ထူးျခားဆန္းသစ္သည့္ မ်က္ႏွာျပင္ဒီဇိုင္း ပါဝင္ေသာ OPPO Find X ၏ ပထမအသုတ္ ဝင္ေရာက္လာေသာဖုန္းမ်ား ေစ်းကြက္တြင္ရာင္းကုန္

[ Zawgyi ]

OPPO Find X ကို ၾသဂုတ္လ ဒုတိယပတ္အစမွစတင္ကာ ႀကိဳတင္အမွာမ်ားျဖင့္လက္ခံေရာင္းခ်ခဲ့ရာ ဒုတိယပတ္အကုန္မွာပင္ ပထမအသုတ္အျဖစ္ ဝင္ေရာက္လာေသာ ဖုန္းမ်ားမွာ ေရာင္းကုန္သြားခဲ့ၿပီျဖစ္ေၾကာင္း OPPO Myanmar မွ တာဝန္ရွိသူတစ္ဦး၏ ေျပာဆိုခ်က္အရ သိရွိရသည္။

ယခုအခါတြင္ OPPO Find X အတြက္ ဒုတိယအသုတ္ဖုန္းမ်ားကို ၾသဂုတ္လ တတိယပတ္မွ စတင္ကာ သံုးစြဲသူမ်ားအတြက္ ဆက္လက္ေရာင္းခ် ေပးသြားမည္ျဖစ္ေၾကာင္းလည္း သိရွိရသည္။

OPPO Find X မွာ OPPO က ၄င္းတို႔၏မူလအစ Find Series ကိုစတင္မိတ္ဆက္ေပးခဲဲ့ၿပီး ၄ႏွစ္အၾကာတြင္ flagship အဆင့္ျမင့္ ဖုန္းတစ္လံုးအျဖစ္ ဖန္တီးထုတ္လုပ္လုိက္သည့္ မ်ဳိးဆက္သစ္ဖုန္းတစ္လံုးျဖစ္သည္။ အထူးသျဖင့္ ယခု OPPO Find X မွာ ဒီဇုိင္းပိုင္းတြင္ ထူးျခားဆန္းသစ္သည့္ အသြင္မ်ဳိးအျဖစ္ ဖန္တီးေပးထားၿပီး ႀကီးမားက်ယ္ျပန္႔ေသာ ေကြးၫႊတ္မ်က္ႏွာျပင္ အမ်ဳိးအစားကို အသံုးျပဳေပးထားသည့္ မိုဘိုင္းေလာက၏ မ်က္ႏွာျပင္ႏွင့္ ကိုယ္ထည္အခ်ဳိးအစား အႀကီးဆံုးဖုန္းအျဖစ္ပါ စံခ်ိန္တင္ထားသည္။

အရည္အေသြး စိုေျပေတာက္ပသည့္ 6.4 inch အရြယ္အစားရွိ AMOLED Display ကိုအသံုးျပဳေပးထားၿပီး ကြယ္ျမႇဳပ္ ထည့္သြင္းထားေသာ 3D camera စနစ္မ်ားက OPPO Find X ၏အဆန္းသစ္ဆံုး တီထြင္ဖန္တီးမႈ တစ္ခုလည္းျဖစ္သည္။ လံုၿခံဳစိတ္ခ်ရသည့္ အဆင့္ျမင့္ 3D Face Recognition စနစ္ျဖင့္ မ်က္ႏွာကို scan ဖတ္ကာ ဖုန္းကို unlock လုပ္ဖြင့္ႏုိင္ေစမည္ျဖစ္ၿပီး ကင္မရာ အသံုးျပဳမည့္အခ်ိန္ႏွင့္ ဖုန္းကို unlock လုပ္လုိသည့္ အခ်ိန္တို႔က်မွ Slide Mechanism ကို အေျခခံထားသည့္ ကင္မရာကိုယ္ထည္က ဖုန္းအေပၚပိုင္းမွတစ္ဆင့္ ေပၚထြက္လာေစမည့္ ဒီဇိုင္းမ်ဳိးအျဖစ္ ဖန္တီးထားျခင္းျဖစ္သည္။ OPPO Find X တြင္ အဆင္ျမႇင့္တင္ထားေသာ AI နည္းပညာပံ့ပိုးထားသည့္ 25MP ေရွ႕ကင္မရာႏွင့္ အေကာင္းဆံုး Portrait ပံုမ်ားကိုပါ႐ိုက္ယူႏုိင္ေစမည့္ 16MP ႏွင့္ 20MP ေနာက္ကင္မရာ၂လံုးတို႔ကို တပ္ဆင္ အသံုးျပဳေပးထားသည္။

စြမ္းေဆာင္မႈ အပိုင္းတြင္ Qualcomm ၏ေနာက္ဆံုးထုတ္ Snapdragon 845 CPU ႏွင့္အတူ RAM 8GB တို႔ကို တြဲဖက္ေပးထားျခင္းေၾကာင့္ ျမန္ဆန္ေခ်ာေမြ႕သည့္ ထိေတြ႕သံုးစြဲမႈအေတြ႕အႀကံဳကို အျပည့္အဝေပးစြမ္းေစ မည္ျဖစ္သည္။ အခ်က္အလက္ သိုေလွာင္သိမ္းဆည္းႏုိင္ေစရန္ 256GB internal storage ႏွင့္အတူ 4G ကြန္ရက္ကို အသံုးျပဳႏုိင္ေစမည့္ 2 SIM စနစ္ကို အသံုးျပဳေပးထားသည္။ အရည္အေသြးျမင့္ 3730 mAh battery က တစ္ေန႔တာ သံုးစြဲမႈအတြက္ ပိုမိုလံုေလာက္ေစသည့္ အျပင္ OPPO ၏ ကိုယ္ပိုင္းနည္းပညာျဖစ္ေသာ အားအျမန္သြင္းစနစ္ VOOC Flash Charge နည္းပညာေၾကာင့္ ၅ မိနစ္အားသြင္းလိုက္႐ံုျဖင့္ ၂ နာရီၾကာအထိ ဖုန္းေျပာဆိုႏုိင္ေစမည္ ျဖစ္သည္။ OPPO Find X ကိုေစ်းကြက္တြင္ ၁,၁၉၉,ဝဝဝ က်ပ္ျဖင့္ ေရာင္းခ်ေပးလ်က္ရွိၿပီး Bordeaux Red ႏွင့္ Glacier Blue အေရာင္၂ မ်ဳိးကို ေရြးခ်ယ္ဝယ္ယူႏုိင္မည္ျဖစ္သည္။

[ Unicode ]

OPPO Find X ကို သြဂုတ်လ ဒုတိယပတ်အစမှစတင်ကာ ကြိုတင်အမှာများဖြင့်လက်ခံရောင်းချခဲ့ရာ ဒုတိယပတ်အကုန်မှာပင် ပထမအသုတ်အဖြစ် ဝင်ရောက်လာသော ဖုန်းများမှာ ရောင်းကုန်သွားခဲ့ပြီဖြစ်ကြောင်း OPPO Myanmar မှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရှိရသည်။

ယခုအခါတွင် OPPO Find X အတွက် ဒုတိယအသုတ်ဖုန်းများကို သြဂုတ်လ တတိယပတ်မှ စတင်ကာ သုံးစွဲသူများအတွက် ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

OPPO Find X မှာ OPPO က ၄င်းတို့၏မူလအစ Find Series ကိုစတင်မိတ်ဆက်ပေးခဲဲ့ပြီး ၄နှစ်အကြာတွင် flagship အဆင့်မြင့် ဖုန်းတစ်လုံးအဖြစ် ဖန်တီးထုတ်လုပ်လိုက်သည့် မျိုးဆက်သစ်ဖုန်းတစ်လုံးဖြစ်သည်။ အထူးသဖြင့် ယခု OPPO Find X မှာ ဒီဇိုင်းပိုင်းတွင် ထူးခြားဆန်းသစ်သည့် အသွင်မျိုးအဖြစ် ဖန်တီးပေးထားပြီး ကြီးမားကျယ်ပြန့်သော ကွေးညွှတ်မျက်နှာပြင် အမျိုးအစားကို အသုံးပြုပေးထားသည့် မိုဘိုင်းလောက၏ မျက်နှာပြင်နှင့် ကိုယ်ထည်အချိုးအစား အကြီးဆုံးဖုန်းအဖြစ်ပါ စံချိန်တင်ထားသည်။

အရည်အသွေး စိုပြေတောက်ပသည့် 6.4 inch အရွယ်အစားရှိ AMOLED Display ကိုအသုံးပြုပေးထားပြီး ကွယ်မြှုပ် ထည့်သွင်းထားသော 3D camera စနစ်များက OPPO Find X ၏အဆန်းသစ်ဆုံး တီထွင်ဖန်တီးမှု တစ်ခုလည်းဖြစ်သည်။ လုံခြုံစိတ်ချရသည့် အဆင့်မြင့် 3D Face Recognition စနစ်ဖြင့် မျက်နှာကို scan ဖတ်ကာ ဖုန်းကို unlock လုပ်ဖွင့်နိုင်စေမည်ဖြစ်ပြီး ကင်မရာ အသုံးပြုမည့်အချိန်နှင့် ဖုန်းကို unlock လုပ်လိုသည့် အချိန်တို့ကျမှ Slide Mechanism ကို အခြေခံထားသည့် ကင်မရာကိုယ်ထည်က ဖုန်းအပေါ်ပိုင်းမှတစ်ဆင့် ပေါ်ထွက်လာစေမည့် ဒီဇိုင်းမျိုးအဖြစ် ဖန်တီးထားခြင်းဖြစ်သည်။ OPPO Find X တွင် အဆင်မြှင့်တင်ထားသော AI နည်းပညာပံ့ပိုးထားသည့် 25MP ရှေ့ကင်မရာနှင့် အကောင်းဆုံး Portrait ပုံများကိုပါရိုက်ယူနိုင်စေမည့် 16MP နှင့် 20MP နောက်ကင်မရာ၂လုံးတို့ကို တပ်ဆင် အသုံးပြုပေးထားသည်။

စွမ်းဆောင်မှု အပိုင်းတွင် Qualcomm ၏နောက်ဆုံးထုတ် Snapdragon 845 CPU နှင့်အတူ RAM 8GB တို့ကို တွဲဖက်ပေးထားခြင်းကြောင့် မြန်ဆန်ချောမွေ့သည့် ထိတွေ့သုံးစွဲမှုအတွေ့အကြံုကို အပြည့်အဝပေးစွမ်းစေ မည်ဖြစ်သည်။ အချက်အလက် သိုလှောင်သိမ်းဆည်းနိုင်စေရန် 256GB internal storage နှင့်အတူ 4G ကွန်ရက်ကို အသုံးပြုနိုင်စေမည့် 2 SIM စနစ်ကို အသုံးပြုပေးထားသည်။ အရည်အသွေးမြင့် 3730 mAh battery က တစ်နေ့တာ သုံးစွဲမှုအတွက် ပိုမိုလုံလောက်စေသည့် အပြင် OPPO ၏ ကိုယ်ပိုင်းနည်းပညာဖြစ်သော အားအမြန်သွင်းစနစ် VOOC Flash Charge နည်းပညာကြောင့် ၅ မိနစ်အားသွင်းလိုက်ရုံဖြင့် ၂ နာရီကြာအထိ ဖုန်းပြောဆိုနိုင်စေမည် ဖြစ်သည်။ OPPO Find X ကိုစျေးကွက်တွင် ၁,၁၉၉,ဝဝဝ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိပြီး Bordeaux Red နှင့် Glacier Blue အရောင်၂ မျိုးကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။