တ႐ုတ္ႏို္င္ငံမွာ search engine ျဖန္႔ခ်ိဖို႔ Google မနီးစပ္ေသးေၾကာင္း ဆန္းဒါးပီခ်ိဳင္း ေျပာၾကား

[ Zawgyi ]

Google ဝန္ထမ္းေတြဟာ ကုမၸဏီရဲ႕ တ႐ုတ္ေဈးကြက္ထဲ ျပန္လည္ဝင္ေရာက္ဖို႔ ႀကိဳးစားေနမႈအေပၚ စိုးရိမ္ပူပန္ေနၾကပါတယ္။ အဲဒီကိစၥနဲ႔ ပတ္သက္ၿပီး ၾသဂုတ္ ၁၆ ရက္က Google အမႈေဆာင္အရာရွိခ်ဳပ္ ဆန္းဒါးပီခ်ိဳင္းက ဝန္ထမ္းေတြအေပၚ ႏွစ္သိမ့္ေျပာၾကား သြားပါတယ္။

Google အေနနဲ႔ တ႐ုတ္ႏိုင္ငံမွာ ရွာေဖြမႈထုတ္ကုန္တစ္ခုကို စတင္ဖို႔ မနီးစပ္ေသးဘူးလို႔ ပီခ်ိဳင္းက ေျပာခဲ့ေပမယ့္ တ႐ုတ္ႏို္င္ငံအတြင္းမွာ လုပ္ငန္းဘယ္လိုတုိးခ်ဲ႕ႏိုင္မလဲဆိုတာကို စဥ္းစားေနတယ္လို႔ Wall Street Journal ကေျပာခဲ့ပါတယ္။

ကယ္လီဖိုးနီးယားျပည္နယ္၊ ေမာင္တိန္ဗ်ဴးၿမိဳက Google ရဲ႕ဌာနခ်ဳပ္မွာ ျပဳလုပ္ခဲ့တဲ့ ဝန္ထမ္းေတြနဲ႔ အပတ္စဥ္ေတြ႕ဆုံပြဲမွာ ပီခ်ိဳင္းက အခုလို ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ Google အေနနဲ႔ မိုဘိုင္းသတင္း app နဲ႔ search engine သစ္တစ္ခုကုိ ဖန္တီးေနၿပီး အဲဒီ app ေတြက ရွာေဖြမႈရလဒ္ေတြအေပၚ တ႐ုတ္အစိုးရက ဆင္ဆာလုပ္ခြင့္ရွိတယ္လို႔ သတင္းေတြက ေဖာ္ျပေနပါတယ္။ အဲဒီသတင္းေတြကို ေျဖရွင္းဖို႔ Google က ႀကိဳးစားခဲ့တာ ျဖစ္ပါတယ္။

Dragonfly အမည္ရ အဲဒီလွ်ိဳ႕ဝွက္စီမံကိန္းကုိ Google ဝန္ထမ္း ၁,၀၀၀ ေက်ာ္က ဆႏၵျပခဲ့ၿပီး ဝန္ထမ္းေတြရဲ႕ လုပ္အားကို အစုိးရက ျပဳလုပ္တဲ့ ဆင္ဆာစနစ္ ေထာက္ပံ့ေပးဖို႔ အသုံးခ်မႈအေပၚ ဆန္႔က်င္ခဲ့ၾကပါတယ္။ Google ဝန္ထမ္းေတြအေနနဲ႔ စီမံကိန္းနဲ႔ ပတ္သက္ၿပီး ပြင့္လင္းျမင္သာမႈရွိဖို႔နဲ႔ အမႈေဆာင္မဟုတ္တဲ့ သာမန္ဝန္ထမ္းေတြပဲ ပါဝင္တဲ့ က်င့္ဝတ္ပုိင္းဆိုင္ရာ သုံးသပ္မႈကို ဖန္တီးဖို႔ ေတာင္းဆိုတဲ့ အိတ္ဖြင့္ေပးစာေပးစာ ပုိ႔ခဲ့ၾကပါတယ္။

အဲဒီ အိတ္ဖြင့္ေပးစာဟာ Google ရဲ႕ကုမၸဏီအတြင္းပုိင္း သတင္းအခ်က္အလက္ထဲ ပ်ံ႕ႏွ႔ံလည္ပတ္ေနတယ္လို႔ ဝန္ထမ္းတစ္ဦးက ေျပာခဲ့ပါတယ္။

စိုးထက္
Ref: CNET

[ Unicode ]

Google ဝန်ထမ်းတွေဟာ ကုမ္ပဏီရဲ့ တရုတ်ဈေးကွက်ထဲ ပြန်လည်ဝင်ရောက်ဖို့ ကြိုးစားနေမှုအပေါ် စိုးရိမ်ပူပန်နေကြပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သြဂုတ် ၁၆ ရက်က Google အမှုဆောင်အရာရှိချုပ် ဆန်းဒါးပီချိုင်းက ဝန်ထမ်းတွေအပေါ် နှစ်သိမ့်ပြောကြား သွားပါတယ်။

Google အနေနဲ့ တရုတ်နိုင်ငံမှာ ရှာဖွေမှုထုတ်ကုန်တစ်ခုကို စတင်ဖို့ မနီးစပ်သေးဘူးလို့ ပီချိုင်းက ပြောခဲ့ပေမယ့် တရုတ်နို်င်ငံအတွင်းမှာ လုပ်ငန်းဘယ်လိုတိုးချဲ့နိုင်မလဲဆိုတာကို စဉ်းစားနေတယ်လို့ Wall Street Journal ကပြောခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်၊ မောင်တိန်ဗျူးမြိုက Google ရဲ့ဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ ဝန်ထမ်းတွေနဲ့ အပတ်စဉ်တွေ့ဆုံပွဲမှာ ပီချိုင်းက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ Google အနေနဲ့ မိုဘိုင်းသတင်း app နဲ့ search engine သစ်တစ်ခုကို ဖန်တီးနေပြီး အဲဒီ app တွေက ရှာဖွေမှုရလဒ်တွေအပေါ် တရုတ်အစိုးရက ဆင်ဆာလုပ်ခွင့်ရှိတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ အဲဒီသတင်းတွေကို ဖြေရှင်းဖို့ Google က ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

Dragonfly အမည်ရ အဲဒီလျှို့ဝှက်စီမံကိန်းကို Google ဝန်ထမ်း ၁,၀၀၀ ကျော်က ဆန္ဒပြခဲ့ပြီး ဝန်ထမ်းတွေရဲ့ လုပ်အားကို အစိုးရက ပြုလုပ်တဲ့ ဆင်ဆာစနစ် ထောက်ပံ့ပေးဖို့ အသုံးချမှုအပေါ် ဆန့်ကျင်ခဲ့ကြပါတယ်။ Google ဝန်ထမ်းတွေအနေနဲ့ စီမံကိန်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ အမှုဆောင်မဟုတ်တဲ့ သာမန်ဝန်ထမ်းတွေပဲ ပါဝင်တဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ သုံးသပ်မှုကို ဖန်တီးဖို့ တောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာပေးစာ ပို့ခဲ့ကြပါတယ်။

အဲဒီ အိတ်ဖွင့်ပေးစာဟာ Google ရဲ့ကုမ္ပဏီအတွင်းပိုင်း သတင်းအချက်အလက်ထဲ ပျံ့နှ့ံလည်ပတ်နေတယ်လို့ ဝန်ထမ်းတစ်ဦးက ပြောခဲ့ပါတယ်။

Ref: CNET