ဒီဇိုင်းနဲ့ လျင်မြန်တဲ့ VOOC အားသွင်းစနစ်ကို ပြသထားတဲ့ OPPO F9 Pro ဗီဒီယို ထွက်ပေါ်လာ

[ Zawgyi ]





Ref: GSMArena

[ Unicode ]

လွန်ခဲ့တဲ့ ရက်အနည်းငယ်က OPPO F9 အချက်အလက်တွေ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့နောက် အခုအခါမှာတော့ OPPO F9 Pro ရဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

OPPO က ဝေမျှခဲ့တဲ့ F9 Pro ကြော်ငြာဗီဒီယိုတစ်ခုမှာ “Waterdrop Screen” လို့ခေါ်တဲ့ သမားရိုးကျမဟုတ်တဲ့ display ဒီဇိုင်းနဲ့ gradient ကျောဘက်ဒီဇိုင်းကို ပြသထားပါတယ်။ ဒါ့အပြင် ရှင်းရှင်းလင်းလင်း မဖော်ပြထားတဲ့ ကျောဘက်ကင်မရာနှစ်ခုနဲ့ fingerprint reader လည်း ပါဝင်ပါတယ်။

Mid-range ကနေ high-end OPPO ဟန်းဆက်တွေအတွက် အထင်ကရ feature တစ်ခုဖြစ်တဲ့ VOOC Flash အားသွင်းစနစ်ကိုလည်းကို အဲ့ဒီ ဗီဒီယိုမှာ ပြသထားပါတယ်။ အဲ့ဒီစနစ်ဟာ ၅ မိနစ်အားသွင်းပြီး ၂ နာရီကြာ ဖုန်းပြောနိုင်တယ်လို့လည်း ဗီဒီယိုမှာ ဖော်ပြထားပါတယ်။

Pasha Group ကလည်း F9 Pro ရဲ့ ပိုစတာတစ်ခုကို ဝေမျှခဲ့ပါတယ်။

Ref: GSMArena