ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲ ပြုလုပ်မည်

ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲ (Thailand Education Fair (Myanmar) 2019) ကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါပြပွဲကို ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားဟောင်းများအသင်းက ကြီးမှူးကျင်းပတာဖြစ်ပါတယ်။ ပြပွဲကို ဧပြီ ၂၇ ရက်မှာ ရန်ကုန်မြို့ရှိ Sule Shangri-La Hotel မှာလည်းကောင်း၊ ဧပြီ ၂၈ ရက်မှာ မန္တလေးမြို့ရှိ Hotel Shwe Pyi Thar မှာလည်းကောင်း နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံတကာအဆင့်မီ နာမည်ကြီးတက္ကသိုလ်တွေ ပါဝင်ပြသမှာဖြစ်ပြီး ထိုင်းနိုင်ငံမှာ ဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့တွေ သင်ကြားတက်ရောက်လိုသူတွေအနေနဲ့ ကျောင်းဝင်ခွင့်လိုအပ်ချက်တွေနဲ့အတူ ပညာသင်ထောက်ပံ့ကြေး အစီအစဉ်တွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ အသေးစိတ်သိရှိလိုပါက ဖုန်း – ၀၉၄၄၁၃၂၀၉၀၉ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။