September 20, 2018

ထူးခၽြန္ထက္ျမက္ေသာ ဘြဲ႕ရေက်ာင္းသူ၊ ေက်ာင္းသားမ်ားအေနျဖင့္ ဘာသာရပ္နယ္ပယ္ က်ယ္ျပန္႔စြာကမ္းလွမ္းလာသည့္ ပညာသင္ဆုမ်ားကို လြတ္လပ္စြာေလွ်ာက္ထားႏိုင္

[ Zawgyi ]

ထူးခၽြန္ထက္ျမက္တဲ့ ဘြဲ႕ရေက်ာင္းသူ၊ ေက်ာင္းသားေတြအတြက္ ႏိုင္ငံျခားပညာေတာ္သင္ ေ႐ြးခ်ယ္ေစလႊတ္ေရးေကာ္မတီက ဦးေရကန္႔သတ္မႈမရွိဘဲ ဘာသာရပ္နယ္ပယ္ က်ယ္ျပန္႔စြာကမ္းလွမ္းလာတဲ့ ပညာသင္ဆုေတြကို လြတ္လပ္စြာေလွ်ာက္ထားႏိုင္ေၾကာင္း အေၾကာင္းၾကားလာပါက သတင္းျဖန္႔ေဝျခင္း (Information Drop) ျပဳလုပ္ကာ ေလွ်ာက္ထားေစၿပီး သက္ဆိုင္ရာမွ လက္ခံစာရရွိပါက ေစလႊတ္ေပးလ်က္ရွိတယ္လုိ႔ ျပည္ေထာင္စုရာထူးဝန္ဥကၠ႒ ေဒါက္တာဝင္းသိမ္းကေျပာၾကားခဲ့ပါတယ္။

” အင္တာနက္ ဝက္ဘ္ဆုိက္ကေန ကမ္းလွမ္းလာတဲ့ပညာသင္ဆု အစီအစဥ္ေတြသို႔ ပညာေရးဝန္ႀကီးဌာနရဲ႕ အတည္ျပဳခ်က္နဲ႔ Online အသုံးျပဳ ေလွ်ာက္ထားၿပီး လက္ခံစာရရွိပါက လုပ္ထုံးလုပ္နည္းနဲ႔အညီ ေစလႊတ္ေပးလ်က္ရွိပါတယ္။ ျပည္တြင္းတကၠသိုလ္ေတြမွာ တက္ေရာက္ ပညာသင္ယူေနၾကတဲ့ ထူးခၽြန္ ေက်ာင္းသားေတြအတြက္ အရည္အေသြးျပည့္ ပညာသင္ယူႏိုင္ရန္ စီမံေဆာင္႐ြက္လ်က္ ရွိပါတယ္ ” လုိ႔ ေဒါက္တာဝင္းသိမ္းက ေျပာပါတယ္။

(ရန္ကုန္တကၠသိုလ္၊ မႏၲေလးတကၠသိုလ္ႏွင့္ ရန္ကုန္နည္းပညာ တကၠသိုလ္ေတြမွာ Center of Excellence – COE မ်ားျဖစ္လာေစရန္ အဆင့္ျမႇင့္တင္ျခင္း) ျပည္ပသို႔သြားေရာက္ ပညာဆက္လက္သင္ယူလိုသူမ်ားအတြက္ အခြင့္အလမ္းေတြ (ဥပမာ – ပညာေရးသံမွဴးမ်ား ခန္႔အပ္တာဝန္ေပးျခင္း၊ ႏိုင္ငံေတာ္ပညာသင္ဆု ေ႐ြးခ်ယ္ခ်ီးျမႇင့္ျခင္း) တို႔ကို ဖန္တီးေပးလ်က္ရွိတယ္လုိ႔ သိရပါတယ္။

အထက္ပါအေၾကာင္းအရာကုိ ေဒါက္တာဝင္းသိမ္းက မတ္လ ၉ ရက္မွာ က်င္းပခဲ့တဲ့ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွာ ပြင့္ျဖဴမဲဆႏၵနယ္က ဦးထြန္းထြန္းက ထူးခၽြန္ထက္ျမက္ၿပီး ေအာင္ျမင္ေသာ ဘြဲ႔ရေက်ာင္းသား၊ ေက်ာင္းသူေတြကို ႏိုင္ငံျခားသို႔ ပညာေတာ္သင္ေစလႊတ္ရန္ အစီအစဥ္ ရွိ၊ မရွိ ေမးျမန္းခဲ့သည့္အေပၚ ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္ပါတယ္။

-သႏၲာ

====================

[ Unicode ]

ထူးချွန်ထက်မြက်သော ဘွဲ့ရကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ဘာသာရပ်နယ်ပယ် ကျယ်ပြန့်စွာကမ်းလှမ်းလာသည့် ပညာသင်ဆုများကို လွတ်လပ်စွာလျှောက်ထားနိုင်

====================

ထူးချွန်ထက်မြက်တဲ့ ဘွဲ့ရကျောင်းသူ၊ ကျောင်းသားတွေအတွက် နိုင်ငံခြားပညာတော်သင် ရွေးချယ်စေလွှတ်ရေးကော်မတီက ဦးရေကန့်သတ်မှုမရှိဘဲ ဘာသာရပ်နယ်ပယ် ကျယ်ပြန့်စွာကမ်းလှမ်းလာတဲ့ ပညာသင်ဆုတွေကို လွတ်လပ်စွာလျှောက်ထားနိုင်ကြောင်း အကြောင်းကြားလာပါက သတင်းဖြန့်ဝေခြင်း (Information Drop) ပြုလုပ်ကာ လျှောက်ထားစေပြီး သက်ဆိုင်ရာမှ လက်ခံစာရရှိပါက စေလွှတ်ပေးလျက်ရှိတယ်လို့ ပြည်ထောင်စုရာထူးဝန်ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းကပြောကြားခဲ့ပါတယ်။

” အင်တာနက် ဝက်ဘ်ဆိုက်ကနေ ကမ်းလှမ်းလာတဲ့ပညာသင်ဆု အစီအစဉ်တွေသို့ ပညာရေးဝန်ကြီးဌာနရဲ့ အတည်ပြုချက်နဲ့ Online အသုံးပြု လျှောက်ထားပြီး လက်ခံစာရရှိပါက လုပ်ထုံးလုပ်နည်းနဲ့အညီ စေလွှတ်ပေးလျက်ရှိပါတယ်။ ပြည်တွင်းတက္ကသိုလ်တွေမှာ တက်ရောက် ပညာသင်ယူနေကြတဲ့ ထူးချွန် ကျောင်းသားတွေအတွက် အရည်အသွေးပြည့် ပညာသင်ယူနိုင်ရန် စီမံဆောင်ရွက်လျက် ရှိပါတယ် ” လို့ ဒေါက်တာဝင်းသိမ်းက ပြောပါတယ်။

(ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် ရန်ကုန်နည်းပညာ တက္ကသိုလ်တွေမှာ Center of Excellence – COE များဖြစ်လာစေရန် အဆင့်မြှင့်တင်ခြင်း) ပြည်ပသို့သွားရောက် ပညာဆက်လက်သင်ယူလိုသူများအတွက် အခွင့်အလမ်းတွေ (ဥပမာ – ပညာရေးသံမှူးများ ခန့်အပ်တာဝန်ပေးခြင်း၊ နိုင်ငံတော်ပညာသင်ဆု ရွေးချယ်ချီးမြှင့်ခြင်း) တို့ကို ဖန်တီးပေးလျက်ရှိတယ်လို့ သိရပါတယ်။

အထက်ပါအကြောင်းအရာကို ဒေါက်တာဝင်းသိမ်းက မတ်လ ၉ ရက်မှာ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပွင့်ဖြူမဲဆန္ဒနယ်က ဦးထွန်းထွန်းက ထူးချွန်ထက်မြက်ပြီး အောင်မြင်သော ဘွဲ့ရကျောင်းသား၊ ကျောင်းသူတွေကို နိုင်ငံခြားသို့ ပညာတော်သင်စေလွှတ်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည့်အပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

-သန္တာ