ထုိင္းစမတ္ဖုန္းေဈးကြက္မွာ Samsung ကုိ Oppo ေက်ာ္ျဖတ္

[ Zawgyi ]

Canalys ဟာ ၂၀၁၈ ခုႏွစ္ ေနာက္ဆုံး သုံးလပတ္အတြက္ ထိုင္းႏိုင္ငံ စမတ္ဖုန္းေဈးကြက္ေဝစုနဲ႔ စမတ္ဖုန္းတင္ပုိ႔ေရာင္းခ်မႈကို ေဖာ္ျပခဲ့ပါတယ္။ ႏွစ္အနည္းငယ္အတြင္း Xiaomi, Honor, Lava နဲ႔ Wiko အပါအဝင္ ေဈးကြက္ထဲက အဓိကလုပ္ငန္းရွင္ေတြဟာ အေရွ႕ေတာင္အာရွ ေဈးကြက္အတြင္း အျပင္းအထန္ ယွဥ္ၿပိဳင္ခဲ့ၾကပါတယ္။

သုံးစြဲသူေတြဟာ စမတ္ဖုန္းေတြကုိ အခ်ိန္ကာလၾကာျမင့္စြာ ကိုင္ေလ့ရွိတဲ့အတြက္ ၿပီးခဲ့တဲ့ႏွစ္က စတုတၳသုံးလပတ္ထက္ စမတ္ဖုန္းတင္ပုိ႔မႈ ၁၃.၆ ရာခုိင္ႏႈန္း က်ဆင္းသြားပါတယ္။ အခု ကာလအတြင္း စမတ္ဖုန္းစုစုေပါင္း ၄.၉ သန္း တင္ပုိ႔ေရာင္းခ်ခဲ့ပါတယ္။ ထိုင္းႏိုင္ငံအတြင္း စမတ္ဖုန္းေရာင္းခ်သူေတြက ေရာင္းအားျမႇင့္တင္ေနေပမယ့္လည္း ေဒသတြင္းရဲ႕ ေဝးလံတဲ့ ေနရာေတြမွာ ခလုတ္ဖုန္းေတြပဲ ဆက္လက္ အသုံးျပဳေနၾကပါတယ္။

ထိုင္းႏိုင္ငံစမတ္ဖုန္း ေဈးကြက္အတြင္း Oppo ရဲ႕ေဈးကြက္ေဝစုဟာ ၂၂.၂ ရာခိုင္ႏႈန္းနဲ႔ တစ္ႏွစ္ထက္တစ္ႏွစ္ ၆၉.၈ ရာခိုင္ႏႈန္း ႀကီးထြားလာပါတယ္။ ဒါေၾကာင့္ Oppo ဟာ ေဈးကြက္ေဝစု ၂၁.၁ ရာခိုင္ႏႈန္းသာရွိတဲ့ Samsung ကုိျဖတ္ေက်ာ္ႏိုင္ခဲ့ပါတယ္။ Samnsung ရဲ႕ေဈးကြက္ေဝစုဟာ တစ္ႏွစ္ထက္တစ္ႏွစ္ ၃၆.၁ ရာခုိင္ႏႈန္း က်ဆင္းလာပါတယ္။ Huawei ကေတာ့ ေဈးကြက္ေဝစုကေတာ့ ၁၃.၁ ရာခိုင္ႏႈန္းရွိၿပီး တစ္ႏွစ္တစ္ႏွစ္ ၇၃.၄ ရာခိုင္ႏႈန္း တိုးတက္လာပါတယ္။ Vivo ကေတာ့ ၁၃ ရာခုိင္ႏႈန္း တိုးတက္လာကာ Apple ရဲ႕ေဈးကြက္ေဝစုကေတာ့ ၅၂.၂ ရာခိုင္ႏႈန္း က်ဆင္းသြားၿပီး ၈.၆ ရာခိုင္ႏႈန္းပဲ က်န္ပါေတာ့တယ္။

Oppo ရဲ႕ေဈးကြက္ေဝစုထဲမွာ Realme အမွတ္တံဆိပ္ထုတ္ကုန္ေတြ မပါဝင္သလို Huawei ရဲ႕ အခ်က္အလက္မွာလည္း Honor ထုတ္ကုန္ေတြကုိ သီးသန္႔ေဖာ္ျပထားပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Canalys ဟာ ၂၀၁၈ ခုနှစ် နောက်ဆုံး သုံးလပတ်အတွက် ထိုင်းနိုင်ငံ စမတ်ဖုန်းဈေးကွက်ဝေစုနဲ့ စမတ်ဖုန်းတင်ပို့ရောင်းချမှုကို ဖော်ပြခဲ့ပါတယ်။ နှစ်အနည်းငယ်အတွင်း Xiaomi, Honor, Lava နဲ့ Wiko အပါအဝင် ဈေးကွက်ထဲက အဓိကလုပ်ငန်းရှင်တွေဟာ အရှေ့တောင်အာရှ aဈးကွက်အတွင်း အပြင်းအထန် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

သုံးစွဲသူတွေဟာ စမတ်ဖုန်းတွေကို အချိန်ကာလကြာမြင့်စွာ ကိုင်လေ့ရှိတဲ့အတွက် ပြီးခဲ့တဲ့နှစ်က စတုတ္ထသုံးလပတ်ထက် စမတ်ဖုန်းတင်ပို့မှု ၁၃.၆ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ အခု ကာလအတွင်း စမတ်ဖုန်းစုစုပေါင်း ၄.၉ သန်း တင်ပို့ရောင်းချခဲ့ပါတယ်။ ထိုင်းနိုင်ငံအတွင်း စမတ်ဖုန်းရောင်းချသူတွေက ရောင်းအားမြှင့်တင်နေပေမယ့်လည်း ဒေသတွင်းရဲ့ ဝေးလံတဲ့ နေရာတွေမှာ ခလုတ်ဖုန်းတွေပဲ ဆက်လက် အသုံးပြုနေကြပါတယ်။

ထိုင်းနိုင်ငံစမတ်ဖုန်း ဈေးကွက်အတွင်း Oppo ရဲ့ဈေးကွက်ဝေစုဟာ ၂၂.၂ ရာခိုင်နှုန်းနဲ့ တစ်နှစ်ထက်တစ်နှစ် ၆၉.၈ ရာခိုင်နှုန်း ကြီးထွားလာပါတယ်။ ဒါကြောင့် Oppo ဟာ ဈေးကွက်ဝေစု ၂၁.၁ ရာခိုင်နှုန်းသာရှိတဲ့ Samsung ကိုဖြတ်ကျော်နိုင်ခဲ့ပါတယ်။ Samnsung ရဲ့ဈေးကွက်ဝေစုဟာ တစ်နှစ်ထက်တစ်နှစ် ၃၆.၁ ရာခိုင်နှုန်း ကျဆင်းလာပါတယ်။ Huawei ကတော့ ဈေးကွက်ဝေစုကတော့ ၁၃.၁ ရာခိုင်နှုန်းရှိပြီး တစ်နှစ်တစ်နှစ် ရ၃.၄ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ Vivo ကတော့ ၁၃ ရာခိုင်နှုန်း တိုးတက်လာကာ Apple ရဲ့ဈေးကွက်ဝေစုကတော့ ၅၂.၂ ရာခိုင်နှုန်း ကျဆင်းသွားပြီး ၈.၆ ရာခိုင်နှုန်းပဲ ကျန်ပါတော့တယ်။

Oppo ရဲ့ဈေးကွက်ဝေစုထဲမှာ Realme အမှတ်တံဆိပ်ထုတ်ကုန်တွေ မပါဝင်သလို Huawei ရဲ့ အချက်အလက်မှာလည်း Honor ထုတ်ကုန်တွေကို သီးသန့်ဖော်ပြထားပါတယ်။

Ref: GSMArena