September 20, 2018

တစ္ႏွစ္အတြင္း Fortnite ကစားသူဦးေရ ၁၂၅ သန္း ရိွလာ

[ Zawgyi ]

တစ္ႏွစ္အတြင္း Fortnite ကို မွတ္ပံုတင္ၿပီး ကစားသူဦးေရ ၁၂၅ သန္းအထိ ရိွလာေၾကာင္း ဂိမ္းကိုဖန္တီးတဲ့ Epic Games က ေၾကညာခဲ့ပါတယ္။

ဒီအခ်က္အလက္ကို ဂိမ္းရဲ႕ ေဒၚလာ သန္း ၁၀၀ တန္ e-sports ၿပိဳင္ပြဲနဲ႔အတူ အတည္ျပဳခဲ့တာျဖစ္ပါတယ္။ ဒါဟာ Fortnite ဂိမ္းကို download ျပဳလုပ္တဲ့အႀကိမ္ ၄၅ သန္းရိွတယ္လို႔ ဇန္နဝါရီလက အတည္ျပဳခဲ့ၿပီးတဲ့ေနာက္ ကစားသူအေရအတြက္ကို ပထမဆံုးအႀကိမ္ ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့လကလည္း Epic မွာရင္းႏွီးျမွဳပ္ႏွံထားတဲ့ Tencent က အဆိုပါဂိမ္းကို လူေပါင္း သန္း ၄၀ က တစ္လမွာ တစ္ႀကိမ္ ကစားၾကတယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။ Fortnite ကို ၂၀၁၇၊ ဇူလိုင္လက ျဖန္႔ခ်ိခဲ့တာျဖစ္ေပမယ့္ battle royale game mode ကိုေတာ့ ၂၀၁၇၊ စက္တင္ဘာလ မတိုင္ခင္အထိ မျဖန္႔ခ်ိႏိုင္ခဲ့ပါဘူး။

Fortnite ဂိမ္းဟာ အခမဲ့ ကစားႏိုင္တဲ့အျပင္ Nintendo Switch အပါအဝင္ အဓိကက်တဲ့ ပလက္ေဖာင္းအားလံုးနီးပါးေပၚမွာ ကစားႏိုင္တာေၾကာင့္ နာမည္ေက်ာ္ၾကားမႈ အလြန္ျမင့္တက္လာတာ ျဖစ္ပါတယ္။ လက္ရိွမွာ Fortnite ဂိမ္းကို မကစားႏိုင္ေသးတဲ့ တစ္ခုတည္းေသာ ပလက္ေဖာင္းက Android ျဖစ္ပါတယ္။

ကမၻာတစ္ဝန္းမွာ အသံုးျပဳေနတဲ့ Android ထုတ္ကုန္အေရအတြက္ ၂ ဘီလ်ံေက်ာ္ရိွတယ္လို႔ Google က ၿပီးခဲ့တဲ့ႏွစ္မွာ ထုတ္ျပန္ခဲ့ပါတယ္။ ဒါေၾကာင့္ Fortnite ကို Android အတြက္ ျဖန္႔ခ်ိတဲ့အခါ နာမည္ေက်ာ္ၾကားမႈက ဒီထက္ပိုမို ျမင့္တက္လာမွာ ျဖစ္ပါတယ္။

-ေနာင္ေနာင္
Ref: TheVerge

[ Unicode ]

တစ်နှစ်အတွင်း Fortnite ကို မှတ်ပုံတင်ပြီး ကစားသူဦးရေ ၁၂၅ သန်းအထိ ရှိလာကြောင်း ဂိမ်းကိုဖန်တီးတဲ့ Epic Games က ကြေညာခဲ့ပါတယ်။

ဒီအချက်အလက်ကို ဂိမ်းရဲ့ ဒေါ်လာ သန်း ၁၀၀ တန် e-sports ပြိုင်ပွဲနဲ့အတူ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒါဟာ Fortnite ဂိမ်းကို download ပြုလုပ်တဲ့အကြိမ် ၄၅ သန်းရှိတယ်လို့ ဇန်နဝါရီလက အတည်ပြုခဲ့ပြီးတဲ့နောက် ကစားသူအရေအတွက်ကို ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကလည်း Epic မှာရင်းနှီးမြှုပ်နှံထားတဲ့ Tencent က အဆိုပါဂိမ်းကို လူပေါင်း သန်း ၄၀ က တစ်လမှာ တစ်ကြိမ် ကစားကြတယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ Fortnite ကို ၂၀၁၇၊ ဇူလိုင်လက ဖြန့်ချိခဲ့တာဖြစ်ပေမယ့် battle royale game mode ကိုတော့ ၂၀၁၇၊ စက်တင်ဘာလ မတိုင်ခင်အထိ မဖြန့်ချိနိုင်ခဲ့ပါဘူး။

Fortnite ဂိမ်းဟာ အခမဲ့ ကစားနိုင်တဲ့အပြင် Nintendo Switch အပါအဝင် အဓိကကျတဲ့ ပလက်ဖောင်းအားလုံးနီးပါးပေါ်မှာ ကစားနိုင်တာကြောင့် နာမည်ကျော်ကြားမှု အလွန်မြင့်တက်လာတာ ဖြစ်ပါတယ်။ လက်ရှိမှာ Fortnite ဂိမ်းကို မကစားနိုင်သေးတဲ့ တစ်ခုတည်းသော ပလက်ဖောင်းက Android ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ အသုံးပြုနေတဲ့ Android ထုတ်ကုန်အရေအတွက် ၂ ဘီလျံကျော်ရှိတယ်လို့ Google က ပြီးခဲ့တဲ့နှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် Fortnite ကို Android အတွက် ဖြန့်ချိတဲ့အခါ နာမည်ကျော်ကြားမှုက ဒီထက်ပိုမို မြင့်တက်လာမှာ ဖြစ်ပါတယ်။

-နောင်နောင်
Ref: TheVerge