August 20, 2018

ဆွစ်ဇာလန်နိုင်ငံ ပညာရေးဆွေးနွေးပွဲပြုလုပ်မည်

[Zawgyi]





-သန္တာ

 

[Unicode]

MSI ပညာရေးဝန်ဆောင်မှုက ကြီးမှူးကာ ဆွစ်ဇာလန်နိုင်ငံ ပညာရေးဆွေးနွေးပွဲကို မန္တလေးမြို့နဲ့ တောင်ကြီးမြို့တွေ မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ပညာရေးဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ မေလ ၂၆ ရက်မှာ Swan Hotel (Yadanar Room) မှာလည်းကောင်း၊ မေလ ၂၇ ရက်မှာ တောင်ကြီးမြို့ရှိ Mountain Star Hotel (Meeting Room) မှာလည်းကောင်း နေ့လယ် ၁ နာရီမှ ညနေ ၃ နာရီ အထိ ကျင်းပသွားမှာပါ။

ပွဲတွင် ဆွစ်ဇာလန်ကျောင်းသား Visa လျှောက်ထားပုံအဆင့်ဆင့်နဲ့ Visa ရရှိရန် လိုအပ်တဲ့ စာရွက်စာတမ်းပြင်ဆင်မှုတွေ၊ MSI မှာ လျှောက်ထားရယူနိုင်မယ့် ဆွစ်ဇာလန်ပညာသင်ဆုနဲ့ ပညာသင်ထောက်ပံ့ကြေးတွေ၊ ပညာသင်ဆုရယူရန် လိုအပ်ချက်များနဲ့ ကြိုတင်ပြင်ဆင်မှုတွေ၊ ဝင်ငွေလုပ်ခလစာရ လုပ်ငန်းခွင်အတွေ့အကြုံတွေ၊ ဆွစ်ဇာလန်နိုင်ငံရဲ့ ဟိုတယ်စီမံခန့်ခွဲမှုနှင့် စီးပွားရေးဆိုင်ရာ ဘာသာရပ်များအကြောင်းကို Business and Hotel Management School (BHMS) ကျောင်းမှ Dr.Antony Erb (International Programs Dean) နဲ့ Mr. Heinrich Meister (the President of Benedict Education Group and B.H.M.S.) တို့မှ အသေးစိတ် ဆွေးနွေးပေးသွားမှာပါ။

ဒါ့အပြင် တစ်နှစ်ခွဲကျောင်းတက်ပြီး တစ်နှစ်ခွဲ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိမည့်ဘွဲ့ကို ပညာသင်ဆုနဲ့ လျှောက်ထားရယူနိုင်ပါတယ်။ ပွဲတက်ရောက်လိုသူတွေ အနေနဲ့ ဖုန်း – ၀၉၅ ၁၀၃၉၁၅၊ ၀၁-၃၈၉၉၁၅၊ ၀၉၄၂၀၀၃၇၆၁၆ သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်မှာဖြစ်ပါတယ်။

-သန္တာ