နည္းပညာအခက္အခဲမ်ားႏွင့္ ရင္ဆိုင္ႀကံဳေတြ႕ေနရဆဲျဖစ္သည့္ ေမာင္းသူမဲ့ေမာ္ေတာ္ယာဥ္ တီထြင္မႈမ်ား

[ Zawgyi ]

ကမာၻေပၚမွာအလိုအေလ်ာက္ ေမာင္းႏွင္တဲ့ ေမာ္ေတာ္ယာဥ္ေတြ တီထြင္ျခင္းနဲ႔ပတ္သက္လို႔ အႀကီးမားဆံုး တိုးတက္တီထြင္ျခင္းနဲ႔ စမ္းသပ္ျခင္းေတြကို Pittsburgh နဲ႔ Silicon Valley ေနရာေတြမွာ ျပဳလုပ္ေနၾကတာ ျဖစ္ပါတယ္။ ေကာင္းပါၿပီ။ ဒီလိုဆို ရင္က်ေနာ္တို႔ ဘယ္ေတာ့မ်ားမွာ ႏုိင္ငံတိုင္းရဲ႕ ၿမိဳ႕ေတာ္တိုင္းမွာ အလိုအေလ်ာက္ေမာင္းႏွင္တဲ့ ေမာ္ေတာ္ယာဥ္ စနစ္ေတြအေနန႔ဲ ခရီးသည္ေတြကို တင္ေဆာင္ၿပီးေတာ့ ေမာင္းႏွင္ေနတာကိုျမင္ ေတြ႕ရမွာလဲ ေမးခြန္းေတြရွိလာခဲ့ရင္ေတာ့ လက္ရွိအေျခအေနရ ေယဘုယ် အေျဖကေတာ့ လတ္တေလာ မေသခ်ာေသးပါဘူးလို႔ ဆိုရမွာပါ။ အေကာင္းျမင္တဲ့ဘက္က ခ်င့္ခ်ိန္သံုးသပ္ၾကည့္ရမယ္ဆိုရင္ေတာ့ ၁၀ ႏွစ္နီးပါခန္႔ ၾကာႏိုင္ပါေသးတယ္။ အခ်ိဳ႕ေသာ သူေတြကလည္း သုေတသီေတြအေနနဲ႔ မ်ားျပားလွစြာေသာ အခက္အခဲေတြကို ရင္ဆိုင္ေျဖရွင္းရဖို႔အတြက္ ဆယ္စုႏွစ္အခ်ိဳ႕ ႀကိဳးစားရဦးမယ္လို႔ ဆိုပါတယ္။ တကယ္လို႔ ထြက္ေပၚလာခဲ့မယ္ဆိုရင္ေတာင္မွ အဆိုပါယာဥ္ေတြဟာ အကန္႔အသတ္နဲ႔သာ သတ္မွတ္ထားတဲ့ ေျမပံုစနစ္ပိုင္ဆုိင္ရာေဒသနဲ႔ ၿမိဳ႕ေတာ္ေတြမွာသာ ျဖစ္ႏုိင္ပါတယ္။

အလိုအေလ်ာက္စနစ္ ေမာ္ေတာ္ယာဥ္ တီထြင္မႈမွာပါဝင္ေဆာင္ရြက္ေနတဲ့ ကုမၸဏီတစ္ခုျဖစ္တဲ့ Uber ဟာ အာရီဇိုးနား ျပည္နည္မွာ ၎တို႔ရဲ႕ယာဥ္စနစ္ကို စတင္စမ္းသပ္ေမာင္းႏွင္တဲ့ အခါမွာ လူေသေစႏုိင္ေလာက္တဲ့အထိ ထိခုိက္မႈေတြျဖစ္ခဲ့တာေၾကာင့္ အဆိုပါျဖစ္စဥ္အေပၚကို အျခားေသာ ကုမၸဏီေတြကပါ နမူနာယူၿပီး ေမာင္းသူမဲ့ေမာ္ေတာ္ယာဥ္ တီထြင္မႈကို သတိႀကီးႀကီးထားစြာ ေဆာင္ရြက္လာခဲ့ရပါတယ္။ ဂူဂဲလ္ရဲ႕ Waymo အေနနဲ႔လည္း Phoenix ေဒသမွာ အလိုအေလ်ာက္ ေမာ္ေတာ္ယာဥ္ေမာင္းႏွင္ အသံုးျပဳျခင္းကို ေဆာင္ရြက္ျခင္း မျပဳလုပ္ေတာ့ဘဲ လူသား ဒါ႐ိုက္ဘာတစ္ဦးကုိပါ အေရးေပၚအေျခအေနျဖစ္လာပါက ကူညီဖို႔အတြက္လုိက္ပါေစၿပီး ခရီးသည္ေတြကို သယ္ယူပို႔ေဆာင္မွာ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။ ကုမၸဏီေတြအေနန႔ဲ အလိုအေလ်ာက္ ေမာ္ေတာ္ယာဥ္ေတြကို အျပည့္အဝအႏၱရာယ္ကင္းစြာ အသံုးခ်ႏုိင္ဖို႔အတြက္ ေအာင္ျမင္စြာထုတ္လုပ္ႏိုင္ဖို႔ ဘာေတြကမ်ား ကန္႔သတ္ခ်က္ေတြကို ျဖစ္ေနေစသလဲဆုိတာ ေလ့လာၾကည့္ၾကပါစို႔။

ရာသီဥတုကန္႔သတ္ခ်က္

ႏွင္းထူထပ္စြာက်ျခင္းေၾကာင့္ လူသြာစႀကၤန္ေတြအေပၚကို ဖံုးအုပ္မိတ့ဲအခါ အလိုအေလ်ာက္ ေမာင္းႏွင္မဲ့ ေမာ္ေတာ္ယာဥ္ေတြမွာ တပ္ဆင္ထားတဲ့ ကင္မရာေတြဟာ လမ္းကိုရွာေဖြ ေတြ႕ရွိႏိုင္ျခင္း မရွိေတာ့ပါဘူး။ ထုိအခါမလို လားအပ္တဲ့ဆိုးက်ိဳးေတြ ျဖစ္လာႏိုင္ပါတယ္။ သုေတသီေတြအေနနဲ႔ ထုိျပႆနာကို ေကာင္းစြာသိရွိ ထားေပမယ့္လည္း ထုိျပႆနာကို ေျဖရွင္းဖို႔အတြက္ မစီစဥ္ရေသးပါဘူး။ ဘာေၾကာင့္လည္းဆုိေတာ့ သူတို႔စမ္းသပ္ေနတဲ့ ရာသီဥတုအေျခအေနဟာ အာရီဇုိးနားန႔ဲ ကယ္လီဖိုးနီးယားျပည္နယ္လိုမ်ိဳး ပူေႏြးတဲ့ ရာသီဥတုေတြမွာသာ စမ္းသပ္ေမာင္းႏွင္ေနၾကတာေၾကာင့္ ျဖစ္ပါတယ္။ ႏွင္း၊ မိုး၊ ျမဴနဲ႔ သဲမုန္တိုင္း ႀကီးမားစြာ က်ေရာက္လာခဲ့မယ္ဆိုရင္ေတာ့ ယာဥ္မွာတပ္ဆင္ထားတဲ့ ကင္ ရာစနစ္ဟာ အလုပ္လုပ္ႏုိင္မွာ မဟုတ္ေတာ့သလို အလင္းလိႈင္းေတြကို ထုတ္လႊင့္ၿပီး ေလဆာအာ႐ံုခံစနစ္နဲ႔ ေထာက္လွမ္းမယ္ဆိုရင္လည္း ႏွင္းပြင့္ေတြကို အတားအဆီးေတြအျဖစ္ ေဖာ္ျပေပးမွာျဖစ္ ပါတယ္။ ေရဒါစနစ္အေနနဲ႔ ရာသီဥတုကို ေဖာက္ထြင္းေက်ာ္လႊား ႏိုင္မယ္ဆိုေပမယ့္လည္း အရာဝတၱဳရဲ႕ ပံုသ႑ာန္ကိုေဖာ္ျပႏုိင္မွာ မရွိတာေၾကာင့္ ျပန္လည္ပံုေဖာ္ဖို႔ အတြက္လည္း ကြန္ပ်ဴတာစနစ္ေတြ လုိအပ္လာျပန္ပါတယ္။ သုေတသီေတြအေနနဲ႔ ႏွင္းထုေတြကို ျဖတ္သန္းၾကည့္ရႈႏိုင္ဖို႔ ကြဲျပားျခားနားတဲ့ အလင္းတန္းကို အသံုးျပဳဖို႔အတြက္ ေဆာင္ရြက္ေနခဲ့တာေတြ ေတာ့ရွိပါတယ္။ ေဆာ့ဖ္ဝဲလ္ထုတ္လုပ္ၿပီးျဖစ္တယ္လို႔ သိရွိရေပမယ့္လည္း တပ္ဆင္အသံုးျပဳျခင္းေတာ့ ရွိမေနေသးပါဘူး။

လမ္းအမွတ္အသား

ကမာၻအႏွံ႔မွာ ယာဥ္လမ္းေၾကာ အမွတ္အသားမ်ဥ္းေတြဟာ ကြဲျပားျခားနားမႈေတြ ရွိပါတယ္။ အခ်ိဳ႕ဆို ရွိခ်င္တဲ့ ေနရာမွသာရွိပါတယ္။ လမ္းေၾကာမ်ဥ္းေတြဟာလည္း စံျပဳထားတဲ့ သတ္မွတ္ခ်က္ေတြ မဟုတ္ပါဘူး။ ထို႔အတြက္ေၾကာင့္ အလိုအေလ်ာက္ ေမာ္ေတာ္ယာဥ္ေတြအေနနဲ႔ ၿမိဳ႕ေတာ္တိုင္းရဲ႕ ကဲြျပားျခားနားစြာ သတ္မွတ္ထားတဲ့ မ်ဥ္းအမွတ္အသားေတြအေပၚမွာ သင္ယူေလ့လာ ေမာင္းႏွင္ႏုိင္စြမ္းရွိဖို႔ လိုပါတယ္။ စမ္းသပ္မႈျပဳလုပ္ေနတဲ့ သုေတသီေတြရဲ႕ ရလဒ္ေတြအရေတာ့ စမ္းသပ္မႈမွာ “ရပ္” အမွတ္အသားကို ေတြ႕လို႔ ေမာ္ေတာ္ယာဥ္ေတြ အေနနဲ႔ ရပ္လုိက္ႏုိင္ေပမယ့္အ မွတ္အသားေတြဟာ လမ္းေဘးမွာမရွိဘဲ အတန္ငယ္ ေဝးကြာစြာရွိ တဲ့အခါ မည္ကဲ့သို႔ ရပ္မလဲဆိုတဲ့ ကန္႔သတ္ခ်က္မ်ိဳးေတြထြက္ေပၚ လာခဲ့တာေၾကာင့္ ထိုျပႆနာလည္း ေျဖရွင္းရမယ့္ အခ်က္တစ္ခု ျဖစ္ပါတယ္။

-ကေလာင္ရွင္

[ Unicode ]

ကမ္ဘာပေါ်မှာအလိုအလျောက် မောင်းနှင်တဲ့ မော်တော် ယာဉ်တွေတီထွင်ခြင်းနဲ့ပတ်သက်လို့ အကြီးမားဆုံး တိုးတက်တီထွင်ခြင်းနဲ့ စမ်းသပ်ခြင်းတွေကို Pittsburgh နဲ့ Silicon Valley နေရာတွေမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ ကောင်းပါပြီ။ ဒီလိုဆို ရင်ကျနော်တို့ ဘယ်တော့များမှာ နိုင်ငံတိုင်းရဲ့ မြို့တော်တိုင်းမှာ အလိုအလျောက်မောင်းနှင်တဲ့ မော်တော်ယာဉ် စနစ်တွေအနေနဲ့ ခရီးသည်တွေကို တင်ဆောင်ပြီးတော့ မောင်းနှင်နေတာကိုမြင် တွေ့ရမှာလဲ မေးခွန်းတွေရှိလာခဲ့ရင်တော့ လက်ရှိအခြေအနေရ ယေဘုယျ အဖြေကတော့ လတ်တလော မသေချာသေးပါဘူးလို့ ဆိုရမှာပါ။ အကောင်းမြင်တဲ့ဘက်က ချင့်ချိန်သုံးသပ်ကြည့်ရမယ်ဆိုရင်တော့ ၁၀ နှစ်နီးပါခန့် ကြာနိုင်ပါသေးတယ်။ အချို့သော သူတွေကလည်း သုတေသီတွေအနေနဲ့ များပြားလှစွာသော အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းရဖို့အတွက် ဆယ်စုနှစ်အချို့ ကြိုးစားရဦးမယ်လို့ ဆိုပါတယ်။ တကယ်လို့ ထွက်ပေါ်လာခဲ့မယ်ဆိုရင်တောင်မှ အဆိုပါယာဉ်တွေဟာ အကန့်အသတ်နဲ့သာ သတ်မှတ်ထားတဲ့ မြေပုံစနစ်ပိုင်ဆိုင်ရာဒေသနဲ့ မြို့တော်တွေမှာသာ ဖြစ်နိုင်ပါတယ်။

အလိုအလျောက်စနစ် မော်တော်ယာဉ် တီထွင်မှုမှာပါဝင်ဆောင်ရွက်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Uber ဟာ အာရီဇိုးနား ပြည်နည်မှာ ၎င်းတို့ရဲ့ယာဉ်စနစ်ကို စတင်စမ်းသပ်မောင်းနှင်တဲ့ အခါမှာ လူသေစေနိုင်လောက်တဲ့အထိ ထိခိုက်မှုတွေဖြစ်ခဲ့တာကြောင့် အဆိုပါဖြစ်စဉ်အပေါ်ကို အခြားသော ကုမ္ပဏီတွေကပါ နမူနာယူပြီး မောင်းသူမဲ့မော်တော်ယာဉ် တီထွင်မှုကို သတိကြီးကြီးထားစွာ ဆောင်ရွက်လာခဲ့ရပါတယ်။ ဂူဂဲလ်ရဲ့ Waymo အနေနဲ့လည်း Phoenix ဒေသမှာ အလိုအလျောက် မော်တော်ယာဉ်မောင်းနှင် အသုံးပြုခြင်းကို ဆောင်ရွက်ခြင်း မပြုလုပ်တော့ဘဲ လူသား ဒါရိုက်ဘာတစ်ဦးကိုပါ အရေးပေါ်အခြေအနေဖြစ်လာပါက ကူညီဖို့အတွက်လိုက်ပါစေပြီး ခရီးသည်တွေကို သယ်ယူပို့ဆောင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကုမ္ပဏီတွေအနေနဲ့ အလိုအလျောက် မော်တော်ယာဉ်တွေကို အပြည့်အဝအန္တရာယ်ကင်းစွာ အသုံးချနိုင်ဖို့အတွက် အောင်မြင်စွာထုတ်လုပ်နိုင်ဖို့ ဘာတွေကများ ကန့်သတ်ချက်တွေကို ဖြစ်နေစေသလဲဆိုတာ လေ့လာကြည့်ကြပါစို့။

ရာသီဥတုကန့်သတ်ချက်

နှင်းထူထပ်စွာကျခြင်းကြောင့် လူသွာစင်္ကြန်တွေအပေါ်ကို ဖုံးအုပ်မိတဲ့အခါ အလိုအလျောက် မောင်းနှင်မဲ့ မော်တော်ယာဉ်တွေမှာ တပ်ဆင်ထားတဲ့ ကင်မရာတွေဟာ လမ်းကိုရှာဖွေ တွေ့ရှိနိုင်ခြင်း မရှိတော့ပါဘူး။ ထိုအခါမလို လားအပ်တဲ့ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ သုတေသီတွေအနေနဲ့ ထိုပြဿနာကို ကောင်းစွာသိရှိ ထားပေမယ့်လည်း ထိုပြဿနာကို ဖြေရှင်းဖို့အတွက် မစီစဉ်ရသေးပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့စမ်းသပ်နေတဲ့ ရာသီဥတုအခြေအနေဟာ အာရီဇိုးနားနဲ့ ကယ်လီဖိုးနီးယားပြည်နယ်လိုမျိုး ပူနွေးတဲ့ ရာသီဥတုတွေမှာသာ စမ်းသပ်မောင်းနှင်နေကြတာကြောင့် ဖြစ်ပါတယ်။ နှင်း၊ မိုး၊ မြူနဲ့ သဲမုန်တိုင်း ကြီးမားစွာ ကျရောက်လာခဲ့မယ်ဆိုရင်တော့ ယာဉ်မှာတပ်ဆင်ထားတဲ့ ကင်ရာစနစ်ဟာ အလုပ်လုပ်နိုင်မှာ မဟုတ်တော့သလို အလင်းလှိုင်းတွေကို ထုတ်လွှင့်ပြီး လေဆာအာရုံခံစနစ်နဲ့ ထောက်လှမ်းမယ်ဆိုရင်လည်း နှင်းပွင့်တွေကို အတားအဆီးတွေအဖြစ် ဖော်ပြပေးမှာဖြစ် ပါတယ်။ ရေဒါစနစ်အနေနဲ့ ရာသီဥတုကို ဖောက်ထွင်းကျော်လွှား နိုင်မယ်ဆိုပေမယ့်လည်း အရာဝတ္တုရဲ့ ပုံသဏ္ဍာန်ကိုဖော်ပြနိုင်မှာ မရှိတာကြောင့် ပြန်လည်ပုံဖော်ဖို့ အတွက်လည်း ကွန်ပျူတာစနစ်တွေ လိုအပ်လာပြန်ပါတယ်။ သုတေသီတွေအနေနဲ့ နှင်းထုတွေကို ဖြတ်သန်းကြည့်ရှုနိုင်ဖို့ ကွဲပြားခြားနားတဲ့ အလင်းတန်းကို အသုံးပြုဖို့အတွက် ဆောင်ရွက်နေခဲ့တာတွေ တော့ရှိပါတယ်။ ဆော့ဖ်ဝဲလ်ထုတ်လုပ်ပြီးဖြစ်တယ်လို့ သိရှိရပေမယ့်လည်း တပ်ဆင်အသုံးပြုခြင်းတော့ ရှိမနေသေးပါဘူး။

လမ်းအမှတ်အသား

ကမ္ဘာအနှံ့မှာ ယာဉ်လမ်းကြော အမှတ်အသားမျဉ်းတွေဟာ ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ အချို့ဆို ရှိချင်တဲ့ နေရာမှသာရှိပါတယ်။ လမ်းကြောမျဉ်းတွေဟာလည်း စံပြုထားတဲ့ သတ်မှတ်ချက်တွေ မဟုတ်ပါဘူး။ ထို့အတွက်ကြောင့် အလိုအလျောက် မော်တော်ယာဉ်တွေအနေနဲ့ မြို့တော်တိုင်းရဲ့ ကွဲပြားခြားနားစွာ သတ်မှတ်ထားတဲ့ မျဉ်းအမှတ်အသားတွေအပေါ်မှာ သင်ယူလေ့လာ မောင်းနှင်နိုင်စွမ်းရှိဖို့ လိုပါတယ်။ စမ်းသပ်မှုပြုလုပ်နေတဲ့ သုတေသီတွေရဲ့ ရလဒ်တွေအရတော့ စမ်းသပ်မှုမှာ “ရပ်” အမှတ်အသားကို တွေ့လို့ မော်တော်ယာဉ်တွေ အနေနဲ့ ရပ်လိုက်နိုင်ပေမယ့်အ မှတ်အသားတွေဟာ လမ်းဘေးမှာမရှိဘဲ အတန်ငယ် ဝေးကွာစွာရှိ တဲ့အခါ မည်ကဲ့သို့ ရပ်မလဲဆိုတဲ့ ကန့်သတ်ချက်မျိုးတွေထွက်ပေါ် လာခဲ့တာကြောင့် ထိုပြဿနာလည်း ဖြေရှင်းရမယ့် အချက်တစ်ခု ဖြစ်ပါတယ်။