တကၠသိုလ္မ်ား၏ လိုအပ္ခ်က္မ်ား ေျဖရွင္းေဆာင္ရြက္ေပးလိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီး ေျပာၾကား

[ Zawgyi ]

တကၠသိုလ္ေတြရဲ႕ လိုအပ္ခ်က္ေတြကို ေျဖရွင္းေဆာင္ရြက္ေပးလိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက ဒီဇင္ဘာလ ၃၁ ရက္က နည္းပညာတကၠသိုလ္ (သန္လ်င္) မွ ပါေမာကၡခ်ဳပ္၊ ဒုတိယပါေမာကၡခ်ဳပ္ ပါေမာကၡ (ဌာနမွဴး) မ်ား ေတြ႕ဆံုေဆြးေႏြးပြဲမွာ ေျပာၾကားခဲ့ပါတယ္။

ေက်ာင္းသား၊ ေက်ာင္းသူေတြရဲ႕ယွဥ္ၿပိဳင္လိုစိတ္ကို လက္ေတြ႕က်က် အေထာက္အကူျပဳၿပီး လက္ေတြ႕အသံုးခ်ႏိုင္တဲ့ ဘာသာရပ္ေတြရဲ႕ေအာင္ခ်က္၊ ရာခိုင္ႏႈန္းေတြကို ေလ့လာဆန္းစစ္ဖို႔ လိုအပ္ေၾကာင္း၊ လက္ေတြ႕က်တဲ့ သင္ခန္းစာေတြနဲ႔ သင္ၾကားေပးၿပီး လက္ေတြ႕အသံုးခ် သုေတသနလုပ္ငန္းေတြ ေဆာင္ရြက္ေပးဖို႔ လိုအပ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ ဘာသာရပ္အလိုက္ ဘြဲ႕ရလူဦးေရ စာရင္းေတြျပဳစုဖို႔ လိုအပ္မွာျဖစ္ၿပီး သို႔မွသာ ျဖည့္ဆည္းေပးရမယ့္ လိုအပ္ခ်က္ေတြကို သိရွိႏုိင္မွာျဖစ္ေၾကာင္း ဆက္လက္ေျပာၾကားခဲ့ပါတယ္။

ဘြဲ႕ရလူငယ္ေမာင္မယ္မ်ား၊ အင္ဂ်င္နီယာပညာရွင္၊ အတတ္ပညာရွင္၊ နည္းပညာရွင္ေတြနဲ႔ သုေတသန ပညာရွင္ေတြ ေမြးထုတ္ေပးႏုိင္တဲ့ တကၠသိုလ္ျဖစ္ဖို႔ လိုအပ္ေၾကာင္း ၎က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

-ေဝေဝ

[ Unicode ]

တက္ကသိုလ်တွေရဲ့ လိုအပ်ချက်တွေကို ဖြေရှင်းဆောင်ရွက်ပေးလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဒီဇင်ဘာလ ၃၁ ရက်က နည်းပညာတက္ကသိုလ် (သန်လျင်) မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် ပါမောက္ခ (ဌာနမှူး) များ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

ကျောင်းသား၊ ကျောင်းသူတွေရဲ့ယှဉ်ပြိုင်လိုစိတ်ကို လက်တွေ့ကျကျ အထောက်အကူပြုပြီး လက်တွေ့အသုံးချနိုင်တဲ့ ဘာသာရပ်တွေရဲ့အောင်ချက်၊ ရာခိုင်နှုန်းတွေကို လေ့လာဆန်းစစ်ဖို့ လိုအပ်ကြောင်း၊ လက်တွေ့ကျတဲ့ သင်ခန်းစာတွေနဲ့ သင်ကြားပေးပြီး လက်တွေ့အသုံးချ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဘာသာရပ်အလိုက် ဘွဲ့ရလူဦးရေ စာရင်းတွေပြုစုဖို့ လိုအပ်မှာဖြစ်ပြီး သို့မှသာ ဖြည့်ဆည်းပေးရမယ့် လိုအပ်ချက်တွေကို သိရှိနိုင်မှာဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။

ဘွဲ့ရလူငယ်မောင်မယ်များ၊ အင်ဂျင်နီယာပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာရှင်တွေနဲ့ သုတေသန ပညာရှင်တွေ မွေးထုတ်ပေးနိုင်တဲ့ တက္ကသိုလ်ဖြစ်ဖို့ လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။