တကၠသိုလ္ေပါင္းစံု စက္႐ုပ္ၿပိဳင္ပြဲအတြက္ ေလွ်ာက္လႊာေခၚယူ

[ Zawgyi ]

တကၠသိုလ္ေပါင္းစံုမွ ေက်ာင္းသားေတြကို ဖိတ္ေခၚက်င္းပမယ့္ စက္႐ုပ္ၿပိဳင္ပြဲ University Robotic Competition in Myanmar 2018 က်င္းပသြားမယ္လို႔ သိရပါတယ္။

ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ Asia Pacific Telecommunity ႏွင့္ ျမန္မာႏိုင္ငံကြန္ပ်ဴတာ အသင္းခ်ဳပ္ ဦးေဆာင္မႈနဲ႔ ဒီဇင္ဘာ ၂၂ ရက္၊ နံနက္ ၉ နာရီကေန ညေန ၃ အထိ MICP Park မွာျပဳလုပ္သြားမွာျဖစ္ပါတယ္။ စက္႐ုပ္ၿပိဳင္ပြဲမွာ မီးၿငိမ္းသတ္ျခင္း (Robot for Fire Fighting) နဲ႔ အတားအဆီးျဖတ္ေက်ာ္ျခင္း (Search & Rescue) အမ်ိဳးအစားႏွစ္ခုပါဝင္မွာျဖစ္ပါတယ္။
ၿပိဳင္ပြဲအမ်ိဳးအစားႏွစ္ခုမွ မိမိႏွစ္သက္ရာေ႐ြးခ်ယ္ယွဥ္ၿပိဳင္ႏိုင္ၿပီး Fire Fighting မွာ ပထမဆုရအသင္းအေနနဲ႔ အေမရိကန္ေဒၚလာ ၂၀၀ ၊ Search & Rescue မွာ ပထမဆုရအသင္းအေနနဲ႔ အေမရိကန္ေဒၚလာ ၂၀၀ ရရွိမွာျဖစ္ပါတယ္။ Best Concept & Innovative Design ျဖစ္တဲ့ စက္႐ုပ္ဒီဇိုင္း အေကာင္းဆံုးဆုကိုလည္း ေပးအပ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

“ဒီၿပိဳင္ပြဲမွာ အနိုင္ရရွိတဲ့ အသင္းႏွစ္သင္းအေနနဲ႔ World Robot Game 2019 မွာ ဝင္ၿပိဳင္ဖို႔အခြင့္ အေရးရမွာပါ၊ အဲ့ဒီေတာ့ ျပည္တြင္းက ေက်ာင္းသားေတြအေနနဲ႔ သူတို႔ေတြသင္ၾကားထားတဲ့ Programming ဘာသာရပ္ေတြကို လက္ေတြ႕ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္မွာ ျဖစ္ပါတယ္၊ ျပည္တြင္းမွာၿပိဳင္မယ့္ စက္႐ုပ္ၿပိဳင္ပြဲအတြက္ အဖြဲ႕ ၂၀ ေရြးခ်ယ္သြားမွာပါ” လို႔ ျမန္မာႏိုင္ငံကြန္ပ်ဴတာ ပညာရွင္အသင္းရဲ႕ Joint Secretary ျဖစ္သူ ဦးေဇာ္ဝင္းထြန္းက ေျပာပါတယ္။

ၿပိဳင္ဝင္ေရာက္လိုတဲ့ ေက်ာင္းသူ၊ ေက်ာင္းသားအေနနဲ႔ နည္းပညာရပ္ပိုင္း ကၽြမ္းက်င္ဖို႔လိုအပ္ၿပီး တကၠသိုလ္ေက်ာင္းတိုင္း ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္မွာ ျဖစ္ပါတယ္။ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ေက်ာင္းသူ၊ ေက်ာင္းသားေတြအေနနဲ႔ အသက္ ၂၅ ႏွစ္ေအာက္ျဖစ္ဖို႔ လိုအပ္မွာျဖစ္ပါတယ္။ အဖြဲ႕တစ္ဖြဲ႕မွာ နည္းျပအပါအဝင္ အမ်ားဆံုး ၄ ေယာက္ ပါဝင္ႏိုင္မွာျဖစ္ပါတယ္။ ေလွ်ာက္လႊာေတြကို www.mcpamyanmar.org နဲ႔ www.facebook.com/aptyps.aptyps.1 မွာ ရယူႏိုင္ၿပီး ႏိုဝင္ဘာ ၂၀ ရက္ ညေန ၃ နာရီ ေနာက္ဆံုးထားကာ [email protected] နဲ႔ [email protected] ကို ေပးပို႔ႏိုင္သလို ျမန္မာႏိုင္ငံ ကြန္ပ်ဴတာ ပညာရွင္အသင္း႐ံုးကိုလည္း လူကိုယ္တိုင္ သြားေရာက္ေလွ်ာက္ထားႏိုင္မွာ ျဖစ္ပါတယ္။

-ေအာင္သက္ကို

[ Unicode ]

တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသားတွေကို ဖိတ်ခေါ်ကျင်းပမယ့် စက်ရုပ်ပြိုင်ပွဲ University Robotic Competition in Myanmar 2018 ကျင်းပသွားမယ်လို့ သိရပါတယ်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ Asia Pacific Telecommunity နှင့် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် ဦးဆောင်မှုနဲ့ ဒီဇင်ဘာ ၂၂ ရက်၊ နံနက် ၉ နာရီကနေ ညနေ ၃ အထိ MICP Park မှာပြုလုပ်သွားမှာဖြစ်ပါတယ်။ စက်ရုပ်ပြိုင်ပွဲမှာ မီးငြိမ်းသတ်ခြင်း (Robot for Fire Fighting) နဲ့ အတားအဆီးဖြတ်ကျော်ခြင်း (Search & Rescue) အမျိုးအစားနှစ်ခုပါဝင်မှာဖြစ်ပါတယ်။
ပြိုင်ပွဲအမျိုးအစားနှစ်ခုမှ မိမိနှစ်သက်ရာရွေးချယ်ယှဉ်ပြိုင်နိုင်ပြီး Fire Fighting မှာ ပထမဆုရအသင်းအနေနဲ့ အမေရိကန်ဒေါ်လာ ၂၀၀ ၊ Search & Rescue မှာ ပထမဆုရအသင်းအနေနဲ့ အမေရိကန်ဒေါ်လာ ၂၀၀ ရရှိမှာဖြစ်ပါတယ်။ Best Concept & Innovative Design ဖြစ်တဲ့ စက်ရုပ်ဒီဇိုင်း အကောင်းဆုံးဆုကိုလည်း ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ဒီပြိုင်ပွဲမှာ အနိုင်ရရှိတဲ့ အသင်းနှစ်သင်းအနေနဲ့ World Robot Game 2019 မှာ ဝင်ပြိုင်ဖို့အခွင့် အရေးရမှာပါ၊ အဲ့ဒီတော့ ပြည်တွင်းက ကျောင်းသားတွေအနေနဲ့ သူတို့တွေသင်ကြားထားတဲ့ Programming ဘာသာရပ်တွေကို လက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်၊ ပြည်တွင်းမှာပြိုင်မယ့် စက်ရုပ်ပြိုင်ပွဲအတွက် အဖွဲ့ ၂၀ ရွေးချယ်သွားမှာပါ” လို့ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းရဲ့ Joint Secretary ဖြစ်သူ ဦးဇော်ဝင်းထွန်းက ပြောပါတယ်။

ပြိုင်ဝင်ရောက်လိုတဲ့ ကျောင်းသူ၊ ကျောင်းသားအနေနဲ့ နည်းပညာရပ်ပိုင်း ကျွမ်းကျင်ဖို့လိုအပ်ပြီး တက္ကသိုလ်ကျောင်းတိုင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ အသက် ၂၅ နှစ်အောက်ဖြစ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ အဖွဲ့တစ်ဖွဲ့မှာ နည်းပြအပါအဝင် အများဆုံး ၄ ယောက် ပါဝင်နိုင်မှာဖြစ်ပါတယ်။ လျှောက်လွှာတွေကို www.mcpamyanmar.org နဲ့ www.facebook.com/aptyps.aptyps.1 မှာ ရယူနိုင်ပြီး နိုဝင်ဘာ ၂၀ ရက် ညနေ ၃ နာရီ နောက်ဆုံးထားကာ [email protected] နဲ့ [email protected] ကို ပေးပို့နိုင်သလို မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်းရုံးကိုလည်း လူကိုယ်တိုင် သွားရောက်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။