ဒီဂျစ်တယ်စီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံအဆောက်အဦများ တည်ဆောက်ရန်လိုကြောင်း ဒုတိယသမ္မတပြောကြား

[ Zawgyi ]



ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဆောင်ရွက်ရာမှာ သမားရိုးကျ ရောင်းဝယ်ပြုလုပ်နေတဲ့ လုပ်ငန်းတွေဆုံးရှုံးတာ၊ သတင်းအချက်အလက်နည်းပညာနဲ့ အကျွမ်းတဝင်မရှိတဲ့ လုပ်သားတွေ အလုပ်လက်မဲ့ဖြစ်လာနိုင်တာတွေ စတဲ့ ဒီဂျစ်တယ်အနှောင့်အယှက်ကြောင့် ဖြစ်လာမယ့် သက်ရောက်မှုတွေကို မျှော်မှန်းပြီးတော့ နိုင်ငံအတွက် သင့်လျော်မယ့်အစီအမံတွေကို စဉ်းစားဆောင်ရွက်ဖို့ လိုကြောင်း၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် လူငယ်တွေရဲ့တီထွင်ကြံဆမှု အတွေးအခေါ်တွေ ရှင်သန်လာအောင်ဖန်တီးပေးဖို့လိုကြောင်း၊ စွန့်ဦးတီထွင်မှုနဲ့ ပတ်သက်ပြီးတော့ ကူးသန်းရောင်းဝယ်မှု၊ စက်မှု၊ ကုန်သွယ်မှုတိုတွေသာမက ကဏ္ဍမျိုးစုံ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် လေ့ကျင့်ပျိုးထောင်ပေးဖို့လည်း လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

-အောင်သက်ကို

[ Unicode ]

မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်စီးပွားရေး လုပ်ငန်းတွေ လျင်မြန်စွာဖွံ့ဖြိုး တိုးတက်စေဖို့စေအတွက် အခြေခံ အဆောက်အဦတွေနဲ့ Data Center တွေတည်ဆောက်ဖို့လိုကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီ ၁၁ ရက်က နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဒုတိယအကြိမ်အစည်းအဝေးမှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ Data Center တွေ တည်ထောင်ခြင်းကိစ္စကို အောင်မြင်အောင် ဆက်လက်အကောင်အထည် ဖော်သွားဖို့လိုအပ်ကြောင်း၊ ဒီဂျစ်တယ်စီးပွားရေး လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် အခြေခံ အဆောက်အဦတွေတည်ဆောက်ဖို့အတွက် လိုအပ်သလို ဆိုက်ဘာလုံခြုံရေးကလည်း အရေးကြီးတဲ့အတွက် ဟန်ချက်ညီအောင် ဆောင်ရွက်ဖို့လိုကြောင်း ပြောကြားခဲ့ပါတယ််။

ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဆောင်ရွက်ရာမှာ သမားရိုးကျ ရောင်းဝယ်ပြုလုပ်နေတဲ့ လုပ်ငန်းတွေဆုံးရှုံးတာ၊ သတင်းအချက်အလက်နည်းပညာနဲ့ အကျွမ်းတဝင်မရှိတဲ့ လုပ်သားတွေ အလုပ်လက်မဲ့ဖြစ်လာနိုင်တာတွေ စတဲ့ ဒီဂျစ်တယ်အနှောင့်အယှက်ကြောင့် ဖြစ်လာမယ့် သက်ရောက်မှုတွေကို မျှော်မှန်းပြီးတော့ နိုင််ငံအတွက် သင့်လျော်မယ့်အစီအမံတွေကို စဉ်းစားဆောင်ရွက်ဖို့ လိုကြောင်း၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် လူငယ်တွေရဲ့တီထွင်ကြံဆမှု အတွေးအခေါ်တွေ ရှင်သန်လာအောင်ဖန်တီးပေးဖို့လိုကြောင်း၊ စွန့်ဦးတီထွင်မှုနဲ့ ပတ်သက်ပြီးတော့ ကူးသန်းရောင်းဝယ်မှု၊ စက်မှု၊ ကုန်သွယ်မှုတိုတွေသာမက ကဏ္ဍမျိုးစုံ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် လေ့ကျင့်ပျိုးထောင်ပေးဖို့လည်း လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။