တ႐ုတ္ search engine စီမံကိန္းေၾကာင့္ Google ဝန္ထမ္းေတြ အလုပ္မွႏုတ္ထြက္

[ Zawgyi ]

Google အေနနဲ႔ တ႐ုတ္ေဈးကြက္ထဲကုိ ျပန္လည္ဝင္ေရာက္ဖုိ႔ ႀကိဳးပမ္းေနမႈအေပၚ မေက်နပ္ၾကတဲ့ ဝန္ထမ္းေတြက အလုပ္မွ ႏုတ္ထြက္ခဲ့တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့လက Google အေနနဲ႔ တ႐ုတ္အတြက္ ဆင္ဆာလုပ္ထားတဲ့ search engine တစ္ခုတည္ေဆာက္ဖို႔ ႀကိဳးပမ္းေနတယ္လုိ႔ The Intercept ကေဖာ္ထုတ္ၿပီးေနာက္မွာ ကုမၸဏီဟာ စစ္ေဆးခံေနၾကပါတယ္။ Google အေနနဲ႔ တ႐ုတ္ႏိုင္ငံကေန ထြက္ခြာခဲ့ၿပီး ၈ ႏွစ္အၾကာမွာ ျပန္လည္ဝင္ေရာက္ဖို႔ ႀကိဳးပမ္းလာတာျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံက Google ထြက္ခြာလာခဲ့ခ်ိန္တုန္းက ဆုိဗီယက္ယူနီယံမွာ ႀကီးျပင္းခဲ့ရတဲ့ ကုမၸဏီတြဲဖက္တည္ေထာင္သူ ဆာဂ်ီဘရင္က တ႐ုတ္ေပၚလစီေတြဟာ အႂကြင္းမဲ့ အာဏာရွင္ဝါဒလို႔ ေျပာၾကားခဲ့ပါတယ္။

Dragonfly အမည္ရ search စီမံကိန္းသစ္ေၾကာင့္ ကုမၸဏီကုိ Google ရဲ႕ဝန္ထမ္းေတြက ေဝဖန္ခဲ့ၾကပါတယ္။ Google ဝန္ထမ္း ၁,၀၀၀ ေလာက္က အိတ္ဖြင့္ေပးစာမွာ လက္မွတ္ေရးထိုးခဲ့ၿပီး စီမံကိန္းနဲ႔ပတ္သက္တဲ့ ပြင့္လင္းျမင္သာမႈရွိေရးကို ကုမၸဏီထံ ေတာင္းဆိုခဲ့ၿပီး အမႈေဆာင္ဝန္ထမ္းေတြ မဟုတ္ဘဲ သာမန္ဝန္ထမ္းေတြပါဝင္တဲ့ က်င့္ဝတ္ပုိင္းဆိုင္ရာ သုံးသပ္မႈ လုပ္ငန္းစဥ္ကုိ ဖန္တီးဖို႔ ေတာင္ဆုိးခဲ့ပါတယ္။

အခုဆုိရင္ေတာ့ Google ရဲ႕ Dragonfly စီမံကိန္းေၾကာင့္ ကုမၸဏီမွာ ၂ ႏွစ္ၾကာလုပ္ကုိင္ေနတဲ့ အႀကီးတန္းသုေတသနသိပၸံပညာရွင္ ဂ်က္ေပါလ္ဆင္ဟာ အလုပ္ကႏုတ္ထြက္ခဲ့ပါတယ္။ သူ႔ရဲ႕ LinkedIn ကုိယ္ေရးအက်ဥ္းအရ ေပါလ္ဆင္ဟာ စတန္းဖို႔ဒ္တကၠသုိလ္မွာ သခ်ၤာပညာရပ္ လက္ေထာက္ပေရာ္ဖက္ဆာအျဖစ္ လုပ္ကုိင္ခဲ့ဖူးပါတယ္။ ေပါလ္အဆင္အေနနဲ႔ ၾသဂုတ္လ ၁၁ ရက္မွာ Google က ႏုတ္ထြက္ခဲ့ပါတယ္။

Dragonfly စီမံကိန္းေၾကာင့္ အနည္းဆုံး Google ဝန္ထမ္း ၆ ဦး အလုပ္က ႏုတ္ထြက္ခဲ့တယ္လို႔ BuzzFeed ကေဖာ္ျပခဲ့ပါတယ္။

စိုးထက္
Ref: CNET

[ Unicode ]

Google အနေနဲ့ တရုတ်ဈေးကွက်ထဲကို ပြန်လည်ဝင်ရောက်ဖို့ ကြိုးပမ်းနေမှုအပေါ် မကျေနပ်ကြတဲ့ ဝန်ထမ်းတွေက အလုပ်မှ နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လက Google အနေနဲ့ တရုတ်အတွက် ဆင်ဆာလုပ်ထားတဲ့ search engine တစ်ခုတည်ဆောက်ဖို့ ကြိုးပမ်းနေတယ်လို့ The Intercept ကဖော်ထုတ်ပြီးနောက်မှာ ကုမ္ပဏီဟာ စစ်ဆေးခံနေကြပါတယ်။ Google အနေနဲ့ တရုတ်နိုင်ငံကနေ ထွက်ခွာခဲ့ပြီး ၈ နှစ်အကြာမှာ ပြန်လည်ဝင်ရောက်ဖို့ ကြိုးပမ်းလာတာဖြစ်ပါတယ်။ တရုတ်နိုင်ငံက Google ထွက်ခွာလာခဲ့ချိန်တုန်းက ဆိုဗီယက်ယူနီယံမှာ ကြီးပြင်းခဲ့ရတဲ့ ကုမ္ပဏီတွဲဖက်တည်ထောင်သူ ဆာဂျီဘရင်က တရုတ်ပေါ်လစီတွေဟာ အကြွင်းမဲ့ အာဏာရှင်ဝါဒလို့ ပြောကြားခဲ့ပါတယ်။

Dragonfly အမည်ရ search စီမံကိန်းသစ်ကြောင့် ကုမ္ပဏီကို Google ရဲ့ဝန်ထမ်းတွေက ဝေဖန်ခဲ့ကြပါတယ်။ Google ဝန်ထမ်း ၁,၀၀၀ လောက်က အိတ်ဖွင့်ပေးစာမှာ လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းနဲ့ပတ်သက်တဲ့ ပွင့်လင်းမြင်သာမှုရှိရေးကို ကုမ္ပဏီထံ တောင်းဆိုခဲ့ပြီး အမှုဆောင်ဝန်ထမ်းတွေ မဟုတ်ဘဲ သာမန်ဝန်ထမ်းတွေပါဝင်တဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ သုံးသပ်မှု လုပ်ငန်းစဉ်ကို ဖန်တီးဖို့ တောင်ဆိုးခဲ့ပါတယ်။

အခုဆိုရင်တော့ Google ရဲ့ Dragonfly စီမံကိန်းကြောင့် ကုမ္ပဏီမှာ ၂ နှစ်ကြာလုပ်ကိုင်နေတဲ့ အကြီးတန်းသုတေသနသိပ္ပံပညာရှင် ဂျက်ပေါလ်ဆင်ဟာ အလုပ်ကနုတ်ထွက်ခဲ့ပါတယ်။ သူ့ရဲ့ LinkedIn ကိုယ်ရေးအကျဉ်းအရ ပေါလ်ဆင်ဟာ စတန်းဖို့ဒ်တက္ကသိုလ်မှာ သချင်္ာပညာရပ် လက်ထောက်ပရော်ဖက်ဆာအဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။ ပေါလ်အဆင်အနေနဲ့ သြဂုတ်လ ၁၁ ရက်မှာ Google က နုတ်ထွက်ခဲ့ပါတယ်။

Dragonfly စီမံကိန်းကြောင့် အနည်းဆုံး Google ဝန်ထမ်း ၆ ဦး အလုပ်က နုတ်ထွက်ခဲ့တယ်လို့ BuzzFeed ကဖော်ပြခဲ့ပါတယ်။

စိုးထက်
Ref: CNET