ ထင္မွတ္ေန ေလ့ရွိပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္မွာ WHO က ထုတ္ျပန္ခဲ့တဲ့ စစ္တမ္းတစ္ခုကေတာ့ ကြၽန္ေတာ္တို႔ကို ေတာ္ေတာ္ေလး အံ့အားသင့္ေစမွာပါ။ WHO ရဲ႕ အဆိုအရ တစ္ကမာၻလုံးမွာရွိတဲ့ ဆယ္ေက်ာ္သက္နဲ႔ လူငယ္လူ ႐ြယ္ေပါင္း ၁.၁ ဘီလီယံေလာက္ဟာ ဒီနည္းပညာပစၥည္းေတြနဲ႔ အသံဆူညံတဲ့ ေဖ်ာ္ေျဖေရးပြဲေတြေၾကာင့္ နားအၾကားအာ႐ုံခ်ိဳ႕ယြင္းဖို႔ရာ အႏၲရာယ္ ရွိေနၿပီလို႔ သိရပါတယ္။ ဒါဟာ ကမၻာ႔ စုစုေပါင္း လူဦးေရ ၇ ဘီလီယံနဲ႔ ႏႈိင္းယွဥ္ၾကည့္ရင္ ေတာ္ေတာ္ေလး ေၾကာက္ဖို႔ေကာင္းတဲ့ ပမာဏတစ္ခုဆိုတာ ျမင္သာမွာပါ။

ဒါဆိုရင္ ဒီနားၾကပ္ေတြေၾကာင့္ နားကိုမထိခိုက္ရေအာင္ ဘယ္လိုကာကြယ္ႏိုင္မလဲ။ အလြယ္ဆုံးနဲ႔ ပထမဆုံးလုပ္ႏိုင္တာကေတာ့ နားၾကပ္ေတြကို ထိန္းထိန္းသိမ္းသိမ္း အသုံးမျပဳရင္ ကိုယ့္နားကို ထိခိုက္ႏိုင္တယ္ဆိုတာကို လက္ခံၿပီးေတာ့ သတိထားဖို႔ပါပဲ။ ၿပီးရင္ေတာ့ ေအာက္ကေဆာင္ရန္ ေရွာင္ရန္ေလးေတြကို လိုက္နာသင့္ပါတယ္။

– နားၾကပ္ရဲ႕ Volume ကို သင့္တင့္႐ုံေလာက္ပဲ ထားရွိပါ။ ပညာရွင္ေတြ အမ်ားစုလက္ခံထားတဲ့ စည္းမ်ဥ္းကေတာ့ Volume ကို Max volume ရဲ႕ 60% မွာပဲ ထားရွိဖို႔ ျဖစ္ပါတယ္။ ဒီထက္ေက်ာ္သြားရင္ Safety limit ျဖစ္တဲ့ 85 dB ကို ေက်ာ္ႏိုင္ေျခမ်ားသြားလို႔ပါပဲ။ တကယ္ေတာ့ ၾကာလို႔ အေလ့အက်င့္ျဖစ္သြားရင္ ဒီ Volume level ဟာ သင့္တင့္မွ်တတယ္ဆိုတာကို သတိျပဳမိလာမွာပါ။ ဒါ့အျပင္ Volume ကို မတိုးဘဲနဲ႔ Equalizer ေတြကို သုံးၿပီးေတာ့လည္း သီခ်င္းခ်စ္သူေတြအေနနဲ႔ ကိုယ္နားေထာင္ေနတဲ့ သီခ်င္းရဲ႕ အသံအရည္အေသြးကို ျမႇင့္တင္ႏိုင္ပါ တယ္။

– နားၾကပ္သုံးၿပီး သီခ်င္းကိုဆက္တိုက္ နားမေထာင္ပါနဲ႔။ ဒါ့အျပင္ တစ္ေန႔ကိုမိနစ္ ၆၀ ထက္ ပိုၿပီးေတာ့လည္း နားၾကပ္ကို အသုံးမျပဳသင့္ပါဘူး။ ဒါကိုေတာ့ မွတ္ရလြယ္ေအာင္ 60/60 စည္းမ်ဥ္းလို႔ ေခၚႏိုင္ပါတယ္။ နားၾကပ္ရဲ႕ Volume ကို 60% မွာတစ္ေန႔ကို မိနစ္ ၆၀ ထက္မေက်ာ္ဘဲ နားေထာင္သင့္ပါတယ္။ ဒီမိနစ္ ၆၀ ဆိုတာကိုလည္း တစ္ဆက္တည္းထက္စာရင္ နား
ေထာင္လိုက္ နားလိုက္ လုပ္တာမ်ိဳးက ပိုၿပီးေကာင္းပါတယ္။

– တတ္ႏိုင္မယ္ဆိုရင္ အရည္ေသြးျမင့္ၿပီး Noise-cancelling လုပ္ေဆာင္ခ်က္ပါတဲ့ နားၾကပ္ေတြကိုသာ ဝယ္ယူပါ။ Noise-cancelling ဆိုတာကေတာ့ နားထဲကို ျပင္ပအသံေတြ ဝင္မလာေအာင္ တားဆီးေပးႏိုင္တဲ့ လုပ္ေဆာင္ခ်က္တစ္ခုပါပဲ။ ဒီလိုမ်ိဳး လုပ္ေဆာင္ခ်က္ပါတဲ့ နားၾကပ္ေတြကို အသုံးျပဳမယ္ဆိုရင္ အသံဆူညံေနတဲ့ ပတ္ဝန္းက်င္မွာေတာင္မွ Volume ကို
တိုးစရာမလိုဘဲ သက္ေသာင့္သက္သာ နားေထာင္ႏိုင္မွာ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔အားလုံး အသံေတြဆူညံေနတဲ့ ကားေတြရထားေတြေပၚမွာ သီခ်င္းနားေထာင္ ဖူးမွာပါ။ အဲ့ဒီအခ်ိန္
မွာ အသံကိုမိုင္ကုန္ျမႇင့္ၿပီးေတာ့ နားေထာင္တတ္ၾကတာ အားလုံးအသိပါပဲ။ ဒါဟာ နားအၾကားအာ႐ုံအတြက္ေတာ့ ေတာ္ေတာ္ေလး ထိခိုက္ေစပါတယ္။ ဒီလို အခ်ိန္မွာ Noise-cancelling နားၾကပ္ေတြ သုံးျခင္းအားျဖင့္ ပုံမွန္ 60% Volume နဲ႔ ေအးေအးသက္သာ နားဆင္ႏိုင္မွာပါ။

– နားၾကပ္ေတြ အမ်ိဳးမ်ိဳး ရွိတဲ့အထဲကမွ ပညာရွင္ေတြ ေထာက္ခံတဲ့အမ်ိဳးအစားကေတာ့ Over-the-ear Headphone ေတြပဲ ျဖစ္ပါတယ္။ ဒီနားၾကပ္ေတြဟာ Speaker နဲ႔ နားစည္
အၾကား ကြာေဝးတာေၾကာင့္ နားအၾကားအာ႐ုံ ထိခိုက္မႈေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ တစ္ျခားနားၾကပ္ေတြထက္ ေဈးပိုေပးရေလ့ ရွိေပမယ့္ ေပးရတာနဲ႔ ရတဲ့အက်ိဳးတန္တယ္လို႔ ဆိုႏိုင္တဲ့ အမ်ိဳးအစားပါပဲ။

စာဖတ္သူမ်ား အားလုံး က်န္းမာတဲ့ နားအၾကားအာ႐ုံကို အၿမဲပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ ခင္ဗ်ာ။

-ကိုသုတ

[ Unicode ]

Earphone ဒါမှမဟုတ် နားကြပ်တွေဟာ ကျွန်တော်တို့ရဲ့ ဒီနေ့ခေတ် ဒီဂျစ်တယ်လူနေမှု ဘဝမှာ မရှိမဖြစ်ပါဝင်နေတဲ့ နည်းပညာပစ္စည်းတွေပါပဲ။ သီချင်း နားထောင်မယ်။ ဇာတ်ကားကြည့်မယ်။ PUBG လို ဂိမ်းတွေ ဆော့မယ်။ ဒီလိုအချိန်တွေမှာ သောတအာရုံကို Speaker တွေ Sound Box စသဖြင့် နည်းလမ်းအမျိုးမျိုးနဲ့ နားဆင်ခံစားနိုင်ပေမယ့် နားကြပ်နဲ့ နားထောင်တာကတော့ အခုထိကို ပျောက်ကွယ်မသွားသေးပါဘူး။

နားကြပ်တွေမှာ ကိုယ်ပိုင်ထူးခြားတဲ့ အားသာချက်တွေ ရှိပါတယ်။ တစ်ကိုယ်ရည် လွတ်လပ်မှုကို ပေးနိုင်တာ၊ စာကြည့်တိုက်မှာဖြစ်ဖြစ် ဘတ်စ်ကားထဲ မှာဖြစ်ဖြစ် ဘယ်နေရာမှာမဆို နားဆင်နိုင်တာ၊ အသံအရည်အသွေးအပြည့်နဲ့ အသေးစိတ်အထိ နားထောင်နိုင်တာ၊ ဒီအားသာချက်တွေကြောင့်ပဲ အခုချိန်ထိ နားကြပ်တွေကို လူတွေတစိုက်မတ်မတ် အသုံးပြုနေကြသေးတာပါပဲ။

အဲ့လို အားသာချက်တွေ ရှိနေပေမယ့် တစ်ဖက်မှာလည်းပဲ အားနည်းချက်တွေ ရှိနေတာပါပဲ။ အဲ့ထဲမှာမှ အရေးကြီးဆုံး ဖြစ်သလို (ကျန်းမာရေးရှုထောင့် အရဆိုရင်ပေါ့) လူတွေ သတိမထားမိဆုံးလည်း ဖြစ်တာကတော့ နားအကြား အာရုံကို ထိခိုက်စေနိုင်တဲ့ အချက်ပါပဲ။ နားကြပ်နဲ့ပတ်သက်တဲ့ အကြားအာရုံချို့ ယွင်းချက်တွေကို ဒီဘက်ခေတ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုကြတာမျိုး မတွေ့ရတော့ပေမယ့် နားကြပ်တွေဟာ အကြားအာရုံကို ထိခိုက်နေဆဲပါပဲ။ ဟုတ်ပါပြီ။

ဒါဆိုရင် နားကြပ်တွေက ဘယ်အချိန်မှာ နားကျန်းမာရေးကို ထိခိုက်စေနိုင်သလဲ။ ပြီးတော့ နားကြပ်တွေကိုလည်း မပစ်ပယ်ဘဲ နားကျန်းမာရေးကို ဘယ်လိုကာကွယ်နိုင်မလဲ။ ကဲ ကျွန်တော်တို့ ဒီမေးခွန်းလေးတွေရဲ့ အဖြေကို ရှာဖွေကြည့်ကြရ အောင်ပါ။

အကြားအာရုံကို ထိခိုက် စေနိုင်မယ့် အသံ dB

အခြေခံ ကျောင်းတွေမှာ အသံရဲ့ကျယ်လောင်မှုကို decibel (dB) နဲ့ တိုင်းတယ်လို့ ကျွန်တော်တို့တွေ သင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါဆိုရင် အကြား အာရုံကိုထိခိုက်စေနိုင်တဲ့ dB ကရော ဘယ်လောက်လဲ။ ဆရာဝန်အများစုကတော့ ဒါကို 85 dB လို့ လက်ခံထားကြပါတယ်။ လူတစ်ယောက်အနေနဲ့ 85 dB ရှိတဲ့ အသံကို အချိန်အကြာကြီး နားထောင်ပြီးရင် အကြားအာရုံ ချို့ယွင်းတာတွေ၊ နားအူတာတွေ ခံစားလာရမှာ ဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ 85 dB ဆိုတဲ့ အသံဟာ တော်တော်လေးကျယ်လှပြီလို့ ထင်ကောင်း ထင်နေမှာပါ။ ဒါပေမဲ့ အံ့ဩ စရာကောင်းတာကတော့ ဒီအသံတွေကို နေ့စဉ်နဲ့အမျှ ကျွန်တော်တို့တွေ ထိတွေ့နေရတယ်ဆိုတာပါပဲ။ မြတ်ရိတ်စက်တွေ၊ ကားအင်ဂျင်စက်သံတွေ၊ ကားဟွန်းသံတွေ၊ စားသောက်ခန်းမ တွေထဲက ဆူညံသံတွေ ဒါတွေဟာ ဒီ 85 dB ကိုကောင်းကောင်း ကြီးကျော်တဲ့ အသံတွေပါပဲ။

ဟ ဒါဆိုရင် တို့တွေအကုန် နားပင်းကုန်တော့မှာပဲလို့ မစိုးရိမ်ကြပါနဲ့ဦး။ ကံကောင်းတာ တစ်ခုကတော့ စားသောက်ခန်းမထဲမှာ တစ်နာရီ နှစ်နာရီလောက် ထိုင်နေရုံနဲ့ အကြားအာရုံကို မထိခိုက်နိုင်ပါဘူး။ ပညာရှင်တွေရဲ့ အဆိုအရအနည်းဆုံး (၈) နာရီလောက်ကြာအောင် ကျွန်တော်တို့ရဲ့ နားတွေက ဒီအသံတွေကို ကောင်းကောင်းကြီး ခံနိုင်ရည် ရှိပါတယ်။ အဲ ဒါပေမဲ့ dB ပမာဏ တိုးလာလေလေအချိန် (၈) နာရီဆိုတဲ့ ပမာဏဟာ လျော့လျော့လာလေလေပါပဲ။ ပြောရရင် 100 dB အသံကို ကျွန်တော်တို့ နားတွေဟာ (၈) နာရီကြာအောင် ခံနိုင်ရည်မရှိပါဘူး။ ဒါသည်ပင် သီချင်းချစ်သူတွေ သတိပြုရမယ့် အချက်ပါပဲ။

85 dB ထက်ကျော်ရင် ဘာတွေဖြစ်လာမှာလဲ

ကိုယ်အသုံးပြုတဲ့ နားကြပ်အမျိုးအစားနဲ့ သီချင်းအမျိုးအစားပေါ် လိုက်ပြီးတော့ အသံအတိုးအကျယ် ကွာခြားကြပါတယ်။ ခြုံပြောရရင်တော့ နားကြပ်တော်တော်များများဟာ ခံနိုင်ရည်
ရှိတဲ့ 85 dB ကိုအသာလေး ကျော်တဲ့ အသံကို ထုတ်လွှတ်နိုင် ကြပါတယ်။ တစ်ချို့ဆို 110 – 120 dB အထိကို ကျယ်ပါတယ်။ ဒီ volume မှာတော့ လူတစ်ယောက်ရဲ့ နားဟာ မိနစ်အနည်း ငယ်လောက်ပဲခံနိုင်ရည် ရှိပါတော့တယ်။ အဲ့ထက်ကြာသွားရင်တော့ အကြားအာရုံချို့ယွင်းတာတွေအထိ ဖြစ်စေနိုင်ပါတယ်။ ဒါဟာခဏတာပဲ ခံစားရတဲ့ ရေတိုချို့ ယွင်းချက် ဖြစ်နိုင်သလို ပြန်ပြင်လို့မရတော့တဲ့ ချို့ယွင်းချက် အထိလည်း ဖြစ်စေနိုင်ပါတယ်။

နောက်ထပ် သတိပြုရမှာ တစ်ခုကတော့ dB level နဲ့ ခံနိုင်တဲ့အချိန်ပမာဏဟာ တိုက်ရိုက်ကြီး အချိုးညီတာမျိုး မဟုတ်ဘူးဆိုတာပါပဲ။ ဆိုလိုတာကတော့ 90 dB မှာ (၄) နာရီအထိပဲ ခံနိုင်ရည် ရှိပါတယ်။ အဲ့ထက်ပိုကျယ်တဲ့ 95 dB ကိုတော့ (၂) နာရီလောက်ပဲ ခံနိုင်ရည်ရှိပါတယ်။ တော်တော်လေးကျယ်တဲ့ 110 dB ကိုတော့ (၁) မိနစ်နဲ့ (၂၉) စက္ကန့်တိတိပဲ ခံနိုင်ရည်ရှိပါတော့တယ်။

ဒါဆိုနားကြပ်ရဲ့ dB level ကို ဘယ်လိုသိနိုင်မလဲ

တကယ့် အခက်အခဲက အခုမှစတာပါ။ ကိုယ်က သီချင်းကို နားကြပ်နဲ့ မကြာခဏ နားထောင်လေ့ရှိတယ်။ နားကျန်းမာရေးကို ထိခိုက်မှာလည်း စိုးရိမ်တယ်။ ကန့်သတ်ထားတဲ့ 85 dB ကိုလည်း မကျော်ချင်ဘူး။ အဲ့ဒါကြောင့် ကိုယ့်နားကြပ်က ထွက်လာတဲ့ အသံဟာ ဘယ်လောက် dB ရှိလဲဆိုတာ သိချင်တယ်ဆိုရင်တော့ စိတ်မကောင်းပါဘူး။ အဲ့အတွက် တိတိကျကျ တိုင်းနိုင်တဲ့ စက်မျိုးအခုထိမပေါ် သေးဘူးလို့ပဲ ဖြေရပါလိမ့်မယ်။

အသံတွေရဲ့ dB ပမာဏကို တိုင်းနိုင်တဲ့စက်တွေ မရှိမဟုတ်၊ ရှိပါတယ်။ ဒါပေမဲ့ ဒီစက်တွေဟာ ဟင်းလင်းပြင်မှာ ဖြန့်ကြတ်ထွက်လာတဲ့ အသံတွေကိုပဲ တိုင်းဖို့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ နားကြပ်တွေလို နားထဲတိုက်ရိုက် အသံပို့လွှတ်တဲ့အရာတွေကိုတိုင်းဖို့ အထူးပြုလုပ်ထားတာမျိုး မရှိသေးပါဘူး။ နားကြပ် အနားကပ်ပြီးတိုင်း ရင်ကောလို့ မေးလာမယ်ဆိုရင်တော့ တိုင်းလို့ ရပါတယ်လို့ပဲ ဖြေရပါလိမ့်မယ်။ ဒါပေမယ့် တိတိကျကျတော့ရမှာ မဟုတ်ပါဘူး။ တစ်ဝက်လောက်ပဲမှန်တဲ့ အဖြေကိုသာ ရလာမှာဖြစ်ပါတယ်။ ဒီလိုတစ် ဝက်ပဲမှန်တဲ့ အဖြေကိုရဖို့အတွက် ဘယ်သူကများ ဒေါ်လာ (၅၀) တန် dB Meter ကြီးကိုဝယ်ပါ့ မလဲနော့။

နောက်ထပ် နည်းလမ်းတစ်ခုကတော့ dB meter app တွေကနေတစ်ဆင့် တိုင်းခြင်းပါပဲ။ သူတို့ရဲ့ အားနည်းချက်ကတော့ ပုံမှန် dB Meter လောက်ကို မမှန်တာပါပဲ။ ဆိုလိုတာကတော့ တိုင်းတာလို့ရလာတဲ့ ရလဒ်ဟာ အဖြေမှန်နဲ့ တစ်ဝက်ကျော်ကို ကွာဟနေမှာပါ။ ဒါပေမဲ့ အလကားသုံးလို့ရတာ၊ အလွယ်တကူ သုံးလို့ရတာကတော့ ကြီးစွာသော အားသာချက်ကြီး တွေဖြစ်နေမှာပါ။

စိတ်ဝင်စားစရာနောက်ထပ် နည်းလမ်းတစ်ခုလည်း ရှိပါသေးတယ်။ ဒီနည်းလမ်းကိုတော့ တိတ်ဆိတ်ငြိမ်သက်တဲ့ အခန်းတစ်ခုမှာ ပြုလုပ်ရမှာပါ။ ပထမဆုံးအနေနဲ့ နားကြပ်ရဲ့ Volume level ကို ကိုယ့်စိတ်ကြိုက် level အထိ တင်လိုက်ပါ။ ပြီးတော့ နားကြပ်ကို နားကနေ ဖြုတ်ပြီး ကိုယ့်အရှေ့တည့်တည့် လက်တစ်ကမ်းစာအကွာမှာ ထားလိုက်ပါ။ အဲ့လိုထားလိုက်လို့ နားကြပ်ကအသံကို ကြားနေရသေးတယ်ဆိုရင်တော့ ဒါသေချာပါပြီ။ ဒီ Volume level ဟာ နားကို ထိခိုက်နိုင်တဲ့အထိ ကျယ်နေပြီလို့ ဆိုနိုင်ပါတယ်။

အဲ့လိုတွေ အလုပ်ရှုပ်မခံချင်ဘူး ဆိုသူတွေအတွက် အကြံပြုချင်တာကတော့ ကိုယ့်ကိုယ်ကိုယ် မလိမ်ဖို့ပါပဲ။ တကယ်လို့ ကိုယ်က သီချင်းသံဟာ ကျယ်လွန်း တယ်လို့ အလိုလိုသိစိတ်က ထင်နေရင် ဆင်ခြေတွေ ပေးမနေပါနဲ့။ တကယ်ကျယ်တယ်လို့ပဲ လက်ခံလိုက်ပါ။ ကျွန်တော်တို့အနေနဲ့ နားကြပ်ကသီချင်းသံဟာ ဘယ်လောက်ကျယ်သလဲဆိုတာကို တိတိကျကျ မသိနိုင်ပါဘူး။ အကောင်းဆုံးကတော့ ကိုယ့်ဘာသာ သတိထားပြီးတော့ ကျယ်နေတယ်ထင်ရင် သင့်တော်တဲ့ပမာဏအထိ တိုးလိုက်တာပါပဲ။

နားကျန်းမာရေး မထိခိုက်ရအောင် ဘယ်လိုကာကွယ်နိုင်မလဲ

ကျွန်တော်တို့အနေနဲ့ ဒီနည်းပညာပစ္စည်းတွေကြောင့် ဖြစ်လာတဲ့ နားအကြားအာရုံ ထိခိုက်မှုတွေဟာ ရှားရှားပါးပါးဖြစ်ရပ်တွေလို့ ထင်မှတ်နေ လေ့ရှိပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ WHO က ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတစ်ခုကတော့ ကျွန်တော်တို့ကို တော်တော်လေး အံ့အားသင့်စေမှာပါ။ WHO ရဲ့ အဆိုအရ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဆယ်ကျော်သက်နဲ့ လူငယ်လူ ရွယ်ပေါင်း ၁.၁ ဘီလီယံလောက်ဟာ ဒီနည်းပညာပစ္စည်းတွေနဲ့ အသံဆူညံတဲ့ ဖျော်ဖြေရေးပွဲတွေကြောင့် နားအကြားအာရုံချို့ယွင်းဖို့ရာ အန္တရာယ် ရှိနေပြီလို့ သိရပါတယ်။ ဒါဟာ ကမ္ဘာ့ စုစုပေါင်း လူဦးရေ ရ ဘီလီယံနဲ့ နှိုင်းယှဉ်ကြည့်ရင် တော်တော်လေး ကြောက်ဖို့ကောင်းတဲ့ ပမာဏတစ်ခုဆိုတာ မြင်သာမှာပါ။

ဒါဆိုရင် ဒီနားကြပ်တွေကြောင့် နားကိုမထိခိုက်ရအောင် ဘယ်လိုကာကွယ်နိုင်မလဲ။ အလွယ်ဆုံးနဲ့ ပထမဆုံးလုပ်နိုင်တာကတော့ နားကြပ်တွေကို ထိန်းထိန်းသိမ်းသိမ်း အသုံးမပြုရင် ကိုယ့်နားကို ထိခိုက်နိုင်တယ်ဆိုတာကို လက်ခံပြီးတော့ သတိထားဖို့ပါပဲ။ ပြီးရင်တော့ အောက်ကဆောင်ရန် ရှောင်ရန်လေးတွေကို လိုက်နာသင့်ပါတယ်။

– နားကြပ်ရဲ့ Volume ကို သင့်တင့်ရုံလောက်ပဲ ထားရှိပါ။ ပညာရှင်တွေ အများစုလက်ခံထားတဲ့ စည်းမျဉ်းကတော့ Volume ကို Max volume ရဲ့ 60% မှာပဲ ထားရှိဖို့ ဖြစ်ပါတယ်။ ဒီထက်ကျော်သွားရင် Safety limit ဖြစ်တဲ့ 85 dB ကို ကျော်နိုင်ခြေများသွားလို့ပါပဲ။ တကယ်တော့ ကြာလို့ အလေ့အကျင့်ဖြစ်သွားရင် ဒီ Volume level ဟာ သင့်တင့်မျှတတယ်ဆိုတာကို သတိပြုမိလာမှာပါ။ ဒါ့အပြင် Volume ကို မတိုးဘဲနဲ့ Equalizer တွေကို သုံးပြီးတော့လည်း သီချင်းချစ်သူတွေအနေနဲ့ ကိုယ်နားထောင်နေတဲ့ သီချင်းရဲ့ အသံအရည်အသွေးကို မြှင့်တင်နိုင်ပါ တယ်။

– နားကြပ်သုံးပြီး သီချင်းကိုဆက်တိုက် နားမထောင်ပါနဲ့။ ဒါ့အပြင် တစ်နေ့ကိုမိနစ် ၆၀ ထက် ပိုပြီးတော့လည်း နားကြပ်ကို အသုံးမပြုသင့်ပါဘူး။ ဒါကိုတော့ မှတ်ရလွယ်အောင် 60/60 စည်းမျဉ်းလို့ ခေါ်နိုင်ပါတယ်။ နားကြပ်ရဲ့ Volume ကို 60% မှာတစ်နေ့ကို မိနစ် ၆၀ ထက်မကျော်ဘဲ နားထောင်သင့်ပါတယ်။ ဒီမိနစ် ၆၀ ဆိုတာကိုလည်း တစ်ဆက်တည်းထက်စာရင် နားထောင်လိုက် နားလိုက် လုပ်တာမျိုးက ပိုပြီးကောင်းပါတယ်။

– တတ်နိုင်မယ်ဆိုရင် အရည်သွေးမြင့်ပြီး Noise-cancelling လုပ်ဆောင်ချက်ပါတဲ့ နားကြပ်တွေကိုသာ ဝယ်ယူပါ။ Noise-cancelling ဆိုတာကတော့ နားထဲကို ပြင်ပအသံတွေ ဝင်မလာအောင် တားဆီးပေးနိုင်တဲ့ လုပ်ဆောင်ချက်တစ်ခုပါပဲ။ ဒီလိုမျိုး လုပ်ဆောင်ချက်ပါတဲ့ နားကြပ်တွေကို အသုံးပြုမယ်ဆိုရင် အသံဆူညံနေတဲ့ ပတ်ဝန်းကျင်မှာတောင်မှ Volume ကိုတိုးစရာမလိုဘဲ သက်သောင့်သက်သာ နားထောင်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး အသံတွေဆူညံနေတဲ့ ကားတွေရထားတွေပေါ်မှာ သီချင်းနားထောင် ဖူးမှာပါ။ အဲ့ဒီအချိန်မှာ အသံကိုမိုင်ကုန်မြှင့်ပြီးတော့ နားထောင်တတ်ကြတာ အားလုံးအသိပါပဲ။ ဒါဟာ နားအကြားအာရုံအတွက်တော့ တော်တော်လေး ထိခိုက်စေပါတယ်။ ဒီလို အချိန်မှာ Noise-cancelling နားကြပ်တွေ သုံးခြင်းအားဖြင့် ပုံမှန် 60% Volume နဲ့ အေးအေးသက်သာ နားဆင်နိုင်မှာပါ။

– နားကြပ်တွေ အမျိုးမျိုး ရှိတဲ့အထဲကမှ ပညာရှင်တွေ ထောက်ခံတဲ့အမျိုးအစားကတော့ Over-the-ear Headphone တွေပဲ ဖြစ်ပါတယ်။ ဒီနားကြပ်တွေဟာ Speaker နဲ့ နားစည်
အကြား ကွာဝေးတာကြောင့် နားအကြားအာရုံ ထိခိုက်မှုတွေကို လျှော့ချပေးနိုင်ပါတယ်။ တစ်ခြားနားကြပ်တွေထက် ဈေးပိုပေးရလေ့ ရှိပေမယ့် ပေးရတာနဲ့ ရတဲ့အကျိုးတန်တယ်လို့ ဆိုနိုင်တဲ့ အမျိုးအစားပါပဲ။

စာဖတ်သူများ အားလုံး ကျန်းမာတဲ့ နားအကြားအာရုံကို အမြဲပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။