တစ်နှစ်တာအကောင်းဆုံးဂိမ်းဆု ရရှိခဲ့တဲ့ ‘PlayerUnknown’s Battlegrounds’

[Zawgyi]





စိုးထက်
Ref: DigitalTrends

[Unicode]

Battle Royale ဂိမ်း ဒါမှမဟုတ် ပစ်ခတ်ကစားရတဲ့ဂိမ်းကို လူတွေ အရူးအမူနှစ်ခြိုက်အောင် ပြုလုပ်ပေးခဲ့တဲ့ PlayerUnknown’s Battlegrounds (PUBG) ဂိမ်းဟာ ၂၀၁၈ခုနှစ် Steam Awards မှာတစ်နှစ်တာအကောင်းဆုံးဂိမ်းဆု ရရှိခဲ့ပါတယ်။

Steam ဂိမ်း platform ကိုပိုင်ဆိုင်တဲ့ Valve ဟာစုစုပေါင်းဂိမ်းဆု ၈ ခုအတွက် ကစားသူစိတ်ကြိုက်ဂိမ်းတွေကို ရွေးချယ်ဖို့ တောင်းဆိုခဲ့ပါတယ်။ စိတ်ကြိုက်ဂိမ်းတွေကို ရွေးချယ်သူတွေက ဆုအတွက်မဲပေးဖို့ ဒီဂျစ်တယ်ကုန်သွယ် မှုကတ်အစုံလိုက်ပေးထားပါတယ်။ အခုဆိုရင် ဂိမ်းတွေအတွက် ရလဒ်တွေ ထွက်ပေါ်လာပြီး Steam.tv ကတစ်ဆင့် အခမ်းအနားကို ထုတ်လွှင့်ပြီး ဆုအသီးသီအတွက် အနိုင်ရရှိသူတွေကို ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၈ခုနှစ် Steam Awards တွေက ဆုအသီးသီးရရှိသွားတဲ့ဂိမ်းတွေကို အောက်မှာ ဖော်ပြပေးသွားပါမယ်။

Game of the Year – PlayerUnknown’s Battlegrounds
VR Game of the Year – The Elder Scrolls V: Skyrim
Labor of Love – Grand Theft Auto V
Best Developer – CD Projekt Red
Best Environment – The Witcher 3: Wild Hunt
Better With Friends – Tom Clancy’s Rainbow Six Siege
Best Alternate History – Assassin’s Creed: Odyssey
Most Fun With a Machine – Rocket League

စိုးထက်
Ref: DigitalTrends