နည္းပညာႏွင့္ ကမ႓ာဆက္သြယ္မႈနည္းလမ္းကို ေျပာင္းလဲခဲ့သူ (၁၀) ဦး

[ Zawgyi ]

နည္းပညာကမ႓ာႀကီးက အလြန္အမင္း တုိးတက္ဖို႔ တာစူေနပါၿပီ။ နည္းပညာရဲ႕ေမာင္းႏွင္အားက စမတ္ဖုန္း၊ virtual reality နဲ႔ Fortnite တုိ႔ကုိ ထြက္ေပၚလာေစပါတယ္။

ဆန္းသစ္တီထြင္မႈကို ရွာေဖြမႈက gadget ေတြကို ဖန္တီးတာပဲ မဟုတ္ေတာ့ပါဘူး။ လူ႔အဖြဲ႕အစည္းဟာ ရာသီဥတုေျပာင္းလဲမႈက အခြင့္ေရးတန္းတူညီမွ်မႈစတဲ့ စိန္ေခၚမႈေတြနဲ႔ ႀကု့ေတြ႕ေနရပါတယ္။ သီးျခားလုပ္ငန္းေတြအၾကားက နယ္စည္းေတြ ၿပိဳက်သြားၿပီး ယေန႔ေခတ္နည္းပညာ ဦးေဆာင္သူေတြက အမွတ္သညာတစ္ခု ဖန္တီးဖို႔ ပုိမိုက်ယ္ျပန္႔တဲ့အျမင္ကို ရယူလာၾကပါတယ္။

နည္းပညာရဲ႕ေဆာင္ရြက္ပုံေတြကုိ ထုတ္လုပ္ၿပီး နည္းပညာျပန္လည္တီထြင္ခဲ့သူ ၁၀ ဦးကုိ ရွာေဖြထားပါတယ္။ စိတ္ကူးဥာဏ္ေကာင္းမြန္သူေတြကုိ ေအာက္မွာ ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။

သိပၸံဝတၳဳထဲမွာ ပါဝင္တဲ့ AI ကုိလက္ေတြ႕ဖန္တီးခဲ့သူ ဂ်က္ဖ္ဒင္း

Google ဟာရွာေဖြမႈေတြနဲ႔ သက္ဆုိင္ရင္ အလြန္ေရပန္းစားပါတယ္။ ကုမၸဏီရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ကေတာ့ အနာဂတ္ဟာ artificial intelligence ျဖစ္တယ္လို႔ ေျပာထားပါတယ္။

Google ရဲ႕အႏွစ္ႏွစ္ဆယ္သက္တမ္းရွိ ဝါရင့္ဝန္ထမ့္ ဂ်က္ဖ္ဒင္းဟာ MapReduce, Google Search ရဲ႕အေရးအႀကီးဆုံးစြမ္းေဆာင္ရည္ အဆင့္ျမႇင့္တင္မႈနဲ႔ BigTable Spanner, Google ရဲ႕ internal database အပါအဝင္ အထင္ရွားဆုံးနည္းပညာေနာက္ကြယ္က အေရးပါသူျဖစ္ပါတယ္။

Google ကအႀကီးတန္းဝန္ထမ္းထဲေတြထဲက တစ္ဦးျဖစ္တဲ့ ဒင္းဟာ ကုမၸဏီမွာ ေက်ာ္ၾကားသူတစ္ဦးလည္း ျဖစ္ပါတယ္။

Google မွာ AI အႀကီးအကဲအျဖစ္ လုပ္ကုိင္ေနတဲ့ ဒင္းအေနနဲ႔ speech recognition, computer vision, ဘာသာစကားနားလည္မႈ၊ စက္႐ုပ္မ်ားနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈတို႔ကို အာရုံစိုက္ လုပ္ကုိင္ေနပါတယ္။ ေဖေဖာ္ဝါရီလမွာေတာ့ AI အတြက္ အခြင့္အလမ္းအမ်ားဆုံးရွိတဲ့ က်န္းမာေရးေစာင့္ေရွာက္မႈက႑က သူ႔ကုိ စိတ္လႈပ္ရွားမႈေပးတယ္လို႔ ေျပာၾကားထားပါတယ္။

Lyft ဒုဥကၠ႒ ေကတီဒဲက အလြတ္တန္းလုပ္ငန္း app ေတြကုိေျပာင္းလဲခဲ့

ေကတီဒဲဟာ အလုပ္အကုိင္ကုိ ဘယ္လိုလုပ္ကုိင္ၿပီး ေဆာင္ရြက္မလဲဆိုတဲ့အပုိင္းေျပာင္းလဲခဲ့ပါတယ္။ တစ္စုံတစ္ေယာက္က တကၠစီငွားတာနဲ႔ အခန္းတစ္ခန္းကုိ ေဝမွ်တာလိုမ်ိဳး အေရးပါတဲ့ဝန္ေဆာင္မႈေတြနဲ႔ ေန႔စဥ္ေတြ႕ႀကဳံေနရတဲ့ သုံးစြဲသူအေတြ႕အႀကဳံကုိ ပုံေဖာ္ေပးတာ အေရးပါတဲ့ လုပ္ငန္းျဖစ္ပါတယ္။

ဒဲရဲ႕ ၾသဇာက ေဝမွ်တဲ့စီးပြားေရးလုပ္ငန္းတစ္ခုလုံးအေပၚ သက္ေရာက္ပါတယ္။ သူမဟာ Airbnb ရဲ႕ဒီဇိုင္းအေတြ႕အႀကဳံ ဒါ႐ိုက္တာအျဖစ္ ၄ႏွစ္လုပ္ကုိင္ခဲ့ၿပီး အခုဒီဇိုင္းဒုဥကၠ႒အျဖစ္ Lyft မွာလုပ္ကုိင္ေနပါတယ္။

“ကၽြန္မတို႔ ထုတ္ကုန္အသုံးျပဳတဲ့ လူေပါင္းမ်ားစြာ ဘာလုိတယ္ဆို မသိပါဘူး။ ကၽြန္မတို႔ သူတို႔ဆီက သင္ယူဖို႔ပဲ လိုပါတယ္။ ဆုံးျဖတ္ခ်က္အေသးစားေလးက မွီခိုမႈမ်ားစြာ ရွိေနပါတယ္” လို႔ေျပာခဲ့ပါတယ္။

Backstage Capital တည္ေထာင္သူ အာလန္ဟယ္မီတန္

အာလန္ဟယ္မီတန္ဟာ startup လုပ္ငန္းေတြကုိ အျမစ္ကေန ဆြဲကုိင္ခဲ့ပါတယ္။ လူအဖြဲ႕အစည္းမွာ မ်က္ႏွာမရတဲ့ လူျဖဴမဟုတ္သူ စြန္႔ဦးတီထြင္သမားနဲ႔ ကုမၸဏီတည္ေထာင္သူေတြဟာ ကုမၸဏီေတြ တည္ေထာင္ဖုိ႔ ႀကိဳးစားတိုင္း ရင္းႏွီးျမႇဳပ္ႏွံသူေတြရဲ႕ ပယ္ခ်ျခင္းနဲ႔ ရင္ဆုိင္ရပါတယ္။

လိင္တူခ်စ္သူ ဟယ္မီတန္ဟာ အမ်ိဳးသမီး၊ လူမည္းနဲ႔ LGBTQ ေတြကုိ ဦးေဆာင္ၿပီး ကုမၸဏီေတြအတြင္း ရင္းႏွီးျမႇဳပ္ႏွံဖို႔အတြက္ ၂၀၁၅ခုႏွစ္အတြင္း Backstage Captial တည္ေထာင္ခဲ့ပါတယ္။

သူတို႔ရဲ႕ ရည္ရြယ္ခ်က္က လက္ရွိအေျခအေနကို လႈပ္ခါဖို႔ ျဖစ္ၿပီး အဖြဲ႕အမ်ိဳးမ်ိဳးက အသံေတြရရွိေစဖို႔ ျဖစ္တယ္လို႔ ဟယ္မီတန္က BusinessInsider ကေျပာခဲ့ပါတယ္။

၂၀၁၅ခုႏွစ္အတြင္း Backstage ဟာကုမၸဏီေပါင္း ၁၀၀ေက်ာ္မွာ ခန္႔မွန္းေျခ ေဒၚလာ ၅သန္းရင္းႏွီးျမႇဳပ္ႏွံထားတယ္လို႔ ဟယ္မီတန္ကေျပာၾကားထားပါတယ္။

The Center for Humane Technology ဒါ႐ိုက္တာနဲ႔ တြဲဖက္တည္ေထာင္သူ ထရစၥတန္ဟယ္ရစ္

ထရစၥတန္ဟယ္ရစ္ဟာ သူမတူတဲ့ ေတာ္လွန္သူပါ။ သူကုိယ္တိုင္ နည္းပညာသမားတစ္ဦးျဖစ္ၿပီး စတန္းဖို႔ဒ္တကၠသိုလ္က ဘြဲ႕ရရွိၿပီး starup ကုမၸဏီတည္ေထာင္ခဲ့သူျဖစ္ပါတယ္။ ဒါ့အျပင္ Apple နဲ႔ Google မွာလည္း အလုပ္လုပ္ကုိင္ခဲ့ဖူးပါတယ္။ ၂၀၁၃ခုႏွစ္ Google မွာလုပ္ကုိင္ေနစဥ္မွာ နည္းပညာလုပ္ငန္းေတြ လမ္းမွားေရာက္ေနတယ္လို႔ ခံစားလာရပါတယ္။ အဲဒီကုမၸဏီေတြက ထုတ္ကုန္သစ္ေတြ ဖန္တီးမလုပ္ကိုင္ေတာ့ဘဲ သုံးစဲြသူေတြကုိ လႊမ္းမိုးခ်ဳပ္ကိုင္ဖို႔ အာ႐ုံစိုက္လာပါတယ္။

အဲဒီစိတ္ကူးေၾကာင့္ ထရစၥအေနနဲ႔ ေၾကညာစာတမ္းဆန္ဆန္တစ္ခုကို ထုတ္ျပန္ခဲ့ပါတယ္။ နည္းပညာကုမၸဏီေတြက သုံးစြဲသူေတြကုိ ဘယ္လိုလႊမ္းမိုးခ်ဳပ္ကုိင္ေနတယ္ဆိုတဲ့ နည္းလမ္းကုိ slide ၁၄၁ခုနဲ႔ ျပသခဲ့ၿပီး အဲဒီအာ႐ုံလႊဲေျပာင္းသြားမႈေတြကို အနည္းဆုံးျဖစ္ေအာင္လုပ္ဖို႔ Google ကုိေတာင္းဆိုခဲ့ပါတယ္။

ေနာက္ပုိင္း ထရစၥတန္ဟာ Google ကထြက္လာၿပီး နည္းပညာေလာကကုိ ေဝဖန္ေထာက္ျပေနသူေတြနဲ႔ ပူးေပါင္းၿပီး စီမံကိန္းကို အေကာင္အထည္ေဖာ္ခဲ့ပါတယ္။

နည္းပညာကုမၸဏီေတြက သုံးစြဲသူေတြကုိ လႊမ္းမိုးခ်ဳပ္ကုိင္ေနတဲ့ ျပႆနာကုိ ဖိအားေပးမႈ မ်ားျပားလာတာေၾကာင့္ Google, Apple နဲ႔ Facebook တို႔ဟာ ႏွစ္အနည္းငယ္အတြင္း ထုတ္ကုန္နဲ႔ ဝန္ေဆာင္မႈေတြေၾကာင့္ ျဖစ္ေပၚတဲ့ အာ႐ုံအလႊဲအေျပာငး္ကုိ ေလွ်ာ႔ခ်ဖို႔ feature သစ္ေတြကုိ မိတ္ဆက္လာရပါတယ္။ အဲဒီအေျပာင္းအလဲကုိ ထရစၥတန္ဟယ္ရစ္ကေတာ့ “baby steps” လို႔ေခၚပါတယ္။

ေကာ္ပိုရိတ္ေအာင္ျမင္မႈနဲ႔ သဘာဝပတ္ဝန္းက်င္တာဝန္ယူမႈကို ျပသခဲ့သူ လီဆာဂ်က္ဆင္

Apple ဟာ iPhone နဲ႔ Mac လိုမ်ိဳး နာမည္ေက်ာ္ ထုတ္ကုန္ေတြ တည္ေဆာက္မႈအႏုပညာကို ၿပီးျပည့္စုံေအာင္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

လီဆာဂ်က္ဆင္ဟာ ၂၀၁၃ခုႏွစ္မွာ Apple ရဲ႕သဘာဝပတ္ဝန္းက်င္၊ ေပၚလစီနဲ႔ လူမႈေရးက႑ ဒုဥကၠ႒အျဖစ္ ဝင္ေရာက္လုပ္ကုိင္ခဲ့ပါတယ္။ သူမဟာ Apple အတြက္ စိန္ေခၚမႈတစ္ခုကုိ ေအာင္ျမင္ေအာင္ ျပဳလုပ္ေပးခဲ့ပါတယ္။ အဲဒါကေတာ့ ထုတ္ကုန္ေတြကုိ ဖန္တီးဖို႔ ကမ႓ာေပၚက တြင္းထြက္ပစၥည္းလိုအပ္ခ်က္ကုိ ဖယ္ရွားခဲ့တာ ျဖစ္ပါတယ္။

iPhone တစ္လုံးကုိထုတ္လုပ္ဖို႔ မွန္ထည္နဲ႔ သတၱဳေတြတင္မကဘဲ အလူမီနီယမ္၊ သံထည္၊ ကုိေဗာ့သတၱဳနဲ႔ ေရႊအျပင္ အျခားတြင္းထြက္ပစၥည္းေတြ လိုအပ္ပါတယ္။

Apple ဟာဂ်က္ဆင္ရဲ႕ အကူအညီနဲ႔ တုိးတက္ေျပာင္းလဲမႈ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ဥပမာအေနနဲ႔ ကုမၸဏီဟာ iPhone ရဲ႕အဓိက logic board ထဲက သံျဖဴျဒပ္စင္ကုိ ျပန္လည္ သန္႔စင္ႏိုင္တာေၾကာင့္ ၁ႏွစ္အတြင္း သံျဖဴျဒပ္စင္ တန္ ၁၀,၀၀၀ တူးေဖာ္မႈကို တားဆီးႏိုင္ခဲ့ပါတယ္။ iPhone XS ဟာလူေတြအသုံးျပဳလိုက္တဲ့ ပလတ္စတစ္ ၃၅ရာခိုင္ႏႈန္းကို ျပန္လည္သန္႔စင္ၿပီး အသုံးျပုထားပါတယ္။

အခုအေျပာင္းအလဲဟာ Apple အတြက္ ကာလရွည္ရည္မွန္းခ်က္ျဖစ္ၿပီး ကမ႓ာတစ္ဝန္းက Apple စက္႐ုံအားလုံး ျပန္လည္သန္႔စင္ႏိုင္တဲ့ စြမ္းအင္ ၁၀၀ရာခိုင္ႏႈန္း အသုံးျပဳသြားမယ္လို႔ ၿပီးခဲ့တဲ့ႏွစ္အတြင္း ကုမၸဏီ ေၾကညာထားပါတယ္။

App ေတြကုိ တည္ေဆာက္ခြင့္ေပးထားတဲ့ Airtable တည္ေထာင္သူမ်ား

Airtable တည္ေထာင္သူေတြျဖစ္တဲ့ ဟိုဝီလူ၊ အန္ဒ႐ူးေအာ့စတက္နဲ႔ အန္းမက္နီကုိလပ္စ္တို႔ဟာ ဒူခ္တကၠသုိလ္မွာ ဆုံေတြ႕ခဲ့ၾကပါတယ္။ အန္ဒ႐ူးေအာ့စတက္ကေတာ့ Airtable ရဲ႕ထုတ္ကုန္အႀကီးအကဲအရာရွိျဖစ္ၿပီး အန္းမက္ကေတာ့ နည္းပညာအႀကီးအကဲအရာရွိ ျဖစ္ကာ ဟိုဝီကေတာ့ Airtable အမႈေဆာင္အရာရွိခ်ဳပ္ပဲျဖစ္ပါတယ္။

သူတို႔ရဲ႕ ေက်ာင္းေနဘက္ေတြကေတာ့ ဘဏ္လုပ္ငန္းဒါမွမဟုတ္ အႀကံေပးလုပ္ငန္းေတြကုိ လုပ္ကုိင္ေနေပမယ့္ အင္ဂ်င္နီယာေက်ာင္းသား ၃ဦးကေတာ့ နည္းပညာနဲ႔ startup စိတ္ကူးေတြ ထုတ္လုပ္ခဲ့ၿပီး နည္းပညာကုမၸဏီႀကီးေတြမွာ လုပ္ကုိင္ခဲ့ၾကပါတယ္။ ေနာက္ပုိင္းမွာ သူတို႔ဟာ ျပန္လည္စုစည္းၿပီး ကုိယ္ပုိင္လုပ္ငန္းတည္ေထာင္ခဲ့ပါတယ္။

သူတို႔ရဲ႕ Airtable ဟာ၂၀၁၅ခုႏွစ္ ေငြရွာေဖြမႈအတြင္း ေဒၚလာသန္း ၁၇၀ေက်ာ္ရရွိခဲ့ပါတယ္။ Airtable ရဲ႕အဓိကရည္ရြယ္ခ်က္ကေတာ့ app ေတြကလူ႔အဖြဲ႕အစည္းနဲ႔ လုပ္ငန္းေတြရဲ႕ အေျခခံအက်ဆုံးအရာ ျဖစ္လာဖို႔ပါ။ ဒါေၾကာင့္ ေနာက္ပုိင္းမွာ app ေတြကုိျပဳလုပ္ဖို႔ ကြန္ပ်ဴတာ ပ႐ိုဂရမ္မာေတြ လိုအပ္ေတာ့မွာ မဟုတ္ပါဘူး။

Airtable ဟာ Fortune 1000 ကုမၸဏီစာရင္းထဲပါဝင္ၿပီး သုံးစြဲသူေပါင္း ၈၀,၀၀၀ ရွိပါတယ္။ အဲဒီဝန္ေဆာင္မႈကို လက္ထပ္ပြဲကေတာ့ အဓိကေဟာလိဝုဒ္႐ုပ္ရွင္ကားေတြ ထုတ္လုပ္မႈအၿပီး လုပ္ငန္းစဥ္ေတြမွာ အသုံးျပဳေနၾကပါတယ္။

Amazon က Echo ထုတ္ကုန္ေတြနဲ႔ Amazon Alexa အေတြ႕အႀကဳံပိုင္းဆိုင္ရာ ဒုဥကၠ႒ တိုနီရိဒ္

Amazon ဟာလုပ္ငန္းပုိင္းတစ္ခုလုံး ၿဖိဳဖ်က္တည္ေဆာက္ခဲ့တဲ့ ကုမၸဏီမဟုတ္ပါဘူး။ Amazon ဟာတစ္ခါတုန္းက ရည္မွန္းခ်က္ႀကီးမားတဲ့ အြန္လိုင္းစာအုပ္ဆိုင္ေလးပါ။

ကုမၸဏီရဲ႕ ပထမဆုံးဝန္ထမ္း ၆၀၀ထဲက ၁ဦးျဖစ္တဲ့ တိုနီရိဒ္ဟာ ျဖစ္ထြန္းေျပာင္းလဲမႈကုိ ႀကဳံေတြ႕ခဲ့ရသူပါ။

၁၉၉၈ခုႏွစ္ ကုမၸဏီမွာ စတင္အလုပ္ဝင္ခဲ့ၿပီး Amazon ရဲ႕ display ေႀကာ္ျငာလုပ္ငန္းမွာ လုပ္ကုိင္ခဲ့ၿပီး AmazonFresh နည္းပညာပုိင္းကို ေျပာင္းေရြ႕ခဲ့ပါတယ္။
အခုဆိုရင္ ဝါရင့္ Amazon အမႈေဆာင္ တိုနီရိဒ္ဟာ ကုမၸဏီကုိ အေျပာင္းအလဲေဖာ္ေဆာင္ေပးႏိုင္တဲ့ အသံပုိင္းဆိုင္ရာနည္းပညာကုိ တိုးဝင္လုပ္ကိုင္ခဲ့ပါတယ္။

အသံနဲ႔ထိန္းခ်ဳပ္ႏိုင္တဲ့ computing နည္းပညာဟာ ထုတ္ကုန္ေတြနဲ႔ ဆက္သြယ္မႈပုံစံသစ္ျဖစ္ၿပီး လူသားဘဝ၊ ေနအိမ္နဲ႔ ယာဥ္ေတြထဲ ပုိမိုနီးစပ္စြာ ေပါင္းစပ္ထည့္သြင္းလာၾကပါတယ္။ Google နဲ႔ Apple တုိ႔ကလည္း Amazon Alexa လိုထုတ္ကုန္မ်ိဳးေတြ ထုတ္လုပ္လာၾကပါတယ္။ Amazon ဟာ Amazon Echo ကုိအရင္ဆုံး မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ Alexa Exerpience နဲ႔ Echo ထုတ္ကုန္ဒုဥကၠ႒ ရိဒ္အေနနဲ႔ Echo ထုတ္ကုန္ကုိ ဦးေဆာင္ႀကီးၾကပ္ခဲ့တာ ျဖစ္ပါတယ္။

SoftBank Group အမႈေဆာင္အရာရွိနဲ႔ ဥကၠ႒ မာဆာယိုရွီဆြန္

ဂ်ပန္နည္းပညာကုမၸဏီ SoftBank အမႈေဆာင္အရာရွိနဲ႔ ဥကၠ႒ မာဆာအေနနဲ႔ နည္းပညာက႑အတြင္း ရင္းႏွီးေငြမ်ားစြာ ထည့္သြင္းႏိုင္ေအာင္ ကုမၸဏီရဲ႕ Vision Fund နဲ႔စြမ္းေဆာင္ခဲ့ပါတယ္။

Epic Games တည္ေထာင္သူနဲ႔ အမႈေဆာင္အရာရွိခ်ဳပ္ တင္မ္ဆြီနီ

တင္မ္ဆြီနီဟာ ဗီဒီယိုဂိမ္းလုပ္ငန္းအတြင္း အဓိကအစိတ္အပိုင္းျဖစ္ေနတာ ႏွစ္အနည္းငယ္ၾကာပါၿပီ။

လြန္ခဲ့တဲ့ အႏွစ္ ၃၀က တင္မ္ဆြီနီဟာ Epic Games ကိုကေလးငယ္ဘဝအိမ္မွာ ဆိုင္အျဖစ္ဖြင့္လွစ္ခဲ့ၿပီး ကမ႓ာေပၚက နာမည္ေက်ာ္ဂိမ္းအမ်ားစုကို ေထာက္ပံ့ေပးေနတဲ့ ကုမၸဏီျဖစ္လာေအာင္ ေဆာင္ရြက္ခဲ့တာ ျဖစ္ပါတယ္။

အခုဆိုရင္ Fortnite ရဲ႕တုႏိႈင္းမမွီတဲ့ ေအာင္ျမင္မႈေၾကာင့္ ဆီြနီဟာ ဂိမ္းလုပ္ငန္းကုိ လႊမ္းမိုးခဲ့ၿပီး အခုဆိုရင္ ဂိမ္းလုပ္ငန္းကုိ ျပန္လည္တီထြင္ခဲ့ပါတယ္။

Fortnite ဟာလူေတြကို ဆြဲေဆာင္ႏိုင္တဲ့ ဂိမ္းတစ္မ်ိဳးျဖစ္ေနပါၿပီ။ ကစားသူေတြဟာ နာရီေပါင္းမ်ားစြာ ကစားၾကၿပီး အျခားလူေတြနဲ႔ တရင္းတႏွီးဆုံေတြ႕ႏိုင္တဲ့ေနရာျဖစ္သလို ေဖ်ာ္ေျဖပြဲေတြလည္း တိုက္႐ိုက္ၾကည့္ႏိုင္ပါတယ္။ ဒါ့အျပင္ ေဒၚလာသန္းေပါင္းမ်ားစြာ တန္ေၾကးရွိတဲ့ လုပ္ငန္းတစ္ခုလည္း ျဖစ္ပါတယ္။

Epic Games ဟာ Fortnite နဲ႔ Battle Royale ပုံစံကုိ တီထြင္ဲ့ၿပီး ဂိမ္မာမ်ိဳးဆက္အတြက္ အထင္ရွားဆုံး အေတြ႕အႀကဳံကုိ ေပးစြမ္းႏိုင္ခဲ့တယ္။

Wiliot အမႈေဆာင္အရာရွိခ်ဳပ္နဲ႔ တည္ေထာင္သူ တယ္တမီယား

Wiliot တြဲဖက္တည္ေထာင္သူ တယ္တမီယားဟာ ပတ္ဝန္းက်င္က ေရဒီယိုလႈိင္းေတြက စြမ္းအင္းကုိ အသုံးျပဳတဲ့ ခ်စ္ပ္ေတြကို ဖန္တီးေနတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ Wiliot ကထုတ္လုပ္တဲ့ ခ်စ္ပ္ေတြဟာ ဘက္ထရီမလိုပါဘူး။

Wiliot အေနနဲ႔ ေသးငယ္ၿပီး ေဈးသက္သာတဲ့ Bluetooth ခ်ိတ္ဆက္ထားတဲ့ အီလက္ထေရာနစ္စတစ္ကာ ဒါမွမဟုတ္ tag ကိုဖန္တီးခဲ့ပါတယ္။ အဲဒီ tag ဟာအခ်က္အလက္ေတြေထာက္ပံ့ႏိုင္႐ုံမကဘဲ ဆြယ္တာကေန မီးခလုတ္အထိ ခ်ိတ္ဆက္မႈရွိတဲ့ ထုတ္ကုန္ေတြကုိ ဖန္တီးႏိုင္ပါတယ္။

အဝတ္အစားေတြမွာ ပါဝင္တဲ့ tag ေတြက သတင္းအခ်က္အလက္ေတြကို ထပ္ဆင့္လႊင့္ေပးႏိုင္ပါတယ္။ အဲဒီသတင္းအခ်က္အလက္ေတြကုိ setting ေတြအလုိအေလ်ာက္ ေျပာင္းလဲဖုိ႔ အဝတ္ေလွ်ာ္စက္ဆီ လႊင့္တာ ဒါမွမဟုတ္ အျခားေဆးေတြေၾကာင့္ ျဖစ္ေပၚႏိုင္တဲ့ သက္ေရာက္မႈကုိ သုံးစြဲကုိ သတိေပးႏိုင္တဲ့ ေဆးဘူးေတြဆီအထိ ထုတ္လႊင့္ေပးဖို႔ တမီယားက ရည္မွန္းထားပါတယ္။

စိုးထက္
Ref: BusinessInsider

[ Unicode ]

နည်းပညာကမ႓ာကြီးက အလွန်အမင်း တိုးတက်ဖို့ တာစူနေပါပြီ။ နည်းပညာရဲ့မောင်းနှင်အားက စမတ်ဖုန်း၊ virtual reality နဲ့ Fortnite တို့ကို ထွက်ပေါ်လာစေပါတယ်။

ဆန်းသစ်တီထွင်မှုကို ရှာဖွေမှုက gadget တွေကို ဖန်တီးတာပဲ မဟုတ်တော့ပါဘူး။ လူ့အဖွဲ့အစည်းဟာ ရာသီဥတုပြောင်းလဲမှုက အခွင့်ရေးတန်းတူညီမျှမှုစတဲ့ စိန်ခေါ်မှုတွေနဲ့ ကြု့တွေ့နေရပါတယ်။ သီးခြားလုပ်ငန်းတွေအကြားက နယ်စည်းတွေ ပြိုကျသွားပြီး ယနေ့ခေတ်နည်းပညာ ဦးဆောင်သူတွေက အမှတ်သညာတစ်ခု ဖန်တီးဖို့ ပိုမိုကျယ်ပြန့်တဲ့အမြင်ကို ရယူလာကြပါတယ်။

နည်းပညာရဲ့ဆောင်ရွက်ပုံတွေကို ထုတ်လုပ်ပြီး နည်းပညာပြန်လည်တီထွင်ခဲ့သူ ၁၀ဦးကို ရှာဖွေထားပါတယ်။ စိတ်ကူးဉာဏ်ကောင်းမွန်သူတွေကို အောက်မှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

သိပ္ပံဝတ္ထုထဲမှာ ပါဝင်တဲ့ AI ကိုလက်တွေ့ဖန်တီးခဲ့သူ ဂျက်ဖ်ဒင်း

Google ဟာရှာဖွေမှုတွေနဲ့ သက်ဆိုင်ရင် အလွန်ရေပန်းစားပါတယ်။ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ကတော့ အနာဂတ်ဟာ artificial intelligence ဖြစ်တယ်လို့ ပြောထားပါတယ်။

Google ရဲ့အနှစ်နှစ်ဆယ်သက်တမ်းရှိ ဝါရင့်ဝန်ထမ့် ဂျက်ဖ်ဒင်းဟာ MapReduce, Google Search ရဲ့အရေးအကြီးဆုံးစွမ်းဆောင်ရည် အဆင့်မြှင့်တင်မှုနဲ့ BigTable Spanner, Google ရဲ့ internal database အပါအဝင် အထင်ရှားဆုံးနည်းပညာနောက်ကွယ်က အရေးပါသူဖြစ်ပါတယ်။

Google ကအကြီးတန်းဝန်ထမ်းထဲတွေထဲက တစ်ဦးဖြစ်တဲ့ ဒင်းဟာ ကုမ္ပဏီမှာ ကျော်ကြားသူတစ်ဦးလည်း ဖြစ်ပါတယ်။

Google မှာ AI အကြီးအကဲအဖြစ် လုပ်ကိုင်နေတဲ့ ဒင်းအနေနဲ့ speech recognition, computer vision, ဘာသာစကားနားလည်မှု၊ စက်ရုပ်များနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတို့ကို အာရုံစိုက် လုပ်ကိုင်နေပါတယ်။ ဖေဖော်ဝါရီလမှာတော့ AI အတွက် အခွင့်အလမ်းအများဆုံးရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍက သူ့ကို စိတ်လှုပ်ရှားမှုပေးတယ်လို့ ပြောကြားထားပါတယ်။

Lyft ဒုဥက္ကဋ္ဌ ကေတီဒဲက အလွတ်တန်းလုပ်ငန်း app တွေကိုပြောင်းလဲခဲ့

ကေတီဒဲဟာ အလုပ်အကိုင်ကို ဘယ်လိုလုပ်ကိုင်ပြီး ဆောင်ရွက်မလဲဆိုတဲ့အပိုင်းပြောင်းလဲခဲ့ပါတယ်။ တစ်စုံတစ်ယောက်က တက္ကစီငှားတာနဲ့ အခန်းတစ်ခန်းကို ဝေမျှတာလိုမျိုး အရေးပါတဲ့ဝန်ဆောင်မှုတွေနဲ့ နေ့စဉ်တွေ့ကြုံနေရတဲ့ သုံးစွဲသူအတွေ့အကြုံကို ပုံဖော်ပေးတာ အရေးပါတဲ့ လုပ်ငန်းဖြစ်ပါတယ်။

ဒဲရဲ့ သြဇာက ဝေမျှတဲ့စီးပွားရေးလုပ်ငန်းတစ်ခုလုံးအပေါ် သက်ရောက်ပါတယ်။ သူမဟာ Airbnb ရဲ့ဒီဇိုင်းအတွေ့အကြုံ ဒါရိုက်တာအဖြစ် ၄နှစ်လုပ်ကိုင်ခဲ့ပြီး အခုဒီဇိုင်းဒုဥက္ကဋ္ဌအဖြစ် Lyft မှာလုပ်ကိုင်နေပါတယ်။

“ကျွန်မတို့ ထုတ်ကုန်အသုံးပြုတဲ့ လူပေါင်းများစွာ ဘာလိုတယ်ဆို မသိပါဘူး။ ကျွန်မတို့ သူတို့ဆီက သင်ယူဖို့ပဲ လိုပါတယ်။ ဆုံးဖြတ်ချက်အသေးစားလေးက မှီခိုမှုများစွာ ရှိနေပါတယ်” လို့ပြောခဲ့ပါတယ်။

Backstage Capital တည်ထောင်သူ အာလန်ဟယ်မီတန်

အာလန်ဟယ်မီတန်ဟာ startup လုပ်ငန်းတွေကို အမြစ်ကနေ ဆွဲကိုင်ခဲ့ပါတယ်။ လူအဖွဲ့အစည်းမှာ မျက်နှာမရတဲ့ လူဖြူမဟုတ်သူ စွန့်ဦးတီထွင်သမားနဲ့ ကုမ္ပဏီတည်ထောင်သူတွေဟာ ကုမ္ပဏီတွေ တည်ထောင်ဖို့ ကြိုးစားတိုင်း ရင်းနှီးမြှုပ်နှံသူတွေရဲ့ ပယ်ချခြင်းနဲ့ ရင်ဆိုင်ရပါတယ်။

လိင်တူချစ်သူ ဟယ်မီတန်ဟာ အမျိုးသမီး၊ လူမည်းနဲ့ LGBTQ တွေကို ဦးဆောင်ပြီး ကုမ္ပဏီတွေအတွင်း ရင်းနှီးမြှုပ်နှံဖို့အတွက် ၂၀၁၅ခုနှစ်အတွင်း Backstage Captial တည်ထောင်ခဲ့ပါတယ်။

သူတို့ရဲ့ ရည်ရွယ်ချက်က လက်ရှိအခြေအနေကို လှုပ်ခါဖို့ ဖြစ်ပြီး အဖွဲ့အမျိုးမျိုးက အသံတွေရရှိစေဖို့ ဖြစ်တယ်လို့ ဟယ်မီတန်က BusinessInsider ကပြောခဲ့ပါတယ်။

၂၀၁၅ခုနှစ်အတွင်း Backstage ဟာကုမ္ပဏီပေါင်း ၁၀၀ကျော်မှာ ခန့်မှန်းခြေ ဒေါ်လာ ၅သန်းရင်းနှီးမြှုပ်နှံထားတယ်လို့ ဟယ်မီတန်ကပြောကြားထားပါတယ်။

The Center for Humane Technology ဒါရိုက်တာနဲ့ တွဲဖက်တည်ထောင်သူ ထရစ္စတန်ဟယ်ရစ်

ထရစ္စတန်ဟယ်ရစ်ဟာ သူမတူတဲ့ တော်လှန်သူပါ။ သူကိုယ်တိုင် နည်းပညာသမားတစ်ဦးဖြစ်ပြီး စတန်းဖို့ဒ်တက္ကသိုလ်က ဘွဲ့ရရှိပြီး starup ကုမ္ပဏီတည်ထောင်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် Apple နဲ့ Google မှာလည်း အလုပ်လုပ်ကိုင်ခဲ့ဖူးပါတယ်။ ၂၀၁၃ခုနှစ် Google မှာလုပ်ကိုင်နေစဉ်မှာ နည်းပညာလုပ်ငန်းတွေ လမ်းမှားရောက်နေတယ်လို့ ခံစားလာရပါတယ်။ အဲဒီကုမ္ပဏီတွေက ထုတ်ကုန်သစ်တွေ ဖန်တီးမလုပ်ကိုင်တော့ဘဲ သုံးစွဲသူတွေကို လွှမ်းမိုးချုပ်ကိုင်ဖို့ အာရုံစိုက်လာပါတယ်။

အဲဒီစိတ်ကူးကြောင့် ထရစ္စအနေနဲ့ ကြေညာစာတမ်းဆန်ဆန်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ နည်းပညာကုမ္ပဏီတွေက သုံးစွဲသူတွေကို ဘယ်လိုလွှမ်းမိုးချုပ်ကိုင်နေတယ်ဆိုတဲ့ နည်းလမ်းကို slide ၁၄၁ခုနဲ့ ပြသခဲ့ပြီး အဲဒီအာရုံလွှဲပြောင်းသွားမှုတွေကို အနည်းဆုံးဖြစ်အောင်လုပ်ဖို့ Google ကိုတောင်းဆိုခဲ့ပါတယ်။

နောက်ပိုင်း ထရစ္စတန်ဟာ Google ကထွက်လာပြီး နည်းပညာလောကကို ဝေဖန်ထောက်ပြနေသူတွေနဲ့ ပူးပေါင်းပြီး စီမံကိန်းကို အကောင်အထည်ဖော်ခဲ့ပါတယ်။

နည်းပညာကုမ္ပဏီတွေက သုံးစွဲသူတွေကို လွှမ်းမိုးချုပ်ကိုင်နေတဲ့ ပြဿနာကို ဖိအားပေးမှု များပြားလာတာကြောင့် Google, Apple နဲ့ Facebook တို့ဟာ နှစ်အနည်းငယ်အတွင်း ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကြောင့် ဖြစ်ပေါ်တဲ့ အာရုံအလွှဲအပြောငး်ကို လျှော့ချဖို့ feature သစ်တွေကို မိတ်ဆက်လာရပါတယ်။ အဲဒီအပြောင်းအလဲကို ထရစ္စတန်ဟယ်ရစ်ကတော့ “baby steps” လို့ခေါ်ပါတယ်။

ကော်ပိုရိတ်အောင်မြင်မှုနဲ့ သဘာဝပတ်ဝန်းကျင်တာဝန်ယူမှုကို ပြသခဲ့သူ လီဆာဂျက်ဆင်

Apple ဟာ iPhone နဲ့ Mac လိုမျိုး နာမည်ကျော် ထုတ်ကုန်တွေ တည်ဆောက်မှုအနုပညာကို ပြီးပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။

လီဆာဂျက်ဆင်ဟာ ၂၀၁၃ခုနှစ်မှာ Apple ရဲ့သဘာဝပတ်ဝန်းကျင်၊ ပေါ်လစီနဲ့ လူမှုရေးကဏ္ဍ ဒုဥက္ကဋ္ဌအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ သူမဟာ Apple အတွက် စိန်ခေါ်မှုတစ်ခုကို အောင်မြင်အောင် ပြုလုပ်ပေးခဲ့ပါတယ်။ အဲဒါကတော့ ထုတ်ကုန်တွေကို ဖန်တီးဖို့ ကမ႓ာပေါ်က တွင်းထွက်ပစ္စည်းလိုအပ်ချက်ကို ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။

iPhone တစ်လုံးကိုထုတ်လုပ်ဖို့ မှန်ထည်နဲ့ သတ္တုတွေတင်မကဘဲ အလူမီနီယမ်၊ သံထည်၊ ကိုဗော့သတ္တုနဲ့ ရွှေအပြင် အခြားတွင်းထွက်ပစ္စည်းတွေ လိုအပ်ပါတယ်။

Apple ဟာဂျက်ဆင်ရဲ့ အကူအညီနဲ့ တိုးတက်ပြောင်းလဲမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ ဥပမာအနေနဲ့ ကုမ္ပဏီဟာ iPhone ရဲ့အဓိက logic board ထဲက သံဖြူဒြပ်စင်ကို ပြန်လည် သန့်စင်နိုင်တာကြောင့် ၁နှစ်အတွင်း သံဖြူဒြပ်စင် တန် ၁၀,၀၀၀ တူးဖော်မှုကို တားဆီးနိုင်ခဲ့ပါတယ်။ iPhone XS ဟာလူတွေအသုံးပြုလိုက်တဲ့ ပလတ်စတစ် ၃၅ရာခိုင်နှုန်းကို ပြန်လည်သန့်စင်ပြီး အသုံးပြုထားပါတယ်။

အခုအပြောင်းအလဲဟာ Apple အတွက် ကာလရှည်ရည်မှန်းချက်ဖြစ်ပြီး ကမ႓ာတစ်ဝန်းက Apple စက်ရုံအားလုံး ပြန်လည်သန့်စင်နိုင်တဲ့ စွမ်းအင် ၁၀၀ရာခိုင်နှုန်း အသုံးပြုသွားမယ်လို့ ပြီးခဲ့တဲ့နှစ်အတွင်း ကုမ္ပဏီ ကြေညာထားပါတယ်။

App တွေကိုတည်ဆောက်ခွင့်ပေးထားတဲ့ Airtable တည်ထောင်သူများ

Airtable တည်ထောင်သူတွေဖြစ်တဲ့ ဟိုဝီလူ၊ အန်ဒရူးအော့စတက်နဲ့ အန်းမက်နီကိုလပ်စ်တို့ဟာ ဒူခ်တက္ကသိုလ်မှာ ဆုံတွေ့ခဲ့ကြပါတယ်။ အန်ဒရူးအော့စတက်ကတော့ Airtable ရဲ့ထုတ်ကုန်အကြီးအကဲအရာရှိဖြစ်ပြီး အန်းမက်ကတော့ နည်းပညာအကြီးအကဲအရာရှိ ဖြစ်ကာ ဟိုဝီကတော့ Airtable အမှုဆောင်အရာရှိချုပ်ပဲဖြစ်ပါတယ်။

သူတို့ရဲ့ ကျောင်းနေဘက်တွေကတော့ ဘဏ်လုပ်ငန်းဒါမှမဟုတ် အကြံပေးလုပ်ငန်းတွေကို လုပ်ကိုင်နေပေမယ့် အင်ဂျင်နီယာကျောင်းသား ၃ဦးကတော့ နည်းပညာနဲ့ startup စိတ်ကူးတွေ ထုတ်လုပ်ခဲ့ပြီး နည်းပညာကုမ္ပဏီကြီးတွေမှာ လုပ်ကိုင်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ သူတို့ဟာ ပြန်လည်စုစည်းပြီး ကိုယ်ပိုင်လုပ်ငန်းတည်ထောင်ခဲ့ပါတယ်။

သူတို့ရဲ့ Airtable ဟာ၂၀၁၅ခုနှစ် ငွေရှာဖွေမှုအတွင်း ဒေါ်လာသန်း ၁၇၀ကျော်ရရှိခဲ့ပါတယ်။ Airtable ရဲ့အဓိကရည်ရွယ်ချက်ကတော့ app တွေကလူ့အဖွဲ့အစည်းနဲ့ လုပ်ငန်းတွေရဲ့ အခြေခံအကျဆုံးအရာ ဖြစ်လာဖို့ပါ။ ဒါကြောင့် နောက်ပိုင်းမှာ app တွေကိုပြုလုပ်ဖို့ ကွန်ပျူတာ ပရိုဂရမ်မာတွေ လိုအပ်တော့မှာ မဟုတ်ပါဘူး။

Airtable ဟာ Fortune 1000 ကုမ္ပဏီစာရင်းထဲပါဝင်ပြီး သုံးစွဲသူပေါင်း ၈၀,၀၀၀ ရှိပါတယ်။ အဲဒီဝန်ဆောင်မှုကို လက်ထပ်ပွဲကတော့ အဓိကဟောလိဝုဒ်ရုပ်ရှင်ကားတွေ ထုတ်လုပ်မှုအပြီး လုပ်ငန်းစဉ်တွေမှာ အသုံးပြုနေကြပါတယ်။

Amazon က Echo ထုတ်ကုန်တွေနဲ့ Amazon Alexa အတွေ့အကြုံပိုင်းဆိုင်ရာ ဒုဥက္ကဋ္ဌ တိုနီရိဒ်

Amazon ဟာလုပ်ငန်းပိုင်းတစ်ခုလုံး ဖြိုဖျက်တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီမဟုတ်ပါဘူး။ Amazon ဟာတစ်ခါတုန်းက ရည်မှန်းချက်ကြီးမားတဲ့ အွန်လိုင်းစာအုပ်ဆိုင်လေးပါ။

ကုမ္ပဏီရဲ့ ပထမဆုံးဝန်ထမ်း ၆၀၀ထဲက ၁ဦးဖြစ်တဲ့ တိုနီရိဒ်ဟာ ဖြစ်ထွန်းပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရသူပါ။

၁၉၉၈ခုနှစ် ကုမ္ပဏီမှာ စတင်အလုပ်ဝင်ခဲ့ပြီး Amazon ရဲ့ display ကြော်ငြာလုပ်ငန်းမှာ လုပ်ကိုင်ခဲ့ပြီး AmazonFresh နည်းပညာပိုင်းကို ပြောင်းရွေ့ခဲ့ပါတယ်။
အခုဆိုရင် ဝါရင့် Amazon အမှုဆောင် တိုနီရိဒ်ဟာ ကုမ္ပဏီကို အပြောင်းအလဲဖော်ဆောင်ပေးနိုင်တဲ့ အသံပိုင်းဆိုင်ရာနည်းပညာကို တိုးဝင်လုပ်ကိုင်ခဲ့ပါတယ်။

အသံနဲ့ထိန်းချုပ်နိုင်တဲ့ computing နည်းပညာဟာ ထုတ်ကုန်တွေနဲ့ ဆက်သွယ်မှုပုံစံသစ်ဖြစ်ပြီး လူသားဘဝ၊ နေအိမ်နဲ့ ယာဉ်တွေထဲ ပိုမိုနီးစပ်စွာ ပေါင်းစပ်ထည့်သွင်းလာကြပါတယ်။ Google နဲ့ Apple တို့ကလည်း Amazon Alexa လိုထုတ်ကုန်မျိုးတွေ ထုတ်လုပ်လာကြပါတယ်။ Amazon ဟာ Amazon Echo ကိုအရင်ဆုံး မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Alexa Exerpience နဲ့ Echo ထုတ်ကုန်ဒုဥက္ကဋ္ဌ ရိဒ်အနေနဲ့ Echo ထုတ်ကုန်ကို ဦးဆောင်ကြီးကြပ်ခဲ့တာ ဖြစ်ပါတယ်။

SoftBank Group အမှုဆောင်အရာရှိနဲ့ ဥက္ကဋ္ဌ မာဆာယိုရှီဆွန်

ဂျပန်နည်းပညာကုမ္ပဏီ SoftBank အမှုဆောင်အရာရှိနဲ့ ဥက္ကဋ္ဌ မာဆာအနေနဲ့ နည်းပညာကဏ္ဍအတွင်း ရင်းနှီးငွေများစွာ ထည့်သွင်းနိုင်အောင် ကုမ္ပဏီရဲ့ Vision Fund နဲ့စွမ်းဆောင်ခဲ့ပါတယ်။

Epic Games တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် တင်မ်ဆွီနီ

တင်မ်ဆွီနီဟာ ဗီဒီယိုဂိမ်းလုပ်ငန်းအတွင်း အဓိကအစိတ်အပိုင်းဖြစ်နေတာ နှစ်အနည်းငယ်ကြာပါပြီ။

လွန်ခဲ့တဲ့ အနှစ် ၃၀က တင်မ်ဆွီနီဟာ Epic Games ကိုကလေးငယ်ဘဝအိမ်မှာ ဆိုင်အဖြစ်ဖွင့်လှစ်ခဲ့ပြီး ကမ႓ာပေါ်က နာမည်ကျော်ဂိမ်းအများစုကို ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီဖြစ်လာအောင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် Fortnite ရဲ့တုနှိုင်းမမှီတဲ့ အောင်မြင်မှုကြောင့် ဆွီနီဟာ ဂိမ်းလုပ်ငန်းကို လွှမ်းမိုးခဲ့ပြီး အခုဆိုရင် ဂိမ်းလုပ်ငန်းကို ပြန်လည်တီထွင်ခဲ့ပါတယ်။

Fortnite ဟာလူတွေကို ဆွဲဆောင်နိုင်တဲ့ ဂိမ်းတစ်မျိုးဖြစ်နေပါပြီ။ ကစားသူတွေဟာ နာရီပေါင်းများစွာ ကစားကြပြီး အခြားလူတွေနဲ့ တရင်းတနှီးဆုံတွေ့နိုင်တဲ့နေရာဖြစ်သလို ဖျော်ဖြေပွဲတွေလည်း တိုက်ရိုက်ကြည့်နိုင်ပါတယ်။ ဒါ့အပြင် ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိတဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။

Epic Games ဟာ Fortnite နဲ့ Battle Royale ပုံစံကို တီထွင်ဲ့ပြီး ဂိမ်မာမျိုးဆက်အတွက် အထင်ရှားဆုံး အတွေ့အကြုံကို ပေးစွမ်းနိုင်ခဲ့တယ်။

Wiliot အမှုဆောင်အရာရှိချုပ်နဲ့ တည်ထောင်သူ တယ်တမီယား

Wiliot တွဲဖက်တည်ထောင်သူ တယ်တမီယားဟာ ပတ်ဝန်းကျင်က ရေဒီယိုလှိုင်းတွေက စွမ်းအင်းကို အသုံးပြုတဲ့ ချစ်ပ်တွေကို ဖန်တီးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် Wiliot ကထုတ်လုပ်တဲ့ ချစ်ပ်တွေဟာ ဘက်ထရီမလိုပါဘူး။

Wiliot အနေနဲ့ သေးငယ်ပြီး ဈေးသက်သာတဲ့ Bluetooth ချိတ်ဆက်ထားတဲ့ အီလက်ထရောနစ်စတစ်ကာ ဒါမှမဟုတ် tag ကိုဖန်တီးခဲ့ပါတယ်။ အဲဒီ tag ဟာအချက်အလက်တွေထောက်ပံ့နိုင်ရုံမကဘဲ ဆွယ်တာကနေ မီးခလုတ်အထိ ချိတ်ဆက်မှုရှိတဲ့ ထုတ်ကုန်တွေကို ဖန်တီးနိုင်ပါတယ်။

အဝတ်အစားတွေမှာ ပါဝင်တဲ့ tag တွေက သတင်းအချက်အလက်တွေကို ထပ်ဆင့်လွှင့်ပေးနိုင်ပါတယ်။ အဲဒီသတင်းအချက်အလက်တွေကို setting တွေအလိုအလျောက် ပြောင်းလဲဖို့ အဝတ်လျှော်စက်ဆီ လွှင့်တာ ဒါမှမဟုတ် အခြားဆေးတွေကြောင့် ဖြစ်ပေါ်နိုင်တဲ့ သက်ရောက်မှုကို သုံးစွဲကို သတိပေးနိုင်တဲ့ ဆေးဘူးတွေဆီအထိ ထုတ်လွှင့်ပေးဖို့ တမီယားက ရည်မှန်းထားပါတယ်။

Ref: BusinessInsider