နာမည္ေက်ာ္ game streaming ဝန္ေဆာင္မႈ Twitch ကို တ႐ုတ္ တားျမစ္ပိတ္ပင္

[Zawgyi]

eSports ၿပိဳင္ပြဲေတြကို ထုတ္လႊင့္ေပးေနတဲ့ နာမည္ေက်ာ္ game streaming ဝန္ေဆာင္မႈ Twitch က တ႐ုတ္ႏိုင္ငံမွာ တားျမစ္ပိတ္ပင္ခံရေၾကာင္းကို အတည္ျပဳခဲ့ပါတယ္။

တရုတ္ျပည္မႀကီးမ်ာ Twitch ရဲ႕ ဝက္ဘ္ဆိုက္ အသံုးျပဳလုိ႔ မရေတာ့တဲ့အေၾကာင္းနဲ႔ Twitch app က တ႐ုတ္ Apple App Store ကေန ေပ်ာက္ကြယ္သြားတဲ့အေၾကာင္းကို Abacus က ပထမဆံုး ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္ အဆိုပါသတင္းကို Twitch က အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။

ဘာေၾကာင့္ တားျမစ္ပိတ္ပင္ခံရသလဲ ဆိုတာနဲ႔ တ႐ုတ္အစိုးရက ႀကိဳတင္ သတိေပးမႈ ရိွ၊ မရိွဆိုတဲ့အေပၚ ထင္ျမင္ခ်က္ေပးဖို႔ Twitch က ျငင္းဆိုခဲ့ပါတယ္။ Abacus ကေတာ့ လတ္တေလာမွာ ျမင့္တက္လာတဲ့ Twitch သံုးစြဲသူအေရအတြက္ေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ ေထာက္ျပထားပါတယ္။ တ႐ုတ္ႏိုင္ငံက သံုးစြဲသူေတြဟာ ရုပ္သံကေန ထုတ္လႊင့္ျပသျခင္းမရိွတဲ့ Asian Games က esports championship ကို ၾကည့္႐ႈခဲ့တဲ့ေနာက္ Twitch က အခမဲ့ app ေတြရဲ႕ နံပါတ္ ၃ ေနရာကို ေရာက္ရိွလာခဲ့ပါတယ္။

ဒီတားျမစ္ပိတ္ပင္မႈဟာ တ႐ုတ္ Twitch သံုးစြဲသူေတြကို ေဒါသထြက္ေစခဲ့တယ္လို႔ Abacus က ေဖာ္ျပခဲ့ပါတယ္။ တ႐ုတ္ဟာ ဗီဒီယိုဂိမ္းနယ္ပယ္ကို တင္းၾကပ္မႈေတြ ျပဳလုပ္လာတာ မၾကာေသးပါဘူး။ အစိုးရအေနနဲ႔ Fortnite အပါအဝင္ ဂိမ္းအသစ္ေတြရဲ႕ အတည္ျပဳခ်က္ကို ရုတ္တရက္ ဆိုင္းငံ့ခဲ့သလိုTencent ရဲ႕ ရွယ္ယာကလည္း ေဒၚလာ ၁၄၀ ဘီလ်ံခန္႔ ဆံုး႐ံႈးခဲ့ရပါတယ္။ Twitch ေပၚမွာ Fortnite ဂိမ္းကစားပံုကို ၾကည့္႐ႈတဲ့ပမာဏဟာ တစ္လမွာ မိနစ္ ဘီလ်ံေပါင္းမ်ားစြာရိွပါတယ္။

Twitch ရဲ႕ ၾကည့္႐ႈသူအေရအတြက္ဟာ အလြန္အမင္းမ်ားျပားၿပီး ကမ႓ာတစ္ဝန္းမွာ ေန႔စဥ္ၾကည့္႐ႈသူ ၁၅ သန္းရိွတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ eports နယ္ပယ္ကလည္း အလြန္အမင္း တိုးတက္ေနၿပီး ေစ်းကြက္တန္ဖိုး ေဒၚလာ သန္း ၅၀၀ ရိွတယ္လို႔ Goldman Sachs က ၂၀၁၆ ခုႏွစ္မွာ ေျပာၾကားခဲ့ပါတယ္။ ႏွစ္စဥ္ တိုးတက္မႈႏႈန္းက လာမယ့္သံုးႏွစ္အတြင္း ၂၂ ရာခိုင္ႏႈန္းအထိ ရိွလာမယ္လို႔ ေမွ်ာ္မွန္းထားပါတယ္။

Ref: BusinessInsider

-ေနာင္ေနာင္

[Unicode]

eSports ပြိုင်ပွဲတွေကို ထုတ်လွှင့်ပေးနေတဲ့ နာမည်ကျော် game streaming ဝန်ဆောင်မှု Twitch က တရုတ်နိုင်ငံမှာ တားမြစ်ပိတ်ပင်ခံရကြောင်းကို အတည်ပြုခဲ့ပါတယ်။

တရုတ်ပြည်မကြီးမျာ Twitch ရဲ့ ဝက်ဘ်ဆိုက် အသုံးပြုလို့ မရတော့တဲ့အကြောင်းနဲ့ Twitch app က တရုတ် Apple App Store ကနေ ပျောက်ကွယ်သွားတဲ့အကြောင်းကို Abacus က ပထမဆုံး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် အဆိုပါသတင်းကို Twitch က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဘာကြောင့် တားမြစ်ပိတ်ပင်ခံရသလဲ ဆိုတာနဲ့ တရုတ်အစိုးရက ကြိုတင် သတိပေးမှု ရှိ၊ မရှိဆိုတဲ့အပေါ် ထင်မြင်ချက်ပေးဖို့ Twitch က ငြင်းဆိုခဲ့ပါတယ်။ Abacus ကတော့ လတ်တလောမှာ မြင့်တက်လာတဲ့ Twitch သုံးစွဲသူအရေအတွက်ကြောင့် ဖြစ်နိုင်တယ်လို့ ထောက်ပြထားပါတယ်။ တရုတ်နိုင်ငံက သုံးစွဲသူတွေဟာ ရုပ်သံကနေ ထုတ်လွှင့်ပြသခြင်းမရှိတဲ့ Asian Games က esports championship ကို ကြည့်ရှုခဲ့တဲ့နောက် Twitch က အခမဲ့ app တွေရဲ့ နံပါတ် ၃ နေရာကို ရောက်ရှိလာခဲ့ပါတယ်။

ဒီတားမြစ်ပိတ်ပင်မှုဟာ တရုတ် Twitch သုံးစွဲသူတွေကို ဒေါသထွက်စေခဲ့တယ်လို့ Abacus က ဖော်ပြခဲ့ပါတယ်။ တရုတ်ဟာ ဗီဒီယိုဂိမ်းနယ်ပယ်ကို တင်းကြပ်မှုတွေ ပြုလုပ်လာတာ မကြာသေးပါဘူး။ အစိုးရအနေနဲ့ Fortnite အပါအဝင် ဂိမ်းအသစ်တွေရဲ့ အတည်ပြုချက်ကို ရုတ်တရက် ဆိုင်းငံ့ခဲ့သလိုTencent ရဲ့ ရှယ်ယာကလည်း ဒေါ်လာ ၁၄၀ ဘီလျံခန့် ဆုံးရှုံးခဲ့ရပါတယ်။ Twitch ပေါ်မှာ Fortnite ဂိမ်းကစားပုံကို ကြည့်ရှုတဲ့ပမာဏဟာ တစ်လမှာ မိနစ် ဘီလျံပေါင်းများစွာရှိပါတယ်။

Twitch ရဲ့ ကြည့်ရှုသူအရေအတွက်ဟာ အလွန်အမင်းများပြားပြီး ကမ႓ာတစ်ဝန်းမှာ နေ့စဉ်ကြည့်ရှုသူ ၁၅ သန်းရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် eports နယ်ပယ်ကလည်း အလွန်အမင်း တိုးတက်နေပြီး စျေးကွက်တန်ဖိုး ဒေါ်လာ သန်း ၅၀၀ ရှိတယ်လို့ Goldman Sachs က ၂၀၁၆ ခုနှစ်မှာ ပြောကြားခဲ့ပါတယ်။ နှစ်စဉ် တိုးတက်မှုနှုန်းက လာမယ့်သုံးနှစ်အတွင်း ၂၂ ရာခိုင်နှုန်းအထိ ရှိလာမယ်လို့ မျှော်မှန်းထားပါတယ်။

Ref: BusinessInsider

-နောင်နောင်