တ႐ုတ္ႏို္င္ငံအတြင္း livestream ထုတ္လႊင့္သူအမ်ားစုမွာ လယ္သမားေတြျဖစ္ေန

[ Zawgyi ]

တ႐ုတ္ႏိုင္ငံအတြင္းမွာ livestream လႊင့္သူအမ်ားစုမွာ လယ္သမားေတြျဖစ္ၿပီး သူတို႔ေတြဟာ ပစၥည္းေတြ ေရာင္းခ်ႏိုင္ဖို႔ live လႊင့္ေနၾကတာ ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ အႀကီးမားဆုံး ecommerce platform ေတြထဲက တစ္ခုျဖစ္တဲ့ Alibaba အေနနဲ႔ လယ္သမားေတြအတြက္ အထူးအစီအစဥ္တစ္ခု ျပဳလုပ္ထားပါတယ္။ Alibaba ဟာ livestream လႊင့္တဲ့ လယ္သမားေတြအပါအဝင္ ေက်းလက္အတြင္းက Taobao မွာ ပစၥည္းေရာင္းခ်သူေတြအတြက္ ဆင္းရဲမြဲေတမႈေလွ်ာ႔ခ်ေရး အစီအစဥ္ကို ျပဳလုပ္ဖို႔ ႀကံစည္ေနပါတယ္။

Taobao ဟာ ၂၀၁၆ ခုႏွစ္အတြင္း app ေပၚမွာ livestream ထုတ္လုပ္ႏိုင္ေအာင္ ျပဳလုပ္ေပးခဲ့ပါတယ္။ ေနာက္ပိုင္းမွာ livestream ထုတ္လႊင့္သူေတြဟာ ေနာက္ဆုံးေပၚဖက္ရွင္ အမွတ္တံဆိပ္ကေန ပုိးေလာင္းဟင္းလ်ာ အထိ ေရာင္းခ်ေနၾကပါတယ္။ အဲဒီ app ဟာ တ႐ုတ္ႏိုင္ငံရဲ႕ ႏြမ္းပါးတဲ့ အစြန္အဖ်ားဧရိယာေတြအတြင္း လယ္သမားေတြအတြက္ ေဈးဝယ္သူေတြနဲ႔ ခ်ိတ္ဆက္ႏိုင္တဲ့ နည္းလမ္းသစ္တစ္ခု ျဖစ္လာပါတယ္။ ၿပီးခဲ့တဲ့ ၃ ႏွစ္အတြင္း live လႊင့္သူ ၁၀၀,၀၀၀ ဟာ Taobao ေပၚမွာ လယ္ယာထြက္ပစၥည္းေတြ ေရာင္းခ်ေနၾကပါတယ္။

Live လႊင့္သူတစ္ဦးဟာဆိုရင္ ၁၃ ရက္အတြင္း လိေမၼာ္သီး ကီလိုတစ္သန္းကို ေရာင္းခ်ႏိုင္ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

Kuaishou လိုမ်ိဳး အျခား platform ေတြကလည္း ေက်းလက္ေဒသအတြင္း live ထုတ္လႊင့္မႈ ေရပန္းစားတဲ့လမ္းေၾကာငး္ထဲ ဝင္ေရာက္လာပါတယ္။ Live ထုတ္လႊင့္မႈ ယဥ္ေက်းမႈဟာ အေမရိကန္နဲ႔ ဥေရာပတို႔နဲ႔ ကြာျခားပါတယ္။ အဲဒီႏိုင္ငံေတြမွာ livestream နဲ႔ ecommerce platform ေတြဟာ ဆက္စပ္မႈမရွိပါဘူး။

စိုးထက္
Ref: TechInAsia

[ Unicode ]

တရုတ်နိုင်ငံအတွင်းမှာ livestream လွှင့်သူအများစုမှာ လယ်သမားတွေဖြစ်ပြီး သူတို့တွေဟာ ပစ္စည်းတွေ ရောင်းချနိုင်ဖို့ live လွှင့်နေကြတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ecommerce platform တွေထဲက တစ်ခုဖြစ်တဲ့ Alibaba အနေနဲ့ လယ်သမားတွေအတွက် အထူးအစီအစဉ်တစ်ခု ပြုလုပ်ထားပါတယ်။ Alibaba ဟာ livestream လွှင့်တဲ့ လယ်သမားတွေအပါအဝင် ကျေးလက်အတွင်းက Taobao မှာ ပစ္စည်းရောင်းချသူတွေအတွက် ဆင်းရဲမွဲတေမှုလျှော့ချရေး အစီအစဉ်ကို ပြုလုပ်ဖို့ ကြံစည်နေပါတယ်။

Taobao ဟာ ၂၀၁၆ ခုနှစ်အတွင်း app ပေါ်မှာ livestream ထုတ်လုပ်နိုင်အောင် ပြုလုပ်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ livestream ထုတ်လွှင့်သူတွေဟာ နောက်ဆုံးပေါ်ဖက်ရှင် အမှတ်တံဆိပ်ကနေ ပိုးလောင်းဟင်းလျာ အထိ ရောင်းချနေကြပါတယ်။ အဲဒီ app ဟာ တရုတ်နိုင်ငံရဲ့ နွမ်းပါးတဲ့ အစွန်အဖျားဧရိယာတွေအတွင်း လယ်သမားတွေအတွက် ဈေးဝယ်သူတွေနဲ့ ချိတ်ဆက်နိုင်တဲ့ နည်းလမ်းသစ်တစ်ခု ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း live လွှင့်သူ ၁၀၀,၀၀၀ ဟာ Taobao ပေါ်မှာ လယ်ယာထွက်ပစ္စည်းတွေ ရောင်းချနေကြပါတယ်။

Live လွှင့်သူတစ်ဦးဟာဆိုရင် ၁၃ ရက်အတွင်း လိမ္မော်သီး ကီလိုတစ်သန်းကို ရောင်းချနိုင်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

Kuaishou လိုမျိုး အခြား platform တွေကလည်း ကျေးလက်ဒေသအတွင်း live ထုတ်လွှင့်မှု ရေပန်းစားတဲ့လမ်းကြောငး်ထဲ ဝင်ရောက်လာပါတယ်။ Live ထုတ်လွှင့်မှု ယဉ်ကျေးမှုဟာ အမေရိကန်နဲ့ ဥရောပတို့နဲ့ ကွာခြားပါတယ်။ အဲဒီနိုင်ငံတွေမှာ livestream နဲ့ ecommerce platform တွေဟာ ဆက်စပ်မှုမရှိပါဘူး။

Ref: TechInAsia