ဒီဂ်စ္တယ္နည္းပညာ သင္ၾကားေရးဇာတ္လမ္းတြဲ Telenor ထုတ္လႊင့္မည္

[ Zawgyi ]

အင္တာနက္ကို ေဘးကင္းလံုၿခံဳစြာ အသံုးျပဳႏိုင္ေရးအတြက္ ဒီဂ်စ္တယ္နည္းပညာသင္ၾကားေရး ဇာတ္လမ္းတြဲကို Telenor Myanmar Facebook Page ကေနတစ္ဆင့္ လႊင့္တင္ေပးသြားမယ္လို႔ သိရပါတယ္။

ဒီဇာတ္လမ္းတြဲကို Myan ICT for Devolopment Organization (MIDO) နဲ႔ပူးေပါင္း႐ိုက္ကူးျခင္းျဖစ္ၿပီး ၿမိဳ႕ျပနဲ႔ေက်းလက္ေဒသကျပည္သူေတြအတြက္ မိုဘိုင္းဖုန္းအသံုးျပဳကာ အေျခခံ ဒီဂ်စ္တယ္နည္းပညာ ကၽြမ္းက်င္မႈ တက္ေျမာက္ေစဖို႔အတြက္ ရည္ရြယ္တယ္လို႔သိရပါတယ္။ ဗီဒီယိုၾကာျမင့္ခ်ိန္ ၅ မိနစ္ခန္႔ျဖစ္ၿပီး စုစုေပါင္း အပိုင္း ၃၀ ပါဝင္မွာျဖစ္ပါတယ္။

“ေဖ်ာ္ေျဖေရးက႑ကိုအသံုးခ်ၿပီး အက်ိဳးရွိေစမယ့္ ဒီဂ်စ္တယ္နည္းပညာဆိုင္ရာ ဗဟုသုတေတြကို လြယ္လြယ္ကူကူ ရယူႏိုင္ေစဖို႔ ရည္ရြယ္ေဆာင္ရြက္တာျဖစ္ပါတယ္” လို႔ Telenor Myanmar ရဲ႕ ေရရွည္တည္တံ့ေသာ လုပ္ငန္းေဆာင္ရြက္မႈဆိုင္ရာက႑တာဝန္ခံ ဦးမင္းသူကေျပာၾကားခဲ့ပါတယ္။

Telenor Myanmar အေနနဲ႔ ဒီဂ်စ္တယ္ပိုင္းဆိုင္ရာ လုပ္ေဆာင္ႏိုင္စြမ္းအားတိုးတက္လာေစဖို႔ အတြက္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္လ်က္ရွိၿပီး အလင္းအိမ္ ဒီဂ်စ္တယ္နည္းပညာ သင္တန္းကိုလည္း ဖြင့္လွစ္ထားေၾကာင္း သိရပါတယ္။

-ေအာင္သက္ကို

[ Unicode ]

အင်တာနက်ကို ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်ရေးအတွက် ဒီဂျစ်တယ်နည်းပညာသင်ကြားရေး ဇာတ်လမ်းတွဲကို Telenor Myanmar Facebook Page ကနေတစ်ဆင့် လွှင့်တင်ပေးသွားမယ်လို့ သိရပါတယ်။

ဒီဇာတ်လမ်းတွဲကို Myan ICT for Devolopment Organization (MIDO) နဲ့ပူးပေါင်းရိုက်ကူးခြင်းဖြစ်ပြီး မြို့ပြနဲ့ကျေးလက်ဒေသကပြည်သူတွေအတွက် မိုဘိုင်းဖုန်းအသုံးပြုကာ အခြေခံ ဒီဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှု တက်မြောက်စေဖို့အတွက် ရည်ရွယ်တယ်လို့သိရပါတယ်။ ဗီဒီယိုကြာမြင့်ချိန် ၅ မိနစ်ခန့်ဖြစ်ပြီး စုစုပေါင်း အပိုင်း ၃၀ ပါဝင်မှာဖြစ်ပါတယ်။

“ဖျော်ဖြေရေးကဏ္ဍကိုအသုံးချပြီး အကျိုးရှိစေမယ့် ဒီဂျစ်တယ်နည်းပညာဆိုင်ရာ ဗဟုသုတတွေကို လွယ်လွယ်ကူကူ ရယူနိုင်စေဖို့ ရည်ရွယ်ဆောင်ရွက်တာဖြစ်ပါတယ်” လို့ Telenor Myanmar ရဲ့ ရေရှည်တည်တံ့သော လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာကဏ္ဍတာဝန်ခံ ဦးမင်းသူကပြောကြားခဲ့ပါတယ်။

Telenor Myanmar အနေနဲ့ ဒီဂျစ်တယ်ပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းအားတိုးတက်လာစေဖို့ အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အလင်းအိမ် ဒီဂျစ်တယ်နည်းပညာ သင်တန်းကိုလည်း ဖွင့်လှစ်ထားကြောင်း သိရပါတယ်။