နည်းပညာအပြောင်းအလဲနှင့် စီးပွားရေးအိုင်ဒီယာ ဟောပြောပွဲ ပြုလုပ်မည်

[ Zawgyi ]




-သန္တာ

[ Unicode ]

Chindwin – PSB Institute ကပြုလုပ်တဲ့ နည်းပညာအပြောင်းအလဲနှင့် စီးပွားရေးအိုင်ဒီယာ ဟောပြောပွဲကို မန္တလေးမှာ ပြုလုပ်မယ်လို့ သိရပါတယ်။

ဟောပြောပွဲကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၇ ရက် နေ့လယ် ၁ နာရီမှ ၃ နာရီထိ Mandalay Swan Hotel မှာကျင်းပသွားမှာပါ။ ဟောပြောပွဲတွင် ဆရာကောင်းလွန်းနှင့် ဆရာမာသင်တို့က နည်းပညာအပြောင်းအလဲနှင့် စီးပွားရေးအိုင်ဒီယာတွေကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

ပွဲတက်ရောက်လိုသူတွေအနေနဲ့ လူဦးရေ ကန့်သတ်ထားတာ ဖြစ်တဲ့အတွက်ကြောင့် Chindwin – PSB Institute ဖုန်း-၀၉၉၅၄၀၀၅၉၅၉ ကို ဆက်သွယ်စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။