September 20, 2018

တကၠသိုလ္ေပါင္းစံု Uni Hack Challenge 2018 အခမ္းအနား

[ Zawgyi ]

စာရင္းပိတ္မည့္ေန႔ : ေဖေဖာ္ဝါရီ ၁၆ ရက္၊ ၂၀၁၈ ခုႏွစ္
လူဦးေရ : ၁၀၀ – ၁၂၀ ဦး

ၿပိဳင္ပြဲအခ်ိန္ဇယား

ေန႔ရက္ : ေဖေဖာ္ဝါရီ ၂၂ ရက္၊ ၂၀၁၈ မွ ေဖေဖာ္ဝါရီ ၂၅ ရက္ ၂၀၁၈ (၄ ရက္)
အခ်ိန္ : မနက္ ၉ နာရီမွ ညေန ၆ နာရီ
ေနရာ : ရန္ကုန္နည္းပညာတကၠသိုလ္ (Human Resources Development Center)

Product Showcase ႏွင့္ ဆုေပးပြဲ

ေန႔ရက္ : ေဖေဖာ္ဝါရီ ၂၅ ရက္၊ ၂၀၁၈ ခုႏွစ္
အခ်ိန္ : ေန႔လယ္ ၁၂ နာရီမွ ညေန ၅ နာရီ
ေနရာ : ရန္ကုန္နည္းပညာတကၠသိုလ္ (Human Resources Development Center)

အဲဒီေန႔မွာ ၿပိဳင္ပြဲဝင္ေတြရဲ႕ Product ေတြကို Showcase ျပဳလုပ္ေပးမွာျဖစ္လို႔ Industry Observer ေတြ လာေရာက္ေလ့လာႏိုင္မွာျဖစ္
ပါတယ္။

New Westminster Institute နဲ႔ 360ed တို႔ပူးေပါင္းၿပီး တတိယအႀကိမ္ေျမာက္ တကၠသိုလ္ေပါင္းစံု Hackathon ၿပိဳင္ပြဲ (Uni Hack
Challenge 3) ကို ယခုေဖေဖာ္ဝါရီလအတြင္းမွာ က်င္းပမွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ကလည္း Uni Hack Challenge ၿပိဳင္ပြဲကို သတင္းအခ်က္အလက္နည္းပညာတကၠသိုလ္မွာ ပထမအၾကိမ္၊ Kanaung Hub တြင္ ဒုတိယအႀကိမ္စသျဖင့္ ႏွစ္ႀကိမ္တိုင္တိုင္က်င္းပၿပီးျဖစ္ပါတယ္။ အခုတတိယအႀကိမ္မွာေတာ့ ရန္ကုန္နည္းပညာတကၠသိုလ္ (Yangon Technological University) မွာက်င္းပႏိုင္ဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

ယခင္ၿပိဳင္ပြဲေတြမွာ ဘယ္သူေတြပါ၀င္ယွဥ္ၿပိဳင္ခဲ့သလဲ

ပထမအႀကိမ္ Uni Hack Challenge ၿပိဳင္ပြဲက်င္းပခဲ့စဥ္က ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာရွိတဲ့ အစိုးရကြန္ပ်ဴတာ၊ နည္းပညာတကၠသိုလ္ေတြ၊ နည္းပညာနဲ႔ဆက္စပ္ေနတဲ့ တကၠသိုလ္ေက်ာင္းေတြရဲ႕ ေက်ာင္းသား၊ ေက်ာင္းသူေတြကို ဖိတ္ေခၚကမ္းလွမ္းခဲ့ရာ ေက်ာင္းေပါင္း ၇ ေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူ ၁၀၀ ေက်ာ္ ပါဝင္ယွဥ္ၿပိဳင္ခဲ့တယ္လို႔ သိရပါတယ္။

ဒုတိယအႀကိမ္ Uni Hack Challenge ၿပိဳင္ပြဲက်င္းပခဲ့တဲ့အခ်ိန္မွာေတာ့ ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာရွိတ့ဲ အစိုးရကြန္ပ်ဴတာ၊ နည္းပညာ တကၠသိုလ္ေတြသာမက ပုဂၢလိကကြန္ပ်ဴတာ၊ နည္းပညာေကာလိပ္နဲ႔ တကၠသိုလ္ေတြက ေက်ာင္းသား၊ ေက်ာင္းသူေတြကိုပါ ဖိတ္ေခၚကမ္းလွမ္းခဲ့ရာ ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္းအေယာက္ ၁၂၀ ေက်ာ္ ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။

အခု ၂၀၁၈ ေဖေဖာ္ဝါရီလ အတြင္းမွာေတာ့ တတိယေျခလွမ္းအေနနဲ႔ Uni Hack Challenge 3 ၿပိဳင္ပြဲကို Blockchain ThemeHackathon အျဖစ္ ပံုေဖာ္မွာျဖစ္တယ္လို႔ ဆိုပါတယ္။ ယခုတစ္ႀကိမ္မွာေတာ့ ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာရွိတဲ့ အစိုးရ၊ ပုဂၢလိကကြန္ပ်ဴတာ၊ နည္းပညာေကာလိပ္နဲ႔ တကၠသိုလ္ေတြရဲ႕ ေက်ာင္းသား၊ ေက်ာင္းသူေတြသာမက ျမန္မာတစ္ႏိုင္ငံလံုးရွိ ကြန္ပ်ဴတာ၊ နည္းပညာတကၠသိုလ္ေတြက ေက်ာင္းသား၊ ေက်ာင္းသူေတြအားလံုးကို ပါဝင္ယွဥ္ၿပိဳင္ဖို႔ဖိတ္ေခၚထားတယ္လို႔ သိရပါတယ္။

ေပးမယ့္ဆုေတြ

ေရြးခ်ယ္ခံရတဲ့အဖြဲ႕ေတြကို ေအာက္ပါဆုေတြေပးသြားမယ္လို႔သိရပါတယ္။

– ပထမဆု
– ဒုတိယဆု
– တတိယဆု
– လူႀကိဳက္အမ်ားဆံုးဆု

ရည္ရြယ္ခ်က္

နည္းပညာနယ္ပယ္ႏွင့္ ဆက္စပ္လ်က္ရွိေသာ တကၠသိုလ္မ်ားမွ ေက်ာင္းသား/သူမ်ားအား လုပ္ငန္းခြင္သေဘာတရားမ်ားႏွင့္ ျပင္ပစီးပြားေရး အျမင္မ်ား ထက္သန္လာေစရန္၊ ကုိယ္ပိုင္စီးပြားေရးလုပ္ငန္းမ်ား ထူေထာင္ေသာအခါ သို႔မဟုတ္ လုပ္ငန္းခြင္သို႔ ဝင္ေရာက္ေသာအခါ လုပ္ငန္းလည္ပတ္ပံုတို႔ကို နည္းပညာ႐ႈေထာင့္မွသာမက စီးပြားေရး၊ လူမူေရး (ေပါင္းသင္းဆက္ဆံေရး) ႏွင့္အတူတကြ ပူးေပါင္းေဆာင္ရြက္ေရးတို႔၏ အေရးပါပံုကို သိရွိေစရန္ ရည္ရြယ္တယ္လို႔ သိရပါတယ္။

ဘယ္သူေတြ ပါ၀င္သင့္သလဲ

(၁) ကြန္ပ်ဴတာႏွင့္ဆက္စပ္လ်က္ရွိေသာတကၠသိုလ္မ်ားမွ ေက်ာင္းသား/သူမ်ား

(၂) နည္းပညာတကၠသိုလ္မ်ားမွ IT/EC ေက်ာင္းသား/သူမ်ား

(၃) နည္းပညာကို စိတ္၀င္တစားေလ့လာလိုက္စားေနၾကေသာ လူငယ္မ်ား

(၄) နည္းပညာႏွင့္ဆက္ႏႊယ္ေနေသာ Startup တစ္ခုကို ထူေထာင္ခ်င္ေနသူမ်ား

ၿပိဳင္ပြဲဝင္ေတြ ဘာေတြဖန္တီးရမလဲ

အခုအစီအစဥ္မွာ ပါဝင္ယွဥ္ၿပိဳင္တဲ့ ၿပိဳင္ပြဲဝင္ေတြအေနနဲ႔ Blockchain Technology ကိုအသံုးျပဳၿပီး Web/Mobile Application ေတြကိုဖန္တီးရမယ့္အျပင္ Facebook Page, Vinyl, Presentation, 30 seconds video အစရွိတဲ့ လႈပ္ရွားမူေတြကို ၿပီးေျမာက္ေအာင္ျမင္ရမယ္လို႔ သိရပါတယ္။

ၿပိဳင္ပြဲဝင္တစ္ဦးခ်င္းစီက မိမိအေကာင္အထည္ေဖာ္ခ်င္တဲ့ ကိုယ္ပိုင္စိတ္ကူးေတြရဲ႕ Project ေခါင္းစဥ္တစ္ခုစီကို တင္ျပခြင့္ရွိမွာ ျဖစ္ပါတယ္။ တင္ျပၿပီးပါရင္ မိမိစိတ္ကူးေတြရဲ႕ အေသးစိတ္ကို တစ္ဦးနဲ႔တစ္ဦး ေဆြးေႏြးၾကရမွာျဖစ္ပါတယ္။

မဲေပးေရြးခ်ယ္ျခင္း

တင္ျပထားတဲ့ Project ေခါင္းစဥ္ေတြကို ပါဝင္ယွဥ္ၿပိဳင္သူေတြက အျပန္အလွန္မဲေပးဆံုးျဖတ္ၾကရမွာျဖစ္ပါတယ္။ မဲအမ်ားဆံုးရရွိတဲ့ၿပိဳင္
ပြဲ၀င္ ၁၅ ေယာက္ဟာ မိမိစိတ္ကူးထားတဲ့ Project ကို အေကာင္အထည္ေဖာ္ဖို႔ အဖြဲ႕ဖြဲ႕ခြင့္ရရွိမွာျဖစ္ပါတယ္။ မဲအလံုအေလာက္မရလို႔
အဖြဲ႕ဖြဲ႕ခြင့္မရတဲ့ ၿပိဳင္ပြဲဝင္ေတြကေန မဲအႏိုင္ရထားတဲ့ (အဖြဲ႕ဖြဲ႕ခြင့္ရတဲ့) ၿပိဳင္ပြဲဝင္ေတြထံကို သြားေရာက္ပူးေပါင္းရမွာျဖစ္ပါတယ္။

တစ္ဖြဲ႕ကို အမ်ားဆံုးရွစ္ေယာက္ပါ၀င္ႏိုင္ၿပီး အနည္းဆံုး ၅ ေယာက္ရွိရမယ္လို႔ သတ္မွတ္ထားပါတယ္။ (နည္းပညာအရည္အခ်င္း၊ ေနာက္ခံပညာေရးကန္႔သတ္မႈမရွိတာေၾကာင့္ အဖြဲ႕တစ္ခုဟာ မတူညီေသာ အရည္အခ်င္းရွိသူေတြနဲ႔ ပါဝင္ဖြဲ႕စည္းႏိုင္မွာ ျဖစ္ပါတယ္။)

လမ္းၫႊန္နည္းျပမ်ား (Mentors)

လက္ရွိျပင္ပမွာ စီးပြားေရးလုပ္ငန္းေတြကို ထူေထာင္ထားတဲ့ လုပ္ငန္းရွင္ေတြကိုဖိတ္ၾကားမွာျဖစ္ၿပီး လႈပ္ရွားမူေတြကို အေသးစိတ္လိုက္လံ အႀကံဳျပဳေဆြးေႏြးတာ၊ အားလပ္ခ်ိန္ေတြမွာ မိန္႔ခြန္းေျပာၾကားတာေတြကို အစီအစဥ္အတိုင္း ေဆာင္ရြက္သြားမယ္လို႔ သိရပါတယ္။

Project Presentation လုပ္ျခင္း

ေနာက္ဆံုးေန႔ရက္မွာ အဖြဲ႕ေတြက မိမိတို႔ရဲ႕ project ေတြကို presentation လုပ္ရမွာျဖစ္ပါတယ္။ တစ္ဖြဲ႕ကို ငါးမိနစ္စီအခ်ိန္ရမွာျဖစ္ၿပီး
နည္းပညာနယ္ပယ္အတြင္း စီးပြားေရး လုပ္ငန္းေတြကိုလုပ္ကိုင္ေနတဲ့ လုပ္ငန္းရွင္ေတြ (Judges) တက္ေရာက္ဆံုးျဖတ္ ေပးမွာျဖစ္ပါတယ္။  လက္ရွိျပင္ပမွာ စီးပြားေရးလုပ္ငန္းေတြကိုထူေထာင္ထားတဲ့ လုပ္ငန္းရွင္ေတြကို အကဲျဖတ္အဖြဲ႕မွာပါဝင္ဖို႔ ဖိတ္ၾကားသြားမွာျဖစ္ပါတယ္။

Training Workshop

ၿပိဳင္ပြဲမစခင္တစ္ပတ္အလိုမွာ ပါဝင္ယွဥ္ၿပိဳင္မယ့္ ေက်ာင္းသူ၊ ေက်ာင္းသားေတြကို ပြဲစဥ္တစ္ေလွ်ာက္ ၿပီးေျမာက္ေဆာင္ရြက္ရမယ့္
လႈပ္ရွားမႈေတြနဲ႔ Blockchain နည္းပညာအေၾကာင္းကို Training Workshop ေတြ ျပဳလုပ္ေပးမွာျဖစ္ပါတယ္။

ေန႔ရက္: ေဖေဖာ္ဝါရီ ၁၇ ရက္၊ ၂၀၁၈ မွ ေဖေဖာ္ဝါရီ ၁၈၊ ၂၀၁၈
အခ်ိန္ : ေန႔လယ္ ၁ နာရီမွ ညေန ၅ နာရီအထိ
ေနရာ : 360ed (6th floor, Tamwe Plaza, Tarmwe)

အေသးစိတ္သိရွိလိုပါက Uni Hack Challenge Website Page (www.unihackchallenge.org) သို႔မဟုတ္ Uni Hack Challenge
Facebook Page (www.facebook.com/UniHackChallenge) မွာ ဝင္ေရာက္ေလ့လာႏိုင္မွာ ျဖစ္ပါတယ္။

========================

တက္ကသိုလ်ပေါင်းစုံ Uni Hack Challenge 2018 အခမ်းအနား

======================

စာရင်းပိတ်မည့်နေ့ : ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၁၈ ခုနှစ်
လူဦးရေ : ၁၀၀ – ၁၂၀ ဦး

ပြိုင်ပွဲအချိန်ဇယား

နေ့ရက် : ဖေဖော်ဝါရီ ၂၂ ရက်၊ ၂၀၁၈ မှ ဖေဖော်ဝါရီ ၂၅ ရက် ၂၀၁၈ (၄ ရက်)
အချိန် : မနက် ၉ နာရီမှ ညနေ ၆ နာရီ
နေရာ : ရန်ကုန်နည်းပညာတက္ကသိုလ် (Human Resources Development Center)

Product Showcase နှင့် ဆုပေးပွဲ

နေ့ရက် : ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၁၈ ခုနှစ်
အချိန် : နေ့လယ် ၁၂ နာရီမှ ညနေ ၅ နာရီ
နေရာ : ရန်ကုန်နည်းပညာတက္ကသိုလ် (Human Resources Development Center)

အဲဒီနေ့မှာ ပြိုင်ပွဲဝင်တွေရဲ့ Product တွေကို Showcase ပြုလုပ်ပေးမှာဖြစ်လို့ Industry Observer တွေ လာရောက်လေ့လာနိုင်မှာဖြစ်
ပါတယ်။

New Westminster Institute နဲ့ 360ed တို့ပူးပေါင်းပြီး တတိယအကြိမ်မြောက် တက္ကသိုလ်ပေါင်းစုံ Hackathon ပြိုင်ပွဲ (Uni Hack
Challenge 3) ကို ယခုဖေဖော်ဝါရီလအတွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကလည်း Uni Hack Challenge ပြိုင်ပွဲကို သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှာ ပထမအကြိမ်၊ Kanaung Hub တွင် ဒုတိယအကြိမ်စသဖြင့် နှစ်ကြိမ်တိုင်တိုင်ကျင်းပပြီးဖြစ်ပါတယ်။ အခုတတိယအကြိမ်မှာတော့ ရန်ကုန်နည်းပညာတက္ကသိုလ် (Yangon Technological University) မှာကျင်းပနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ယခင်ပြိုင်ပွဲတွေမှာ ဘယ်သူတွေပါ၀င်ယှဉ်ပြိုင်ခဲ့သလဲ

ပထမအကြိမ် Uni Hack Challenge ပြိုင်ပွဲကျင်းပခဲ့စဉ်က ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အစိုးရကွန်ပျူတာ၊ နည်းပညာတက္ကသိုလ်တွေ၊ နည်းပညာနဲ့ဆက်စပ်နေတဲ့ တက္ကသိုလ်ကျောင်းတွေရဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဖိတ်ခေါ်ကမ်းလှမ်းခဲ့ရာ ကျောင်းပေါင်း ရ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒုတိယအကြိမ် Uni Hack Challenge ပြိုင်ပွဲကျင်းပခဲ့တဲ့အချိန်မှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အစိုးရကွန်ပျူတာ၊ နည်းပညာ တက္ကသိုလ်တွေသာမက ပုဂ္ဂလိကကွန်ပျူတာ၊ နည်းပညာကောလိပ်နဲ့ တက္ကသိုလ်တွေက ကျောင်းသား၊ ကျောင်းသူတွေကိုပါ ဖိတ်ခေါ်ကမ်းလှမ်းခဲ့ရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းအယောက် ၁၂၀ ကျော် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အခု ၂၀၁၈ ဖေဖော်ဝါရီလ အတွင်းမှာတော့ တတိယခြေလှမ်းအနေနဲ့ Uni Hack Challenge 3 ပြိုင်ပွဲကို Blockchain ThemeHackathon အဖြစ် ပုံဖော်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ယခုတစ်ကြိမ်မှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အစိုးရ၊ ပုဂ္ဂလိကကွန်ပျူတာ၊ နည်းပညာကောလိပ်နဲ့ တက္ကသိုလ်တွေရဲ့ ကျောင်းသား၊ ကျောင်းသူတွေသာမက မြန်မာတစ်နိုင်ငံလုံးရှိ ကွန်ပျူတာ၊ နည်းပညာတက္ကသိုလ်တွေက ကျောင်းသား၊ ကျောင်းသူတွေအားလုံးကို ပါဝင်ယှဉ်ပြိုင်ဖို့ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

ပေးမယ့်ဆုတွေ

ရွေးချယ်ခံရတဲ့အဖွဲ့တွေကို အောက်ပါဆုတွေပေးသွားမယ်လို့သိရပါတယ်။

– ပထမဆု
– ဒုတိယဆု
– တတိယဆု
– လူကြိုက်အများဆုံးဆု

ရည်ရွယ်ချက်

နည်းပညာနယ်ပယ်နှင့် ဆက်စပ်လျက်ရှိသော တက္ကသိုလ်များမှ ကျောင်းသား/သူများအား လုပ်ငန်းခွင်သဘောတရားများနှင့် ပြင်ပစီးပွားရေး အမြင်များ ထက်သန်လာစေရန်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်သောအခါ သို့မဟုတ် လုပ်ငန်းခွင်သို့ ဝင်ရောက်သောအခါ လုပ်ငန်းလည်ပတ်ပုံတို့ကို နည်းပညာရှုထောင့်မှသာမက စီးပွားရေး၊ လူမူရေး (ပေါင်းသင်းဆက်ဆံရေး) နှင့်အတူတကွ ပူးပေါင်းဆောင်ရွက်ရေးတို့၏ အရေးပါပုံကို သိရှိစေရန် ရည်ရွယ်တယ်လို့ သိရပါတယ်။

ဘယ်သူတွေ ပါ၀င်သင့်သလဲ

(၁) ကွန်ပျူတာနှင့်ဆက်စပ်လျက်ရှိသောတက္ကသိုလ်များမှ ကျောင်းသား/သူများ

(၂) နည်းပညာတက္ကသိုလ်များမှ IT/EC ကျောင်းသား/သူများ

(၃) နည်းပညာကို စိတ်ဝင်တစားလေ့လာလိုက်စားနေကြသော လူငယ်များ

(၄) နည်းပညာနှင့်ဆက်နွှယ်နေသော Startup တစ်ခုကို ထူထောင်ချင်နေသူများ

ပြိုင်ပွဲဝင်တွေ ဘာတွေဖန်တီးရမလဲ

အခုအစီအစဉ်မှာ ပါဝင်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင်တွေအနေနဲ့ Blockchain Technology ကိုအသုံးပြုပြီး Web/Mobile Application တွေကိုဖန်တီးရမယ့်အပြင် Facebook Page, Vinyl, Presentation, 30 seconds video အစရှိတဲ့ လှုပ်ရှားမူတွေကို ပြီးမြောက်အောင်မြင်ရမယ်လို့ သိရပါတယ်။

ပြိုင်ပွဲဝင်တစ်ဦးချင်းစီက မိမိအကောင်အထည်ဖော်ချင်တဲ့ ကိုယ်ပိုင်စိတ်ကူးတွေရဲ့ Project ခေါင်းစဉ်တစ်ခုစီကို တင်ပြခွင့်ရှိမှာ ဖြစ်ပါတယ်။ တင်ပြပြီးပါရင် မိမိစိတ်ကူးတွေရဲ့ အသေးစိတ်ကို တစ်ဦးနဲ့တစ်ဦး ဆွေးနွေးကြရမှာဖြစ်ပါတယ်။

မဲပေးရွေးချယ်ခြင်း

တင်ပြထားတဲ့ Project ခေါင်းစဉ်တွေကို ပါဝင်ယှဉ်ပြိုင်သူတွေက အပြန်အလှန်မဲပေးဆုံးဖြတ်ကြရမှာဖြစ်ပါတယ်။ မဲအများဆုံးရရှိတဲ့ပြိုင်
ပွဲဝင် ၁၅ ယောက်ဟာ မိမိစိတ်ကူးထားတဲ့ Project ကို အကောင်အထည်ဖော်ဖို့ အဖွဲ့ဖွဲ့ခွင့်ရရှိမှာဖြစ်ပါတယ်။ မဲအလုံအလောက်မရလို့
အဖွဲ့ဖွဲ့ခွင့်မရတဲ့ ပြိုင်ပွဲဝင်တွေကနေ မဲအနိုင်ရထားတဲ့ (အဖွဲ့ဖွဲ့ခွင့်ရတဲ့) ပြိုင်ပွဲဝင်တွေထံကို သွားရောက်ပူးပေါင်းရမှာဖြစ်ပါတယ်။

တစ်ဖွဲ့ကို အများဆုံးရှစ်ယောက်ပါ၀င်နိုင်ပြီး အနည်းဆုံး ၅ ယောက်ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။ (နည်းပညာအရည်အချင်း၊ နောက်ခံပညာရေးကန့်သတ်မှုမရှိတာကြောင့် အဖွဲ့တစ်ခုဟာ မတူညီသော အရည်အချင်းရှိသူတွေနဲ့ ပါဝင်ဖွဲ့စည်းနိုင်မှာ ဖြစ်ပါတယ်။)

လမ်းညွှန်နည်းပြများ (Mentors)

လက်ရှိပြင်ပမှာ စီးပွားရေးလုပ်ငန်းတွေကို ထူထောင်ထားတဲ့ လုပ်ငန်းရှင်တွေကိုဖိတ်ကြားမှာဖြစ်ပြီး လှုပ်ရှားမူတွေကို အသေးစိတ်လိုက်လံ အကြုံပြုဆွေးနွေးတာ၊ အားလပ်ချိန်တွေမှာ မိန့်ခွန်းပြောကြားတာတွေကို အစီအစဉ်အတိုင်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Project Presentation လုပ်ခြင်း

နောက်ဆုံးနေ့ရက်မှာ အဖွဲ့တွေက မိမိတို့ရဲ့ project တွေကို presentation လုပ်ရမှာဖြစ်ပါတယ်။ တစ်ဖွဲ့ကို ငါးမိနစ်စီအချိန်ရမှာဖြစ်ပြီး
နည်းပညာနယ်ပယ်အတွင်း စီးပွားရေး လုပ်ငန်းတွေကိုလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေ (Judges) တက်ရောက်ဆုံးဖြတ် ပေးမှာဖြစ်ပါတယ်။ လက်ရှိပြင်ပမှာ စီးပွားရေးလုပ်ငန်းတွေကိုထူထောင်ထားတဲ့ လုပ်ငန်းရှင်တွေကို အကဲဖြတ်အဖွဲ့မှာပါဝင်ဖို့ ဖိတ်ကြားသွားမှာဖြစ်ပါတယ်။

Training Workshop

ပြိုင်ပွဲမစခင်တစ်ပတ်အလိုမှာ ပါဝင်ယှဉ်ပြိုင်မယ့် ကျောင်းသူ၊ ကျောင်းသားတွေကို ပွဲစဉ်တစ်လျှောက် ပြီးမြောက်ဆောင်ရွက်ရမယ့်
လှုပ်ရှားမှုတွေနဲ့ Blockchain နည်းပညာအကြောင်းကို Training Workshop တွေ ပြုလုပ်ပေးမှာဖြစ်ပါတယ်။

နေ့ရက်: ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၁၈ မှ ဖေဖော်ဝါရီ ၁၈၊ ၂၀၁၈
အချိန် : နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ
နေရာ : 360ed (6th floor, Tamwe Plaza, Tarmwe)

အသေးစိတ်သိရှိလိုပါက Uni Hack Challenge Website Page (www.unihackchallenge.org) သို့မဟုတ် Uni Hack Challenge
Facebook Page (www.facebook.com/UniHackChallenge) မှာ ဝင်ရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။