တတိယသုံးလပတ္အတြင္း Samsung, Huawei နဲ႔ Apple ဖုန္းအမ်ားစု ပုိမိုေရာင္းခ်ခဲ့ရ

[Zawgyi]

ႏိုဝင္ဘာလအေစာပုိင္းမွာ Counterpoint Research ဟာ တတိယသုံးလပတ္အတြင္း ကမ႓ာလုံးဆုိင္ရာ စမတ္ဖုန္းေရာင္းအား ကိန္းဂဏန္းေတြကို infographic နဲ႔ေဖာ္ျပခဲ့ပါတယ္။

အဲဒီ အခ်က္အလက္ေတြအရ Samsung ဟာ ဇူလုိင္လကေန စက္တင္ဘာလအထိ ေဈးကြက္ေဝစု ၁၉ ရာခိုင္ႏႈန္း ပုိင္ဆုိင္ထားၿပီး Huawei က ၁၄ ရာခိုင္ႏႈန္းနဲ႔ Apple က ၁၂ ရာခိုင္ႏႈန္း အထိ ေဈးကြက္ေဝစု ရရွိထားပါတယ္။ Oppo နဲ႔ Xiaomi ကေတာ့ ေဈးကြက္ေဝစု ၉ ရာခုိင္ႏႈန္း ရရွိထားသလို Vivo ကေတာ့ ၈ ရာခိုင္ႏႈန္း ရရွိထားပါတယ္။ Nokia ဖုန္းေတြကုိ ထုတ္လုပ္ေနတဲ့ HMD ကုမၸဏီအေနနဲ႔ ေဈးကြက္ေဝစု မ်ားမ်ားစားစား မရရွိထားေပမယ့္ ၂၀၁၇ ခုႏွစ္အတြင္း သုံးလပတ္အတြင္း ဖုန္းတင္ပို႔ေရာင္းခ်မႈ ၇၃ ရာခုိင္ႏႈန္း တိုးတက္လာပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္အရ Oppo ဟာ အာရွေဈးကြက္မွာ စုစုေပါင္း ေဈးကြက္ေဝစု ၁၆ ရာခုိင္ႏႈန္းရွိပါတယ္။ Oppo ရဲ႕ေနာက္မွာ Huawei (၁၅ရာခုိင္ႏႈန္း)၊ Vivo (၁၅ရာခုိင္ႏႈန္း)၊ Xiaomi (၁၄ ရာခုိင္ႏႈန္း) တို႔က အသီးသီး ရပ္တည္ေနပါတယ္။ အာရွမွာ Samsung ရဲ႕ေဈးကြက္ေဝစုကေတာ့ ၁၀ ရာခုိင္ႏႈန္းပဲ ရွိပါေတာ့တယ္။
Samsung ရဲ႕အားအေကာင္းဆုံးေဈးကြက္က ဥေရာပျဖစ္ၿပီး ေဈးကြက္ေဝစု ၃၁ ရာခုိင္ႏႈန္းရွိကာ Huawei (၂၂ ရာခိုင္ႏႈန္း) နဲ႔ Apple (၁၉ ရာခိုင္ႏႈန္း) တို႔က အသီးသီးရပ္တည္ေနပါတယ္။

စမတ္ဖုန္းတင္ပို႔ေရာင္းခ်မႈ က်ဆင္းေနေပမယ့္လည္း တတိယသုံးလပတ္မွာ ကုမၸဏီတခ်ိဳ႕ဟာ အျမတ္အစြန္းေတြ ရရွိခဲ့ပါတယ္။ Samsung အေနနဲ႔ အျမတ္ေငြပမာဏကို ထုတ္ျပန္ခဲ့သလုိ Xiaomi ထုတ္ကုန္ေတြကလည္း တ႐ုတ္ေဈးကြက္မွာ က်ဆင္းေနေပမယ့္ အိႏၵိယမွာ ေရာင္းအားေကာင္းခဲ့ပါတယ္။ Apple ထုတ္ကုန္ တင္ပို႔ေရာင္းခ်မႈကလည္း တည္ၿငိမ္ေနေပမယ့္ ထုတ္ကုန္ပွ်မ္းမွ်ေဈးႏႈန္း ျမႇင့္တင္လုိက္တာေၾကာင့္ အျမတ္အစြန္းေတြ ရရွိခဲ့ပါတယ္။

စိုးထက္
Ref: GSMArena

[Unicode]

နိုဝင်ဘာလအစောပိုင်းမှာ Counterpoint Research ဟာ တတိယသုံးလပတ်အတွင်း ကမ႓ာလုံးဆိုင်ရာ စမတ်ဖုန်းရောင်းအား ကိန်းဂဏန်းတွေကို infographic နဲ့ဖော်ပြခဲ့ပါတယ်။

အဲဒီ အချက်အလက်တွေအရ Samsung ဟာ ဇူလိုင်လကနေ စက်တင်ဘာလအထိ ဈေးကွက်ဝေစု ၁၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး Huawei က ၁၄ ရာခိုင်နှုန်းနဲ့ Apple က ၁၂ ရာခိုင်နှုန်း အထိ ဈေးကွက်ဝေစု ရရှိထားပါတယ်။ Oppo နဲ့ Xiaomi ကတော့ ဈေးကွက်ဝေစု ၉ ရာခိုင်နှုန်း ရရှိထားသလို Vivo ကတော့ ၈ ရာခိုင်နှုန်း ရရှိထားပါတယ်။ Nokia ဖုန်းတွေကို ထုတ်လုပ်နေတဲ့ HMD ကုမ္ပဏီအနေနဲ့ ဈေးကွက်ဝေစု များများစားစား မရရှိထားပေမယ့် ၂၀၁၇ ခုနှစ်အတွင်း သုံးလပတ်အတွင်း ဖုန်းတင်ပို့ရောင်းချမှု ရ၃ ရာခိုင်နှုန်း တိုးတက်လာပါတယ်။

အသေးစိတ်ဖော်ပြချက်အရ Oppo ဟာ အာရှဈေးကွက်မှာ စုစုပေါင်း ဈေးကွက်ဝေစု ၁၆ ရာခိုင်နှုန်းရှိပါတယ်။ Oppo ရဲ့နောက်မှာ Huawei (၁၅ရာခိုင်နှုန်း)၊ Vivo (၁၅ရာခိုင်နှုန်း)၊ Xiaomi (၁၄ ရာခိုင်နှုန်း) တို့က အသီးသီး ရပ်တည်နေပါတယ်။ အာရှမှာ Samsung ရဲ့ဈေးကွက်ဝေစုကတော့ ၁၀ ရာခိုင်နှုန်းပဲ ရှိပါတော့တယ်။
Samsung ရဲ့အားအကောင်းဆုံးဈေးကွက်က ဥရောပဖြစ်ပြီး ဈေးကွက်ဝေစု ၃၁ ရာခိုင်နှုန်းရှိကာ Huawei (၂၂ ရာခိုင်နှုန်း) နဲ့ Apple (၁၉ ရာခိုင်နှုန်း) တို့က အသီးသီးရပ်တည်နေပါတယ်။

စမတ်ဖုန်းတင်ပို့ရောင်းချမှု ကျဆင်းနေပေမယ့်လည်း တတိယသုံးလပတ်မှာ ကုမ္ပဏီတချို့ဟာ အမြတ်အစွန်းတွေ ရရှိခဲ့ပါတယ်။ Samsung အနေနဲ့ အမြတ်ငွေပမာဏကို ထုတ်ပြန်ခဲ့သလို Xiaomi ထုတ်ကုန်တွေကလည်း တရုတ်ဈေးကွက်မှာ ကျဆင်းနေပေမယ့် အိန္ဒိယမှာ ရောင်းအားကောင်းခဲ့ပါတယ်။ Apple ထုတ်ကုန် တင်ပို့ရောင်းချမှုကလည်း တည်ငြိမ်နေပေမယ့် ထုတ်ကုန်ပျှမ်းမျှဈေးနှုန်း မြှင့်တင်လိုက်တာကြောင့် အမြတ်အစွန်းတွေ ရရှိခဲ့ပါတယ်။

စိုးထက်
Ref: GSMArena