August 20, 2018

တ႐ုတ္ food-delivery app Ele.me ကို Alibaba ဝယ္ယူ

[ Zawgyi ]

တ႐ုတ္ e-commerce ကုမၸဏီႀကီးျဖစ္တဲ့ Alibaba ဟာ ေဒၚလာ ၉.၅ ဘီလ်ံတန္ေၾကးရိွတဲ့ food-delivery startup Ele.me ကို ဝယ္ယူလိုက္တယ္လို႔ ေၾကညာခဲ့ပါတယ္။

ဝယ္ယူတဲ့ ေငြပမာဏကိုေတာ့ မေဖာ္ျပခဲ့ပါဘူး။

ဒါေပမဲ့ Ele.me ရဲ႕ လက္ရိွတန္ဖိုးက ေဒၚလာ ၉.၅ ဘီလ်ံျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္ရဲ႕ ေဒၚလာ ၅.၅ ဘီလ်ံကေန ျမင့္တက္လာခဲ့တယ္လို႔ Alibaba က ဆိုပါတယ္။

အျပာနဲ႔ အျဖဴေရာင္စပ္ထားတဲ့ Ele.me ရဲ႕ လွ်ပ္စစ္စကူတာေတြဟာ KFC နဲ႔ Starbucks တို႔အပါအဝင္ စတိုး ၁. ၃ သန္းဆီကေန ေအာ္ဒါေပါင္း ၄.၅ သန္းကို ေန႔စဥ္ ဝန္ေဆာင္မႈေပးေနပါတယ္။ ဒီ app ကို သံုးစြဲသူအေရအတြက္ သန္း ၂၆၀ ရိွပါတယ္။

ဒီဝယ္ယူမႈမတိုင္ခင္ကတည္းက Alibaba နဲ႔ Ele.me တို႔ဟာ အနီးကပ္ လက္တြဲလုပ္ကိုင္ခဲ့ၾကၿပီး Alibaba ရဲ႕ဌာနခြဲျဖစ္တဲ့ Alipay mobile wallet app ကိုသံုးကာ startup ကေန အစားအေသာက္ေတြကို မွာယူႏိုင္ပါတယ္။ Alipay mobile wallet ကိုသံုးစြဲသူ သန္း ၄၅၀ ရိွပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ အစားအေသာက္ေပးပို႔တဲ့ေစ်းကြက္ဟာ ၂၀၁၇ ခုႏွစ္မွာ တန္ေၾကး ေဒၚလာ ၃၁.၉ ဘီလ်ံရိွခဲ့ၿပီး လြန္ခဲ့တဲ့တစ္ႏွစ္ကထက္ ၂၃ ရာခိုင္ႏႈန္း ျမင့္တက္လာခဲ့တယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: TechInAsia

===================

[ Unicode ]

တရုတ် food-delivery app Ele.me ကို Alibaba ဝယ်ယူ

===================

တရုတ် e-commerce ကုမ္ပဏီကြီးဖြစ်တဲ့ Alibaba ဟာ ဒေါ်လာ ၉.၅ ဘီလျံတန်ကြေးရှိတဲ့ food-delivery startup Ele.me ကို ဝယ်ယူလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။
ဝယ်ယူတဲ့ ငွေပမာဏကိုတော့ မဖော်ပြခဲ့ပါဘူး။

ဒါပေမဲ့ Ele.me ရဲ့ လက်ရှိတန်ဖိုးက ဒေါ်လာ ၉.၅ ဘီလျံဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ရဲ့ ဒေါ်လာ ၅.၅ ဘီလျံကနေ မြင့်တက်လာခဲ့တယ်လို့ Alibaba က ဆိုပါတယ်။

အပြာနဲ့ အဖြူရောင်စပ်ထားတဲ့ Ele.me ရဲ့ လျှပ်စစ်စကူတာတွေဟာ KFC နဲ့ Starbucks တို့အပါအဝင် စတိုး ၁. ၃ သန်းဆီကနေ အော်ဒါပေါင်း ၄.၅ သန်းကို နေ့စဉ် ဝန်ဆောင်မှုပေးနေပါတယ်။ ဒီ app ကို သုံးစွဲသူအရေအတွက် သန်း ၂၆၀ ရှိပါတယ်။

ဒီဝယ်ယူမှုမတိုင်ခင်ကတည်းက Alibaba နဲ့ Ele.me တို့ဟာ အနီးကပ် လက်တွဲလုပ်ကိုင်ခဲ့ကြပြီး Alibaba ရဲ့ဌာနခွဲဖြစ်တဲ့ Alipay mobile wallet app ကိုသုံးကာ startup ကနေ အစားအသောက်တွေကို မှာယူနိုင်ပါတယ်။ Alipay mobile wallet ကိုသုံးစွဲသူ သန်း ၄၅၀ ရှိပါတယ်။

တရုတ်နိုင်ငံရဲ့ အစားအသောက်ပေးပို့တဲ့စျေးကွက်ဟာ ၂၀၁၇ ခုနှစ်မှာ တန်ကြေး ဒေါ်လာ ၃၁.၉ ဘီလျံရှိခဲ့ပြီး လွန်ခဲ့တဲ့တစ်နှစ်ကထက် ၂၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: TechInAsia