ဒီႏွစ္အတြင္း ၁၀.၂ လက္မနဲ႔ ၁၀.၅ လက္မ iPad ေတြကုိ Apple ျဖန္႔ခ်ိမည္

[Zawgyi]

Apple ဟာ iPad သစ္ ၂ မ်ိဳးကို ထုတ္ေဖာ္မိတ္ဆက္မွာ ျဖစ္ပါတယ္။ မ်က္ႏွာျပင္အရြယ္ ၁၀.၂ လက္မနဲ႔ သတၱမေျမာက္မ်ိဳးဆက္ iPad နဲ႔ ၁၀.၅ လက္မ Pro ေမာ္ဒယ္ မဟုတ္တဲ့ iPad အသစ္တို႔ုိ ထုတ္ေဖာ္မိတ္ဆက္မွာ ျဖစ္ပါတယ္။ အဲဒီ iPad ေတြကုိ မတူညီတဲ့အခ်ိန္ေတြမွာ ျဖန္႔ခ်ိမယ္လို႔ CoinX Twitter က ေဖာ္ျပခဲ့ပါတယ္။ CoinX ဟာ iPhone XS, XS Max နဲ႔ XR နာမည္ေတြကို မွန္ကန္ေအာင္ ေဖာ္ျပခဲ့ဖူးပါတယ္။

Apple ဟာ လက္ရွိ ၉.၇ လက္မ iPad ေနရာမွာ ၁၀.၂ လက္မ iPad နဲ႔အစားထုိးႏိုင္ပါတယ္။ Apple အေနနဲ႔ ေဈးနႈန္းကုိ မျမႇင့္တင္ဘဲ ေဘးေဘာင္ပါးလႊာတဲ့ screen အႀကီးစားကို ထည့္သြင္းေရာင္းခ်ဖြယ္ ရွိပါတယ္။
မၾကာေသးခင္က ထြက္ေပၚလာတဲ့ ေပါက္ၾကားမႈအရ Apple ဟာ Face ID မပါဘဲ Wi-Fi နဲ႔ ဆယ္လူလာေထာက္ပံ့မႈ ပါဝင္တဲ့ iPad အသစ္ ၄ မ်ိဳးကို လုပ္ကုိင္ေနတယ္လို႔ သိရပါတယ္။ Apple အေနနဲ႔ မတ္လ ၂၅ ရက္မွာျပဳလုပ္မယ့္ ပြဲမွာ iPad ထုတ္ကုန္သစ္ကုိ မိတ္ဆက္မွာ မဟုတ္ပါဘူး။ အဲဒီပဲြမွာ အြန္လိုင္းဝန္ေဆာင္မႈသစ္ေတြကုိ အသားေပးမိတ္ဆက္သြားမွာ ျဖစ္ပါတယ္။

စိုးထက္
Ref: GSMArena

[Unicode]

Apple ဟာ iPad သစ် ၂ မျိုးကို ထုတ်ဖော်မိတ်ဆက်မှာ ဖြစ်ပါတယ်။ မျက်နှာပြင်အရွယ် ၁၀.၂ လက်မနဲ့ သတ္တမမြောက်မျိုးဆက် iPad နဲ့ ၁၀.၅ လက်မ Pro မော်ဒယ် မဟုတ်တဲ့ iPad အသစ်တို့ုိ ထုတ်ဖော်မိတ်ဆက်မှာ ဖြစ်ပါတယ်။ အဲဒီ iPad တွေကို မတူညီတဲ့အချိန်တွေမှာ ဖြန့်ချိမယ်လို့ CoinX Twitter က ဖော်ပြခဲ့ပါတယ်။ CoinX ဟာ iPhone XS, XS Max နဲ့ XR နာမည်တွေကို မှန်ကန်အောင် ဖော်ပြခဲ့ဖူးပါတယ်။

Apple ဟာ လက်ရှိ ၉.၇ လက်မ iPad နေရာမှာ ၁၀.၂ လက်မ iPad နဲ့အစားထိုးနိုင်ပါတယ်။ Apple အနေနဲ့ ဈေးနှုန်းကို မမြှင့်တင်ဘဲ ဘေးဘောင်ပါးလွှာတဲ့ screen အကြီးစားကို ထည့်သွင်းရောင်းချဖွယ် ရှိပါတယ်။
မကြာသေးခင်က ထွက်ပေါ်လာတဲ့ ပေါက်ကြားမှုအရ Apple ဟာ Face ID မပါဘဲ Wi-Fi နဲ့ ဆယ်လူလာထောက်ပံ့မှု ပါဝင်တဲ့ iPad အသစ် ၄ မျိုးကို လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ Apple အနေနဲ့ မတ်လ ၂၅ ရက်မှာပြုလုပ်မယ့် ပွဲမှာ iPad ထုတ်ကုန်သစ်ကို မိတ်ဆက်မှာ မဟုတ်ပါဘူး။ အဲဒီပွဲမှာ အွန်လိုင်းဝန်ဆောင်မှုသစ်တွေကို အသားပေးမိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena