ဇန္နဝါရီ ၁၈ ရက္မွာ HomePod ကို တ႐ုတ္ႏိုင္ငံအတြင္း တရားဝင္ေရာင္းခ်မယ့္ Apple

[ Zawgyi ]

ဇန္နဝါရီလ ၁၈ ရက္၊ ေသာၾကာေန႔မွာ တ႐ုတ္ႏိုင္ငံအတြင္း HomePod ကုိ တရားဝင္ ေရာင္းခ်သြားမယ္လို႔ Apple ကထုတ္ျပန္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့လက Apple ဟာ ၂၀၁၉ ခုႏွစ္ အေစာပုိင္းအတြင္း တ႐ုတ္ႏိုင္ငံကို HomePod ေရာက္ရွိလာမယ္လို႔ အျမည္းမိတ္ဆက္ခဲ့ပါတယ္။ ဒါေပမဲ့ တရားဝင္ ျဖန္႔ခ်ိမယ့္ရက္ကိုေတာ့ မၾကညာခဲ့ပါဘူး။

HomePod ကို တ႐ုတ္ျပည္မႀကီးနဲ႔ ေဟာင္ေကာင္မွာ ေရာင္းခ်သြားမယ္လို႔ သတင္းထုတ္ျပန္ခ်က္မွာ ေရးသားခဲ့ပါတယ္။ HomePod အျဖဴနဲ႔ မီးခိုးေရာင္ကို ေရာင္းခ်သြားမယ္လုိ႔ သိရပါတယ္။

ဒါ့အျပင္ တ႐ုတ္ႏိုင္ငံအတြက္ Apple Music ရဲ႕ “New Artist of the Week” feature ကုိလည္း HomePod မွာ ထည့္သြင္းခဲ့ပါတယ္။ ဒါေၾကာင့္ Apple ဟာ တ႐ုတ္ျပည္မွာ HomePod ကတစ္ဆင့္ Mandopop နဲ႔ Cantopop သီခ်င္းစာရင္းေတြကုိလည္း မွန္ကန္ေအာင္ ျပသေပးႏုိင္မွာ ျဖစ္ပါတယ္။

HomePod ကို တ႐ုတ္ႏိုင္ငံအျပင္ ႏိုင္ငံ ၉ ႏိုင္ငံမွာ ေရာင္းခ်ေနပါတယ္။ HomePod ကုိ အေမရိကန္၊ ယူေက၊ ၾသစေၾတးလ်၊ ကေနဒါ၊ ျပင္သစ္၊ ဂ်ာမနီ၊ မကၠဆီကိုနဲ႔ စပိန္တို႔မွာ ေရာင္းခ်လ်က္ရွိပါတယ္။

တ႐ုတ္ႏိုင္ငံမွာ Amazon ရဲ႕ Echo မေရာင္းခ်တဲ့အတြက္ Apple ရဲ႕ HomePod အတြက္ အားသာခ်က္တစ္ခု ျဖစ္ပါတယ္။ Apple အေနနဲ႔ HomePod ကုိ တ႐ုတ္ႏိုင္ငံအတြင္း ယြမ္ ၂,၇၉၉ နဲ႔ေရာင္းခ်ေနပါတယ္။

စိုးထက္
Ref: 9to5Mac

[ Unicode ]

ဇန်နဝါရီလ ၁၈ ရက်၊ သောကြာနေ့မှာ တရုတ်နိုင်ငံအတွင်း HomePod ကို တရားဝင် ရောင်းချသွားမယ်လို့ Apple ကထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လက Apple ဟာ ၂၀၁၉ ခုနှစ် အစောပိုင်းအတွင်း တရုတ်နိုင်ငံကို HomePod ရောက်ရှိလာမယ်လို့ အမြည်းမိတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ တရားဝင် ဖြန့်ချိမယ့်ရက်ကိုတော့ မကြညာခဲ့ပါဘူး။

HomePod ကို တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်မှာ ရောင်းချသွားမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ရေးသားခဲ့ပါတယ်။ HomePod အဖြူနဲ့ မီးခိုးရောင်ကို ရောင်းချသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံအတွက် Apple Music ရဲ့ “New Artist of the Week” feature ကိုလည်း HomePod မှာ ထည့်သွင်းခဲ့ပါတယ်။ ဒါကြောင့် Apple ဟာ တရုတ်ပြည်မှာ HomePod ကတစ်ဆင့် Mandopop နဲ့ Cantopop သီချင်းစာရင်းတွေကိုလည်း မှန်ကန်အောင် ပြသပေးနိုင်မှာ ဖြစ်ပါတယ်။

HomePod ကို တရုတ်နိုင်ငံအပြင် နိုင်ငံ ၉ နိုင်ငံမှာ ရောင်းချနေပါတယ်။ HomePod ကို အမေရိကန်၊ ယူကေ၊ သြစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ မက္ကဆီကိုနဲ့ စပိန်တို့မှာ ရောင်းချလျက်ရှိပါတယ်။

တရုတ်နိုင်ငံမှာ Amazon ရဲ့ Echo မရောင်းချတဲ့အတွက် Apple ရဲ့ HomePod အတွက် အားသာချက်တစ်ခု ဖြစ်ပါတယ်။ Apple အနေနဲ့ HomePod ကို တရုတ်နိုင်ငံအတွင်း ယွမ် ၂,၇၉၉ နဲ့ရောင်းချနေပါတယ်။

Ref: 9to5Mac